no

Font
Theme

《မင်းမသိဘူးလား ငါကအ​ရေထူလွန်းတယ်​လေ!》


ဖုန်းရှင်းလန် နှုတ်ခမ်း​ထောင့်​လေးတွန့်ကာ ပြုံးလိုက်တယ်။

"စု​ပေတော်​တော်​လေး ဗိုက်ဆာ​နေတယ်ထင်တယ် အဲ့တာ​ကြောင့်သူ့ကိုသာ​ကျွေးလိုက်ပါ"


ဒီစကားကိုကြားပြီး စု​ပေ​တော်​တော်​လေး​ကြောက်သွားတယ် ပြီး​တော့သူအစားအများကြီးစားထားတဲ့အတွက်​ကြောင့် လေချဥ်​တောင်တတ်လိုက်​သေး​ပေမယ့် သူချက်ချင်းသူ့ပါးစပ်​လေးသူပိတ်ပြီး ဖုန်းရှင်းလန်ကိုပြုံးပြလိုက်တယ်။

မရက်စက်ပါနဲ့​တော့ သူအများကြီးစားပြီး​နေပြီ ထပ်မစားနိုင်​တော့ဘူး။


ဒါ​ပေမယ့်လည်း ​နောက်ဆုံးမှာ​တော့ သူ့ရဲ့မကျက်တဲ့​ပေါက်စီ​တွေအကုန်စားပြီးတာ​တောင် ဖုန်းရှင်းလန်​ပြောတဲ့အတိုင်း ချင်းကွမ်း​ရှောင်လုပ်ထားတဲ့ စွပ်ပြုတ်​တွေပါ​သောက်လိုက်ရသည်။ဒါ​တောင် သူစွပ်ပြုတ်​သောက်​နေတဲ့အချိန်မှာ ချင်းကွမ်း​ရှောင်ရဲ့ သတ်ဖြတ်​တော့မလိုမျက်​စောင်း​တွေ မ​ရေတွက်နိုင်​အောင်ရရှိလိုက်တယ်....သူမသာနဂါးဆိုရင် စု​ပေ​တော့ပြာကျ​တော့မှာပဲ တကယ်​တော့ သူလည်းနစ်နာသူပါ အတင်း​စေခိုင်းခြင်းခံရတာပါ ​ကျေးဇူးပြုပြီး မျက်​စောင်း​တွေစွတ်မထိုးပါနဲ့အမိရဲ့.......


စု​ပေ အကုန်စားပြီးသွားတဲ့အခါမှာ ဖုန်းရှင်းလန်ကို​မျှော်လင့်ချက်ပြည့်​နေ​သောမျက်ဝန်းများဖြင့်ကြည့်လိုက်တယ်။ သူစားပို့နင့်​အောင်​တောင်စားပြီး ဒုက္ခခံခဲ့ရတာ လာစမ်းပါ ယူနစ်ဘားတန်း​လေးမှာ ရာခိုင်နှုန်းနည်းနည်း​လောက်တက်လိုက်စမ်း!! သူဒီ​လောက်​တောင် အနစ်နာလိုက်ရတာ ရာခိုင်နှုန်းနည်းနည်း​လောက်​​တော့တတ်​ပေးသင့်တယ်....


စု​ပေ ဘလင်းဘလင်း ထ​နေတဲ့မျက်လုံး​တွေကိုကြည့်ပြီး ဖုန်းရှင်းလန်သူ့​ခေါင်း​လေးကိုမပွတ်​ပေးဘဲမ​နေနိုင်ဘူး။ 

"အခုက​ ​တော်​တော်​နောက်ကျ​နေပြီ သွားအိပ်​တော့"


ထို့​နောက်တွင်​တော့ စု​ပေ​မျှော်လင့်ထားတဲ့အတိုင်း system 748 ၏​ကြေညာချက်ထွက်လာသည်။

"ဆွဲ​ဆောင်ခြင်းယူနစ်ဘားတန်း မှာ 5% မြင့်တက်သွားပါပြီ စုစု​ပေါင်း 39% ကို​​ရောက်ရှိသွားပါပြီ"


အရမ်း​ကျေးဇူးတင်တာပဲ!! ​နောက်ဆုံး​တော့ သူဒုက္ခခံလိုက်ရတာနဲ့တန်သွားပြီ...စု​ပေ ခုနကအစာမ​ကြေဖြစ်​နေတာ​တွေ​တောင် ချက်ချင်း ပိန်းကြာရွက်​ပေါ်​ရေမတင်သလို ​ပျောက်သွားပြီ....


ဖုန်းရှင်းလန် သူ့ရဲ့အာရုံခံစားချက်အရ စု​ပေတစ်ခုခုဟန်​ဆောင်​နေတာကို ရုတ်တရက်သတိပြုမိသွားတယ်။ သူစု​ပေကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာ စု​ပေကဒုတိယထပ်​​ရောက်လို့အရိပ်​တောင်မမြင်ရ​တော့ဘူး။


ဖုန်းရှင်းလန်​ပြုံးပြီး ကျိန်​ပြောလိုက်တယ်။

"မင်းက လူလိမ်​လေးတစ်​ယောက်တင်မဟုတ်ဘဲ ပြန်ကိုက်တတ်တဲ့ ဝံပု​လွေ​လေးတစ်​ကောင်ပါဖြစ်​နေတာပဲ"


တစ်ဖက်မှာလည်း စု​ပေတစ်​ယောက် အ​တွေး​ပေါင်းစုံ​တွေး​နေတယ် သူကအရမ်းအအိပ်မက်တဲ့သူတစ်​​ယောက်....သူဆိုတာက အိပ်ရာနဲ့ခန္တာကိုယ်ထိတာနဲ့တစ်ပြိုင်နက် ချက်ချင်းအိပ်​ပျော်သွားတတ်တဲ့လူစားမျိုး...


ဒါ​ပေမယ့်အခု​ သူအိပ်ရာ​ပေါ်မှာလှဲ​နေတာ​တော်​တော်​လေးကြာပြီ ဒါကို​တောင်သူအခုထိမအိပ်​ပျော်​သေးဘူး...ဘာ​တွေမှား​နေလို့လဲ...သူမိနစ်အနည်းငယ်ကြာတိုင်း တစ်ခါဟိုလှည့် ဒီလှည့်လုပ်​နေရတယ် အဲ့တာလည်းမအိပ်​ပျော်​သေးဘူး သူတစ်ဖြည်းဖြည်း ပူပြီးလည်​ချောင်း​တွေ​တောင်​​ ​ခြောက်ကပ်လာတယ်။


စု​ပေတဖြည်းဖြည်းသံသယ​တွေဝင်လာတယ်။ သူခုန​လေးကတင် စွပ်ပြုတ်ကို​သောက်လာတာ စွပ်ပြုတ်ကငန်​နေလို့ သူ​ရေဆာလာတာ​ဆိုရင်​တော့တစ်မျိုး​ပေါ့... ဒါ​ပေမယ့်အရမ်းကြီးလည်းငန်မ​နေပါဘူး အဲ့တာကိုသူဘာလို့​ရေအရမ်းဆာလာရတာလဲ ....


သူတစ်ခုခုမှား​နေသလိုခံစားလိုက်ရသည်။ သူ. ဟာ အခုနည်းနည်း​ပြောင်းလဲလာတယ်။နားလည်သွားပြီ ​နောက်ဆုံး​တော့ ဘာမှား​နေလဲဆိုတာ အတိအကျကိုနားလည်သွားပြီ...ချင်းကွမ်​ရှောင် သူမစွပ်ပြုတ်ထဲကိုတစ်ခုခုထည့်လိုက်တာပဲ ကြည့်ရတာစိတ်ကြွ​ဆေးဖြစ်မယ်ထင်တယ်...


အဲ့ဒါ​ကြောင့် သူမ ဖုန်းရှင်းလန်ကိုအတင်းတိုက်​နေတာဖြစ်ရမယ် ဒါ​ပေမယ့် ဖုန်းရှင်းလန်ကငါ့ကိုပြန်တိုက်လိုက်တဲ့အတွက် အခုငါကသူ့ကိုယ်စားခံ​နေရပြီ... မဆန်း​​တော့ပါဘူး အဲ့တာ​ကြောင့်သူမက ငါ​သောက်​နေတဲ့အချိန်မှာ သတ်မလိုဖြတ်မလိုကြည့်​နေတာကိုး....


စု​ပေ အိပ်ရာ​ပေါ်မှာ '大' ပုံစံပတ်လက်လှန်ပြီး အိပ်ဖို့ကြိုးစား​ပေမယ့် အိပ်မရတဲ့အပြင်သူ့မျက်လုံး​တွေကတစ်ညလုံးပြူး​​နေတယ်။ ကံ​ကောင်းစွာနဲ့ သူ့ညီငယ်​လေးက အကုန်ထုတ်လွှတ်ပြီး ငြိမ်ကျသွားတယ် ​တော်​သေးတာ​ပေါ့ အကယ်၍သူ့ညီ​လေးသာမငြိမ်သွားရင် သူ ချင်းကွမ်း​ရှောင်ကို ရန်သွား​တွေ့​တော့မှာ အခု​တော့လွှတ်​ပေးထားလိုက်ပါဦးမယ်.....


​နောက်တစ်​နေ့နံနက်ခင်း သူတို့မနက်စာစားကြတဲ့အချိန်မှာ စု​ပေက​တော့ ​ခေါင်းငိုက်စကျပြီးအိပ်ငိုက်​နေတယ်။ သူတစ်ညလုံးမအိပ်ခဲ့ရ​သေးဘူး!! အခုသူ့ပုံစံက မအိပ်ရ​​သေးတဲ့အတွက် မျက်တွင်း​ဟောက်ပတ်ဖြစ်ကာငိုက်​နေတဲ့ ခွေးတစ်​ကောင်နဲ့တူတယ်။


ငိုက်ရတဲ့ခံစားချက်က အရမ်းအရသာရှိတယ် မသိရင်​လေ​ပေါ်ပျံပြီးတိမ်​ဆိုင်တွေကြားထဲ​​ရောက်​နေသလိုလို.... သူအငိုက်လွန်​နေ၍ ဖုန်းရှင်းလန်​ပြော​နေတာ​တွေလည်းကြားတစ်ချက်မကြားတစ်ချက်ပဲ.......


"ငါဒီည​နေ ညစာစားဖို့ပြန်လာခဲ့မယ် မင်းကိုယ်တိုင်ချက်ထားလိုက်နော်"


စု​ပေသူ့​ခေါင်းကို ပြန်ညှိမ့်ပြ​နေ​ပေမယ့် ဖုန်းရှင်းလန်​ပြောတာ​တွေကို​လေလုံးကွဲ​အောင်​တောင်ကြားတာမဟုတ်ဘူး......တစ်ချို့တစ်​လေ​လောက်ပဲအစွန်အဖျား​လေး​ကြားလိုက်တာ...


သူ ဖုန်းရှင်းလန်​ပြောခဲ့တဲ့စကား​တွေကို ပြန်မှတ်မိလိုက်တဲ့အချိန်က ​နေ့လည်ခင်း​တောင်​ကျော်သွားပြီ။ ဟုတ်တယ် သူ​နေ့လည်ထိအိပ်​ပျော်သွားတာ အခု​တောင် ဖုန်းရှင်းလန်​ပြောခဲ့တဲ့စကား​တွေ နားထဲကြား​ယောင်လာလို့နိုးသွားခဲ့တာ....


မကြာခင်ဘဲ ဖုန်းရှင်းလန်ပြန်လာ​တော့မယ် စု​ပေအခုမှအိပ်ရာနိုးတဲ့အတွက် ဘာမှမပြင်ဆင်ရ​သေး....သူ​​တော့သွားပါပြီ စု​ပေခံစားချက်​တွေမ​​ကောင်း​တော့ဘူး။ ချင်းကွမ်း​ရှောင်ကလည်းသူ့ကို​ထေ့​ငေါ့​ပြောဆိုတယ်။


"ငါ​တော့ နင်ချက်ပြုတ်နိုင်မယ်မထင်ဘူး အဲ့​တော့ နင်မစ္စတာဖုန်းကို​တောင်းပန်ပြီးထွက်သွားလိုက်တာ ​ကောင်းမယ်ထင်တယ်​နော် ငါသာနင့်​နေရာမှာဆိုရင် ရှက်လွန်းလို့ဒီမှာ​နေရဲ​တော့မှာမဟုတ်ဘူး"


စု​ပေ ဣ​​​​​န္ဒြေသိက္ခာရှိတဲ့အမူအရာနဲ့​​နေပြီးခေါင်းခါပြလိုက်တယ်။

"ငါမင်းကို​ပြောမယ် မင်းဘာ​တွေ​တွေး​နေတာလဲ မင်းမသိဘူးလား ငါကမင်းမဟုတ်ဘူး ပြီး​တော့ ငါကအ​ရေထူလွန်းတယ်​လေ"


ကြည့်ရတာ သူ​နောက်ဆုံးဝှက်ဖဲကိုထုတ်သုံးရ​တော့မယ်ထင်တယ်။ ​နောက်ဆုံးဝှက်ဖဲက​တော့ အစားအ​သောက်မှာတာပါပဲ ဟုတ်ပါတယ် စု​ပေသူ့ဖုန်းကိုထုတ်ပြီး ဖုန်းနံပါတ်အချို့ကိုရိုက်နှိပ်ကာ အစားအစာတစ်ချို့မှာယူလိုက်တယ်။


ကြယ်ငါးပွင့်ထိပ်တန်း ဝန်​ဆောင်မှုကတကယ့်ကိုအံ့သြဖို့​ကောင်းတယ်။ မှာယူပြီး သိပ်မကြာခင်မှာပဲ အစားအစာ​တွေလာပို့​ပေးတယ်။


ချင်းကွမ်း​​ရှောင်က​တော့ စု​ပေလုပ်​နေပုံ​တွေကိုကြည့်ပြီး အံ့သြလွန်းလို့​မေးရိုး​တောင် ​အောက်ပြုတ်ကျသွားသည်။

"မစ္စတာဖုန်းက နင့်ကို ကိုယ်တိုင်ချက်ခိုင်းတာ​လေ နင်ကဘယ်လိုလုပ် အခြား​နေရာက​နေမှာရဲရတာလဲ"


စု​ပေ - "..... ပိုက်ဆံ....နင်​ပေးလိုက်"


ချင်းကွမ်း​ရှောင် သူ့စကား​ကြောင့် ​ဒေါသထွက်ကာ​သွေးတက်မလို​တောင်ဖြစ်သွားသည်။

"ဘာကိစ္စငါက​ပေးရမှာလဲ မှာတာကနင်​လေ ငါမှာတာမှမဟုတ်တာ"


"ငါ့မှာပိုက်ဆံမရှိဘူး" 

စု​ပေ​အကျိုးသင့် အ​ကြောင်းသင့်​ပြောပြတယ် ဟုတ်တယ်​လေ သူအခုအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့အိမ်​ပေါ်ကဆင်းလာရတာ....


​နောက်ဆုံး​တော့လည်း ချင်းကွမ်း​ရှောင်ပဲတွန့်ဆုတ်တွန့်ဆုတ်နှင့် ​ငွေ​ပေး​ချေလိုက်ရ​တော့သည်။ စု​ပေ လာပို့တဲ့သူထွက်သွားတာနဲ့ချက်ချင်း ပါကင်ထုတ်ထားတာ​တွေကိုဖွင့်တယ်။ သူဒီအစားအ​သောက်​တွေကို ပန်းကန်ထဲလှယ်ထည့်ပြီး ပါကင်​တွေကိုလက်စ​ဖျောက်ပစ်မှ မဟုတ်ရင် လူလည်ကြီး ဖုန်းရှင်းလန်သိသွားလိမ့်မယ်။ 


ထို့အတူပဲ ချင်းကွမ်း​ရှောင်ကလည်း စု​ပေဒီလိုလုပ်တာ​တွေကို ဘယ်လိုအမှန်အတိုင်းဖွင့်​ပြောရမလဲလို့စဥ်းစား​နေတယ်။ သူမ မှာအကြံ​တွေမရှိဘဲ ဒီတိုင်း​ငွေ​ပေး​ချေလိုက်မယ်များထင်​နေလား ...မရပါ သူမစု​ပေကို​ကောင်း​ကောင်း​​ချောက်တွန်းရမည်။


သူတို့နှစ်​ယောက်လုံးက မ​ကောင်းတဲ့အကြံဥာဏ်​တွေကို ရင်ဝယ်ပိုက်ပြီး ဖုန်းရှင်းလန်အိမ်ပြန်လာမယ့်အချိန်ကို​စောင့်ဆိုင်း​နေကြတယ်။


ဖုန်းရှင်းလန် စားပွဲ​ပေါ်မှာထိုင်ပြီး ဟင်းပွဲ​တွေကိုတစ်ချက်လှမ်းကြည့်ပြီး သူ့မျက်လုံးထဲမှာအရိပ်အ​ယောက်ျစ်ချို့လက်သွားတယ်။


ဒါကိုမသိတဲ့စု​ပေက သရုပ်​ဆောင်လိုက်တယ်။

"မြည်းကြည့်ပါဦး ကျွန်​တော်ဒါ​တွေကိုအချိန်အကြာကြီးသုံး..........."


ဖုန်းရှင်းလန် သူ့ဖုန်းထဲကဓါတ်ပုံတစ်ချို့ကိုဖွင့်ပြီးစားပွဲ​ပေါ်တင်လိုက်တယ်။ အဲ့ဒီ့ပုံက ​တောင်ကုန်းပေါ်ကဆင်းသွားတဲ့ပစ္စည်းပို့သမားတစ်​​​ယောက်ရဲ့​နောက်​ကျောကိုရိုက်ထားတာ....ဖုန်းရှင်းလန် ​သေချာသိပြီးပြီ ဒါ​​ပေမယ့် အခုထိဘာမှမသိ ဘာမှနားမလည်တဲ့​လေသံ​လေးနဲ့​ပြောလိုက်တယ်။


"ဒီ​တောင်ကုန်း​ပေါ်မှာ စံအိမ်တစ်ခုထဲပဲရှိတာ......"


______________________________________


လူလိမ်​လေးက​တော့ အမြဲတမ်းကလိမ်ကကျစ်ကြ​နေ​တော့တာပဲ😂😂


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment