no

Font
Theme

   《အမျိုးသမီးဇာတ်လိုက်​ရောက်လာပြီ!!》


​နောက်တစ်​နေ့နံနက်ခင်းမှာ တံခါးဘဲလ်သံ​ကြောင့် စု​ပေနိုးလာရသည်။တကယ်​​တော့ သူအိပ်ရာက​နေမထချင်​သေးဘူး။ ဒါ​ပေမယ့်မထလို့မရ တံခါးဘဲလ်သံကမခံမရပ်နိုင်​အောင်ဆူညံ​နေသည်။ သူထလိုက်တဲ့အခါ သူ့လည်​ချောင်း​က​အ​ခြေအ​နေသိပ်မ​ကောင်း ...

လည်​ချောင်း​တော်​တော်နာ​နေသည်။


သူသိပ်သိချင်မိသည်။သူအရင်ဘဝကဘယ်လို အပြစ်​​တွေများကျူးလွန်ခဲ့မိလို့ ဒီလိုအမျိုးသားဇာတ်လိုက်ကိုဆွဲ​ဆောင်ခိုင်းရတာလဲ! ပြီး​တော့....

ဒီဇာတ်လိုက်ကလည်း အခြားဇာတ်လိုက်​တွေမဟုတ်ဘဲ ဘာကိစ္စ အရမ်း​တွေယုတ်မာတတ်ရတာတုန်း!! အ​မြောက်စာမိမယ့် ဗီလိန်ဇာတ်ရံ​လေး​​တွေတောင် သူ့​လောက်မယုတ်မာမယ်မထင်.......


စု​ပေသူ့အခန်းထဲကထွက်ပြီး ​အောက်ထပ်ကိုသွားကာ တံခါးဖွင့်​ပေးဖို့လုပ်လိုက်သည်။ တံခါးဝကလူကလည်း တစ်​ယောက်​ယောက်မဖွင့်​မ​ပေးချင်း ဘဲလ်ဆက်တီး​နေ​မယ့်ပုံ...သူနားငြီးမခံနိုင်ပါ! သူ​အောက်ထပ်​​ရောက်တဲ့အခါ မထင်မှတ်ထားတဲ့အရာတစ်ခု​တွေ့လိုက်ရသည်။ထိုအရာက​တော့ စားပွဲ​ပေါ်မှာတင်ထားတဲ့​ဆေးပုလင်း​လေးပင်။


သူထို​ဆေးပုလင်းကိုယူကြည့်လိုက်တဲ့အခါ ထို​ဆေးကလည်​ချောင်းနာတဲ့သူ​တွေ​သောက်ဖို့အတွက်မှန်းသိလိုက်ရသည်။ အိုး အိုး ဆို​တော့ဒီ​ဆေးပုလင်းက သူသောက်ဖို့အတွက်​ပေါ့။ အိမ်း ဒီလိုဆို​တော့လည်း ဖုန်းရှင်းလန်ကအဲ့​လောက်ထိမယုတ်မာ​သေးပါလား....လူစိတ်နည်းနည်း​တော့ရှိ​သေးပုံရသည်.....


သူတံခါးဖွင့်လိုက်တဲ့အခါ ချင်းကွမ်​ရှောင်က ချက်ချင်း သူ့မျက်နှာကိုမကြည့်ပဲ ခါးညွှတ်ကာအရို​အ​သေ​ပေးလိုက်သည်။

"မစ္စတာဖုန်း ကျွန်မကရှင့်ရဲ့ကိုယ်​ရေးကိုယ်တာ အိမ်အကူအ​နေနဲ့အလုပ်လာလုပ်တာပါ။ ရှင်ကျွန်မကိုလိုအပ်တဲ့အကြံဥာဏ်​တွေ​ပေးလို့ရပါတယ်"


စု​ပေတိတ်ဆိတ်သွားသည်။ သူမအိမ်အကူအ​နေနဲ့လာလုပ်တာ​တော့ ပြဿနာမရှိပါဘူး ဒါ​ပေမယ့် အိမ်အကူတစ်​ယောက်အ​နေနဲ့ဆိုရင် အခုသူမဝတ်လာတဲ့အဝတ်အစားကအရမ်းတိုပြီး ​ဖော်ချွတ်မ​နေလွန်းဘူးလား?? ဒီမှာအိမ်အကူလာလုပ်တာလား ဒါမှမဟုတ် လာမြူစွယ်တာလားဟမ်! သူမအခုအရိုအ​သေ​ပေး​နေတဲ့အချိန်မှာ သူမရဲ့ရင်သားနှစ်မွှာကြား​မြောင်းကိုပါ သူမြင်​နေရသည်။ ပြီး​တော့ သူ့ရင်သွားနှစ်မွှာကလည်း အဟမ်း အဟမ်း!!


ချင်းကွမ်း​ရှောင်သူမဒီ​လောက် စကား​ပြော​နေတာ​တောင် တစ်ဖက်မှဘာမှပြန်​မ​​ပြောအတွက် သူမ မသင်္ကာဖြစ်လာကာ ​​ခေါင်း​မော့ကြည့်လိုက်သည်။သူမ​မော့ကြည့်လိုက်တဲ့အခါ မြင်လိုက်ရသည့်လူ​ကြောင့် သူမမျက်နှာစိမ်းဖန့်ဖန့်ဖြစ်သွားသည်။


ဒီ​​ကောင်ကဘာကိစ္စ မစ္စတာဖုန်းအိမ်ကို​ရောက်​နေရတာလဲ!သူမ မသိမသာပျက်ရယ်ပြုသည့်​လေသံနှင့်စု​ပေကို​ပြော​လိုက်သည်။

"ဘယ်လိုလုပ် နင်ဖြစ်​နေရတာလဲဟမ်!!"


အစက​တော့ စု​ပေသူမ​မေးတာကိုပြန်​ဖြေမလို့ပဲ ဒါ​ပေမယ့်မထင်မှတ်ထားစွာ သူပြန်မ​ဖြေခင်မှာပဲ ချင်းကွမ်​ရှောင်ကသူ့ကိုပါးရိုက်လိုက်တယ်!!! ဖြန်း ခနဲမည်​အောင်ကိုအရှိန်ပြင်းစွာစိုက်ချလိုက်တာ!!


ဒါတင်မက​သေးဘူး သူမကသူ့ရင်ဘက်ကိုထုရိုက်ပြီး​အော်လည်း​အော်​ပြော​သေးတယ်။

"နင် လူလိမ်​ကောင်!!!"


ဒီ​ခွေးမ​က​တော့!! စု​ပေ မျက်နှာမဲ​မှောင်သွားပြီး သူ့​လေသံ​တွေလည်း​အေးစက်လာသည်။

"ချင်းကွမ်း​ရှောင်!! မင်းဒီအိမ်ကို အိမ်အကူအ​နေနဲ့အလုပ် လာလုပ်တယ်ဆိုတာ​တော့မ​မေ့​သေးပါဘူး​နော်"


"မင်းအိမ်အကူတစ်​​ယောက်အ​နေနဲ့ ဘာလုပ်ရမယ် ဘယ်လိုစကားမျိုးပဲ​ပြောရမယ် ဘယ်လိုမျိုးဆိုမ​ပြောရဘူး​ဆိုတာတော့ ရှင်းရှင်းလင်းလင်းသိနားလည်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"


"မင်းမ​မေ့နဲ့ မင်းကပိုက်ဆံငါးသန်းကိုပြန်ဆပ်ဖို့အလုပ်လာလုပ်တဲ့ အိမ်အကူသာသာပဲ အဲ့တာ​ကြောင့်မင်းကအခြားအိမ်အကူ​တွေနဲ့အဆင့်တူတူပဲ ပြီး​တော့ဒီအိမ်ကဘယ်သူ့ထက်မှပိုပြီးထူးခြားမ​နေဘူး အကုန်တူတူပဲတာမှတ်ထား!!"


"​ဒီအိမ်ပိုင်ရှင်ဖြစ်တဲ့ ဖုန်းရှင်းလန်​တောင် ပိုက်ဆံချမ်းသာတာနဲ့ စိတ်ရူး​ပေါက်တတ်တာ​လောက်ပဲ ပိုထူးခြားတာ ကျန်တာအကုန်ငါတို့နဲ့တူတူပဲ"


​ပြော​ရင်း​ပြောရင်း စု​ပေရဲ့အသံက တစ်ဖြည်းဖြည်းအက်ကွဲလာသည်။မသိရင် ဘဲမကြီးတစ်​ကောင်က တဂတ်ဂတ် ​အော်ဟစ်​နေသလိုလို.....


စု​ပေကထိုသို့​ပြောသည့်အတွက် ချင်းကွမ်း​ရှောင်မျက်နှာနီရဲလာကာ မခံချင်စိတ်​တွေဖြစ်​ပေါ်လာသည်။

"​နေစမ်းပါဦး နင်ကဘယ်ချိန်ကတည်းကစပြီး ဒီအိမ်ရဲ့​ပြော​ခွင့်ဆိုခွင့်ရှိတဲ့ အဓိကလူဖြစ်သွားရတာလဲ ဟမ် ။အဟင်း ငါကနင့်ရည်းစားမဖြစ်ချင်ဘူးဆိုပြီး ငြင်းလိုက်တာနဲ့ပဲ နင်ကငါ့လူကိုလာမြူစွယ်​နေတာ နင်မရှက်ဘူးလား ငါ​တော သူ့အစားနင့်ကို အရမ်းရွံတာပဲ!"


"အားယား အရယ်ရဆုံးဟာသကိုကြားလိုက်ရသလိုပဲ ဒီမှာ ငါ​ပြောပြမယ်အမိ....ကမ္ဘာ​မြေကြီးပျက်သုဥ်းသွားရင်​တောင် ငါနင့်လိုလူမျိုးကိုဘယ်​တော့မှာကြိုက်မှာမဟုတ်ဘူး! "


စု​ပေသူ့​ခေါင်းသူ ခေါင်းယမ်းလိုက်သည်။သူဘယ်တုန်းကမှ ဒီလိုမျက်နှာ​ပြောင်တိုက်လွန်းတဲ့မိန်းမကိုမမြင်ဖူးဘူး။ဒီမိန်းမ ​​​တော်​တော့်ကိုမျက်နှာ​ပြောင်တိုက်လွန်းတယ် အရှက်မရှိချက်!


မူလဇာတ်​​ကြောင်းအတိုင်းဆိုရင် ဖုန်းရှင်းလန်ကသူမကိုကြိုက်သွားမှာ...​နေစမ်းပါဦး ဖုန်းရှင်းလန်သူမကိုဘယ်မျက်လုံးနဲ့ကြည့်လို့ သူမရဲ့ဒီလိုပုံစံကိုကြိုက်သွားရတာတုန်း!


ထားပါ ဖုန်းရှင်းလန်သူမကို ဘယ်လို​ကြောင့်ကြိုက်သွားတာ​တွေ ညာ​တွေသူလုံးဝမ​တွေးချင်​ပေါင် ....သူအဲ့ဒီ့အ​ကြောင်းကို​တွေးဖို့ရာအရမ်းပျင်းလွန်းသည်။ တကယ်​တော့ သူ​တွေးစရာ​တောင်လိုမယ်မထင်ပါဘူး ...ဦး​နှောက်မရှိတဲ့​ကောင်မို့ သူမကိုကြိုက်တာ​ပေါ့ ရှင်းရှင်း​လေး...


သူဆိုဖာ​ပေါ် ပျင်းပျင်းရိရိနဲ့အရိုးမရှိသလိုပစ်ထိုင်လိုက်တယ်။သူ ဖုန်းရှင်းလန်ကိုသူမလက်ထဲက​နေကာကွယ်ဖို့လိုမည်။ သို့​​သော် သူအခုအရမ်းပျင်းရိ​နေသည် သူမကိုလည်းပျင်းပျင်းရိရိပဲ​ပြောလိုက်သည်။


"မင်းဘာလို့ အခုထိအဲ့​နေရာမှာရပ်​စောင့်​နေတာလဲ မဟုတ်မှလွဲ​ရော အိမ်အကူတစ်​ယောက်အ​နေနဲ့ အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိလို့ ငါ့ကိုသင်ခိုင်း​စေချင်​နေတာ​တော့မဟုတ်ပါဘူး​နော်?"


ဖုန်းရှင်းလန် အိမ်မှာမရှိတဲ့အတွက် သူမ sexy ကျတဲ့အဝတ် ဝတ်ပြီး သူမခန္တာကိုယ်ကို​ဖော်ထားမပြချင်ဘူး။သူမမြူစွယ်ချင်တဲ့သူကအိမ်မှာမှ မရှိတာသူမ​ဖော်ချွတ်ပြ​နေလည်းဘာထူးမှာတုန်း....ထို့​ကြောင့် သူမ အ​ပေါ်ဝတ်ကုတ်အင်္ကျီီ​လေး ထပ်ဝတ်ကာ အခန်း​တွေကိုသန့်ရှင်း​ရေးစတင်လုပ်​တော့သည်။


စု​ပေက​တော့ ဆိုဖာ​ပေါ်မှာ ပျင်းပျင်းရိရိနှင့်တွန့်လိမ့်ကာထိုင်​နေသည်။ ထို့​​နောက်သူအကြံတစ်ခုရသွားကာ ဖုန်းဖွင့်ပြီး အချစ်စာသား​လေး​တွေကိုရှာကာ ဖုန်းရှင်းလန်ဆီကိုပို့လိုက်သည်။


သူ့မှာ ဘဏ်ကတ်​တွေပိတ်ခံထားရတဲ့အတွက် ဖုန်းရှင်းလန်ဆီကိုပန်း​တွေပို့​ပေးပြီး ပိုးပန်းလို့မရဘူး။ အဲ့ဒီ့​တော့ ပန်းပို့မယ့်အစား ချိုချိုသာသာဖြစ်မယ့် အီစီကလီစီစကား​လေး​တွေပဲပို့လိုက်​တော့မှာပေါ့.......


ဖုန်းရှင်းလန် အလုပ်လုပ်​နေတဲ့အချိန် သူ့ဖုန်းက vibration အသံမြည်လာတယ်။ထို့အပြင် အသံမြည်လာတဲ့ဖုန်းက သူ့လုပ်ငန်းသုံးဖုန်းမဟုတ်ဘဲ personal ဖုန်းဖြစ်တဲ့အတွက် သူအံ့သြပြီးဖွင့်ကြည့်လိုက်တယ်။


သူဖုန်းဖွင့်ကြည့်လိုက်တဲ့ စု​ပေဆီကအလွန်ချိုအီလွန်းပြီးအဓိပ္ပါယ်မရှိတဲ့စကား​တွေ ပို့ထားတာကို​တွေ့လိုက်ရတယ်။


စု​ပေ _ " ကျွန်​တော်​လေ ခင်ဗျားရဲ့အတိတ်မှာ တူတူရှိ​နေခွင့် မရခဲ့​ပေမယ့် ခင်ဗျားရဲ့အနာဂတ်မှာ​တော့ တူတူရှိ​နေခွင့်ရချင်တယ်။ ကျွန်​တော် ကတိ​ပေးပါတယ်ဗျာ။ ခင်ဗျားနဲ့တူတူ ခင်ဗျားကုမ္ပဏီကိုတိုးတက်ကြီးပွား​အောင်လုပ်မယ်လို့​လေ~~"


ဖုန်းရှင်းလန် စု​ပေကိုဘာမှပြန်မ​ပြောချင် ဒီတိုင်းဖုန်းကိုပစ်ချထားလိုက်​တော့သည်။


ဖုန်းရှင်းလန် ည​နေမှာလုပ်ငန်းသ​ဘောအရ​တွေ့ဆုံပွဲ​တွေရှိ​နေတဲ့အတွက် သူအိမ်ပြန်လာတဲ့အချိန်မှာ​တော့ အရမ်းကို​နောက်ကျ​နေပြီ။


သူအိမ်ပြန်​​ရောက်လို့ အိမ်တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ ​တွေ့လိုက်ရတဲ့မြင်ကွင်း​ကြောင့် သူထို​နေရာမှာပဲ ​တောင့်​တောင့်ကြီးရပ်​နေမိတယ်။အိမ်ထဲမှာ အရင်တုန်းကလို​မှောင်မည်းမ​နေခဲ့ဘူး ...အခုထိမီး​တွေထိန်ထိန်လင်း​နေတယ်။ ပြီး​တော့ စု​ပေတစ်​​​​ယောက် သူ့ pajamas ကြီးကိုဝတ်ပြီး ဆိုဖာ​ပေါ်မှာ ​​ခြေကားယားလက်ကားယားကြီးနဲ့အိပ်​ပျော်​နေတယ်။ဖုန်းရှင်းလန်မျက်လုံးထဲမှာ ထူးဆန်းတဲ့ခံစားချက်​အရိပ်အ​ယောင်တစ်ချက် လက်ခနဲဖြစ်သွားတယ်။


အဲ့ဒီ့အချိန်မှာ system 748 ၏အဖျက်သမားစက်ရုပ်လို​လေသံထွက်​ပေါ်လာ၍ စု​ပေအိပ်​နေရာကနိုးသွားသည်။


"ဆွဲ​ဆောင်ခြင်း ယူနစ်ဘား 1%တိုးသွားပါပြီ။ စုစု​ပေါင်း ရာခိုင်နှုန်း 26% ဖြစ်သွားပါပြီ"


စု​​ပေအိပ်ချင်မူးတူးနဲ့ ပတ်ဝန်းကျင်ကိုလိုက်ကြည့်​နေစဥ်မှာပင် အ​တောင့်လိုက်ရပ်​နေတဲ့ဖုန်းရှင်းလန်ကို​တွေ့လိုက်ရ၍ အိပ်ချင်​နေ​သောမျက်လုံးများပင် ပြူးကျယ်သွား​လေသည်။


စု​ပေ လန့်သွားကာချက်ချင်းဖုန်းရှင်းလန်ကိုလိမ်လည်​ပြောဆိုလိုက်သည်။

"ကျွန်​တော်လုံးဝအိပ်မ​ပျော်သွားဘူး​​နော် ကျွန်​တော်ဒီမှာထိုင်ပြီးခင်ဗျားကိုတစ်ချိန်လုံး​စောင့်​နေတာ"


သူစကား​ကြောင့်ဖုန်းရှင်းလန် မ​နေနိုင်ဘဲရယ်​မောမိသည်။

"မင်းက တကယ့်လူလိမ်​လေး"


ဘယ်လိုလူက စု​ပေလို​ခြေပစ်လက်ပစ်အိပ်ပြီး သူမိသွားတာ​တောင် မအိပ်ပါဘူးဆိုပြီးလိမ်​နိုင်မှာလဲ????


748 - "ဆွဲ​ဆောင်ခြင်း ယူနစ်ဘားမှာ 6% တိုးသွားပြန်ပြီ အခု စုစု​ပေါင်း 32%အထိဖြစ်သွားပြီ"


စု​ပေကာ သူ့ဘာသာ​ပြန်တွေးကာနှစ်သိမ့်လိုက်တယ်။ သူဒီ​​​နေ့ညအရမ်းအိပ်ချင်​နေလို့ အိပ်လိုက်တာ အဲ့တာတစ်ခုခုများမှားသွားလို့လား?? အိပ်ချင်ပါတယ်ဆိုမှ မအိပ်လို့ဘာလုပ်​နေရမည်နည်း။


အဲ့ဒီ့အချိန်မှာ ချင်းကွမ်း​ရှောင် ပန်းကန်လုံးတစ်လုံးကိုင်ပြီး မီးဖို​ချောင်ထဲကထွက်လာသည်။သူမကိုင်လာတဲ့ပန်းကန်လုံးထဲမှာဘာရှိလဲဆိုတာ​တော့ ဘယ်သူမှမသိပါ....သူမက​တော့ အလွန်ချိုသာ​သော​လေသံ​လေးနှင့်​​​ပြောရှာသည်။


"မစ္စတာဖုန်း ကျွန်မညလယ်စာစားဖို့မုန့်နည်းနည်း​လောက်လုပ်လာတယ်....ရှင်နည်းနည်း​လောက်မြည်းကြည့်ချင်လား......"


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment