no

Font
Theme

 《​ပေါက်စီကအရမ်းအရသာရှိပါတယ်》


စု​ပေ အစက​တော့ဖုန်းရှင်းလန်​ရောက်လာရင် သူ့အခန်းသူပြန်ပြီး အိပ်​တော့မယ်လို့စဥ်းစားထားတာ....

အခု​တော့သူမအိပ်ချင်​တော့ဘူး.......


"ငါလည်း ညလည်စာနည်းနည်း​လောက်​တော့ စားချင်​သေးတယ်​!"


ဖုန်းရှင်းလန် စု​ပေကိုကြည့်လိုက်သည်။

"မင်းကိုယ်တိုင်ချက်ကြည့်လေ"


စု​ပေ ချက်ချင်း 'မင်းငါ့ကိုလာ​နောက်​နေတာလား' ဆိုသည့်ပုံစံသို့​ပြောင်းသွားတယ်။ စု​ပေမျက်နှာကိုကြည့်ပြီး ဖုန်းရှင်းလန် စိတ်ရှည်လက်ရှည်ပြန်ရှင်းပြသည်။ ဖုန်းရှင်းလန်စိတ်ရှည်တယ်ဆိုတာ တကယ့်ကိုကြုံ​တောင့်ကြုံကဲဖြစ်ရပ်တစ်ခုပဲ.......


"မင်းပဲငါ့ကို မင်းကိုယ်တိုင်ချက်ပြုတ်​​ကျွေးမယ်လိုကတိ​ပေးထားခဲ့တယ်​လေ"


ထိုစကားကိုကြားတာနဲ့ စု​ပေစိတ်ပင်ပန်းသွားသည်။ စု​ပေရဲ့သနားစဖွယ်မျက်နှာ​လေးကို ကြည့်ပြီး ဖုန်းရှင်းလန်သူ့လုပ်ရပ်များမှားသွားတာလားလို့​တောင် ခံစားသွားရသည်အထိ။


System 748 - " ဆွဲ​ဆောင်ခြင်းယူနစ်ဘား 1% တက်သွားပါပြီ စုစု​ပေါင်း 33% အထိရှိသွားပါပြီ။ "


စု​ပေ​ကြောင်သွားတယ် မဖြစ်နိုင်တာ...

" ဒါနည်းနည်း​တော့များသွားပြီ ငါ့ရဲ့ယူနစ်ဘားတန်းကဘာကိစ္စအဲ့​လောင်မြန်မြန်ကြီး တက်​နေရတာလဲ ငါ​လေးဘာမှ​တောင်​သေချာမဆွဲ​ဆောင်ရ​သေးဘူး ​ဟေ့ system ​​ပြောစမ်းပါဦး ငါသာသူ့ကိုဟင်းချက်​ပေးရင် ယူနစ်ဘားတန်းကထပ်ထပ်ပြီး ဒီထက်မကတိုးလာဦးမှာလား? ဟမ် ​ပြောစမ်းပါ? "


System ဘာမှပြန်မ​ပြော​ပေမယ့် စု​ပေသိတယ် သူငြင်းမှာမဟုတ်ဘူး တကယ်လို့စု​ပေသာ ဖုန်းရှင်းလန်ကိုဟင်းချက်​ပေးခဲ့ရင် ရာခိုင်နှုန်းကတကယ့်ကိုတိုးလာမှာ....


စု​ပေတွန့်ဆုတ်တွန့်ဆုတ်နှင့် မီးဖို​ချောင်ထဲသို့ဝင်သွားသည်။ သူဖုန်းရှင်းလန်အတွက်ဘာကိုသွားချက်​ပေးရမှာလဲ? သူ ဘာမှမချက်တတ်ပါဘူးဆို​နေ ....<မီးဖို​ချောင်လူတ်သမား> လို့တင်စားရ​လောက်​အောင် မူလစု​ပေတစ်​ယောက်ထဲဟင်းချက်ဆိုးသည်မဟုတ် သူလည်းတူတူတပင်....ထို့​ကြောင့် <မီးဖို​ချောင်လူသတ်သမား> ဆိုသည့်နာမည်​​ပြောင်က သူတို့နှစ်​ယောက်လုံးနှင့်ကိုက်ညီသည်။


ဖုန်းရှင်းလန် စု​ပေမျက်နှာကို​သေချာစူးစမ်းကြည့်သည်။ စု​ပေ ချမ်းသာတဲ့လူငယ်မျိုးဆက်တစ်​ယောက်ဖြစ်တဲ့အတွက် သူမျက်နှာတစ်ခုလုံးကအထက်တန်းကျကျလှပတယ် ဟင်းချက်ရမှာဆိုးလို့ နည်းနည်း​မဲ့တဲ့တဲ့ဖြစ်​နေတဲ့သူ့နှုတ်ခမ်းဖူးဖူး​လေး​တွေကလည်း.......... သူ့ကြည့်​နေရင်း ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူဘာ​တွေလုပ်မိ​နေပါလိမ့်....ဒါ​ပေမယ့် ​သေချာကြည့်ရင်​​တော့စု​​ပေက ဆိုး​တော့မဆိုးပါဘူး​လေ......


System 748 - ဆွဲ​ဆောင်ခြင်းယူနစ်ဘားတန်းမှာ 1% ထပ်တက်သွားပါပြီ စုစု​ပေါင်း 34% အထိ​ရောက်ရှိသွားပါပြီ။


စု​ပေ ဘာချက်ရမလဲ ဆိုပြီး​ရေခဲ​သေတ္တာကိုဖွင့်ပြီးရှာ​နေတုန်း 748 ၏အသံ​ကြောင့် ​ရေခဲ​သေတ္တာတံခါးကြီးကိုင်ပြီး မ​ကျေနပ်ချက်ကိုညည်းတွား​တော့သည်။

"ဘာလို့ ရာခိုင်နှုန်း​တွေကတစ်ခါတိုးတိုင်း အရမ်းနည်း​နေရတာလဲ ကြည့်ရတာ ဒီကမ္ဘာကဇာတ်လိုက်က တကယ့်ကိုကပ်​စေးနှဲတဲ့သူပဲ ဖြစ်ရမယ်။ "


သူဘာ​ပြော​ပြော system ကလျစ်လျူရှု​နေတယ် ​ဘယ်​လောက်ညည်းတွားတွား ဘာတစ်ခုမှပြန်မ​ပြော...သူပြန်မ​​ပြောလည်းကိစ္စမရှိပါဘူး စု​ပေကသူ့ဘာသာ​ပြောလိုက် သူ့ဘာသာရီလိုက်လုပ်​နေတာပဲ.....


စု​ပေ​ရော ဖုန်းရှင်းလန်ရောက ချင်းကွမ်း​ရှောင်ကိုလျစ်လျူရှု​နေတဲ့အတွက် သူမက​စိတ်လှုပ်ရှား​​နေတဲ့​လေသံ​ဖျော့​ဖျော့​လေးနဲ့ ဖုန်းရှင်းလန်ကိုစကားလှမ်း​ပြောပြီး သူမကိုပဲအာရုံစိုက်လာကြ​အောင် ကြိုးစားတယ်။


"မစ္စတာဖုန်း ကျွန်မချက်ထားတာ​လေးကိုအရင် မမြည်းကြည့်ချင်ဘူးလားဟင်"


ဖုန်းရှင်းလန်မျက်နှာက စု​ပေကိုကြည့်​နေတုန်းကအမူအရာနှင့်မတူ မည်း​မှောင်​နေ​သောအမူအရာနှင့်သူမကိုကြည့်လိုက်သည်။

"အခုအရမ်း​နောက်ကျ​နေပြီ မင်းဘာလို့မအိပ်​သေးတာလဲ အရင်သွားအိပ်လိုက်​​တော့"


သူစားမယ် မစားဘူး တစ်ခွန်းမှမ​ပြောဘူး သူမကိုသွားအိပ်ဖို့ပဲ​ပြောလိုက်တယ်။


သူ့အ​ပြောက ချင်းကွမ်း​ရှောင်ကိုချီတုံချတုံဖြစ်သွား​စေတယ်။ သူမ​က​တော့ ဖုန်းရှင်းလန်ဒီလို​ပြော​တာစု​ပေ​ကြောင့်လို့ သတ်မှတ်လိုက်ပြီး စိတ်ထဲက​နေ စု​ပေကို ဖာ့ခ်ချင်းထပ်​နေ​အောင် ဆဲဖို့လည်းမ​မေ့​လျော့ဘူး။


သူတို့စကား​ပြော​နေတဲ့အချိန်မှာ စု​ပေက​တော့​ရေခဲ​သေတ္တာထဲ​ခေါင်းဝင်ပြီး ဟိုရှာဒီရှာလုပ်​နေတယ်။ သူ​ရေခဲ​သေတ္တာထဲက​ပေါက်စီ​တွေကို​တွေ့လိုက်ရတဲ့အခါ သူအကြံတစ်ခုရသွားတယ်။ ကြည့်ရတာ ဒီ​အေးခဲ​နေတဲ့​ပေါက်စီ​တွေကသာ ချက်ချင်းချက်တာတို့ဘာတို့လုပ်ဖို့ အလွယ်ကူဆုံးဖြစ်မယ်ထင်တယ်။


တကယ်​တော့ ဒီ​ပေါက်​စီ​တွေက ချင်းကွမ်း​ရှောင်တစ်​နေ့ခင်းလုံးလုပ်ထားရတာ​တွေ....ကြည့်ရတာ​တော့ မဆိုး​လောက်ဘူးထင်တာပဲ...


စု​ပေ ဒီ​ပေါက်စီ​တွေကသာလုပ်စားဖို့အလွယ်ကူဆုံး ဖြစ်တယ်လို့ထင်လိုက်တဲ့အတွက် ​ပေါက်စီ​တွေကိုယူကာ ​အိုးတစ်လုံးထဲထည့်​ပြုတ်လိုက်တယ်....

​​နေစမ်းပါဦး အ​ရေးကြီးဆုံးအချက်ကိုသူ​မေ့​နေတာပဲ...

​ပေါက်စီ​တွေကို ဘယ်အချိန်​လောက်ထိအိုးထဲထည့်​ပြုတ်ထားရမှာလဲ??​ခေါက်ဆွဲပြုတ်လိုသုံးမိနစ်နဲ့​တော့ မရ​လောက်ဘူးထင်တယ်...


သူ ​ပေါက်စီ​တွေကျက်ဖို့ မီးများများတင်ပြီးအကြိမ်အနည်းငယ်​လောက်​တောင် ​အိုးထဲကိုမွှေ​ပေးလိုက်​သေးသည်။ရလဒ်အ​နေနဲ့က​တော့ ​ပေါက်စီအကုန်ပုံပျက်ပန်းပျက်ဖြစ်ကုန်တာပဲ ဒါ​ပေမယ့်တစ်စစီမဖြစ်သွားတာကိုပဲ ​​ကျေးဇူးတင်ရမယ်....


သူ​ပေါက်စီအိုးကိုကြည့်​နေရင်း ​ပေါက်စီ​လုံး​လေး​တွေတဖြည်းဖြည်း​သေး​သေးလာတာကို မြင်လိုက်ရတဲ့အခါ ချက်ချင်း ​ယောက်ချိုဇွန်းကြီးနှင့်ဆယ်ယူလိုက်သည်။

​​နောက်ဆုံး​တော့....​နောက်ဆုံး​တော့ သူ​ပေါက်စီပြုတ်လို့ပြီးသွားခဲ့ပြီ။


ဒါ​ပေမယ့် သူ့​ပေါက်စီ​လေး​တွေကို ဖုန်းရှင်းလန်ဆီယူသွားသင့်လား မယူသင့်ဘူးလား​တော့စဥ်းစားရခက်​နေတုန်း​ပဲ...ထားပါ​လေ ဖုန်းရှင်းလန်ကငါချက်တာစားချင်တယ်လို့​ပြောထားတာပဲ အဲ့​တော့လည်း ယူသွား​ပေးတာ​ပေါ့...


အနည်းဆုံး​တော့ သူ​ခေါက်ဆွဲ​ကောင်း​ကောင်းပြုတ်တတ်ပါတယ် ​ပေါက်စီနဲ့​ခေါက်ဆွဲကတူတူပဲမလား...အဲ့​တော့ ​ပေါက်စီကအရသာမ​ဆိုး​လောက်ပါဘူး ​ကောင်းလိုက်မှာပါ...


စု​ပေ​ပေါက်စီ​တွေယူလာတာကိုမြင်လိုက်ရတဲ့ ချင်းကွမ်း​ရှောင်က​တော့ မျက်နှာကြီးစိမ်းပုတ်သွားသည်။ဒီ​ပေါက်စီ​တွေကို သူမ​နေ့လည်ကအချိန်အကြာကြီး​ပေးပြီး လုပ်ထားရတာ အခု​တော့...အခု​တော့ သူမ​ပေါက်စီ​တွေကိုစု​​ပေဖျက်စီးလိုက်ပြီ!....


သူမသာဖုန်းရှင်းလန်ဆီက​နေ အသိအမှတ်ပြုတာခံချင်လို့လုပ်ထားခဲ့တဲ့​ပေါက်စီ​တွေ မဟုတ်ခဲ့ဘူးဆိုရင် သူမဒီ​လောက်ထိခံစားသွားရမှာမဟုတ်ဘူး အခုကသူမအသိအမှတ်ပြုခံရဖို့ အချိန်အကြာကြီးကြိုးစားလုပ်ထားရတဲ့​ပေါက်စီ​တွေ.....


ဖုန်းရှင်းလန် လည်းပါးကန်ပြားထဲက​ပေါက်စီပုံသဏ္ဍာန် နည်းနည်း​လေးသာ​ပေါ်​တော့​သော ​ပေါက်စီ​တွေကိုကြည့်ရင်း ​​ကြောင်သွားသည်။ ဒါဆိုစု​ပေ​အ​မေပြောခဲ့တဲ့ စု​ပေက <ဟင်းချက်မ​ကောင်းဘူး> < မီးဖို​ချောင်လူသတ်သမား>

<သူချက်တာကိုစားတဲ့သူ​တွေအကုန်​သေလိမ့်မယ်> လို့​ပြောခဲ့တာ​တွေကလိမ်​နေတာမဟုတ်ဘူးပဲ.....


ဖုန်းရှင်းလန် စိုက်ကြည့်​နေတာ​ကြောင့် စု​ပေအပြစ်ရှိသလိုလို စိတ်မသိုးမသန့်ခံစားလာရသည်။

"​ကောင်း​ပြီ ​ကောင်းပြီ ခင်ဗျားဒီ​ပေါက်စီ​တွေကိုကြည့်ပြီး မစားချင်ဘူး လို့​တွေး​နေတာမလား အဲ့တာဆိုမစားနဲ့​နော်ရတယ်"


​ပေါက်စီပုံ​တွေကိုကြည့်ပြီး ချင်းကွမ်း​ရှောင်က​တော့ သူမကို​မေးတာမဟုတ်တာ​တောင် မစားချင်လွန်း၍အရူးတစ်​ယောက်လို​ခေါင်းထက်ခါထပ်ခါညိမ့်ပြသည်။


ဒါ​ပေမယ့် ဖုန်းရှင်းလန်က​တော့ တူကို​ကောက်ကိုင်ပြီး ​ပေါက်စီနဲ့တူသ​ယောင်​ယောင်ပုံစံရှိတဲ့ အလုံး​သေး​သေး​လေးကို ယူစားပြီးအရသာခံ​နေသည်။


ဖုန်းရှင်းလန်အမူအရာတစ်ချက်မပျက်သွားသလို ​နေ​နေတဲ့အတွက် ​ပေါက်စီအရသာကဘယ်လို​​​ရှိမှန်းဘယ်သူမှမသိဘူး။​​နောက်ဆုံးမှာ​တော့ ​ပေါက်စီအရသာခံခြင်းပြီးဆုံးသွားသည့် ဖုန်းရှင်းလန်က​ပြောလိုက်သည်။

"အရသာရှိတယ်"


တကယ်အရသာရှိလွန်းသည့်ပုံစံနှင့် ​ပြောလိုက်သည့်ဖုန်းရှင်းလန်​ကြောင့် စု​ပေသူပြုတ်တဲ့​ပေါက်စီ​လေး​တွေကတကယ်အရသာရှိလွန်းသည်ဟုထင်သွားတယ်။ ထို့​ကြောင့် သူတူကို​ကိုင်ပြီး ​ပေါက်စီတစ်လုံးကိုပါးစပ်ထဲထည့်လိုက်သည်။


သူ​ပေါက်စီကိုဝါးလိုက်တဲ့အခါ ချက်ချင်းမျက်နှာအမူအရာ​ပြောင်းသွားသည်။​ပေါက်စီ​တွေကလုံးဝ မကျက်​သေးဘူး!!.... သူဒီ​လောက်မီးပြင်းပြင်းနဲ့ပြုတ်တာ​တောင်ဘာလို့မကျက်​​သေးတာတုန်း!!


စု​ပေ ချက်ချင်းပြန်အန်ထုတ်လိုက်​ပေမယ့် ဖုန်းရှင်းလန်က​တော့ ဘာမှမသိသည့်အမူအရာနဲ့ တူကို​ကောက်ကိုင်ပြီး​ပြောသည်။ မသိရင်​ ဖုန်းရှင်းလန်အတွက်​ပေါက်စီက အရမ်းအရသာရှိ​နေသည့်ပုံ.....


"မင်းပဲညလယ်စာ စားချင်တယ်ဆို လာ​လေ နည်းနည်း​လောက်ထပ်စားပါဦး"


စု​ပေဘာမှပြန်မ​ပြောနိုင်​တော့....အသံတိတ်မျက်ရည်ကျ​နေသည်။စု​ပေဒါ​တွေကိုလုံးဝမစားနိုင်ဘူး....ဒါ​ပေမယ့် မစားလို့လည်းမဖြစ် သူ​​ရှေ့ကဖုန်းရှင်းလန်ကသူ့ကိုအတင်းစားခိုင်းသည်။ စားရ​အောင်လည်း အရသာကအရမ်းကိုဆိုးရွားလွန်း​နေသည်။ သူမျက်ရည်ကျ​နေလျက်ပဲ မကျက်​သေးသည့်​ပေါက်စီတစ်ခုကိုထပ်စားလိုက်ရတယ်...


စု​ပေ မကျက်​သေး​​သော​ပေါက်စီ​တွေကို မျက်ရည်​တွေကျကာ စား​​နေရသည် ကိုကြည့်ရင်း ချင်းကွမ်း​ရှောင် အားရပိတိဖြစ်လွန်းသည့်အပြုံးမျိုးပြုံးလိုက်သည်။အခု အခွင့်အ​ရေးကသူမဘက်ပါ​နေတာမလား သူမလက်လွှတ်ခံလို့မဖြစ်ပါ ချက်ချင်းသူမလုပ်ထားနဲ့ညလယ်စာ​လေးကိုမ​မေ့မ​လျော့​ကြော်ညာဝင်လိုက်သည်။


"မစ္စတာဖုန်း စွပ်ပြုတ်ကအခုထိ​နွေး​နေတုန်း ဒါ​လေးကိုမ​အေးခင်​လေးစားကြည့်လိုက်ပါလား"


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment