Chapter 1-နာကျင်မှု
လင်းလန်မြို့၊ အမှတ် ၃ အထက်တန်းကျောင်း၊ အခန်း ၃။
ညနေနေဝင်ချိန် အလင်းရောင် သည် ဤရာစုနှစ်အထက်တန်းကျောင်းကို ဖြတ်သွားသော **** တံစဥ်နှင့်တူ၏။ ပိုင်ရွှင်းယီ အတန်းလွတ်ရှိ စားပွဲခုံပေါ်တွင် လဲလျောင်းနေပြီး သူမ၏သေးသွယ်သော လက်ချောင်းများက အက်ကွဲနေသော သစ်သားစားပွဲ ကို အသာအယာပုတ်နေ၏။
တစ်ချက်ကြည့်သည် နှင့် သူမ ရေတွက်နေသည်ကို မြင်နိုင်ပေသည်။
သူမ ထိုင်နေတဲ့ စာသင်ခန်းထဲမှာ နာရီမရှိဘူး။
အရေအတွက်နံပါတ် ၃၀၀ လောက်ရောက်တဲ့အခါ လုံခြုံရေးအစောင့် သည် ကျောင်းကိုလှည့်ပတ်စစ်ဆေးဖို့ရာ အပြင်သို့ထွက်လာခဲ့သည်။
ကျောင်းဆင်းလျှင် ကျောင်းစာသင်ခန်းထဲမှာ သော့ခတ်ထားကြတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ပိုင်ရွှင်းယီရဲ့ကျွမ်းကျင်မှုအချို့ တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ပြီး ထိုကဲ့သို့ 'ပျော်စရာ' ကို သူမဘာသာ ရှာဖွေနိုင်ခဲ့တယ်။
သူမ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူမ၏သေးသွယ်သော ခြေသလုံးကြွက်သားများမှာ လှပစွာ ကွေးညွတ်ကာ စားပွဲကိုယိမ်းနွဲ့လျက် ကန်ကျောက်နေလေသည်။
၁၀မိနစ်ခန့်အကြာတွင် လုံခြုံရေးအစောင့်လျိုချန် က တတိယအခန်းသည် မီးမပိတ်ကြောင်းကို မြင်သောအခါ မျက်မှောင်ကြုံ့သွား၏။
သူ သော့ကိုထုတ်ပြီး တံခါးဖွင့်လိုက်သည်။ အတန်းထဲတွင် စားပွဲပေါ်တွင် လဲလျောင်းနေသော ကောင်မလေးကို မြင်တော့ ခဏတာ ရူပ်ထွေးသွားသည်။ "သမီး၊ စာသင်ခန်းထဲမှာ ပိတ်မိနေပြန်ပြီလား?”
ပိုင်ရွှင်းယီ ကျောင်းလွယ်အိတ်ကို ကျောပေါ်တွင်တင်လွယ်ရင်း မတ်တတ်ရပ်ပြီး အဖြူရောင်လက်ချောင်းများက လွယ်အိတ်ပုခုံးကြိုးများကို ဆွဲကိုင်ကာ အန်ကယ်လျို ကို ပြုံးပြသည်။ သူမ၏ချောမောလှပသော မျက်နှာလေး က တည်ငြိမ်ပြီး နူးညံ့သည်။
အန်ကယ်လျို က ပြုံးပြီး "အိမ်ကိုမြန်မြန်ပြန်တော့”
ပိုင်ရွှင်းယီ နာခံမှုဖြင့်ခေါင်းညိတ်ပြ၍ ထွက်ခွာသွားခဲ့သည်။
လျိုချန် သက်ပြင်းချပြီး ပိုင်ရွှင်းယီရဲ့ခန္ဓာကိုယ်ပိန်ပိန်ပါးပါးလေး တရွေ့ရွေ့ထွက်ခွာသွားတာကို ကြည့်နေခဲ့သည်။ လျိုချန် သည် လင်းလန်၊ အမှတ်၃ ကျောင်းမှာ နှစ်ပေါင်းများစွာရှိခဲ့ပြီး စာသင်ခန်းတွေကို ကင်းလှည့်ဖို့အတွက် တာဝန်ရှိခဲ့တာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
လွန်ခဲ့သည့် ၆လကျော် က အခန်း၃၏ မီးဟာ ကျောင်းဆင်းပြီးတိုင်း မပိတ်ထားဘဲ လင်းနေတာကို အမြဲတမ်းတွေ့ရှိခဲ့သည်။
လျိုချန် သည် မီးပိတ်ဖို့ တံခါးဖွင့်လိုက်တဲ့အခါ တံခါးဖွင့်ပေးဖို့ စောင့်နေတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရသည်။
လျိုချန် ပထမတော့ အနည်းငယ်ကြောက်ရွံသွားခဲ့ပြီး အချိန်အနည်းငယ်ကြာလာတော့ ဘာတွေဖြစ်နေသလဲ ဆိုတာကို နားလည်ခဲ့သည်။
အတန်းပြီးသွားတိုင်း သူမရဲ့အတန်းဖော်တွေက အခန်း၃ အတန်းတံခါးကို တမင် သော့ခတ်ပြီးထားခဲ့တာကို လျိုချန် သိခဲ့သည်။ အဲ့လိုဖြစ်ရပ်တွေက တစ်လမှာ တစ်ကြိမ် (သို့) နှစ်ကြိမ်တော့ ဖြစ်တတ်သည်။
လျိုချန် သည် စစချင်းတုန်းကတော့ အလွန်ကို ဒေါသထွက်ပြီး ပိုင်ရွှင်းယီ သည် ကျောင်းဆင်းတိုင်း ကျောင်းခန်းထဲမှာ တံခါးပိတ်ခံထားရကြောင်းကို အခန်း၃၏ဆရာမ ရှန်လန်လီကို တမင်ပြောခဲ့သည်။
"ကျောင်းသူကို အခန်းထဲထည့်ပြီး အပြင်ကနေ တံခါးပိတ်ထားတာက ကျောင်းအတွက်လဲ မကောင်းသလို ကျောင်းမှာအလုပ်လုပ်နေတဲ့ ဆရာ/ဆရာမ အပါအဝင် ကျောင်းစောင့်တွေအတွက်လည်း မကောင်းဘူး။ ဒီကိစ္စက အလွန်အန္တာရယ်များတယ်၊ ဆရာမရှန် အရေးကြီးဆုံးတစ်ချက်ကတော့ အဲ့တာက ကျောင်းတွင်းအကြမ်းဖက်မှုတစ်မျိုးဘဲ"
“အမှတ်၃ အလယ်တန်းကျောင်းရဲ့ကျောင်းစည်းကမ်း က တင်းကျပ်တယ်။ အဲ့လိုကိစ္စမျိုး ဘယ်လိုမှမဖြစ်နိုင်ဘူး"
လျိုချန် မသိခဲ့တာက ဆရာမရှန်ဟာ ဒီကိစ္စကို လုံးဝခေါင်းထဲမထည့်ဘူးဆိုတာပဲ။ ခဏကြာ ငြင်းဆိုမှုကို တုံ့ပြန်ပြီးနောက် အခန်း၃၏မီးများ ရက်အနည်းငယ်အတွင်း လင်းနေလိမ့်မယ်။
ပိုင်ရွှင်းယီ အကူအညီမရခဲ့ဘူး။ စာသင်ခန်းကို သော့ခတ်ခြင်းဖြစ်တဲ့အတွက် ကျောင်းတွင်းအကြမ်းဖက်မှုမမြှောက်ပေ။
လျိုချန် သည် ထိုမိန်းကလေး စာသင်ခန်းတံခါးပိတ်ခံရတိုင်း အကူအညီတောင်းဖို့ ပြောခဲ့သည်။
လျိုချန် မသိခဲ့တာက ပိုင်ရွှင်းယီ သည် အနိုင်ကျင့်ခံရတိုင်း တိတ်ဆိတ်နေခဲ့သည်ကိုပင်။
ပိုင်ရွှင်းယီ သည် အနိုင်ကျင့်ခံရတိုင်း အော်ဖို့လဲ သတိမရ စာသင်ခန်းရဲ့မီးကို အားကိုးတကြီး အကူအညီတောင်းရန် အတွက်သာ ဖွင့်ခဲ့သည်။
ပိုင်ရွှင်းယီ ကျောင်းခန်းထဲကထွက်လာချိန် ကျောင်းဆင်းပြီးတာ တစ်နာရီတောင်ရှိနေခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည့်အခါ လင်းလန်မြို့ရဲ့ကောင်းကင်ဟာ မှောင်လုနီးပါးဖြစ်နေပြီး တောက်ပမှုအနည်းသာကျန်တော့သည်။
ဒီအချိန် ကျောင်းဝန်းထဲ လူမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ကြောက်ခြားဖွယ်ကောင်းလှ၏။
သူမ၏သေးငယ်သောခြေထောက်များပေါ်တွင် အဖြူရောင်ဖိနပ်များကို စီးထားပြီး တိတ်တဆိတ်လျှောက်လမ်း ဆီ လျှောက်ကာ သူမ၏ခြေလှမ်းများ ဟာ ကျောင်း၏အငွေ့အသက်များဖြင့် ရောယှက်နေခဲ့သည်။ သူမ လှေကားထစ်ကို လျှောက်သွားသောအခါ သူမ၏နားထဲ တိုးညှင်းသော အသံများကို ကြားရသည်။
ထိုအချိန်တွင် သူမနည်းတူ ကျောင်းပရဝဏ်အတွင်း အခြားကောင်မလေးတစ်ယောက်ရှိနေခဲ့တာကို သိသွားခဲ့သည်။
ကြောက်ရွံ့ပြီး ရှက်ကြောက်တတ်သော မိန်းကလေးတစ်ယောက်၏အသံထဲတွင် ချိုမြိန်မှုနှင့်သိမ်မွေ့မှုတို့ပါဝင်နေ၏။
"ယုလျိုယင် ငါ့ဆီမှာ ရုပ်ရှင်လက်မှတ် ၂ စောင် ရှိတယ်၊ စနေနေ့ကျရင် ငါတို့ ရုပ်ရှင်အတူတူ သွားကြည့်ကြမလား?"
ပိုင်ရွှင်းယီ အသံကြားပြီးနောက် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမ၏မသိစိတ်အရ ကျောင်းနံရံနဲ့သူမ၏ကိုယ်ကို ကွယ်မိသည်။
သူမ စကားမပြောခင်ကတည်းက အသံတွေနဲ့ပတ်သက်ပြီး အလွန်တရာကို အကြားအာရုံကောင်းသည်။ အသံကို ကြားလိုက်ရုံနဲ့တင် သူမ၏အတန်းတူ၊ သူငယ်ချင်း ရှန်းချူရန်၏အသံဖြစ်နေခဲ့သည် ကို သိလိုက်ရသည်။
ရှန်းချုရန်က သူမကို အရမ်းမုန်းတီးပြီး တခြားသူများနဲ့ဆန့်ကျင်လိုစိတ်မရှိ။ ပိုင်ရွှင်းယီ ခဏလောက်တော့ ဒီနေရာမှာ ပုန်းပြီးမှ ထွက်ခွာဖို့ တွေးခဲ့တယ်။
တစ်ယောက်နဲ့တစ်ယောက် ဆုံပြီး တစ်ယောက်နဲ့တစ်ယောက် မပျော်မရွှင်ဖြစ်မှာစိုးလို့ သူမ ရှန်းချူရန်နဲ့မျက်နှာချင်းတောင် မဆိုင်ခဲ့။
"အဲ့ရုပ်ရှင် မကြာသေးခင် က အလွန်ကျော်ကြားနေတာလေ၊ နာမည်က… "
"ငါ့မှာ အချိန်မရှိဘူး" ရှန်းချူရန်ရဲ့စကားမပြီးခင် ဖြတ်ပြောခြင်းခံလိုက်ရသည်။
ပျင်းရိတဲ့ယောကျာ်းလေးတစ်ယောက်၏အသံဖြစ်ပြီး နှေးကွေးပြတ်သားသောအသံပင်။ ပျင်းရိတဲ့ယောကျာ်းလေး၏အသံ နားထောင်လိုက်တိုင်း အေးစက်စက်ရှိ၏။
"မင်း ငါ့အစား တစ်စုံတစ်ယောက်ကို ရှာဖွေနိုင်တယ်"
"အာ…” ရှန်းချုရန်က ဝမ်းနည်းစွာ ညည်းတွားသည်။ "အချိန်မရှိဘူးလား ဒါပေမဲ့ ငါ နင်နဲ့ပဲတူတူကြည့်ချင်တာ…"
ရှန်းချုရန်သည် အမြဲတမ်း ထက်မြက်သော မိန်းကလေး ဖြစ်သော်လည်း အခု အရင် အသွင်အပြင်နဲ့ကွာခြားစွာ နူးညံ့သောအသံထဲ နှိမ့်ချသော အရိပ်အမြွက်တို့ ထွက်ပေါ်လျက်ရှိသည်။
ပိုင်ရွှင်းယီ အနည်းငယ်တော့အံသြသွား၏။ သူမ စီးထားသောအဖြူရောင်ဖိနပ်၏ခြေချောင်းများကို ငုံကြည့်ရင်း နှလုံးသားထဲတွင် မသေချာမရေရာသော အတွေးတစ်ခု ဝင်လာခဲ့သည်။
ထို့နောက်"ယုလျိုယင်" အမည်ရှိ ကောင်လေး၏ "အချိန်မရှိဘူး" ဟူသော စကားသုံးလုံးသည် လည်း အတိုင်းသားကြားရသည်။
တိတ်ဆိတ်မှုတို့ ကြီးစိုးနေခဲ့၏။
အချိန်အတော်ကြာပြီးနောက်၊ ရှန်းချုရန် လှည့်ထွက်သွားခဲ့သည်။
ပိုင်ရွှင်းယီ က ကံကောင်းထောက်မစွာ အမြန်သွားနိုင်ခဲ့သည်။ မဟုတ်ရင် သူမအရမ်းနောက်ကျလို့ ရှစ်နာရီထိုးသွားရင် အိမ်ပြန်နိုင်တော့မှာ မဟုတ်ဘူးလို့ တွေးတောလျက် သက်ပြင်းချမိသည်။
ရှန်းချုရန် သည် ကောင်လေးတစ်ယောက်နှင့် အလွန်နောက်ကျနေချိန် ကျောင်းမှာ ရှိနေသည်။ သူတို့ဒီမှာ ဒိတ်နေကြလား။
ပိုင်ရွှင်းယီ ခေါင်းငုံ့ပြီး တွေးလျက် ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက် နှစ်ယောက်စလုံး သွားကြပြီလို့ ထင်ကာ အောက်ထပ်သို့ ပြန်ဆင်းလာသည်။
သို့သော် သူမ ထောင့်စွန်းမှ ထွက်သွားသည်နှင့် နက်မှောင်သော မျက်လုံးတစ်စုံကို တွေ့ရသည်။
ကျောင်းဝတ်စုံခပ်ကြီးကြီးနှင့် လူငယ်လေး လက်ရန်းကိုမှီကာ လှေကားထစ်များပေါ်တွင် မတ်တပ်ရပ်နေပြီး အဖြူနှင့်အပြာ ခန္ဓာကိုယ်က အေးစက်ကာ ဖြူစင်သော အသားအရေမျိုးနှင့် မတူပေ။ ကောင်လေး၏မျက်ခုံးများသည် ပုံမှန် မည်းနက်နေပြီး၊ သူ၏ရှည်လျားသော ဆံပင်ရှည်များသည် ညဦးယံလေပြေကြောင့် လွင့်စင်သွားကာ ချွန်ထက်သော ဓားသွားကဲ့သို့ သူ၏မျက်လုံးများကို ဖုံးကွယ်ထားခြင်းမရှိ။
သူ၏နှုတ်ခမ်းပါးပါးလေးကြားတွင် စီးကရက်တစ်လိပ်ကို ကိုက်ထားပြီး ကျောင်းရှိ ကျောင်းဝတ်စုံကို ပြောင်ပြောင်တင်းတင်း ဝတ်ထားသည်။
ပိုင်ရွှင်းယီ အဲ့ဒီမှာ တစ်ယောက်ယောက်ရှိနေဖို့ မမျှော်လင့်ထားဘူး။ သူမ ခဏရပ်ပြီး နားမလည်တော့။
လူငယ် သည် အလွန်အရပ်ရှည်ပြီး ပိန်လှီသော်လည်း ပခုံးများ အလွန်ကျယ်ကာ မတ်တပ်ရပ်သည့်အခါ ဖိနှိပ်မှုပုံစံကို အပြည့် ခံစားရသည်။
ယုလျိုယင် မိန်းကလေး၏သမင်နှင့်တူသော မျက်လုံးများကို ကြည့်သည်။ ကြည်လင်ပြတ်သားသော ရောင်ပြန်ဟပ်မှုတွင် ထင်ဟပ်နေသည့်အရာမှာ သူ၏ပြုံးနေသော မျက်လုံးများဖြစ်သည်။ သူ ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လာသည်။ "နားထောင် နေတာလား?"
"အတန်းဖော်၊ အဲ့ဒါက မကောင်းဘူး"
ပိုင်ရွှင်းယီ၏ခြေလှမ်းများသည် အလွန်ပေါ့ပါးသော်လည်း၊ ရှန်းချူရန်နှင့် စကားပြောနေချိန် အစောကြီးကတည်းက ယုလျိုယင် ထောင့်တစ်ဝိုက်တွင် လမ်းလျှောက်လာသည့်အသံများကို ကြားခဲ့သည်။
သူ ဘာမှပြန်မပြောဘဲ ဘယ်သူလဲဆိုတာ စောင့်ကြည့်ချင်ပေမယ့် ဒီကလေးမလေးဖြစ်မယ်လို့တော့ မျှော်လင့်မထား။
သူမ က ရုပ်ရည်ချောမောလှပသည့် ကျောင်းသူ ဖြစ်ပြီး ရုပ်ရည်ကလည်း ထက်မြက်သွယ်လျပြီး ရှက်တတ်သူဖြစ်သည်။
ကောင်လေး၏ပျင်းရိစွာ ရယ်မောသော အသံသည် ပိုင်ရွှင်းယီ၏နားရွက်များ ကို ရုတ်တရက် နီရဲသွားစေကာ နူးညံ့သော မေးစေ့နှင့် ပါးများဆီသို လျင်မြန်စွာ ပျံ့နှံသွားခဲ့သည်။
ယုလျိုယင် အမည်ရှိ ဒီကောင်လေးနဲ့သိဖို့ မမျှော်လင့်ခဲ့သလို သူမ ခိုးနားထောင်ဖို့ မရည်ရွယ်ခဲ့။
ပိုင်ရွှင်းယီ စကားမပြောနိုင်သဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းကာ မသိစိတ်က ကျောပိုးအိတ်၏ပခုံးသိုင်းကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
"ဟမ်" ယုလျိုယင်က မီးစွဲနေသော ဆေးလိပ်ကို သူ၏လက်ချောင်းသွယ်သွယ်များဖြင့် ဆွဲထုတ်လိုက်ကာ မဝေးလှသော အမှိုက်ပုံးထဲသို့ လှမ်းပစ်သည်။ "မင်း ဘာကြောင့် စကားမပြောတာလဲ ?"
"ငါ ဆိုလိုတာ အဲ့လိုမဟုတ်ဘူး "
“ငါ ဆေးလိပ်ကောင်းကောင်းမသောက်တတ်ဘူး"
ပိုင်ရွှင်းယီ နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်၏။
သူတို့ ၂ ယောက်က ရှေ့မတိုးနောက်မဆုတ် အကွာအဝေးတွင်ရှိနေသည်။ သူတို့ ၂ ယောက်၏ပုံသဏ္ဍာန်က အပြစ်ဒဏ်ကြောင့် ရပ်နေကြဟန်နှင့် တူသည်။
ယုလျိုယင် က ရယ်စရာကောင်းသော အခြေအနေကို မခံစားနိုင်သောကြောင့် နူးညံ့သော အသံကို ထုတ်ပြီး စကားစပြောသည်။
ပိုင်ရွှင်းယီ က နှုတ်ခမ်းကို ဖိကိုက်ပြီး ခေါင်းကိုငုံကာ သူ့ဆီကနေ အဝေးကိုပြေးထွက်လာခဲ့သည်။
"အတန်းဖော်"
ပိုင်ရွှင်းယီ အနောက်ဘက်က ရုတ်တရက်ကြားလိုက်ရသော ကောင်လေး၏အသံကြောင့် ရပ်တန့်သွား၏။
"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ?"
ပိုင်ရွှင်းယီ ရှည်လျသော လက်သည်းများ က နူးညံ့ပိန်သွယ်သော လက်ဖဝါးထဲသို့ စိုက်ဝင်နေသည်ကို ခံစားမိခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် သူမ အနည်းငယ်တော့ အံ့သြသွားခဲ့သည်။ လူတွေက သူမကို ဆိုးရွားသောခံစားချက်တွေ ပေးရင်တောင် မေးတဲ့မေးခွန်းကို ပြန်ဖြေမည်မဟုတ်ပေ။
ပိုင်ရွှင်းယီ အသက်ပြင်းပြင်းရှူပြီး မျက်နှာကို သူ့ဘက်ကိုလှည့်ကာ နှုတ်ခမ်းကို တိတ်ဆိတ်စွာအဖွင့်အပိတ်လုပ်ခဲ့သည်။
ယုလျိုယင် က အချိန်အနည်းငယ်ယူပြီးနောက် ပြောခဲ့သည့် စကားမှာ ‘တိမ်’ ဟူ၍ နားလည်ခဲ့သည်။
ထို့နောက် ပိုင်ရွှင်းယီ သူ့ကိုပြုံးပြခဲ့ပြီး မရပ်နားတော့မည့်ခြေလှမ်းများဖြင့် အဝေးကို ပြေးထွက်သွားခဲ့သည်။ ယုလျိုယင် သေးသွယ်သောနောက်ကျောပြင်ကိုသာ ပျောက်ကွယ်သွားတော့မည့် လေနဲ့အတူတူ မြင်တွေ့ခဲ့ရသည်။
ယုလျိုယင် သူ့ကိုယ်သူ အံ့သြသွားခဲ့သည်။ သူက တခြားယောက်၏အမည်ကို သူ့မသိစိတ်ကနေ ထုတ်မေးခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ပင်။
ယုလျိုယင် သူငယ်ချင်းများကို ဤအကြောင်းများ မည်သည့်အခါမျှပြောပြမည်မဟုတ်ချေ။
ရလဒ်မှာတော့ သူ မသေးလွန်း မကြီးလွန်းဘဲ နူးညံသည့်လက်သည်းများကို ထိပြီး မျက်လွှာချလျက် အောက်ထပ်က ဘောလုံးကွင်းပြင်ထဲရှိ ချွေးများစိုရွှဲနေသော ကောင်လေးများကို ကြည့်ကာ ရယ်နေခဲ့သည်။
ကောင်လေးများထဲမှ တစ်ယောက်ကတော့ ကျောင်းဝတ်စုံကိုခါးမှာ ချည်ထားပြီး ချွေးများ စိုရွှဲနေသော ဆံပင်များကို သုတ်ကာ အပေါ်ထပ်သို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးတက်လာသည်။
"အကိုယု၊ ဘယ်လိုလဲ ရမှတ် ကတော့ ကျေနပ်စရာဘဲမလား ဟုတ်တယ်မလား ?"လီယွမ် က ကျားသွားနှစ်ချောင်းပေါ်အောင် ပြုံးရင်း ပြောလာခဲ့သည်။
"ငါ မင်းကို ပြောသားဘဲ မင်းမကစားနိုင်ဘူးလို့ ပြီးတော့ ငါက အံ့သြဖို့ကောင်းတဲ့ ကစားနည်းတွေကိုဘဲ ကစားချင်တာ ဘယ်မှာလဲ ရှင်းဆွေ က? မင်း အကင်ဆိုင်ကို ဘိုကင်လုပ်ခဲ့လား?"
ယုလျိုယင်ကမျှော်လင့်ချက်မဲ့စွာဖြင့် လက်ထဲက ရေဘူးကို လီယွမ် လက်ထဲသို့ ပစ်ပေးလိုက်သည်။ "အနာဂတ်မှာ မင်း ငါ့ကိုစောင့်ဖို့ မပြောနဲ့”
လီယွမ် က ရေကိုသောက်ကာမေးသည်။ "အာ ဘာဖြစ်လို့လဲ "
ယုလျိုယင်က သူ့လက်ကို အိတ်ကပ်ထဲက ထည့်ကာ ဖြေးညှင်းစွာ အောက်ကိုဆင်းပြီး ငြီးငွေ့မှု အရိပ်အယောင်နဲ့ပြည့်နှက်သည့် တိုးညှင်းတဲ့ အသံထွက်လာသည်။
"ရုပ်ရှင်လတ်မှတ်တွေက လွယ်လွယ်နဲ့ရတယ်လေ"
ငြီးငွေ့ဖို့ကောင်းတယ်။
"ဟမ် ?" လီယွမ် ခဏတာ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ "ငါတို့ကျောင်းက ရုပ်ရှင်လက်မှတ်တွေ ထုတ်နေတုန်းပဲလား? ဘာလို့ ဒီလောက်ကောင်းတာ မကြုံခဲ့ရတာလဲ?"
“...”
ဆန်းကျုံ မှာရှိတဲ့ ပိုင်ရွှင်းယီ၏အိမ်ကိုရောက်ဖို့ မိနစ် ၂၀ လောက်အချိန်ယူရသည်။ သူမ အိမ်ပြန်ရောက်တဲ့အချိန်မှာ ၈ နာရီထိုးလုနီးပါးဖြစ်နေပြီ။ သူမအမေ၊ ကျင်းဟွေ့ရင်း က သူမ အိမ်ပြန်ရောက်တာကို မြင်တဲ့အခါ ပန်းကန်ဆေးရင်းနဲ့ပြောလာသည်။ "မင်းတို့ရဲ့အထက်တန်းကျောင်း ကိုယ့်ဘာသာ စာလေ့လာနေတာလား? လွန်ခဲ့တဲ့ လရဲ့ရက်အနည်းငယ်ကတည်းက မင်း ဘာလို့ အိမ်ကိုနောက်ကျမှပြန်လာရတာလဲ ? မင်းရဲ့အစာအိမ်က ဗိုက်ဆာနေလောက်ပြီ "
ပိုင်ရွှင်းယီ အဝတ်အစား ကို လဲဝတ်သည်။ အချိန်ခဏကြာပြီးနောက် နှုတ်ခမ်းကိုဖိကိုက်ကာ စာရွက်အပိုင်းအစပေါ် စာလုံးအနည်းငယ်ချရေးပြီးနောက် ကျင်းဟွေ့ရင်း ဘက်သို့ ပြလိုက်သည်။
"အမေ သမီးရဲ့အတန်းဖော်တွေနဲ့ အတူတူစားခဲ့ပြီးပြီ သမီး ဗိုက်မဆာပါဘူး"
ကျင်းဟွေ့ရင် အံ့အားသင့်သွားကာ မျက်လုံးများသည် လှပစွာရေးထားသော စက္ကူဖြူမှ စာရွက်နောက်ဘက်ရှိ အဖြူရောင်မျက်နှာငယ်လေးဆီသို့ ပြောင်းသွားသည်။
ကောင်မလေး၏အသားအရည်က ဆင်စွယ်လိုမျိုး ဖြူဖွေးကာ ဖောက်ထွင်းမြင်ရလုနီးပါး ရှိ၏။ အပေါ်နှုတ်ခမ်းသည် နီရဲနေလျက် သွားကလေးများက ဖြူဖွေးနေပြီး ကြည်လင်ပြတ်သားကာ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်မှာ အနည်းငယ် ပြုံးရုံဖြင့် တောက်ပသော မျက်လုံးများနှင့် ဖြူဖွေးနေသော သွားများကို ပေါ်လာစေ၏။
ဘယ်လိုဘဲဖြစ်ဖြစ် မတော်တမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲ့မတော်တမှုကြောင့်ဘဲ သူမ ဟာ ဆွံ့အသွားခဲ့သည်။
လွန်ခဲ့သော၂နှစ်အတွင်း ပိုင်ရွှင်းယီ၏အေးမြကြည်လင်သောအသံကို ထပ်ကြားမရတော့။ ထိုဖြစ်ရပ်ကြောင့် အမေနှင့်သမီးဖြစ်သူတို့ဟာ သူတို့၏စကားပြောခြင်းအမှုကို စာရွက်နဲ့ခဲတံတို ဆီမှာသာ ပုံအပ်ထားခဲ့သည်။
"ကောင်းပြီ အခု ပိုပြီးလေ့လာနိုင်တာ အဆင်ပြေပါတယ်" ကျင်းဟွေ့ရင်း က ပြုံးပြီး ပန်းကန်ပြားများကို စားပွဲပေါ်သို့တင်ရင်း ပြောသည်။ "ဒီနှစ်က အထက်တန်း ဒုတိယနှစ်လေ အချိန်ပိုယူတော့ သင်ခန်းစာတွေ များများလေ့လာလို့ရတာပေါ့ "
ပိုင်ရွှင်းယီ ခေါင်းညိတ်ပြပြီး စားပွဲတွင်ဝင်ထိုင်ကာ တိတ်တဆိတ် ညစာစားခဲ့သည်။
စကားမပြောနိုင်တော့သည့်အခါ ပိုင်ရွှင်းယီ အမှန်တရားကို သိရှိသွားခဲ့သည်။
တခါတလေ မတရားတာတွေရှိရင်တောင် ပြန်မခုခံနိုင်ပါ။ လျစ်လျူရှုလိုက်တာ (သို့) အမိန့်ပေးတာကို နာခံလိုက်တာကမှ ဘဝကို ပိုကောင်းအောင် လုပ်ပေးလိမ့်မည်။ အနည်းဆုံးတော့ လူတွေရဲ့ပတ်ဝန်းကျင်မှာ နေရတာ စိုးရိမ်စရာမလိုတော့။ ဒါကြောင့် ပိုင်ရွှင်းယီ က ကျောင်းမှာ အနိုင်ကျင့်ခံရတာ ဘယ်တော့အခါမျှပြောမည်မဟုတ်ပေ။
ဘဝကြီး က ဆိုးရွားခဲ့တာ လုံလောက်ပြီ။ အမေ့အပေါ် စိတ်ခံစားချက်မကောင်းအောင် မလုပ်ချင်ပေ။
မှန်တာပေါ့ တခြားအကြောင်းအရာတွေရှိပေမဲ့ သူမ က အဲ့အကြောင်းတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။
ပိုင်ရွှင်းယီ အခန်းထဲပြန်ရောက်လာပြီး ဖုန်းကို ကြည့်လိုက်သည်။ ဖုန်းထဲတွင် အမို ဆီက စာတွေအများကြီးရောက်နေခဲ့သည်။ စာထဲမှာပါဝင်သော အကြောင်းအရာမှာ —[ကလေးရေ အမှတ်၃ကျောင်းကို ပြောင်းဖို့အတွက် လုပ်ထုံးလုပ်နည်းတွေက ပြီးခါနီးပြီ ဟ ဟ ဟ နောက်ဆုံးတော့ နင့်ကို နေ့တိုင်းတွေ့လို့ရပြီ]
[အာ ဘာလို့ စာမပြန်တာလဲ? ၆ နာရီတောင်ထိုးနေပြီ နင် ကျောင်းမှာဘဲ ရှိနေတုန်းလား!]
[ရှန်းချုရန်က နင့် ကို ထုံးစံအတိုင်း အခန်းထဲ ထည့်ပိတ်ထားပြန်ပြီလား]
[အာ သူမက အရမ်းအနှောင့်အယှက်ပေးတာဘဲ]
အမို သည် ဆက်တိုက် စာအစောင် ၅၀ ကျော်ကိုပို့ နိုင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပြီး သူမဘက်က စာမပြန်ဘူးဆိုရင်တောင် ဆက်တိုက်ပို့နေလိမ့်မည်။
သူ အမိုကို ကလေးဘဝထဲက သိခဲ့တာဖြစ်ပြီး အမိုကလဲ သူမအကြောင်းကို ကောင်းကောင်းသိသည်။ အမို ပြန်ရောက်တော့မည်လို့ပြောသည့်အခါ သူမ မထိန်းနိုင်ပဲ ရယ်မောမိသည်။
[မဟုတ်ဘူး ငါ အခုမှအိမ်ကိုပြန်ရောက်တာ]
[ဒီနေ့ ငါအလုပ်ရှုပ်နေလို့ ဖုန်းကိုမကြည့်မိလိုက်ဘူး]
အမို သူမကို စိတ်ပူနေမှာ မလိုချင်ပေ။
ရှန်းချုရန် အကြောင်းကိုတွေးမိသည့်အခါ သူမ၏မသိစိတ်က ကျောင်း၏လှေကားထစ်တွင် ဆုံခဲ့သည့်ကောင်လေးတစ်ယောက်ကို သွားသတိရမိသည်။
ယုလျိုယင်။
ဒီစကားလုံး ၃လုံး၏အဓိပ္ပါယ်ကဘာလဲ? လျိုယင်ရဲ့ ‘လျို’ က ကျဆင်းခြင်းလား? ငွေလား (သို့) ရွတ်ဆိုခြင်းလား?
သူမ စဥ်းစားလို့ မရပေ။
ဒါပေမယ့် ဖြစ်ကောင်းဖြစ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ရှန်းချုရန် က သူမတွေ့ခဲ့သည့် ကောင်လေးကို ကြိုက်နေသည် ဆိုတာပင်။ ဒါမှမဟုတ်လည်း သူတို့ ၂ ယောက်က သူငယ်ချင်းတွေ ဖြစ်နိုင်သည်။