《တကယ်တော့ငါကမကောင်းဆိုးဝါးတစ်ကောင်မဟုတ်ပါဘူး》
System 748 - "ဆွဲဆောင်ခြင်းယူနစ်ဘား 10%မြင့်တက်သွားပါပြီ စုစုပေါင်း 21% ထိရောက်ရှိသွားပါပြီ"
ဖုန်းရှင်းလန်ကအပြင်ပန်းမှာတော့အေးစက်စက်နိုင်ပေမယ့် အတွင်းစိတ်ကတော့နွေးထွေးနူးညံ့သူတစ်ယောက်လို့
စုပေခံစားလိုက်ရသည်။သောက်ကျိုးနည်း!! ဆွဲဆောင်ခြင်းယူနစ်ဘား မှာရာခိုင်နှုန်းတော်တော်တတ်လာတယ်ဆိုတာ သူ့ကိုစိတ်ဝင်စားလို့မဟုတ်ဘူးလား ! သူ့ကိုစိတ်ဝင်စားလာရဲ့နဲ့ ဘာကိစ္စအိမ်ထဲပေးမဝင်သေးတာတုန်း!!
သူတံခါးရှေ့ဝမှာသွားထိုင်လိုက်ပြီး အရှက်မဲ့စွာပြောဆိုတယ်။
"ကျွန်တော်ကိုအိမ်ထဲဝင်ခွင့်မပေးရင် ကျွန်တော်လည်းဒီကနေဘယ်မှသွားမှာမဟုတ်ဘူး ဝင်ခွင့်မပေးမချင်းဒီမှာထိုင်နေမှာ"
ရုတ်တရက်ဖုန်းရင်းလန်မျက်လုံးကစုပေခြေထောက်နားမှာကျနေတဲ့စီးကရက်စီသို့ရောက်သွားတယ်။သူ စုပေဆေးလိပ်သောက်ထားတာကိုသိလိုက်ပေမယ့် စုပေပါးစပ်ကနေကိုယ်တိုင်ဝန်ခံတာကိုကြားချင်၍မေးလိုက်သည်။
"မင်း ဆေးလိပ်သောက်ထားတာလား"
စုပေ နှလုံးခုန်သံမြန်လာတယ်။သူလိမ်ပြောလိုက်သင့်လား ဒါမှမဟုတ် အမှန်အတိုင်းပြောလိုက်သင့်လား။ ကောင်းပြီ ဒီကောင့်ကိုလိမ်လို့ရချင်မှရတာ အမှန်အတိုင်းပဲပြောလိုက်ပါတော့မယ်။
သူဖုန်းရှင်းလန်ကို မျက်နှာချိုသွေးသည့်အမူအရာနှင့်
ကြည့်လိုက်သည်။
"အရမ်းအိပ်ချင်လာတဲ့အချိန်မှာ ဆေးလိပ်သောက်ရင်လန်းဆန်းလာတယ်ဆိုတာ ခင်ဗျားမသိဘူးလား ကျွန်တော်တစ်လိပ်လောက်ပဲသောက်လိုက်တာပါ"
ဖုန်းရှင်းလန်မျက်လုံးတွေကျဥ်းမြောင်းသွားပြီး အန္တရာယ်ရှိတဲ့အရိပ်အယောင်အနည်းငယ်ပေါ်လာတယ်။
"ငါမင်းကိုမပြောထားဘူးလား မင်းနောက်တစ်ခါဆေးလိပ်သောက်တာတွေ့ရင်........."
စုပေချက်ချင်းတိုင်တည်ကျိန်ဆိုပြသည်။
"မသောက်တော့ဘူး နောက်တစ်ခါမသောက်တော့ဘူး ဒီတစ်ခါကတကယ့်ကိုနောက်ဆုံးအကြိမ်အနေနဲ့သောက်တာပါ"
ဖုန်းရှင်းလန် စုပေကိုလုံးဝအပြည့်အစုံမယုံကြည်ပေးနိုင်သေးဘူး။ကြည့်ရတာ ဒီလိမ်လည်သူပိစိလေးကို သင်ခန်းစာကောင်းကောင်းပေးမှထင်တယ် မဟုတ်ရင် သူဆေးလိပ်ဖြတ်ဦးမှာမဟုတ်လောက်သေးဘူး။
သူတံခါးဖွင့်ပြီး အိမ်ထဲဝင်ခွင့်ပေးလိုက်တယ်။
"ဝင်လာခဲ့"
ယေးးးး စုပေမျက်လုံးတွေ ဘလင်းဘလင်းထပြီးတောင်ပသွားတယ်။
ဖုန်းရှင်းလန် စုပေခန္တာကိုယ်တစ်ခုလုံးကိုအထက်အောက်လိုက်ကြည့်ပြီး အနည်းငယ်ရွံ့ရှာသလိုဖြစ်သွားသည်။ဒီကောင်လေး တော်တော်ညစ်ပတ်နေတာပဲ။
"မင်းအရင်ဆုံး ကိုယ့်ခန္တာကိုယ်ကို သန့်ရှင်းရေးလုပ်သင့်တယ်"
ဖုန်းရှင်းလန် ပြောတာကိုစုပေလက်ခံလိုက်တယ်။ ဟုတ်တယ် သူအရမ်းညစ်ပတ်နေပြီ ထို့ကြောင့် သူရေချိုးခန်းထဲဝင်ပြီးရေချိုးဖို့ပြင်ဆင်လိုက်တယ် ကောင်းမွန်တဲ့ခံစားချက်တွေနဲ့ပေါ့.....
သူရေချိုးပြီးသွားတဲ့အချိန်မှာ စုပေ pajamas ဝတ်စုံလေးဝတ်ပြီးအောက်ထပ်ကိုဆင်းလာတယ်။ pajamas ကသူ့ဟာမဟုတ်ဘူး ဖုန်းရှင်းလန်ရဲ့ pajamas လေးဖြစ်တဲ့အတွက် သူ့အတွက်တော်တော်လေးကြီးနေတယ်။
ဘယ်လောက်ထိတောင်ကြီးလဲဆိုရင် သူ့ခြေထောက်တွေအကုန်အုပ်ပြီး ကြမ်းပြင်နဲ့ထိနေတဲ့ အထိ။
သူအောက်ထပ်ရောက်တဲ့အခါ ဖုန်းရှင်းလန်ကခေါင်းငုံ့ပြီးဆေးလိပ်တွေကိုစားပွဲပေါ် တစ်လိပ်ချင်းတလိပ်ချင်းသေသပ်စွာစီနေတာကိုတွေ့လိုက်ရတယ်။ဖုန်းရှင်းလန် ပတ်ဝန်းကျင်ကလေထုကလည်း သာယာချိုမြိန်နေတာကိုတွေ့လိုက်ရတယ်။ နေစမ်းပါဦး ဘာကိစ္စဒီလူ့ဘေးနားကလေထုကဒီလောက်ထိသာယာနေရတာလဲ တစ်ခုခုမကောင်းတာဖြစ်မှာတော့မဟုတ်လောက်ပါဘူးနော် ဒါကစုပေကို ထွက်ပြေးချင်စိတ်တွေဖြစ်လာအောင်တွန်းအားပေးနေသလိုပဲ။
ဖုန်းရှင်းလန် အနောက်လှည့်ပြီး သူ့ကိုကြည့်လာတယ်။ဒါပေမယ့် သူ့မျက်လုံးတွေကစုပေရဲ့နူးညံ့လွန်းတဲ့ဆံသားတွေအပေါ်ကိုပဲကျရောက်နေတယ်။
"ဒီကိုလာလေ ဒီမှာမင်းဒီညအတွက်သောက်ဖို့ဆေးလိပ်တွေရှိတယ်"
စုပေတုန်လှုပ်သွားသည်။ စားပွဲပေါ်မှာဆေးလိပ်တွေအများကြီး မှ အများကြီးပဲ အနည်းဆုံးဆေးလိပ်ဘူးဆယ်ဘူးစာလောက်ရှိတယ်! ဒါဟာတွေကိုသူ့ကိုဒီညအတွင်းကုန်အောင်သောက်ခိုင်းနေတာလား ဒါသူ့ကိုသေအောင်သတ်ဖို့ကြံစည်နေတာမဟုတ်ဘူးလား!!!ဘာလဲ ဒီအကောင်က သူ့ကိုအသေသတ်ချင်နေတာလား!
ဖုန်းရှင်းလန် သူ့နှုတ်ခမ်းတွေကော့ညွှတ်ပြီးပြုံးလိုက်တယ်။ဒီအပြုံးက တကယ့်ကိုမကောင်းဆိုးဝါးတစ်ကောင်ကပြုံးလိုက်တာနဲ့ဆင်တူတယ်။
"မင်းဆေးလိပ်သောက်ရတာကိုကြိုက်တာမဟုတ်ဘူးလား ဒါဆိုဘာလို့တစ်ခါတည်းဝအောင်မသောက်ရမှာလဲ လာသောက်စမ်းပါ တစ်ခါတည်းဝအောင်"
စုပေအနောက်ကိုခြေလှမ်းအနည်းငယ်စုတ်သွားတယ်။
"မဟုတ်ဘူး မဟုတ်ဘူး ငါကျိန်ဆိုပါတယ် ကျွန်တော်နောက်တစ်ခါဆေးလိပ် လုံးဝ(လုံးဝ) မသောက်တော့ပါဘူး တကယ်ပြောတာပါ"
ဖုန်းရှင်းလန် စုပေကိုကြည့်ပြီး နှုတ်ခမ်းတစ်ဘက်ပင့်တင့်ကာပြုံးပြလိုက်တယ်။သေချာတာပေါ့ သူစုပေကိုဘာဆိုဘာမှမလုပ်ရသေးဘူး ဒါပေမယ့် စုပေကတော့သူ့ခြေထောက်တွေပျော့ခွေကျတော့မတတ်ဖြစ်နေပြီ။
သူ စုပေကိုတုန်လှုပ်နေတဲ့ခွေးပေါက်လေးတစ်ကောင်လို ကြည့်ရင်း သူ့ရဲ့သွယ်လျလှပတဲ့လက်ချောင်းတွေနဲ့ မီးခြင်ကိုဆော့ကစားနေတယ်။ စုပေ တွံတေးအနည်းငယ်မျိုကျလိုက်တယ် သူမလွတ်မြောက်နိုင်တော့ဘူး သူဖုန်းရှင်းလန်ပြောတဲ့အတိုင်း လိုက်နာဖို့ပဲတတ်နိုင်တယ်။
ဖုန်းရှင်းလန်က စုပေအတွက်ဆေးလိပ်မီးညှိပေးလိုက်တဲ့အခါ စုပေတုန်ရီနေတဲ့သူ့လက်ချောင်းတွေနဲ့ လှမ်းယူလိုက်ရရှာတယ်။
အဲ့ဒီ့ညက စုပေဆေးလိပ်တွေတစ်လိပ်ပြီးတလိပ် သူမသောက်နိုင်တော့တဲ့အချိန်မရောက်ခင်ထိ သောက်နေခဲ့ရတယ်။စိတ်ပျက်ဖို့ကောင်းတဲ့ဖုန်းရှင်းလန်ဆိုတဲ့အကောင်ကတော့ သူ့ဘေးနားကနေထိုင်ပြီး ဆေးလိပ်တစ်လိပ်ပြီးတလိပ်ကိုမီးညှိပြီးပေးတယ်။သူအရမ်းဝမ်းနည်းနေပြီ ဒီဖုန်းရှင်းလန်ကသူ့ကိုဝေဒနာတွေခံစားရအောင် သိပ်လုပ်တာ!!
ဒါပေမယ့် စုပေစားပွဲပေါ်ကဆေးလိပ်တွေအကုန်လုံးကုန်အောင်မသောက်ရသေးခင်မှာပင် သူမခံနိုင်တော့တာကိုသိတဲ့ဖုန်းရှင်းလန်က အကုန်ယူပြီးလွှတ်ပစ်လိုက်တယ်။
ဆေးလိပ်ဆက်မသောက်ရတာနဲ့ တစ်ပြိုင်နက် စုပေ toilet ကိုတန်းပြေးပြီးအန်တော့သည်။ သူငရဲကိုရောက်သွားသလိုပဲ တကယ့်ကိုမအီမသာခံစားရတယ်။
ဖုန်းရှင်းလန်က သူ့လက်မောင်းနှစ်ဘက်ကိုပိုက်ကာတံခါးကိုမှီနေပြီး မကောင်းဆိုးဝါးတစ်ကောင်ကသားကောင်ကိုကြည့်တဲ့အကြည့်လိုမျိုးနဲ့ သူ့ကိုကြည့်နေခဲ့တယ်။
"ဆေးလိပ်ဆက်သောက်ချင်သေးလား"
စုပေ အန်ရလွန်းလို့ အသံတွေတောင်ကွဲအက်နေပြီ။
"မသောက်ဘူး ဘယ်တော့မှမသောက်တော့ဘူး!"
ပြုံးပြန်ပြီ ဖုန်းရှင်းလန်ယုတ်မာတဲ့အပြုံးနဲ့ပြုံးပြပြန်ပြီ။ ဖုန်းရှင်းလန်သူ့ခေါင်းထဲမှာ ယုတ်မာတဲ့အတွေးတွေပဲရှိနေတာလားဆိုတာ သူသိပ်သိချင်မိပါသည်။
"အကယ်၍ မင်းနောက်တစ်ခါဆေးလိပ်ထပ်သောက်ခဲ့ရင် ငါဘာလုပ်ရမလဲ"
မရတော့ဘူး စုပေအရမ်းငိုချင်နေပြီ။
"ကျွန်တော့်ကိုကျွန်တော်သတ်သေပစ်ပါ့မယ်"
ဖုန်းရှင်းလန်ခပ်ယဲ့ယဲ့လေးပြုံးပြသည်။
"ငါကမကောင်းဆိုးဝါးတစ်ကောင်တော့မဟုတ်ပါဘူးကွာ
ဒါပေမယ့် မင်းနောက်တစ်ခါဆေးလိပ်သောက်တာတွေ့ရင်တော့ ငါမင်းရဲ့ဆေးလိပ်သောက်ရဲတဲ့လက်တွေကိုဖြတ်ပစ်မယ်"
စုပေ သူ့လက်နှစ်ဖက်ကိုချက်ချင်းအနောက်သို့ဝှက်လိုက်သည်။ဘာ သူ့လက်တွေကိုဖြတ်ပစ်မယ်ဟုတ်လား။ဒီအကြောင်းကိုတွေးကြည့်ယုံနဲ့တင်သူအရမ်းနာကျင်သွားပြီ။
ဖုန်းရှင်းလန် သူ့အခန်းသူပြန်ပြီးမအိပ်ခင် စုပေခေါင်းကိုမပွတ်ကြည့်ပဲမနေနိုင်ခဲ့ဘူး။စုပေဆံပင်တွေက အရမ်း အရမ်းကိုနူးညံ့လွန်းတယ် .....ဖုန်းရှင်းလန် သူ့ အေးစက်စက်နေတတ်တဲ့ပုံရိပ်ကိုထိန်းဖို့ စုပေခေါင်းပွတ်ပေးနေတာကိုမလွှတ်ချင် လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရသည်။
"မနက်ဖြန် ချင်းကွမ်းရှောင် ဒီကိုလာလိမ့်မယ် သူ့ကိုအခြားအိမ်အကူတွေအတိုင်းပဲ လွှတ်ထားလိုက် ဘာမှမလုပ်နဲ့ သူမကိုအိမ်အကူလို့ပဲသဘောထား"
စုပေခေါင်းမြန်မြန်ငြိမ့်ပြပြီး သရဲတစ်ကောင်လိုသူ့အခန်းဆီသို့ပြန်ပြေးသွားသည်။
ဖုန်းရှင်းလန်ကတော့ ဒီလိမ်ညာသူပိစိမှာ အရင်တုန်းကမှတ်ဥာဏ်တွေရှိရင်ကောင်းမှာပဲလို့ တွေးနေသည်။
စုပေအိပ်ရာပေါ်လှဲပြီးအိပ်တော့မယ်ကြံစဥ်မှာပဲ system 748 ၏စက်ရုပ်လေသံကြီးထွက်ပေါ်လာသည်။
"ဆွဲဆောင်ခြင်းယူနစ်ဘားတန်းမှာ 4% တိုးသွားပါပြီ စုစုပေါင်း 25% ထိရှိသွားပါပြီ"
စုပေ ခေါင်းဦးကိုဆွဲယူပြီး သူ့နားရွက်တွေကိုပိတ်ထားလိုက်သည်။သူ့ပုံစံက ရေခဲရိုက်ခံထားရတဲ့ငါးသေးသေးလေးတစ်ကောင်လိုပဲ!
ဂါးးးး ဒီလူယုတ်မာဇာတ်လိုက်ကောင်ကိုမြူစွယ်ရတာ လွယ်ကူမနေဘူး!!!