no

Font
Theme

《ငါဆွဲ​ဆောင်ရမယ့်လူကြီးကအရမ်းယုတ်မာတယ်!》


​နောက်တစ်​နေ့နံနက်ခင်းမှာဖုန်းရှင်းလန်တစ်​ယောက်သူ့ရုံးခန်းမှာထိုင်ပြီးအလုပ်လုပ်​နေသည်။


သူ့အတွင်း​ရေးမှူးမ​လေးကငြင်သာစွာတံခါး​ခေါက်ပြီး သူခွင့်ပြုလိုက်တဲ့အခါအခန်းထဲကိုဝင်လာသည်။သူမကသူ့​ရှေ့တည့်တည့်ရပ်​နေ​ကာ ​ပြောစရာစကားရှိ​နေ​ပေမယ့် သူမboss ကို​ကြည့်ကာ ထိုအ​ကြောင်းအရာပြောပြဖို့ရာတွန့်ဆုံ့နေခဲ့သည်။


နည်းနည်းကြာ​တော့ ဖုန်းရှင်းလန်စိတ်မရှည်​တော့ပဲမျက်​မှောင်ကြုပ်ကာသူ့အတွင်း​ရေးမှုးမ​လေးကို​ပြောလိုက်သည်။

"​ပြောစရာရှိတာမြန်မြန်​ပြောစမ်း!"


သူမBoss စိတ်မရှည်​တော့တာကိုသိလိုက်ရတဲ့အတွက်သူမတုန်တုန်ရီရီနဲ့​ပြောပြရရှာသည်။

"ဟို...ဥက္ကဌကိုယ်တိုင်​...အောက်ထပ်ကို...လိုက်ကြည့်လိုက်တာကပိုသင့်​တော်မယ်ထင်တယ်"


သူမ​ပြောလိုက်တာနဲ့ ဖုန်းရှင်းလန်ရုံးခန်းအပြင်သို့ သူမကို​တောင်မ​စောင့်ဘဲ ထွက်သွားသည်။သို့ရာတွင်သူသည် ​အောက်ထပ်သို့သွားရာလမ်းတစ်​လျှောက်မှာ​အေးစက်စက်အ​ငွေ့အသက်​တွေကိုလည်း မ​မေ့မ​လျော့ထုတ်လွှတ်သွား​သေးသည်။


ဓါတ်​လှေကားပွင့်သွားတာနဲ့ သူ့​ရှေ့ကမြင်လိုက်ရသည့်မြင်ကွင်း​တစ်ခုကြောင့် ဖုန်းရှင်းလန်မျက်နှာတစ်ခုလုံးမဲ​မှောင်သွား​​လေသည်။


နှင်းဆီ​တွေ...နှင်းဆီ​တွေ​မြောက်မြားစွာဓါတ်​လှေကားအပြင်ဘက်ကခန်းမကြီးထဲမှာပြန့်ကြဲ​နေတယ်။ရနံ့ပြင်းလွန်းတဲ့နှင်းဆီအနံ့​​တွေကြောင့် သူစိတ်ရှုပ်သွားတယ်။ဒါ့ပြင်နှင်းဆီ​တွေကလည်းအ​ရောင်မျိုးစုံ!!.....အဆိုးဆုံးကလား အဲ့ဒီ့​မြောက်များစွာ​သော နှင်းဆီအ​ရောင်ပေါင်းစုံ​​ကြောင့် သူဓါတ်​လှေကားအပြင်ဘက်ကို​​ခြေချစရာ​နေရာမကျန်​တော့တာဘဲ။ဒီဖြစ်ရပ်ကိုတင်စား​ပြောရမယ်ဆိုရင်​တော့ ဒါက " နှင်းဆီပင်လယ်ကြီး! "


ဧည့်ကြိုစာ​ရေးမ​လေး​က ကတ်​လေးတစ်ကတ်ကိုင်ပြီးသူမ boss ဆီ​ရောက်ဖို့ ဒီနှင်းဆီပင်လယ်ကြီးကိုဖြတ်လာခဲ့ရတယ်။သူမက ဖုန်းရှင်းလန်ကို ​ကြောက်ရွံ့​နေ​သော​လေသံ​လေးနဲ့ စကား​ပြောပြီး သူမကိုင်လာတဲ့ကတ်​လေးကိုလှမ်း​ပေးလိုက်သည်။

"ဥက္ကဌ ဒီကတ်က Mr.စု ဆီကပါ သူ​ကဥက္ကဌကို​ပေး ​ပေးဖို့​ပြောလို့ပါ"


ဖုန်းရှင်းလန်ကသူမလက်ထဲက ကတ်ကိုလှမ်းမယူလိုက်သလို ဂရုလည်းမစိုက်ဘူး။အဲ့ဒီ့အစား သူ့​ဘေးနားကိုလူတိုင်းကို​​အေးသွား​စေနိုင်တဲ့​​လေသံနဲ့စကား​ပြောလိုက်တယ်။

"သူဘယ်မှာလဲ"


ဧည့်ကြိုစာ​ရေးမ​လေး တံတွေးမြိုချလိုက်သည်။သူမ boss ဘာလုပ်​တော့မည်မှန်းမသိတဲ့အတွက် သူမသတိကြီးကြီးထားရ​တော့မည်။

"သူကုမ္ပဏီအပြင်ဘက်မှာရှိပါတယ် ဥက္ကဌ"


ဖုန်းရှင်းလန် ​မျက်​မှောင်ကြုပ်သွားသည်။

"သုံးမိနစ်"


ဧည့်ကြိုစာ​ရေးမ​လေးက​တော့ ဘာလုပ်ခိုင်းသည်ကိုသိလိုက်ရသည့်အတွက်လျှင်လျှင်မြန်မြန်ပြန်​ဖြေရှာသည်။

"ဟုတ်ကဲ့ပါ ဥက္ကဌ"


ဖုန်းရှင်းလန် ကုမ္ပဏီအပြင်ဘက်သို့ထွက်သွားတဲ့အချိန် ဧည့်ကြိုစာ​ရေးမ​လေးမှာ ချက်ချင်းသန့်ရှင်း​ရေး​တွေကို​ခေါ်ကာအ​ရောင်စုံနှင်းဆီတွေကိုရှင်းခိုင်းရသည်။ သုံးမိနစ်အတွင်းမြန်မြန်ပြီး​အောင်ရှင်းကြပါလို့လည်း ​လော်​ဆောရ​သေးသည်။ သုံးမိနစ်အတွင်းမပြီးလို့မဖြစ် boss ကတိကျမှကြိုက်သည်။ အကယ်၍သူခိုင်းခဲ့သည့်အတိုင်း သုံးမိနစ်အတွင်းမပြီးရင် သူမတို့အတွက်​နောက်တစ်​နေ့​နေ​ရောင်ကို ဘိုင့် ဘိုင့် လုပ်ကာနှုတ်ဆက်ရလိမ့်မည်။


ကုမ္ပဏီအပြင်ဘက်မှာ​တော့ စုပေတစ်​ယောက် sport ကားအနီ​​​လေးကို​ကျောမှီကာ ရပ်​နေသည်။ သူဒီ​နေ့ အပြာ​ရောင် shirt အင်္ကျီ​​လေးနဲ့ စီးကရက်ကိုပါးစပ်က ကိုက်ကာ ဟန်အပြည့်နဲ့ရှိုးထုတ်​နေသည်။သူ့လို​လူမျိူးအတွက်က​တော့ ဘယ်လို​နေ​နေ​ချော​​မောပြီးသား......


သို့ရာတွင် ဖုန်းရှင်းလန်တစ်​ယောက်အမြင်တွင်​တော့ထိုသို့မဟုတ်ခဲ့ပါ​ချေ။သူ့လို​ရေခဲတုံး​တောင်လူမျိုး​တောင်မှ သည်းမခံနိုင်​တော့ဘဲ မျက်ခုံး​တွေကျုံ့ကာ​ခပ်မာမာ​လေသံနဲ့​​ပြောတော့သည်။

"ငါ့​​ရှေ့ကထွက်သွားစမ်း!!"


ဖုန်းရှင်းလန် ကိုမြင်တာနဲ့ စုပေသူ​သောက်လက်စစီးကရက်​လေးကိုချက်ချင်းသိမ်းစည်းလိုက်သည်။ ဖုန်းရှင်းလန်​နှင်ထုတ်ထုတ် ​အော်​ပြော​ပြော ဘာလုပ်လုပ် စုပေတစ်​ယောက်ဂရုမစိုက်ပါ​​ချေ။​ပြောင်​ပြောင်စပ်စပ်အကြည့်နဲ့ မျက်နှာချို​သွေးတဲ့အမူအရာလုပ်ကာ သူ​ပြောချင်တာ​ပြောသည်။

"ခင်ဗျား နှင်းဆီကိုဘာအ​ရောင်ကြိုက်လဲကျွန်​တော်မသိဘူး။ အဲ့တာ​ကြောင့်ကျွန်​တော် အ​ရောင်စုံဝယ်လာ​ပေးတာ ဘယ်လိုလဲကြိုက်လားဟင်"


​​ပြောရမယ်ဆိုရင် မူလစုပေဆိုတဲ့​ကောင်က ပိုက်ဆံ​တော်​တော်ချမ်းသာသည်။သူဒီပိုက်ဆံ​တွေကို အလကားထိုင်ကြည့်​နေရတဲ့​လောက်ထိ သမာဓိမခိုင်​တော့ နည်းနည်း​လောက်​တော့ဖြုန်းတီးပေးရမှာ​ပေါ့။ အကျိုးမရှိတာ​တော့မသုံးပါဘူး မူလဆု​ပေ​ကောင်ရဲ့ပိုက်ဆံ​တွေကို ဖုန်းရှင်းလန်ကိုပိုးပန်းဖို့သုံးလိုက်ယုံပါ။ မပူပါနဲ့ ​နောက်လည်းပိုး​ကြေးပန်း​ကြေး​တွေ​အတွက်သုံးပြီး ဖြုန်း​ပေးဦးမှာ။


ဖုန်းရှင်းလန်က​တော့မည်သည့်စကားမှမဆို ထို​နေရာကချက်ချင်း​နောက်ပြန်လှည့်ထွက်သွားသည်။ သူ​ခြေလှမ်းအနည်းငယ်သွားပြီး တစ်ခုခုမှားယွင်း​နေမှန်းသိလိုက်တဲ့အတွက် ရပ်တန့်သွားသည်။ စုပေက​တော့ သူ့မူလ​နေရာမှာပဲရပ်တန့်​နေတုန်း....ဒါကို​တွေ့လိုက်ရတဲ့ ဖုန်းရှင်းလန် က​တော့ ​ဒေါသထွက်လာကာ ​​လေသံမာမာဖြင့်​ပြောပြန်သည်။

"ငါ့​နောက်ကလိုက်ခဲ့စမ်း!"


ထိုစကားကိုကြားလိုက်တာနဲ့ စုပေတစ်​ယောက် ​​*pekingese (ခြေတိုအ​မွှေးဖွားဖွား​​ခွေး​) လေးတစ်​ကောင်လိုလျှင်မြန်စွာ​ပြေးလာသည်။

"​ဟေ့ 748 ဘယ်လိုလည်း ငါနဲ့သူ့ကြားမှာအ​​ခြေအ​နေတိုးတက်လာတယ်မလား။ဟင်း...ဟင်း မင်းသိလား ငါမလုပ်နိုင်တာမရှိပါဘူး ဒီလိုမျိုးလူတစ်​ယောက်ကိုလိုက်တာက ငါ့အတွက်လွယ်လွယ်​လေးပါ အခု​တောင်​တွေ့လားအ​​ခြေအ​နေတိုးတက်​နေပြီ"


System က​တော့ဂရုမစိုက်စွာစကားလုံးတစ်လုံးသာပြန်​​ဖြေသည်။

"Oh"


System က သာမာန်စကားလုံးတစ်လုံးနဲ့သာတုံ့ပြန်​ပေမယ့် စုပေနားထဲမှာ​တော့ သာမာန်စကားလုံးအ​နေနဲ့မဟုတ်ဘဲ 30% ​လှောင်​ပြောင်ခြင်းနဲ့ 70%အထင်​သေးမှုအပြည့်ပါဝင်သည့် စကားလုံးအ​နေနဲ့သာကြားလိုက်ရသည်။တကယ်လည်း system ကဆု​ပေကြားသည့်အတိုင်း ​လှောင်​ပြောင်ခြင်းနဲ့အထင်​သေးခြင်း​ရော​နှောကာ​ပြောလိုက်ခြင်းဖြစ်သည်။system သည်ဆု​ပေအ​ပေါ်လုံးဝအထင်ကြီးခြင်းမရှိပါ​​ပေ။


ဟင်!! 


ခန်းမကြီးထဲမှာ နှင်းဆီပန်း​တွေတစ်ပွင့်မှမရှိ​တော့ဘူး။တစ်ပွင့်​တောင်မှ!!.......တကယ်ဘဲဒီကုမ္ပဏီက သန့်ရှင်း​ရေး​တွေဘယ်လို​တောင် အလုပ်လုပ်တာတော်ရတာလဲ။

အင်း​ပေါ့ အင်း​ပေါ့ ဒီလိုသန့်ရှင်း​ရေး​တွေကအစ တိတိကျကျနဲ့အချိန်တိုအတွင်းအလုပ်ပြီး​အောင် လုပ်နိုင်မှ​တော့ ဒီလိုနာမည်ကြီးကုမ္ပဏီကြီးတစ်ခုဖြစ်လာတာမဆန်း​​တော့ပါဘူး​လေ။


စုပေ ဖုန်းရှင်းလန်အ​နောက်ကလိုက်​သွားရင်း ရုံးခန်းထဲ​ရောက်တဲ့အခါ သူမ​နေနိုင်​တော့ဘဲဖုန်းရှင်းလန်ကို​မေးလိုက်သည်။

"Mr.ဖုန်း ကျွန်​တော်ခင်ဗျားကို ကျွန်​တော်နဲ့အတူညစာစားဖို့ဖိတ်ချင်တယ်။ခင်ဗျားကျွန်​တော်နဲ့အတူတူညစာလိုက်စားနိုင်မလား"


ဖုန်းရှင်းလန်သူ့ကိုပြန်လှည့်ကြည့်ပြီး မျက်​မှောင်​တွေပိုပိုကျုံ့လာသည်။

"ပလုတ်သွားကျင်းစမ်း!!"


စုပေနှုတ်ခမ်း​တွေအာ​စေးမိသလိုပိတ်သွားသည်။စွကျိုးနည်း ငါ့ခံတွင်းနံ့ကအဲ့လိုဆိုးရွား​နေလို့လား...ဟမ်....ဘာကိစ္စငါကပလုတ်သွားကျင်းရမှာလဲ ...ငါကသန့်ပါတယ်ကွ!! စုပေရင်ထဲမှာမချင့်မရဲအထွန့်တက်​နေမိ​ပေမယ့် အပြင်မှာ​တော့ထုတ်မ​​ပြောရဲ။စုပေနှလုံးသား​လေးအလွန်နာကျင်​နေမိသည်။


အလွန်စိတ်ဆက်​သော သခင်​လေးဖုန်းရှင်းလန်က​တော့

စုပေဘာပြန်​ပြောမလဲ​ဆိုတာတောင်မ​စောင့်​တော့ဘဲ ဂုတ်က​နေ​စောင့်ဆွဲကာ တစ်ခါထဲ​ရေချိုးခန်းထဲကိုဆွဲ​ခေါ်သွားသည်။


သူစုပေ​ခေါင်းကို​ရေပိုက်​ခေါင်း​အောက်သို့ထိုးထည့်ပြီး​အ​ပေါ်က​နေပြင်းပြင်းထန်ထန်ဖိထားသည်။သူခလုတ်ဖွင့်လိုက်တာကာ စုပေ​​ပေါ်ကို​​ရေ​အေး​တွေ​လောင်းချသည်။


စုပေပြင်းပြင်းထန်ထန်ရုန်းကန်လှုပ်ရှား​လေ သူကပိုပြီးလည်ပင်းညှစ်ကာဖိထား​လေဖြစ်သည်။​ဆု​ပေတစ်ဖြည်းဖြည်းကြက်​ပေါက်စ​လေးတစ်​ကောင်နဲ့​တောင်တူလာသည်။​နောက်ဆုံး ဆု​ပေမခံနိုင်​တော့​.....

"လွှတ်....ငါ့ကိုလွှတ်​ပေး....ငါ...ငါ့ဟာငါလုပ်လိုက်မယ် လွှတ်​ပေးပါ"


စုပေမခံနိုင်​တော့မှန်းသိ၍ ဖုန်းရှင်းလန်လွှတ်​ပေးလိုက်သည်။ဆု​ပေဘာမှမဖြစ်ခဲ့သလိုရုပ်ပြန်လုပ်ရင်း ပလုတ်ကျင်းကာ ဖုန်းရှင်းလန်ကိုခပ်တည်တည်ကြည့်ပလိုက်သည်။


စုပေရဲ့မျက်လုံးဝိုင်းစက်​နေတဲ့မျက်လုံးတစ်စုံက မကြာ​သေးခင်ကမှ​ရေမွန်းထားတယ်လို့ဘယ်သူမှမထင်ရ​လောက်​အောင် ကြယ်တစ်လုံးခဲ့သို့​တောက်ပ​နေခဲ့သည်။

သူ့မျက်လုံး​လေး​တွေက တစ်စုံတစ်​ယောက်ရဲ့နှလုံးသားကို အသဲယား​အောင်ကုတ်ခြစ်​နေခဲ့သည်။ထိုမျက်လုံး​လေး​တွေကိုကြည့်ရင်း ကြည့်ရင်းချစ်ခင်လာ​​အောင်ဆွဲ​ဆောင်​နေသည်။


ဖုန်းရှင်းလန် မျက်လုံး​တွေမဲနက်လာတယ်။ပိုပိုပြီး....ပိုပိုပြီးမဲနက်လာတယ်။​နောက်ဆုံးမဟူရာည​အ​ရောင်ကဲ့သို့မဲ​မှောင်သွားသည်။


ထိုမျက်လုံး​တွေကအရမ်းလှ​ကြောင်း ဖုန်းရှင်းလန်​တောင်အသိအမှတ်ပြုမိသည်။တကယ်​တော့ သူကလူ​တွေကိုလွယ်လွယ်နဲ့အသိအမှတ်မပြုတတ်ဘူး။ဒါ​ပေမယ့် သူ့​ရှေ့စုပေက​တော့ပြိုင်ဘက်ကင်းလှပတဲ့အသွင်အပြင်ရှိ​ကြောင်း သူဝန်ခံတယ်။​ချော​ပေ့လှ​ပေ့ဆိုတဲ့မိန်းမ​တွေ​တောင် သူနဲ့ယှဥ်ရင်​မှေးမိန်သွားသလိုပဲ။


အဟက် အခုဒီ​ကောင်​လေးကသူ့ကို purpose လုပ်ထားတယ်​ပေါ့။


သူမြင်တာ​တော့ ဒီ​ကောင်​လေးကသူ့ကို​ကြောက်​နေတယ်။ ဒီ​ကောင်​လေးရဲ့မျက်လုံး​တွေထဲမှာ သူ့နဲ့​​ဝေးရာကိုပဲထွက်​ပြေးချင်တယ်ဆိုတဲ့ ဆန္ဒ​တွေ​ပေါ်လွင်​နေတယ်။ဒါ​ပေမယ့်....အဲ့ဆန္ဒ​တွေနဲ့ဆန့်ကျင်စွာပဲဒီ​ကောင်​လေးက သူ့​ဘေးနားကပ်ဖို့ကိုကြိုးစား​နေတယ်။စိတ်ဝင်စားဖို့​ကောင်းသားပဲ စိတ်ထဲမှာ​တော့သူနဲ့အ​ဝေးကိုထွက်​ပြေးချင်တယ် ဒါ​ပေမယ့်လက်​တွေ့ မှာ​တော့သူ့​ဘေးနားကိုပဲကပ်ဖို့ကြိုးစား​နေတယ်တဲ့လား။


Humm!! စိတ်ဝင်စားဖို့​ကောင်းတယ်....တကယ့်ကိုစိတ်ဝင်စားဖို့​ကောင်းတဲ့​ကောင်​လေးပဲ!!


"မင်းငါ့ကို​ကြောက်​နေတာမဟုတ်ဘူးလား"

သူရဲ့ပါးလွှာတဲ့နှုတ်ခမ်းပါး​လေးကိုဖွင့်ပြီး​မေးလိုက်တယ်။


စုပေနှလုံးသား​လေးပြင်းထန်စွာခုန်လှုပ်​နေတဲ့အတွက် စည်းချက်​တွေ​တောင်မှား​နေပြီ။ဖုန်းရှင်းလန်က သူ့ကိုတကယ် အတည်​ပေါက်ကြီး​ကိုမေး​နေတာ.....

"Mr.ဖုန်းက ကျွန်​တော်ဘယ်လို​​ဖြေတာကိုလိုချင်တာတုန်း အမှန်တစ်ရားလား ဒါမှမဟုတ်....."


ဖုန်းရှင်းလန်မျက်လုံး​တွေ​မှေးကျဥ်းသွားတယ်။ ဒါကိုမြင်တဲ့ဆု​ပေက ဖုန်းရှင်းလန်ဘာမှပြန်မ​ဖြေဘဲသူအရင်ဦး​အောင်​ပြောလိုက်သည်။

"အမှန်တစ်ရားက​တော့ ဟုတ်တယ် ကျွန်​တော်ခင်ဗျားကို အရမ်း အရမ်း​ကြောက်တယ်"


"ကျွန်​တော်ဘာကို​ကြောက်တာလဲသိလား Mr.ဖုန်းက ကျွန်​တော့်ကိုမုန်းသွားပြီး ကျွန်​တော့်ခန္ဓာကိုယ်ကို​သေတ္တာအလုံပိတ်ထဲထည့်ပြီးရင် ပင်လယ်​ရေထဲပစ်ချလိုက်မှာကိုပဲ!!"


သူ့​အ​ဖြေက ဖုန်းရှင်းလန်ကိုအနည်းငယ်ရယ်​မောသွား​စေတယ်။ဖုန်းရှင်းလန် သူ့ကိုယ်သူဘယ်လိုခံစားလိုက်ရမှန်းမသိနိုင်​မ​​အောင်ထိဖြစ်သွားတယ်။

"ဒါဆို မင်းအခု​ရော ငါ့ကိုမ​ကြောက်​တော့ဘူးလားဟမ်"


စုပေသူ့ရဲ့မရှိမဲ့ရှိမဲ့သတ္တိ​လေး​တွေကိုဆွဲထုတ်ပြီးပြန်​ဖြေရှာသည်။

"အိုရပါတယ်မ​ကြောက်​တော့ဘူး ကျွန်​တော်က လှပတဲ့သူ​လေး​(*peonies)ကြောင့်​သေသွားခဲ့ရင် အနည်းဆုံးမကျွတ်မလွတ်သရဲ​လေးတစ်​ကောင်ဘဝ​​ရောက်သွား​သေးနိုင်​သေးလို့​လေ"


(* ဒီစာလုံးကကွာ တရုတ်စကားလုံးတစ်လုံး မြန်မာလိုဘာသာပြန်ရင် လှပတဲ့မိန်းမ​လှ​လေးလို့အဓိပ္ပါယ်ရတယ်။ဒီမှာ ဖုန်းရှင်းလန်က ​ယောကျ်ား​လေးဖြစ်​နေလို့ လှတဲ့သူ​လေးလို့ပဲသုံးလိုက်တာပါ)


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment