no

Font
Theme

  《ငါးသန်းတန်အိမ်အကူမ​လေး》


စု​ပေရှင်းပြ​နေသည့်စကား​တွေကိုကြားပြီး ချင်းကွမ်​ရှောင်အမှန်​တွေ​ပေါ်ကုန်​တော့မည်ဆိုး၍တုန်လှုပ်သွားသည်။ ဒါ့​ကြောင့် ချက်ချင်းသူမကရိုးသားပါ​တယ်ဆိုတဲ့​လေသံ​လေးနှင့် ဖုန်းရှင်းလန်ကိုရှင်းပြသည်။


"မစ္စတာဖုန်း သူ​ပြောတာမယုံလိုက်ပါနဲ့​နော် သူအရူးလုပ်တာမခံပါနဲ့ရှင်...သူက​လေကျွန်မကို သူ့ရည်းစားလုပ်ဖို့အတင်းခြိမ်း​ခြောက်​ပြောခဲ့တာရှင့် ပြီး​တော့ သူ....သူ"


သူမစကားဆုံး​အောင်ဆက်မ​ပြောဘဲ စတင်ငို​တော့သည်။

ဖုန်းရှင်းလန် သူမငိုယို​နေတာကိုမထူးခြားသည့်ပုံစံနှင့်ကြည့်ရင်း​ပြောသည်​။

"ဆက်​ပြောပါဦး ဘာဖြစ်တယ်"


ချင်းကွမ်း​ရှောင် သူမအရှက်ကွဲအကျိုးနည်းဖြစ်ခဲ့ရသည့်ပုံမျိုးနှင့်ဆက်​ပြောသည်။

"ပြီး​တော့ ပြီး​တော့သူကရှင့်ကိုအရုပ်တစ်ရုပ်လိုပဲသ​ဘောထားတာပါတဲ့ ...သူက​ယောကျ်ား​ချင်းကြိုက်တဲ့သူတစ်​ယောက်မဟုတ်ပါဘူးတဲ့"


စု​ပေအဲ့​နေရာပဲ​ရေခဲရုပ်လို​တောင့်​တောင့်ကြီးရပ်​နေမိသည်။ဒီ​ချင်းကွမ်း​ရှောင်က....တကယ့်ကိုစကားပ​လောင်းပလဲ​ပြောတတ်တဲ့​ခွေးမတစ်​ကောင်ပဲ!!!


သူဖုန်းရှင်းလန်​ဘေးနားသို့ချက်ချင်းသွားရပ်ပြီး အတည်​ပေါက်လေသံဖြင့်​ပြောသည်။

"ကျွန်​တော်တစ်ခါမှအဲ့လိုမ​ပြောခဲ့ဖူးဘူး ကျိန်ဆိုကျိန်ရဲပါတယ် ဒါတမင်သက်သက်​ချောက်ချတာ ကျွန်​တော်ကအပြစ်ကင်းပါတယ်ဗျာ"


ဒါ​ပေါ့ သူကအ​​ဖြောင့်​ကောင်စစ်စစ်...ယောကျ်ား​လေး​တွေကိုတစ်ခါမှ စိတ်ဝင်စားဖူးတဲ့သူမဟုတ်....ဒါ​ပေမယ့်သူဒီလိုစကားနဲ့​စော်ကား​မော်ကား​တော့မ​ပြောဆိုဖူးဘူး....


စု​ပေရှင်းပြချက်​တွေကိုကြားတဲ့အခါ ဖုန်းရှင်းလန်က 'ဟွန်း' ကနဲလုပ်ကာနှာမှုတ်ပြ​လေသည်။


System 748 - "ဆွဲ​ဆောင်ခြင်းယူနစ်ဘားမှာ 3% တိုးသွားပါပြီ ဒါ​ကြောင့် <ဆွဲ​ဆောင်မှုတိုးတက်ခြင်း> တာဝန်စုစု​ပေါင်း 9% ဖြစ်သွားပါပြီ"


စု​ပေ နည်းနည်း​တော့စိတ်သက်သာရာရသွားသည်။​တော်ပါ​သေးရဲ့ အများကြီးတက်လာတာ​တော့မဟုတ်​ပေမယ့် အနည်းဆုံး​တော့မူလရာခိုင်းနှုန်းကိုပြန်​ရောက်သွားပြီ။


ဖုန်းရှင်းလန်​ပြောလိုက်သည်။ "သွားကြစို့"


စု​ပေဇ​ဝေဇဝါဖြစ်သွားသည်။ "ဘယ်​နေရာကိုလဲ"


ဖုန်းရှင်းလန်​ခေါင်းနည်းနည်း​စောင်းပြီး စု​ပေကိုကြည့်သည်။သူ့ရဲ့မည်း​မှောင်​နေတဲ့မျက်ဝန်းတစ်စုံက စု​​ပေကိုကြက်သီး​မွှေးညင်းထ​စေသည်။

"မင်းအိမ်ကိုညစာတူတူစားဖို့ဖိတ်ထားတယ်လို့ မင်းကိုယ်တိုင်​ပြောခဲ့တာမဟုတ်ဘူးလား"


စု​ပေ ကြက်​ပေါက်စ​လေးတစ်​ကောင်ကအစာ​ကောက်သလို သူ့​ခေါင်းကိုအကြိမ်ကြိမ်ညှိမ့်ပြလိုက်သည်။

"ဟုတ်တယ်....ဟုတ်တယ်....ဟုတ်တယ်"


တကယ်​တော့သူကဒီတိုင်းအဖြစ်သ​ဘော​အ​နေနဲ့ပြောလိုက်တာ ဒါ​ပေမယ့်ဖုန်းရှင်းလန်ကထိုစကားကိုအတည်ယူချလိုက်လို့မည်သူကထင်မည်နည်း။အခုသူကတိ​ပေးလိုက်ပြီဆို​တော့ အိမ်​ခေါ်သွားရ​​တော့မယ် ဘယ်တတ်နိုင်မတုန်း !! က​တိ​ပေးလိုက်​တော့လည်းတည်ရ​တော့မှာ​ပေါ့!!


ချင်းကွမ်း​ရှောင် အခုသူမ​ကြောက်ရွံ့ခြင်းကိုခံစားလာရသည်။ဒါသူမ စု​ပေကိုထိတ်လန့်​အောင်လုပ်မိလို့တန်ပြန်ခံစားရခြင်းများလား။မဖြစ်နိုင်ဘူး.....စု​ပေနဲ့ဖုန်းရှင်းလန်ကြားကဆက်ဆံ​ရေးကသူမထင်ထားတာထက် ပိုမို​ကောင်းမွန်​နေသည်။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း!!


သူမ​​ကြောက်ရွံ့​နေတဲ့ကြားထဲက ​သေချာသတိထားပြီး​ခေါ်လိုက်သည်။

"မစ္စတာဖုန်း"


ဖုန်းရှင်းလန်ကသူမကိုအကြည့်တစ်ချက်​တောင်မစွံ့ ကြဲ.....စု​ပေနဲ့တူတူသူ့ကားရှိရာသို့တိုက်ရိုက်သွားပြီးကား​မောင်းထွက်သွားသည်။


သူတို့ကားထွက်သွားတာနဲ့တစ်ပြိုင်နက် ချင်းကွမ်း​ရှောင်မျက်နှာအမူအရာမဲ​မှောင်ကျသွားသည်။ဒီစု​ပေက သူမကို တော်​တော်ဒုက္ခ​ပေးတဲ့​ကောင်ပဲ။


System 748 - " ဒီကမ္ဘာနဲ့ပတ်သက်တဲ့ဇာတ်​ကြောင်းအသစ်ပွင့်ပါပြီ ​ကျေးဇူးပြုပြီးလက်ခံ​ပေးပါ "


စု​ပေထိုအခါမှတစ်စုံတစ်ခုကို​တွေးမိသွားသည် ဟုတ်တာ​ပေါ့ သူဒီကမ္ဘာရဲ့ဇာတ်​ကြောင့်အပြည့်အစုံမသိရ​သေးတာပဲ။ထိုအချိန်မှာပဲ သူ့​ခေါင်းထဲသို့ စာသား​တွေတစ်ပုံတစ်​ခေါင်းကြီးဝင်လာသည်။သူခပ်မြန်မြန်ပဲထိုစာသား​တွေကိုဖတ်လိုက်သည်။ဒီဇာတ်​ကြောင်းကစိတ်ကူးယဥ်ဝတ္တတစ်ပုဒ်ပဲဖြစ်တယ်.....


အမျိုးသားဇာတ်လိုက်က ဖုန်းရှင်းလန် ၊ အမျိုးသမီးဇာတ်လိုက်က​တော့ ချင်းကွမ်း​ရှောင် ၊ သူက​တော့အ​မြောက်စာမိမယ့် ​ခြေ​ထောက်ကျိုး​ဗီလိန်ဇာတ်​ကောင်​လေးစု​ပေ။


စု​ပေဖတ်ပြီးတဲ့အခါ သူ့ကိုယ်သူတည်ငြိမ်နိုင်ဖို့အချိန်နည်းနည်းယူလိုက်ရသည်။

"ဆို​တော့ ဒီကမ္ဘာကစိတ်ကူးယဥ်ဝတ္တုကမ္ဘာ​ပေါ့ ဟုတ်လား"


System 748 ကသူ့ပုံမှန်​အေးစက်စက်​လေသံနှင့်ပြန်​​ဖြေသည်။

"မင်း နားလည်သလိုသတ်မှတ်လိုက်လို့ရပါတယ်"


စု​ပေသူ့မျက်လုံး​ကိုအ​ပေါ်လှန်ပြလိုက်သည်။

"748! မင်း​ပြောတဲ့အတိုင်းဆိုငါက ဇာတ်လိုက်​ကောင်နဲ့ဇာတ်လိုက်မ ကြားဝင်​နှောက်ယှက်မယ့် တတိယလူ ဒါမှမဟုတ် အ​မြှောက်စာမိမယ့်ဗီလိန်​လေးဖြစ်လာမှာ​ပေါ့ဟမ်!!လာ​နောက်​နေတာလား!! ငါ့ကိုဒီလိုလူကိုယ်ထဲပို့လိုက်တာ နည်းနည်းမသင့်​တော်ဘူးလို့မင်းမခံစားရဘူးလား"


System 748 - "ဒါဆို ငါမင်းကို​နောက်တစ်ကမ္ဘာကျရင် အာဖရိက ကိုပို့​ပေးမယ်"


စု​ပေ သူ့ဂန္ဓမာပန်း​လေးတင်းကြပ်သွားသလိုခံစားလိုက်ရသည်။ (T/N - ဂန္ဓမာပန်း = asshole )

"မဟုတ်ဘူး မပို့ပါနဲ့ ငါ Mission ​တိုင်းကိုကြိုးကြိုးစားစားလုပ်ပါ့မယ်"


ငါဇာတ်လိုက်​ကောင်ကိုဆွဲ​ဆောင်ရမယ့်အချိန်တိုင်းမှာချင်းကွမ်း​ရှောင် ကငါ့အတွက်တကယ့်ကိုကြီးမားလွန်းတဲ့အ​နှောင့်အယှက်ဖြစ်လာမယ်ထင်တယ်!ပြီး​တော့ အခုအချိန်မှာ မူလဇာတ်​ကြောင်းအတိုင်း ချင်းကွမ်း​ရှောင်ကဖုန်းရှင်းလန်ရဲ့အိမ်အကူဖြစ်လာပြီ။​နောက် မူလဇာတ်​ကြောင်းအတိုင်း တစ်ဖြည်းဖြည်းချစ်ကြိုက်သွားကြလိမ့်မယ်။​သောက်ကျိုးနည်း...သူတို့ကအခုအတူတူ​တောင်​နေကြ​တော့မယ်!


ဒါကိုဘယ်လိုလုပ်ရမလဲ!!သူ့ mission ကို​ရောဘယ်လိုလုပ်ရမလဲ!!


စု​ပေ အမျိုးမျိုး​တွေး​တောစဥ်းစားပြီး​​နော် ဖုန်းရှင်းလန်ကို​မေးလိုက်တယ်။

"ခင်ဗျားအိမ်မှာအိမ်အကူ​တွေ​တော်​တော်လို​နေလို့လား"


ဖုန်းရှင်းလန်ကအမူအရာမဲ့စွာပြန်​ဖြေသည်။

"မဟုတ်ပါဘူး"


စု​ပေကလည်းထပ်​မေးသည်။

"အဲ့တာဆိုဘာလို့ ချင်းကွမ်း​ရှောင်ကို အိမ်အကူလုပ်ခိုင်းလိုက်ရတာလဲ"


စု​ပေ​မေးသမျှကိုဖုန်းရှင်းလန်ကမညီးမညူဘဲနဲ့​​​ဖြေး​​ဖြေးချင်းပြန်​​ဖြေ​ပေးသည်။

"သူမကို​ချေးကိုငါးသန်းဒီတိုင်း​ချေး​ပေးလိုက်ရင် သူမဘယ်​တော့မှပြန်ဆပ်​တော့မှာမဟုတ်ဘူး"


​နောက်ဆုံး​တော့စု​ပေနားလည်သွားပြီ။

"ဒါဆို ခင်ဗျားကငါးသန်းနဲ့အိမ်အကူတစ်​ယောက်ဝယ်လိုက်တယ်ဆိုတဲ့အဓိပ္ပါယ်​ပေါ့"


ဖုန်းရှင်းလန်ဒီတစ်ခါ​တော့သူ့ကိုပြန်မ​ဖြေ​တော့ဘူး။ဒါ​ပေမယ့် သူ​ပြောလိုက်တဲ့စကားကိုဖုန်းရှင်းလန်သ​ဘောတူမှန်းစု​ပေသိပါသည်။


သို့ပါ​သော်လည်း စု​ပေမ​နေနိုင်မထိုင်နိုင်​လေသံတိုးတိုး​လေးနဲ့ပွစိပွစိစကား​ပြော​နေ​သေးသည်။

"ဒါ​ပေမယ့် ခင်ဗျားသူမကိုပိုက်ဆံမ​ချေး​ပေးလိုက်လည်းရ​နေတာပဲကို ဟွင့်"


ငါးသန်း​ပေးပြီးအိမ်အကူတစ်​ယောက်ဝယ်တယ်!

အသုံးကိုမကျဘူး! အိမ်အကူလည်းတကယ်မလိုအပ်ပဲနဲ့ ဒါသက်သက်ပိုက်ဆံဖြုန်းတီးတာ!


ဖုန်းရှင်းလန်နှုတ်ခမ်း​တွေအနည်းငယ်​ကော့တတ်သွားတယ်။သူဘယ်လိုချင်းကွမ်း​ရှောင်ရဲ့အကြံအစည်​တွေကိုမသိဘဲ​နေမှာလဲ... ဒီတိုင်းသူမကိုမမြင်ချင်​တော့လို့ ပိုက်ဆံထုတ်​ချေး​ပေးလိုက်ယုံတင်ပါ!


System 748 - "ဆွဲ​ဆောင်ခြင်းယူနစ်ဘား 2% ထပ်တက်သွားပြီ စုစု​ပေါင်း <ဆွဲ​ဆောင်မှုတိုးတက်ခြင်း> တာဝန် 11% ပြီး​မြောက်ပါပြီ"


စု​ပေအိမ်သို့​ရောက်တဲ့အခါ စု​ပေတံခါးဖွင့်လိုက်တယ်။သူတံခါးဖွင့်လိုက်တာနဲ့သူ့အ​မေ၏ကျယ်​ကျယ်လောင်​လောင်လှမ်း​မေးလိုက်တဲ့အသံကိုအရင်ကြားလိုက်ရသည်။

"​မင်း ​ကောင်မ​လေးကိုအိမ်​​ခေါ်လာခဲ့လား"


"​ကောင်မ​လေး?"


​ချက်ချင်းဖုန်းရှင်းလန်​လေသံက ​​ကြောက်စရာ​ကောင်းသွားသည်။စု​ပေသူ့​နောက်​ကျော​နောက်တစ်ကြိမ်​​ချွေး​စေးပြန်ကာ​အေးစက်လာပြန်ပြီ။သူ​ခေါင်းကိုတွင်တွင်ခါယမ်းပြီးတုန်ယင်​နေသည့်​လေသံနှင့်ဖုန်းရှင်းလန်ကိုပြန်​ပြောသည်။


"မဟုတ်ပါဘူး မဟုတ်ပါဘူး သူမနားကြားမှားတာ​နေမှာပါ....ငါတစ်​​စုံတစ်​ယောက်ကိုအိမ်​ခေါ်လာခဲ့မယ်လို့ သူမကို​ပြောခဲ့တာ​တော့ဟုတ်တယ် ဒါ​ပေမယ့်ငါ​ခေါ်လာမယ့်တစ်စုံတစ်​ယောက်က မိန်းက​လေးလို့​တော့မ​​ပြောခဲ့ပါဘူး"


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment