no

Font
Theme

    《အိမ်​ပေါ်မှနှင်ချခံရခြင်း》


​မေ​မေစုက Manchu Han Imperial Feast စား​သောက်ပွဲလိုဟင်းပွဲ​​တွေအများကြီး​တော့မချက်ထား​ပေမယ့် ထမင်းစားပွဲတစ်ခုလုံးအပြည့်နီးပါး​လောက်​တော့ချက်ပြုတ်ထားခဲ့သည်။


သူ့သားပြန်​ရောက်လာတာကို​တွေ့တာနဲ့ သူမလည်းမီးဖို​ချောင်ထဲကထွက်လာခဲ့သည်။သူ့သားပြန်လာပြီဆို​တော့ ​​ချွေးမ​လေးလည်းပါလာ​လောက်မယ်ထင်ပါရဲ့.....သို့​သော် သူမဖုန်းရှင်းလန်ကို​တွေ့လိုက်ရတဲ့ တစ်ခဏမျက်လုံး​တွေပြူးကျယ်ကုန်သည်။


"ဥက္ကဌဖုန်းက ဒီအိမ်ကိုဘယ်လို​လုပ်ပြီး​ရောက်လာတာလဲ မသိဘူး"


ဖုန်းရှင်းလန် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို​တွေ့လိုက်ရသည့်နှယ် အလွန်စိတ်ဝင်စားသွားသည်။

"စု​ပေက​ပြောတယ် ခင်ဗျားကကျွန်​တော့်ကိုညစာတူတူစားဖို့အိမ်ကိုဖိတ်ခဲ့ပါ လို့ သူ့ကိုမှာလိုက်တယ်တဲ့"


​မေ​မေစုအ​တွေး​ပေါင်းစုံဖြတ်သမ်းသွားသည်။ သူမရဲ့မသိစိတ်ထဲက​နေ​လည်းအော်​ပြော​နေ​သေးသည်။

"မဟုတ်ဘူး! ငါသူ့ကို နင်ကြိုက်​နေတဲ့မိန်းက​လေးကိုညစာတူတူစားဖို့အိမ်​ခေါ်ခဲ့လို့ ​သေချာရှင်းရှင်းလင်းလင်းကို​ပြောလိုက်တာ"


​မေ​မေစု တစ်ခုခုမှားယွင်း​နေသလိုခံစားလိုက်ရသည်။ သူမမှားယွင်း​နေတဲ့အရာကိုသတိပြုမိလိုက်တဲ့အခါမှာ သူမမျက်နှာဖြူစုတ်သွားသည်။

​

​သေချာသည် သူမသားဖုန်းရှင်းလန်ကိုအိမ်​ခေါ်လာတာက သူမ​ပြောလိုက်တဲ့​ချွေးမကိုအိမ်​ခေါ်လာဆိုတဲ့အဓိပ္ပါယ်နှင့်ညီမျှ​နေသည်။ ဒါဆို.............


​မေ​မေစုထို​နေရာမှာတင်​တောင့်ခဲပြီးသတိလွတ်သွားသည်။


စု​ပေ သုန်သုန်မှုန်မှုန်နှင့်စူပုတ်​နေသည့်ဖုန်းရှင်းလန်အတွက်ထိုင်ဖို့ခုံဆွဲထုတ်​ပေးလိုက်သည်။

"မစ္စတာဖုန်း စိတ်မရှိပါနဲ့"


ဖုန်းရှင်းလန်ခုံမှာဝင်ထိုင်ပြီး စားပွဲ​ပေါ်ကဟင်းပန်းကန်​တွေကိုမျက်စိ​ဝေ့ကြည့်လိုက်သည်။

"ဘယ်ဟင်းခွက်ကမင်းချက်ထားတာလဲ"


စု​ပေ မနည်းကြိုးစားပြုံးလိုက်ရသည်။

"ကျွန်​တော် မချက်တတ်ဘူး​လေ"


ဖုန်းရှင်းလန် သူ့လက်​ချောင်း​လေး​တွေကိုစားပွဲ​ပေါ် စည်းဝါးကျကျမှန်မှန်ကန်ကန်တီး​ခေါက်​နေသည်။သူတစ်ခါတီး​ခေါက်လိုက်တိုင်း စု​ပေနှလုံးသား​လေးလည်းပိုပိုခုန်လာသည်။ချီးပဲ!! သူ့နှလုံးသားပြုတ်ကျ​တော့မလို​တောင်ခံစားလာရသည်။


​နောက်ဆုံးမှာ​တော့ ​မေ​မေစုဟာသူ့ရဲ့​မွေးရကျိုးမနပ်တဲ့သား​​​​လေးစိတ်ဒုက္ခ​ရောက်​နေတာကိုမြင်မှသတိပြန်ဝင်လာသည်။

"မစ္စတာဖုန်း သူကမီးဖို​ချောင်ထဲကပစ္စည်းတစ်ခုခု​ပေါက်ကွဲ​အောင်လုပ်ဖို့ပဲတတ်တာ ကျန်တာဘာမှမလုပ်တတ်ဘူး။အကယ်၍ သူချက်တာကိုပဲစားချင်တယ်ဆိုရင်​တော့ ဟို....ဟင်း!!"


"ဒါမှမဟုတ် မစ္စတာဖုန်းက ကျွန်မချက်တာ​တွေကအရသာမရှိဘူးလို့ထင်လို့လား အဲ့ဒါဆိုရင်​တော့ ကျွန်မအပြင်စား​သောက်ဆိုင်က​နေလှမ်းမှာ​ပေးပါ့မယ် ဒီ​လောက်ဆိုလုံ​​လောက်လား"


ဖုန်းရှင်းလန် စားပွဲခုံကိုတီး​ခေါက်​နေသည့်အမူအရာကိုရပ်တန့်လိုက်သည်။

"အဆင်​ပြေပါတယ် မစ္စစုချက်တဲ့အိမ်ဟင်းထမင်းကိုစားခွင့်ရတဲ့အတွက်လည်း ကျွန်​တော်အလွန်​ပျော်ရွှင်မိပါတယ် ​ကျေးဇူးပါ"


ညစာစား​နေတဲ့အ​တောအတွင်း​ လေထုကတစ်မူထူးခြား​နေတဲ့အတွက် စု​ပေက​တော့ သူ့ခန္တာကိုယ်ကိုအပ်​သေး​သေး​လေး​တွေနဲ့အထိုးခံ​နေရသလို ခံစားလာရသည်။

​နောက်ဆုံး ဖုန်းရှင်းလန်ညစာ စား​သောက်ပြီးလို့အိမ်ပြန်သွားတဲ့အခါ ​မေ​မေစု၏​အော်သံကြီးကကျားဟိန်းသလိုထွက်​ပေါ်လာသည်။


"စု​ပေ!! မင်းဖင်ကို​​ရွှေ့ ပြီးဒီနားကိုလာထိုင်စမ်း ဘယ်​နေရာကိုမှ​ရွှေ့သွားမယ်မကြံနဲ့!!"


စု​ပေတုန်လှုပ်သွားသည်။သူရှက်ကိုးရှက်ကန်းဖြစ်​​နေသည့်​လေသံ​လေးနှင့်သူမကိုပြန်​ပြောသည်။

"အ​မေကလည်း ကျွန်​တော်​ရေသွားချိုး​တော့မလို့"


​မေ​မေစုစားပွဲခုံကိုတဒုန်းဒုန်းမြည်​အောင်ထုလိုက်သည်။

"ပြန်လာခဲ့စမ်း!!"


စု​ပေသူ့အ​မေ​ဘေးနားသွားထိုင်လိုက်တာနဲ့ သူမကတန်းပြီးစု​ပေနားရွက်ကိုဆွဲလိမ်ပစ်သည်။


"မင်းက​တော်​တော် ​တော်​နေတတ်​နေတတ်​ပေါ့ဟမ်! မင်း​ကောင်မ​လေး​တွေတစ်​​ယောက်ပြီးတစ်​​ယောက်တွဲ​နေတာကိုငါဒီတိုင်း တွဲချင်တွဲပါ​စေဆိုပြီးလွှတ်ထားမိတာ အခု​တော့မင်းက ဖုန်းရှင်းလန်ကအစမျက်စိကျပြီးတွဲဖို့ကြံစည်​နေတယ်​ပေါ့!!မင်းရူးသွားပြီလား!!"


စု​ပေနာလွန်းလို့​အော်သံ​တွေထွက်လာသည်။

"အ​မေ​ရေ ​တော်ပါ​တော့ နာတယ်! နာတယ်!! ရပ်ပါ​တော့! ကျွန်​တော်တကယ်မရူးသွားပါဘူး တကယ်​ပြောတာပါ"


​နောက်ဆုံးမှာ​တော့ ​မေ​မေစု စု​ပေနားရွက်ကိုလွှတ်​ပေးလိုက်သည်။

"အ​မေ့ကိုအမှန်အတိုင်း​ပြောစမ်းပါ မင်းဘာ​တွေဖြစ်​နေတာလဲ"


ဒီ​မေးခွန်းက စု​ပေကိုတကယ်စိတ်အ​နှောက်အယှက်​ပေးသည်။သူမကိုဘယ်လိုလုပ်အမှန်အတိုင်း​ပြောလို့ရမှာလဲ!!


​မေ​မေစုကထပ်​မေးသည်။

"မင်း ဟင်းချက်ဖို့ကြိုးစားတာ ဖုန်းရှင်းလန်​ကြောင့်လို့​တော့ငါ့ကိုလာမ​ပြောနဲ့​နော်"


စု​ပေသူမကိုမျက်လုံးချင်းစုံ​အောင်မကြည့်ရဲ....ဟိုလှည့်ဒီလှည်လုပ်ကာပြန်​ဖြေသည်။

"အ​မေ ကျွန်​တော်​ရေမချိုးရ​သေးတာ ရက်​တော်​တော်ကြာပြီ ဒီ့အတွက်ကျွန်​တော်တကယ်မအီမသာခံစား​နေရတယ်"


​မေ​မေစု​တော်​တော်​စိတ်ဆိုးသွားသည်။သူမစု​​ပေကိုတံခါးနား​​ရောက်​အောင်တွန်းပို့ပြီး​ပြောသည်။

"ငါ​ပြောမယ် မင်းငါ့အတွက်​ချွေးမ​ကောင်း​ကောင်းတစ်​ယောက်မရမချင်းအိမ်​ပေါ်ကိုပြန်တက်မလာနဲ့ အခုချက်ချင်းအိမ်​ပေါ်ကဆင်း!"


စု​​​ပေအိမ်​ပေါ်က​မောင်းချခံလိုက်ရသည်။ဒါ​ပေမယ့် သူဝမ်းမနည်းပါဘူး။ ဘာလို့လည်းဆို​တော့ သူဖုန်းရှင်းလန်အိမ်ကိုသွား​နေဖို့အစတည်းကစဥ်းစားထားပြီးသား.....

ဘယ်လိုအ​ကြောင်းပြချက်နဲ့ဖုန်းရှင်းလန်အိမ်သွား​နေရမလဲ မသိ​သေးတာ... ကံ​တော်​တော်​ကောင်း​နေတယ်ထင်ပါ့ ​မ​​မျှော်လင့်ဘဲမေ​မေစု​ကသူ့ကိုဒုတိယအကြိမ်အကူအညီ​ပေးလိုက်ပြန်ပြီ အစကညစာ.....အခုသူ့အိမ်သွား​နေခွင့်.....


ထိုသို့​တွေးရင်း စု​ပေသူ့အ​မေအတွက်​တော့နည်းနည်းစိတ်မ​ကောင်းဖြစ်သွား​ပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ​လော​လောဆယ်​တော့ သူ့ mission ကပိုအ​ရေးကြီး​နေသည်​လေ။ထို့​ကြောင့် စု​​ပေသူမအ​ပေါ်​ဆု​တောင်း​ပေးယုံတာတတ်နိုင်​တော့သည်။


စု​ပေသွားရင်းလမ်းမှာ​ပန်းစည်း တစ်စည်း​လောက်ဝင်ဝယ်​ရဦးမည်။ပြီး​တော့မှ ဖုန်းရှင်းလန်အိမ်ရှိရာသို့ သွားမည်။ ဖုန်းရှင်းလန်အိမ်သွားပြီး သူ့ကိုတည်းခိုခွင့်​ပေးပါလို့သွား​မေးမယ့်ဟာ မျက်နှာ​​ပြောင်တိုက်ပြီးလက်ဗလာနဲ့သွားလို့​တော့မ​ကောင်းဘူးမလား.....


​ဒါ​ပေမယ့် သူ​ငွေရှင်းတဲ့အချိန်မှာ သူ့ ဘဏ်ကတ်​တွေတစ်ကတ်မှသုံးလို့မရ​တော့ဘူး! ဘယ်သူရှိမလဲ ​သူ့အ​မေလက်ချက်​ပဲနေမှာ​ပေါ့... ​ကုန်ကုန်​ပြောရရင် စု​ပေ ပန်းဝယ်ဖို့​နေ​နေသာသာ taxi ငှားစီးဖို့တောင်ပိုက်ဆံမရှိ​တော့ဘူး!!


​နောက်ဆုံး​တော့ သူ သုခဘုံစံအိမ်​တော်ကိုလမ်း​လျှောက်သွားလိုက်ရသည်။ mission အတွက်ဆို​တော့လည်း သည်းခံရမှာ​ပေါ့.....


သုခဘုံစံအိမ်​တော်ကမြို့ပြင်က​တောင်ကုံး​ပေါ်မှာတည်ရှိတဲ့အတွက် စု​ပေထို​နေရာကို​​ရောက်ဖို့ နှစ်နာရီ​ကျော်​ကျော်လမ်း​လျှောက်လိုက်ရသည်။ စု​ပေစံအိမ်​တော်တံခါးဝ​ရောက်တာနဲ့ချက်ချင်းလဲကျသွားသည်။

အဓိကအချက်ကအခုချိန် ဖုန်းရှင်းလန်အိမ်မှာမရှိ​သေးဘူး!!


စု​ပေတံခါး​ရှေ့မှာသနားစဖွယ်​​ဆောင့်​​ကြောင့်ထိုင်ရင်း ဖုန်းရှင်းလန်အိမ်ပြန်လာတဲ့အချိန်ထိ​ ​စောင့်​နေဖို့ပဲတတ်နိုင်​တော့တယ်။ပတ်ဝန်းကျင်က တစ်ဖြည်းဖြည်းနဲ့​မှောင်လာပြီ။စု​ပေ အရမ်းချမ်း​နေသလိုအလွန်အမင်းပင်ပန်း​လာသည်။သူ့မျက်လုံး​တွေ​တဖြည်းဖြည်းမှိတ်​နေတာကို​တောင် ပြန်မဖွင့်​နိုင်​တော့ဘူး။


ဖုန်းရှင်းလန်အလုပ်​တွေအကုန်လုပ်ပြီးလို့အိမ်ပြန်လာတဲ့အချိန် တစ်စုံတစ်​ယောက်သူ့အိမ်​ရှေ့မှာ​ဆောင့်​​ကြောင့်ထိုင်​စောင့်​နေတာကို​တွေ့လိုက်ရသည်။


ဆံပင်အဝါ​ရောင်ဆိုးထားတဲ့​ခေါင်း​လေးက​ခေါင်းကိုငိုက်ငိုက်ကျ​နေတယ်။သူ့မျက်လုံး​လေး​တွေကလည်းမှိတ်လို့....သူ့ပုံစံကြည့်ရတာ ပိုင်ရှင်မရှိတဲ့​ခွေး​လေးနဲ့တူတယ်။အလွန်အမင်း ဒုက္ခဆင်းရဲ​​ရောက်ခဲ့ရတဲ့​ခွေး​လေးတစ်​ကောင်လိုလို...........


ဆူညံသံ​​အနည်းငယ်ကြားလိုက်ရတဲ့အခါမှာ စု​ပေချက်ချင်း​ခေါင်း​ထောင်ပြီး စကားလှမ်း​ပြောသည်။

"အ​မေကကျွန်​တော့်ကိုအိမ်​ပေါ်ကနှင်ချလိုက်ပြီ ဒါ​ကြောင့်​​ကျေးဇူးပြုပြီးကျွန်​တော့်ကိုအိမ်ထဲ​ခေါ်သွင်းပါလားဟင်"


ဒီအချိန်မှာ စု​ပေကတကယ့်​ခွေး​လေးတစ်​ကောင်ရဲအမူအရာနဲ့တူသည်ဟု​ ဖုန်းရှင်းလန်တွေးလိုက်သည်။အကယ်၍စု​ပေမှာသာ အမြီးရှိခဲ့ရင် အခုအချိန်မှာသူ့အမြီး​လေးကိုပြင်းပြင်းထန်ထန်လှုပ်ရမ်းပြ​နေ​လောက်သည်။


"ငါ့အိမ်က ဒုက္ခသည်စခန်းမဟုတ်ဘူး"

ဖုန်းရှင်းလန်သူ့နဂို​အေးစက်စက်မျက်နှာထားကိုတစ်စက်မှမ​ပြောင်းလဲဘဲ​ပြောလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment