《ဒီလူယုတ်မာကြီးကငါသူ့ကိုချောတယ်လို့ပြောတိုင်းကျေနပ်နေတယ်》
ဖုန်းရှင်းလန် အသံအနည်းငယ်ထွက်ပြီးရီလိုက်သည်။
"လှပတဲ့သူလေးတဲ့တဲ့လား"
ဖုန်းရှင်းလန်ရီသံကြောင့် စုပေကြက်သီးမွေးညှင်းတွေထောင်သွားသည်။ဖုန်းရှင်းလန် ဘာအဓိပ္ပါယ်နဲ့ထိုသို့ရီလိုက်မှန်းသူလုံးဝနားမလည်ဘူး။သူပြောလိုက်တဲ့စကားက ကဗျာစာသားထဲကလေ သူဘာမှားသွားလို့တုန်း....ကဗျာထဲမှာလည်းအဲ့လိုရေးထားတာပဲလေ.....
ထားပါလေ သူကအစထဲကကံမကောင်းတဲ့သူပဲ ကံစီမံရာပေါ့....ဒီလူကြီးဘာလုပ်လုပ်သူခံရတော့မယ်။ထိုသို့တွေးရင်း သူချောင်းဆိုးချင်သလိုလို နှာစေးချင်သလိုလိုနဲ့နေမထိထိုင်မသာတွေဖြစ်လာသည်။
ဖုန်းရှင်းလန် ခြေလှမ်းအနည်းငယ်နောက်ပြန်ဆုတ်လိုက်ပြီး သူ့နဂိုခံစားချက်မပါဝင်တဲ့ရေခဲအမူအရာကိုပြန်ပြောင်းလိုက်သည်။
"ငါနှင်းဆီတွေကိုမကြိုက်ဘူး"
သွားပြီ....စုပေမျှော်လင့်ချက်သေးသေးလေးကိုစွန့်လွှတ်လိုက်ရပြီ တကယ်ပါဘဲသူဒီလောက်ပိုးပန်းနေတာကိုငြင်းရလား....ဒါသူ့နှလုံးသားလေးကိုတောင်နာကျင်သွားစေသည်။ဒီလူကြီးကိုလိုက်ရတာခက်လိုက်တာ....ကောင်းပြီ ဒါဆိုလည်းသူဒီနေရာကထွက်သွားတာပေါ့....
"Mr.ဖုန်း ဒါဆိုကျွနိတော်သွားတော့မယ် နှုတ်ဆက်ပါတယ်"
သူစိတ်ဓါတ်ကျစွာ လှည့်ပြန်စဥ်မှာပဲ အနောက်ကနေဖုန်းရှင်းလန်၏ခြိမ်းခြောက်သည့်လေသံကြီးထွက်လာသည်။
"ငါနောက်တစ်ခါမင်းဆေးလိပ်သောက်တာမတွေ့ချင်......."
ဖုန်းရှင်းလန် စကားတောင်မဆုံးလိုက် စုပေခြေလှမ်းမြန်မြန်လျှောက်ပြီးထွက်ခွာသွားသည်။ဒါဘယ်လိုစကားကြီးတုန်း ဒီစကားကသူ့ကိုကြက်သီးထသွားစေသည်။
System 748 ရဲ့စက်ရုပ်လိုအသံကြီးထွက်လာသည်။ဒီအသံကသူ့အတွက် မထူးဆန်းတော့ ကြားပါများတော့ နားယဥ်ပြီးရင်းနှီးသွားပြီ။
"ဆွဲဆောင်ခြင်း ယူနစ်ဘားက 3% ကိုတက်သွားပါပြီ ထပ်ပြောပါ့မယ် အခုဆွဲဆောင်ခြင်းယူနစ်ဘား 3%အထိတက်သွားပါပြီ"
ဆုပေသွေးတက်သလိုတောင် ခံစားလာရသည်။
"ဒီဖေ....မင်းပြောတော့ <ဆွဲဆောင်မှုတိုးတက်ခြင်း> mission ဆို ဘယ်သောက်ကမ္ဘာကနေ ဆွဲဆောင်ခြင်း ယူနစ်ဘားဆိုတာကပိုလာရတာလဲဟမ်"
748 ကအတိုချုပ်သာ ပြီးစလွယ်ပြောလိုက်သည်။
"တူတူပဲလေ ဒါလည်း <ဆွဲဆောင်မှုတိုးတက်ခြင်း>ပဲ"
စုပေဒီsystem ကောင်ကိုဆောင့်ဆွဲလုပ်ပလိုက်ချင်သည်။ဒီအကောင်သူ့ကိုရှင်းရှင်းလင်းလင်း ရှင်းပြလို့မရဘူးလားဟမ်...အနည်းဆုံးတော့ သူသေချာနားလည်အောင်ပြောပြသင့်တာပေါ့.......ဒီလိုပြီးစလွယ်တစ်ခွန်းထဲပြောရလားဒီသောက်အကောင်ကတော့...
သူပန်းတွေပို့ပြီး ပိုးပန်းပြီးပြီ ဒါပေမယ့် ဖုန်းရှင်းလန်ကငြင်းလိုက်တယ် ဒါဆိုသူနောက်တစ်ခါဘယ်လိုပုံစံနဲ့ပိုးပန်းသင့်လဲ............သူsport car ပြတင်းပေါက်ကိုလက်ထောက်ကာ နောက်တစ်ကြိမ်မည်သို့ပိုးပန်းရမည်ကိုတွေးတောရင်း သူ့မျက်နှာကိုဖျက်တိုက်နေသည့်လေအေး၏အရသာကိုလည်းခံစားနေသည်။
ထိုသို့တွေးတောနေရင်း သူ့စိတ်ဂနာမငြိမ်ဖြစ်လာသဖြင့် ဆေးလိပ်ကိုလက်ကြားညှပ်ကာမီးညှိရန်ကြိုးစားလိုက်သည်။ဒါပေမယ့် သူသောက်ခါနီးမှာပင် ဖုန်းရှင်းလန်၏ခြိမ်းခြောက်သည့်လေသံကြီးကိုပြန်ကြားယောင်လာသည်။
ကောင်းပြီ....ကောင်းပြီ...သူဆက်မသောက်တော့ဘူး သူဆေးလိပ်ဖြတ်တော့မယ်....သူဆေးလိပ်ကိုခါရမ်းပြီးမီးငြိမ်းကာသူ့အိပ်ကပ်ထဲပြန်ထိုးထည့်လိုက်သည်။
စုပေဆေးလိပ်မသောက်တော့ပဲ ကားစတီယာကိုထုရိုက်ပြီးစိတ်ဖြေနေရသည်။သူထိုလူကိုဘယ်လိုပိုးပန်းရမယ်မှန်းမသိတဲ့အတွက် အခုလောလောဆယ်တော့ထိုလူစိတ်ကျေနပ်သလိုလိုက်နေပေးလိုက်တာအကောင်းဆုံးပဲ ....ဒါရင်းနှီးမြှုပ်နှံမှုလို့ပဲသတ်မှတ်လိုက်ပါတော့မယ်....တကယ်ပါပဲ သူလည်းဖုန်းရှင်းလန်ကိုပိုးပန်းတော့မှ ဆေးလိပ်ပါဖြတ်ရတော့တယ်။
နေစမ်းပါဦး....သူတစ်ခုခုများမေ့ခဲ့သလားလို့!!!
မိနစ်အနည်းငယ်ကုန်ဆုံးပြီးသွားတဲ့အခါမှာ စုပေတစ်ယောက်ကုမ္ပဏီရှေ့ကိုနောက်တစ်ကြိမ်ပြန်ရောက်သွားပြန်သည်။သူမေ့နေခဲ့တာ....သူဒီကိုရောက်လာရတဲ့အဓိကအကြောင်းရင်းက ဖုန်းရှင်းလန်နဲ့တူတူညစာစားဖို့....ဒါပေမယ့် သူဒါကိုမေ့သွားခဲ့တယ်!!သူတကယ်ကြီးအဓိကအကြောင်းအရင်းကိုမေ့ပြီး ပြန်သွားခဲ့တာ....
သူကုမ္ပဏီရှေ့မှာရပ်နေပေမယ့်အခုထိအထဲမဝင်ရသေးဘူး။သူဒီတိုင်း ဖုန်းရှင်းလန်ကိုသွားတွေ့လို့မဖြစ်သေးဘူး တော်ကြာဟိုကသူ့ကိုဒေါ်သထွက်ပြီးနှင်ထုတ်ရင် ဘယ်လိုလုပ်မတုန်း သူအန္တရာယ်တွင်းထဲမခုန်ချချင်သေးပါ။ဒါကြောင့် သူနောက်ပြန်လှည့်ထွက်သွားသည်။
သူကုမ္ပဏီနဲ့သိပ်မဝေးတဲ့နေရာမှာရှိတဲ့ hotel ကိုသွားပြီးအစားအသောက်တွေမှာလိုက်တယ်။အချိန်ခဏလောက်ကြာတဲ့အခါမှာ သူအစားအသောက်ထုတ်တွေဆွဲပြီး ကုမ္ပဏီကိုနောက်တစ်ကြိမ်ပြန်ရောက်လာသည်။
ဒီတစ်ခါတော့ သူရဲရဲဝင့်ဝင့်ပင်ကုမ္ပဏီထဲသို့ဝင်လိုက်သည်။
ဧည့်ကြိုကောင်တာက အမျိုးသမီးငယ်လေးကတော့ စုပေကိုမြင်လိုက်ရတာနဲ့ သွေးတက်ကာမေ့လဲတော့မလိုဖြစ်သွားသည်။သူမစုပေကိုမကောင်းဆိုးဝါးတစ်ကောင်လိုကြည့်လိုက်သည်။
"Mr.စုက ဥက္ကဌကိုလာတွေ့တာလား"
သူမတကယ်မေးချင်တာကတော့ ဘာလို့များနောက်တစ်ကြိမ်ထပ်လာရတုန်း! သူမတို့ကိုဒုက္ခပေးချင်လို့လား!
စုပေခေါင်းညိမ့်ပြလိုက်သည့်အတွက် ဧည့်ကြိုစာရေးမလေးက တံတွေးမြိုချလိုက်ရသည်။
"ဒါဆိုကျွန်မ ဥက္ကဌကိုဖုန်းခေါ်ပြီး ခွင့်တောင်းလိုက်ပါဦးမယ်"
စုပေက သူတစ်ပါးကိုအခက်တွေ့အောင်လုပ်တတ်သည့်လူမျိုးမဟုတ်သည့်အတွက်သဘောတူလိုက်သည်။ဆုပေသဘောတူလိုက်သည့်အတွက် ဧည့်ကြိုစာရေးမလေးစိတ်သက်သာရာ ရသွားသည်။ တော်သေးသည်ဆုပေက စွတ်တရွတ်အတင်းမဝင်သွားလို့ မဟုတ်ရင်သူမတို့အတွက်ဒုက္ခရောက်နိုင်သည်။
ဧည့်ကြိုစာရေးမလေးခေါ်သည့်ဖုန်းကို ဖုန်းရှင်းလန်ကိုင်လိုက်သည့်အခါ စာရေးမလေးကအရမ်း အရမ်းကိုရိုသေလေးစားသည့်အသံနှင့်ပြောသည်။
"ဥက္ကဌဖုန်း Mr.စုကဒီကိုထပ်ရောက်လာတယ် သူ...."
စာရေးမလေးကိုစကားကိုခဏရပ်လိုက်ပြီး စုပေကိုကြည့်လိုက်သည့်အခါ စုပေကနားလည်သွားသလိုလိုနဲ့သူ့လက်ထဲမှာကိုင်ထားသည့်စားစရာထုတ်ကိုမြင်သာအောင်မြှောက်ပြလိုက်ပြီးကောင်တာပေါ်တင်လိုက်သည်။အဲ့ဒီ့တော့မှစာရေးမလေးက ဖုန်းရှင်းလန်ကို ဆုပေကနေ့လည်စာလာပို့ကြောင်း ဆက်ပြောသည်။
ဖုန်းထဲကလူကတော့ စကားလုံးသုံးလုံးသာအကြောင်းပြန်သည်။
"လွှတ် ပစ် လိုက်"
စာရေးမလေးကလည်းဖုန်းရှင်းလန်ပြောတဲ့အတိုင်းတိတိကျကျတစ်လုံးတောင်မလွဲဘဲ ဆုပေကိုပြန်ပြောပြသည်။
စုပေကအစားအသောက်ထုတ်ကိုကြည့်ပြီး ပြန်ယူလိုက်သည်။ ဖုန်းရှင်းလန်ကဒါတွေကိုမလိုချင်လို့ လွှတ်ပစ်လိုက်လို့ပြောရင်တောင် သူကတော့မလွှတ်ပစ်လိုက်ပါဘူး။သူနဲ့အတူပြန်ယူသွားမှာပေါ့...သူအစားအသောက်ထုတ်ကိုလက်ကစွဲပြီး လာရာလမ်းအတိုင်းပြန်လျှောက်သွားသည်။
ဒီခန္ဓာကိုယ်ပိုင်ရှင်ကတော်တော်ချမ်းသာနေရင်တောင် သူကဒီကဒီအစားသောက်တွေကိုတန်ဖိုးထားရမည်။တရုတ်နိုင်ငံရဲ့ရိုးရာအရ အစားအသောက်ကိုတန်ဖိုးထားခြင်းကယဥ်ကျေးတဲ့လုပ်ရပ်ဘဲ။ဒါကြောင့် ဖုန်းရှင်းလန်ကိုလွှတ်ပစ်ဖို့အစားအသောက်တွေပေးမယ့်အစားသူယူသွားတာကပိုကောင်းသည်။
သူကုမ္ပဏီဝင်ပေါက်နားကိုရောက်တဲ့အချိန်မှာ ခုနကဧည့်ကြိုစာရေးမလေးကသူ့ကိုလှမ်းခေါ်ကာပြောသည်။
"Mr.စု ဥက္ကဌကစကားပြောစရာရှိလို့သူ့ရုံးခန်းကိုလာခဲ့ပါတဲ့"
စုပေဓါတ်လှေကားစီးပြီး 17 မြောက်အထပ်မှာရှိတဲ့ ဖုန်းရှင်းလန်ရုံးခန်းကိုတိုက်ရိုက်တက်သွားတယ်။
သူရောက်သွားတဲ့အချိန်မှာဖုန်းရှင်းလန်က အလုပ်စာရွက်စာတမ်းတွေကိုဖတ်နေတယ်။ပြီးတော့ သူ့ခန္တာကိုယ်ကနေပြင်းထန်တဲ့ဖိအားတွေလည်းထုတ်လွှတ်နေသေးတယ်။
သူစုပေလက်ထဲမှာကိုင်ထားတဲ့အစားအသောက်ထုတ်ကိုထူးဆန်းသလိုတစ်ချက်ကြည့်ပြီး သူလုပ်လက်စအလုပ်တွေကိုရပ်တန့်လိုက်တယ်။ဒါပေမယ့် စုပေလက်ထဲကအထုတ်ကိုတော့ထူးဆန်းသလိုကြည့်နေတုန်းပဲ...
သူ့အကြည့်ကြောင့် စုပေဦးခေါင်းခွံတွေကြိမ်းလာသလိုခံစားလာရသည့်အတွက် ချောင်းအနည်းငယ်ဟန့်လိုက်သည်။
"ဟိုလေ Mr.ဖုန်းက ကျွန်တော်နဲ့အတူတူနေ့လည်စာထွက်မစားချင်ဘူးလို့ ထင်လို့ကျွန်တော်ကိုယ်တိုင် အစားအသောက်တွေလာပို့တာ တူတူစားချင်လို့လေ"
သူဖုန်းရှင်းလန်ကိုကြည့်ပြီး အပြစ်ကင်းစင်တဲ့ပုံစံပြုလုပ်နေသည်။
ထိုအချိန်တွင်စုပေတစ်ခါမှမီးဖိုချောင်မဝင်ဖူးမှန်း ဖုန်းရှင်းလန်သတိရလိုက်သည်။ ထိုအတွေးတွေနဲ့အတူ သူ့မျက်လုံးထဲမှာ ယုတ်မာတော့မည့်အကြည့်တစ်ချို့ဖျက်ပြေးသွားသည်။ထိုအကြည့်ကခဏသာဖြစ်၍ ဘယ်သူမှမမြင်မိလိုက်.......ဒီလူငယ်လေး သူ့ကိုဘယ်အခြေအနေလောက်ထိပိုးပန်းနိုင်မလဲသူသိပ်သိချင်သည်။
"မင်း ငါနဲ့အတူနေ့လည်စာအတူစားချင်ရင် မနက်ဖြန်ကျမင်းကိုယ်တိုင်ချက်လာပေးလေ ငါမင်းကိုယ်ချက်ကျွေးတဲ့အစားအသောက်ပဲစားချင်တယ်"
"Ah?" စုပေအရမ်းအံ့သြထိတ်လန့်သွားသည်။
ဖုန်းရှင်းလန် သည်းမခံနိုင်တော့သည့်လေသံနှင့်ပြောသည်။
"မင်းငါ့ကို ကြိုက်တယ်ဆိုပြီးလိုက်နေတာမဟုတ်ဘူးလား!!"
"ဟုတ်တယ်" စုပေခေါင်းညိမ့်လိုက်သည်။သူဖုန်းရှင်းလန်ကိုလိုက်နေတာတော့ဟုတ်တယ်။ဒါပေမယ့် သူမှဟင်းမချက်တတ်တာ!!!!
ဖုန်းရှင်းလန်က ဆုပေကိုသူ့လက်ထဲကမလွတ်မြောက်နိုင်တဲ့အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လို ကြည့်ပြီးလှောင်ပြောင်ချင်သည့်အမူအရာနှင့်ပြောသည်။
"ဒါဆို မချက်ကျွေးချင်ဘူးပေါ့"
စုပေသူ့ခေါင်းကိုအပြင်းအထန်ခါရမ်းပြီး ယုံကြည်ချက်အပြည့်ရှိသည့်ပုံစံနှင့်ပြောသည်။
"သေချာပေါက်ချက်ကျွေးပါ့မယ်"
ဒီပြဿနာကိုသူဘယ်လိုဖြေရှင်းရမလဲ သူဟင်းလုံးဝမချက်တတ်ဘူး!!
ဖုန်းရှင်းလန်ကျေနပ်သွားသည့်အမူအရာသို့ပြောင်းလဲသွားသည်။
"ဒါဆို ထွက်သွားလို့ရပြီ"
စုပေကတော့စိတ်ရှုပ်ထွေးနေသည်။ထွက်သွားခိုင်းတယ်....သူ့ကိုဒီတိုင်းထွက်သွားခိုင်းတယ်ပေါ့!!