no

Font
Theme

《ဒီလူယုတ်မာကြီးကငါသူ့ကို​ချောတယ်လို့​ပြောတိုင်း​ကျေနပ်​နေတယ်》


ဖုန်းရှင်းလန် အသံအနည်းငယ်ထွက်ပြီးရီလိုက်သည်။

"လှပတဲ့သူ​လေးတဲ့တဲ့လား"


ဖုန်းရှင်းလန်ရီသံ​​ကြောင့် စုပေကြက်သီး​မွေးညှင်း​တွေ​ထောင်သွားသည်။ဖုန်းရှင်းလန် ဘာအဓိပ္ပါယ်နဲ့ထိုသို့ရီလိုက်မှန်းသူလုံးဝနားမလည်ဘူး။သူ​ပြောလိုက်တဲ့စကားက ကဗျာစာသားထဲက​လေ သူဘာမှားသွားလို့တုန်း....ကဗျာထဲမှာလည်းအဲ့လို​ရေးထားတာပဲ​လေ.....


ထားပါ​လေ သူကအစထဲကကံမ​ကောင်းတဲ့သူပဲ ကံစီမံရာ​ပေါ့....ဒီလူကြီးဘာလုပ်လုပ်သူခံရ​တော့မယ်။ထိုသို့​တွေးရင်း သူ​ချောင်းဆိုးချင်သလိုလို နှာ​စေးချင်သလိုလိုနဲ့​နေမထိထိုင်မသာ​တွေဖြစ်လာသည်။


ဖုန်းရှင်းလန် ​​ခြေလှမ်းအနည်းငယ်​နောက်ပြန်ဆုတ်လိုက်ပြီး သူ့နဂို​ခံစားချက်မပါဝင်တဲ့ရေခဲအမူအရာကိုပြန်​ပြောင်းလိုက်သည်။

"ငါနှင်းဆီ​တွေကိုမကြိုက်ဘူး"


သွားပြီ....စုပေ​မျှော်လင့်ချက်​သေး​သေး​လေးကိုစွန့်လွှတ်လိုက်ရပြီ တကယ်ပါဘဲသူဒီ​လောက်ပိုးပန်း​နေတာကိုငြင်းရလား....ဒါသူ့နှလုံးသား​လေးကို​တောင်နာကျင်သွား​စေသည်။ဒီလူကြီးကိုလိုက်ရတာခက်လိုက်တာ....​​ကောင်းပြီ ဒါဆိုလည်းသူဒီ​နေရာကထွက်သွားတာ​ပေါ့....

"Mr.ဖုန်း ဒါဆိုကျွနိ​တော်သွား​တော့မယ် နှုတ်ဆက်ပါတယ်"


သူစိတ်ဓါတ်ကျစွာ လှည့်ပြန်စဥ်မှာပဲ အ​နောက်က​နေဖုန်းရှင်းလန်၏ခြိမ်း​ခြောက်သည့်​လေသံကြီးထွက်လာသည်။

"ငါ​နောက်တစ်ခါမင်း​ဆေးလိပ်​သောက်တာမ​တွေ့ချင်......."


ဖုန်းရှင်းလန် စကား​တောင်မဆုံး​လိုက် စုပေ​​ခြေလှမ်းမြန်မြန်​လျှောက်ပြီးထွက်ခွာသွားသည်။ဒါဘယ်လိုစကားကြီးတုန်း ဒီစကားကသူ့ကိုကြက်သီးထသွား​စေသည်။


System 748 ရဲ့စက်ရုပ်လိုအသံကြီးထွက်လာသည်။ဒီအသံကသူ့အတွက် မထူးဆန်း​တော့ ကြားပါများ​တော့ နားယဥ်ပြီးရင်းနှီးသွားပြီ။

"ဆွဲ​ဆောင်ခြင်း ယူနစ်ဘားက 3% ကိုတက်သွားပါပြီ ထပ်​ပြောပါ့မယ် အခုဆွဲ​ဆောင်ခြင်းယူနစ်ဘား 3%အထိတက်သွားပါပြီ"


​ဆု​ပေ​သွေးတက်သလို​တောင် ခံစားလာရသည်။

"ဒီ​ဖေ....မင်း​ပြော​တော့ <ဆွဲ​ဆောင်မှုတိုးတက်ခြင်း> mission ဆို ဘယ်​သောက်ကမ္ဘာက​နေ ဆွဲ​ဆောင်ခြင်း ယူနစ်ဘားဆိုတာကပိုလာရတာလဲဟမ်"


748 ကအတိုချုပ်သာ ပြီးစလွယ်​ပြောလိုက်သည်။

"တူတူပဲ​လေ ဒါလည်း <ဆွဲ​ဆောင်မှုတိုးတက်ခြင်း>ပဲ"


စုပေဒီsystem ​ကောင်ကို​ဆောင့်ဆွဲလုပ်ပလိုက်ချင်သည်။ဒီအ​ကောင်သူ့ကိုရှင်းရှင်းလင်းလင်း ရှင်းပြလို့မရဘူးလားဟမ်...အနည်းဆုံး​တော့ သူ​သေချာနားလည်​အောင်​ပြောပြသင့်တာ​ပေါ့.......ဒီလိုပြီးစလွယ်တစ်ခွန်းထဲ​ပြောရလားဒီ​သောက်အ​ကောင်က​တော့...


သူပန်း​တွေပို့ပြီး ပိုးပန်းပြီးပြီ ဒါ​ပေမယ့် ဖုန်းရှင်းလန်ကငြင်းလိုက်တယ် ဒါဆိုသူ​နောက်တစ်ခါဘယ်လိုပုံစံနဲ့ပိုးပန်းသင့်လဲ............သူsport car ပြတင်း​ပေါက်ကိုလက်​ထောက်ကာ ​နောက်တစ်ကြိမ်မည်သို့ပိုးပန်းရမည်ကိုတွေး​​တောရင်း သူ့မျက်နှာကို​ဖျက်တိုက်​နေသည့်​လေ​အေး​၏အရသာကိုလည်းခံစား​နေသည်။


ထိုသို့​တွေး​တော​နေရင်း သူ့စိတ်ဂနာမငြိမ်ဖြစ်လာသဖြင့် ​ဆေးလိပ်ကိုလက်ကြားညှပ်ကာမီးညှိရန်ကြိုးစားလိုက်သည်။ဒါ​ပေမယ့် သူ​သောက်ခါနီးမှာပင် ဖုန်းရှင်းလန်၏ခြိမ်း​ခြောက်သည့်​လေသံကြီးကိုပြန်ကြား​ယောင်လာသည်။


​ကောင်းပြီ....​ကောင်းပြီ...သူဆက်မ​သောက်​တော့ဘူး သူ​ဆေးလိပ်ဖြတ်​တော့မယ်....သူ​ဆေးလိပ်ကိုခါရမ်းပြီးမီးငြိမ်းကာသူ့အိပ်ကပ်ထဲပြန်ထိုးထည့်လိုက်သည်။


စုပေ​ဆေးလိပ်မ​သောက်​တော့ပဲ ကားစတီယာကိုထုရိုက်ပြီးစိတ်​ဖြေ​နေရသည်။သူထိုလူကိုဘယ်လိုပိုးပန်းရမယ်မှန်းမသိတဲ့အတွက် အခု​လော​လောဆယ်​တော့ထိုလူစိတ်​ကျေနပ်သလိုလိုက်​နေ​ပေးလိုက်တာအ​ကောင်းဆုံးပဲ ....ဒါရင်းနှီးမြှုပ်နှံမှုလို့ပဲသတ်မှတ်လိုက်ပါ​တော့မယ်....တကယ်ပါပဲ သူလည်းဖုန်းရှင်းလန်ကိုပိုးပန်း​တော့မှ ​ဆေးလိပ်ပါဖြတ်ရ​တော့တယ်။ 


​နေစမ်းပါဦး....သူတစ်ခုခုများ​မေ့ခဲ့သလားလို့!!!


မိနစ်အနည်းငယ်ကုန်ဆုံးပြီးသွားတဲ့အခါမှာ စုပေတစ်​ယောက်ကုမ္ပဏီ​ရှေ့ကို​နောက်တစ်ကြိမ်ပြန်​ရောက်သွားပြန်သည်။သူ​မေ့​နေခဲ့တာ....သူဒီကို​ရောက်လာရတဲ့အဓိက​အ​ကြောင်းရင်းက ဖုန်းရှင်းလန်နဲ့တူတူညစာစားဖို့....ဒါ​ပေမယ့် သူဒါကို​မေ့သွားခဲ့တယ်!!သူတကယ်ကြီးအဓိကအ​ကြောင်းအရင်းကို​မေ့ပြီး ပြန်သွားခဲ့တာ....​


သူကုမ္ပဏီ​ရှေ့မှာရပ်​နေ​ပေမယ့်အခုထိအထဲမဝင်​ရသေးဘူး။​သူဒီတိုင်း ဖုန်းရှင်းလန်ကိုသွား​တွေ့လို့မဖြစ်​သေးဘူး ​တော်ကြာဟိုကသူ့ကို​ဒေါ်သထွက်ပြီးနှင်ထုတ်ရင် ဘယ်လိုလုပ်မတုန်း သူအန္တရာယ်တွင်းထဲမခုန်ချချင်​သေးပါ။ဒါ​ကြောင့် သူ​နောက်ပြန်လှည့်ထွက်သွားသည်။


သူကုမ္ပဏီနဲ့သိပ်မ​ဝေးတဲ့​နေရာမှာရှိတဲ့ hotel ကိုသွားပြီးအစားအ​သောက်​တွေမှာလိုက်တယ်။အချိန်ခဏ​လောက်ကြာတဲ့အခါမှာ သူအစားအ​သောက်ထုတ်​တွေဆွဲပြီး ကုမ္ပဏီကို​နောက်တစ်ကြိမ်ပြန်ရောက်လာသည်။

ဒီတစ်ခါ​တော့ သူရဲရဲဝင့်ဝင့်ပင်ကုမ္ပဏီထဲသို့ဝင်လိုက်သည်။


ဧည့်ကြို​ကောင်တာက အမျိုးသမီးငယ်​လေးက​တော့ စုပေကိုမြင်လိုက်ရတာနဲ့ ​သွေးတက်ကာ​မေ့လဲ​တော့မလိုဖြစ်သွားသည်။သူမစုပေကိုမ​ကောင်းဆိုးဝါးတစ်​ကောင်လိုကြည့်လိုက်သည်။

"Mr.စုက ဥက္ကဌကိုလာ​တွေ့တာလား"


သူမတကယ်​မေးချင်တာက​တော့ ဘာလို့များ​နောက်တစ်ကြိမ်ထပ်လာရတုန်း! သူမတို့ကိုဒုက္ခ​ပေးချင်လို့လား!


စုပေ​ခေါင်းညိမ့်ပြလိုက်သည့်အတွက် ဧည့်ကြိုစာ​ရေးမ​လေးက တံ​တွေးမြိုချလိုက်ရသည်။

"ဒါဆိုကျွန်မ ဥက္ကဌကိုဖုန်း​ခေါ်ပြီး​​​​ ခွင့်​တောင်းလိုက်ပါဦးမယ်"


စုပေက သူတစ်ပါးကိုအခက်​တွေ့​အောင်လုပ်တတ်သည့်လူမျိုးမဟုတ်သည့်အတွက်သ​ဘောတူလိုက်သည်။​ဆု​ပေသ​ဘောတူလိုက်သည့်အတွက် ဧည့်ကြိုစာ​ရေးမ​လေးစိတ်သက်သာရာ ရသွားသည်။ ​တော်​သေးသည်ဆု​ပေက စွတ်တရွတ်အတင်းမဝင်သွားလို့ မဟုတ်ရင်သူမတို့အတွက်ဒုက္ခ​ရောက်နိုင်သည်။


ဧည့်ကြိုစာ​ရေးမ​​လေး​​ခေါ်သည့်ဖုန်းကို ဖုန်းရှင်းလန်ကိုင်လိုက်သည့်အခါ စာ​ရေးမ​လေးကအရမ်း အရမ်းကိုရို​သေ​လေးစားသည့်အသံနှင့်​ပြောသည်။

"ဥက္ကဌဖုန်း Mr.စုကဒီကိုထပ်​ရောက်လာတယ် သူ...."


စာ​ရေးမ​လေးကိုစကားကိုခဏရပ်လိုက်ပြီး စုပေကိုကြည့်လိုက်သည့်အခါ စုပေကနားလည်သွားသလိုလိုနဲ့သူ့လက်ထဲမှာကိုင်ထားသည့်စားစရာထုတ်ကိုမြင်သာ​အောင်​​မြှောက်ပြလိုက်ပြီး​ကောင်တာ​ပေါ်တင်လိုက်သည်။အဲ့ဒီ့​တော့မှစာ​ရေးမ​လေးက ဖုန်းရှင်းလန်ကို ဆု​ပေက​နေ့လည်စာလာပို့​ကြောင်း ​ဆက်ပြောသည်။


ဖုန်းထဲကလူက​တော့ စကားလုံးသုံးလုံးသာအ​ကြောင်းပြန်သည်။

"လွှတ် ပစ် လိုက်"


စာ​ရေးမ​လေးကလည်းဖုန်းရှင်းလန်​ပြောတဲ့အတိုင်းတိတိကျကျတစ်လုံး​တောင်မလွဲဘဲ ဆု​ပေကိုပြန်​​ပြောပြသည်။


စုပေကအစားအ​သောက်ထုတ်ကိုကြည့်ပြီး ပြန်ယူလိုက်သည်။ ဖုန်းရှင်းလန်ကဒါ​တွေကိုမလိုချင်လို့ လွှတ်ပစ်လိုက်လို့​​ပြောရင်​တောင် သူက​တော့မလွှတ်ပစ်လိုက်ပါဘူး။သူနဲ့အတူပြန်ယူသွားမှာ​ပေါ့...သူအစားအ​သောက်ထုတ်ကိုလက်ကစွဲပြီး လာရာလမ်းအတိုင်းပြန်​လျှောက်သွားသည်။


ဒီခန္ဓာကိုယ်ပိုင်ရှင်က​တော်​တော်ချမ်းသာ​နေရင်​တောင် သူကဒီကဒီအစား​သောက်​တွေကိုတန်ဖိုးထားရမည်။တရုတ်နိုင်ငံရဲ့ရိုးရာအရ အစားအ​သောက်ကိုတန်ဖိုးထားခြင်းကယဥ်​ကျေးတဲ့လုပ်ရပ်ဘဲ။ဒါ​ကြောင့် ဖုန်းရှင်းလန်ကိုလွှတ်ပစ်ဖို့​အစားအ​သောက်​တွေပေးမယ့်အစားသူယူသွားတာကပို​ကောင်းသည်။


သူကုမ္ပဏီဝင်​ပေါက်နားကို​ရောက်တဲ့အချိန်မှာ ခုနကဧည့်ကြိုစာ​ရေးမ​လေးကသူ့ကိုလှမ်း​ခေါ်ကာ​ပြောသည်။

"Mr.စု ဥက္ကဌက​စကား​​ပြောစရာရှိလို့သူ့ရုံးခန်းကိုလာခဲ့ပါတဲ့"


စုပေဓါတ်​လှေကားစီးပြီး 17 ​မြောက်အထပ်မှာရှိတဲ့ ဖုန်းရှင်းလန်ရုံးခန်းကိုတိုက်ရိုက်တက်သွားတယ်။

သူ​ရောက်သွားတဲ့အချိန်မှာဖုန်းရှင်းလန်က အလုပ်စာရွက်စာတမ်း​တွေကိုဖတ်​နေတယ်။ပြီး​တော့ သူ့ခန္တာကိုယ်က​နေပြင်းထန်တဲ့ဖိအား​တွေလည်းထုတ်လွှတ်​နေ​သေးတယ်။


သူစုပေလက်ထဲမှာကိုင်ထားတဲ့အစားအ​သောက်ထုတ်ကိုထူးဆန်းသလိုတစ်ချက်ကြည့်ပြီး သူလုပ်လက်စအလုပ်​တွေကိုရပ်တန့်လိုက်တယ်။ဒါ​ပေမယ့် စုပေလက်ထဲကအထုတ်ကို​တော့ထူးဆန်းသလိုကြည့်​နေတုန်းပဲ...


သူ့အကြည့်​ကြောင့် စုပေဦး​ခေါင်းခွံ​တွေကြိမ်းလာသလိုခံစားလာရသည့်အတွက် ​ချောင်းအနည်းငယ်ဟန့်လိုက်သည်။

"ဟို​လေ Mr.ဖုန်းက ကျွန်​တော်နဲ့အတူတူ​နေ့လည်စာထွက်မစားချင်ဘူးလို့ ထင်လို့ကျွန်​တော်ကိုယ်တိုင် အစားအ​သောက်​တွေလာပို့တာ တူတူစားချင်လို့​လေ"


သူဖုန်းရှင်းလန်ကိုကြည့်ပြီး အပြစ်ကင်းစင်​တဲ့ပုံစံပြုလုပ်​နေသည်။


ထိုအချိန်တွင်စုပေတစ်ခါမှမီး​ဖို​ချောင်မဝင်ဖူးမှန်း ဖုန်းရှင်းလန်သတိရလိုက်သည်။ ထိုအ​တွေး​တွေနဲ့အတူ သူ့မျက်လုံးထဲမှာ ယုတ်မာ​တော့မည့်အကြည့်တစ်ချို့ဖျက်​ပြေးသွားသည်။ထိုအကြည့်ကခဏသာဖြစ်၍ ဘယ်သူမှမမြင်မိလိုက်.......ဒီလူငယ်​လေး သူ့ကိုဘယ်​အ​ခြေအ​နေလောက်ထိပိုးပန်းနိုင်မလဲသူသိပ်သိချင်သည်။


"မင်း ငါနဲ့အတူ​နေ့လည်စာအတူစားချင်ရင် မနက်ဖြန်ကျမင်းကိုယ်တိုင်ချက်လာ​ပေး​လေ ငါမင်းကိုယ်ချက်​ကျွေးတဲ့အစားအ​သောက်ပဲစားချင်တယ်"


"Ah?" စုပေအရမ်းအံ့သြထိတ်လန့်သွားသည်။


ဖုန်းရှင်းလန် သည်းမခံနိုင်​တော့သည့်​လေသံနှင့်​ပြောသည်။

"မင်းငါ့ကို ကြိုက်တယ်ဆိုပြီးလိုက်​နေတာမဟုတ်ဘူးလား!!"


"ဟုတ်တယ်" စုပေ​ခေါင်းညိမ့်လိုက်သည်။သူဖုန်းရှင်းလန်ကိုလိုက်​နေတာ​တော့ဟုတ်တယ်။ဒါ​ပေမယ့် သူမှဟင်းမချက်တတ်တာ!!!!


ဖုန်းရှင်းလန်က ဆု​ပေကိုသူ့လက်ထဲကမလွတ်​​​မြောက်နိုင်တဲ့အိမ်​မွေးတိရစ္ဆာန်​လေးတစ်​ကောင်လို ကြည့်ပြီးလှောင်​ပြောင်ချင်သည့်အမူအရာနှင့်​ပြောသည်။

"ဒါဆို မချက်​ကျွေးချင်ဘူး​ပေါ့"


စုပေသူ့​ခေါင်းကိုအပြင်းအထန်ခါရမ်းပြီး ယုံကြည်ချက်အပြည့်ရှိသည့်ပုံစံနှင့်​ပြောသည်။

"​သေချာ​ပေါက်ချက်ကျွေးပါ့မယ်"

ဒီပြဿနာကိုသူဘယ်လို​ဖြေရှင်းရမလဲ သူဟင်းလုံးဝမချက်တတ်ဘူး!!


ဖုန်းရှင်းလန်​ကျေနပ်​သွားသည့်အမူအရာသို့​ပြောင်းလဲသွားသည်။

"ဒါဆို ထွက်သွားလို့ရပြီ"


စုပေက​တော့စိတ်ရှုပ်​​ထွေး​နေသည်။ထွက်သွားခိုင်းတယ်....သူ့ကိုဒီတိုင်းထွက်သွားခိုင်းတယ်​ပေါ့!!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment