no

Font
Theme

Ch-6 : နာကျင်မှု

ယုလျိုယင် က သူမကို ကူညီလိမ့်မယ် လို့ တစ်ခါမှမတွေးထား။

သူမ နှုတ်ခမ်းကို အကူအညီမဲ့စွာဖြင့် ကိုက်ရင်း ‘ကျေးဇူးတင်ပါတယ် ‘လို့ ပြောချင်ပေမဲ့ ဖုန်းက အခန်းထဲ ကျန်ခဲ့သည်။ သူမ နှုတ်ခမ်းဟကာ "ကျေးဇူးတင်ပါတယ်" ပြောခဲ့သည်။

​ ကောင်​လေး သည် အလုပ်လုပ်စဥ် အရမ်းသက်တောင့်သက်သာရှိနေ၏။ အမှန်တော့ ယုလျိုယင် သည် ခုံကို လက်တစ်ဖက်ထဲဖြင့် မယူခဲ့သည်။ သူမ ကျေးဇူးတင်စကားပြောတာမြင်တော့ သူ က “မင်း ငါ့ကို တကယ်ကျေးဇူးတင်ချင်တာလား?”

ပိုင်ရွှင်းယီ အလျင်အမြန်ခေါင်းညိတ်ပြလိုက်၏။

“ဒါဆို မင်း ထီးကိုင်ထား၊ မင်းဘက်မှာထား ငါ့ဘက် မထားနဲ့ "ယုလျိုယင် တီးတိုးပြောလာသည်။ "မင်းရဲ့ဘက်မှာပဲ ထား"

ပိုင်ရွှင်းယီ ထီးကိုကိုင်ထားခြင်းနဲ့သူမတို့နှစ်ယောက် ထီးကို အတူကိုင်ထားခြင်း ကြားထဲက ခြားနားချက်ကို နားမလည်ပေ။ သူမ၏ခန္ဓာကိုယ် တစ်ဝက် ရေစိုနေပြီ ဖြစ်သည်။

ပိုင်ရွှင်းယီရဲ့လည်ပင်း နီရဲနေ၏။ သူမက နှုတ်ခမ်းကိုဖိကာ ပြုံးပြပြီး သူမရဲ့လက်များ မရွေ့လျားခဲ့။

သူမ က အရမ်းခေါင်းမာသည်။ ယုလျိုလင်၏ခေါင်းပေါ် ထီးမိုးပေးထားဆဲပင်။

ယုလျိုယင် မတက်နိုင်ပဲ ကူရာမဲ့စွာ သူ၏ခြေလှမ်းကို အရှိန်တင်ကာ အခန်း၃ ၏ သင်ကြားရေးအဆောက်အအုံထဲ အလျင်အမြန် လျှောက်တော့သည်။

ပိုင်ရွှင်းယီ ကို ကူညီပြီး ပစ္စည်းများကို အတန်းထဲသို့ ရွေ့ပေးခဲ့သောကြောင့် တခန်းလုံးတိတ်ဆိတ်သွား၏။ အခန်း၃ရှိ များပြားသောကျောင်းသား/သူများ ပစ္စည်းများအားလုံး ရွေ့ပြီးပြီ။ ယုလျိုယင် ကိုမြင်တော့ သူတို့ အံ့အားသင့်သွားကြသည်။

ပိုပြီး အံသြစရာကောင်းတာက ယုလျိုယင် ပိုင်ရွှင်းယီကို ကူညီပြီး ပစ္စည်းတွေရွေ့ပေးနေခဲ့ခြင်းပင်။

ကျောင်းသား/သူများ မသိမသာ ရှန်းချူရန်ဘက် လှည့်ကြည့်ကြသည်။ ပြတင်းပေါက်အနား ထိုင်ပြီး မိတ်ကပ်ကိုကျော့ရှင်းစွာ လိမ်းနေသည့် သူမ၏မျက်နှာမှာ မိတ်ကပ်မဖုံးနိုင်လောက်အောင် ရုပ်ဆိုးနေ၏။

“မင်း ဒီမှာနေခဲ့" ယုလျိုယင် ပတ်ဝန်းကျင်ရှိလူများကို လှည့်မကြည့်ပဲ ပိုင်ရွှင်းယီကိုသာ စကားပြောနေခဲ့သည်။ ထို့နောက် လှည့်ထွက်သွား၏။

ယုယျိုယင် သူမ၏ထီးကိုလုယုခဲ့ပြီး သူမကို အပြင်မထွက်ခိုင်းတော့ပေ။ ထို့နောက် သူ သူမ၏စားပွဲများကို ကူရွေ့ပေးခဲ့သည်။

ပိုင်ရွှင်းယီ သည် ယုယျိုယင်၏ထွက်ခွာသွားသော ပုံရိပ်ကို ရပ်ကြည့်နေခဲ့သည်။ သူမ၏ခပ်မြင့်မြင့်စီးထားသော ဆံပင်မှ ရေများ တစက်ပြီးတစက်ကျနေကာ သွယ်လျသောကော်လာအနောက်သို့ အအေးဓာတ်တစ်ခု စီးဆင်းသွား၏။

“ပိုင်ရွှင်းယီ” ရှန်းချုရန် သည်းခံရင်း သည်းခံခဲ့ပေမဲ့ လာမမေးပဲလည်း မနေနိုင်ချေ။ "ယုလျိုယင် က ဘာလို့နင့် ပစ္စည်းတွေရွေ့ပေးတဲ့နေရာမှာ ကူညီပေးတာလဲ? ”

သူတို့လည်း ရှန်းချုရန် မေးသည့်မေးခွန်းကို တခြားသူများလဲ သိချင်နေ၏။ ဒါ့ကြောင့် မျက်လုံးများစွာက ပိုင်ရွှင်းယီကို ကြည့်နေကြသည်။

သို့သော် ပိုင်ရွှင်းယီ ကို စိုက်ကြည့်နေသောအကြည့်များတွင် ရှန်းချူရန်၏အကြည့်က အပြင်းထန်ဆုံးဖြစ်သည်။

ပိုင်ရွှင်းယီ မျက်မှောင်ကြုံ့သွား၏။ သို့ပေမဲ့ ‘မသိဘူး’ လို့ပြောလိုက်ရင်လဲ ရှန်းချုရန်မယုံမှာ စိုးမိသည်။

“နင် စကားပြောလေ” ရှန်းချုရန် က စိုးရိမ်တကြီးဖြစ်နေပြီး လေသံထဲ ဒေါသအသံပါဝင်နေ၏။

ရှန်းချုရန် မျက်မှောင်ကြုံ့၍ ပိုင်ရွှင်းယီ ကို တွန်းလိုက်သည်။ "နင်တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ် သိနေကြတာလဲ?!”

တစ်တန်းလုံးမှာရှိနေသည့် မိန်းကလေးများ သည် ရှန်းချုရန် ယုလျိုယင်ကို ကြိုက်နေသည်ကို သိကြသည်။ ယေဘုယျအားဖြင့် မိန်းကလေးတချို့ ယုလျိုယင်ကို မချဥ်းကပ်ကြဘူး။ သို့သော် လျိုယင် က ဘာလို့ ငအမ၊ ပိုင်ရွှင်းယီရဲ့ပစ္စည်းတွေကူသယ်ပေးတာလဲ?!

မိုးရွာသည်ဖြစ်စေ၊ ချွေးထွက်သည်ဖြစ်စေ၊ မသက်မသာဖြစ်စေသော စိတ်ခံစားချက် ရှန်းချုရန် ရဲ့နှလုံးသားမှ ထွက်ပေါ်လာခဲ့ကာ ရှန်းချူရန်၏လက်ဖဝါးများ စိုစွတ်နေ၏။

ရှန်းချုရန် မျက်မှောင်ကြုံ့ပြီး ပိုင်ရွှင်းယီကို နံရံဆီ ထပ်တွန်းကာ သူ၏သွယ်လျသော ခန္ဓာကိုယ် ဖြေးဖြေးချင်းယိုင်ကျလာ၏။ ရှန်းချုရန် ရဲ့မျက်လုံးထဲ ရွှံ့ရှာဖွယ်အရိပ်အယောင်များလည်းရှိနေ၏။

ပိုင်ရွှင်းယီ သည် ရှည်လျားသော မျက်တောင်များဖြင့်မော့ကာ ရှန်းချူရန်ကို ခံစားချက်မရှိသော မျက်လုံးသေများဖြင့် ကြည့်နေခဲ့သည်။ ပိုင်ရွှင်းယီ ရေးတေးတေးကြည့်လိုက်သည့်အခါ ရှန်းချူရန်၏နောက်ကျော နားမလည်နိုင်စွာ အေးစက်သွားသည်။

“အိုး နင် စကားမပြောနိုင်တာကို မေ့နေခဲ့တာဘဲ" အချိန်အတော်ကြာပြီးနောက် ရှန်းချုရန် ဘာမှမဖြစ်သလိုဟန်ဆောင်နေလေသည်။

မထွက်သွားခင် ရှန်းချုရန် ပိုင်ရွှင်းယီကို မထီမဲ့မြင်​ပြုသော မျက်လုံးတစ်စုံဖြင့် ကြည့်ကာ လေသံခပ်နိမ့်နိမ့်ဖြင့် ပြောခဲ့သည်။ "ငအမ က ငါနဲ့ရန်ဖြစ်ဖို့ ထိုက်တန်လို့လား?”

ထိုစကားကို ကြားတော့ ပိုင်ရွှင်းယီ၏မျက်လုံး ကျဥ်းမြောင်းသွား၏။ ပိုင်ရွှင်းယီ ရှန်းချုရန် ရဲ့ပူပင်သောကရောက်နေသော သဲလွန်စကို မြင်လိုက်သည်။

ထို့အပြင် သူမ ရှန်းချုရန် နဲ့စကားများဖို့ အတွေးထဲမှာတောင် မရှိပါ။

ဒီလို အဓိပ္ပါယ်မဲ့သည့် ဆွေးနွေးပွဲမျိုး က လူအများကို စိတ်ပျက်စေသည်။

ပိုင်ရွှင်းယီ မျက်လွှာချကာ ရှန်းချုရန်ကို ဖြတ်ပြီး ထိုင်ခုံတွင် ထိုင်ရန် ပြန်လာသည်။

သူမ ထိုင်ခုံပေါ် ထိုင်ချရင်း ယုလျိုယင် က ဘာလို့ ပစ္စည်းကူသယ်ပေးခဲ့သလဲကို စဥ်းစားနေခဲ့သည်။

“ယုလျိုယင်က လူကောင်းတစ်ယောက်ဘဲလေ။ ဟုတ်တာပေါ့ ငါ့ဆိုလဲ ကူညီပေးမှာဘဲ။ ကောင်မလေးတစ်ယောက်ထဲ သူမဘာသာပစ္စည်းတွေသယ်နေရတာကို" ရှန်းချုရန် သူ၏အတန်းဖော် သူငယ်ချင်းများကိုကြည့်ကာ စိတ်အားထက်သန်စွာဖြင့် ပြောပြလေသည်။ သူမ ကိုယ်တိုင်တောင် သူမ ဘာပြောနေသလဲဆိုတာကို မသိခဲ့ဘဲ ​ကျယ်လောင်စွာဖြင့် ပြောနေခဲ့သည်။

“ဘာမှနားလည်မှုမလွဲကြနဲ့၊ သူတစ်ပါးကိုချစ်ခင်ခြင်းမှ ရှောင်ကြဥ်ကြ"

ဤသည်မှာ "အချုပ်အခြာ အာဏာကြေညာခြင်း"ဖြစ်သည်။ သို့သော် ရှန်းချုရန် လျိုယုယင်ကို လိုက်လို့မရတာ ဖြစ်နေတာကို မသိတဲ့သူ ဘယ်သူရှိသလဲ?

ဘယ်သူ့ကို အချုပ်အခြာအာဏာ ကြေညာတာလဲ?

ဒါက အရမ်းရယ်စရာ ကောင်းလွန်းနေသည်။

သို့သော် ရှန်းချုရန် ကို အားပေးသည့် လူတချို့ ရှိခဲ့သလို ပိုင်ရွှင်းယီ ကို ပဲ တိတ်တဆိတ် စိတ်ဝင်တစားကြည့်နေခဲ့သည့် လူတချို့လည်းရှိနေခဲ့သည်။ သူမ၏မျက်ခုံး အေးစက်ငြိမ်သက်နေသည်။ ရှန်းချုရန် ပြောတာက သူမနဲ့ဘာမှမဆိုင်သလိုပင်။

ပိုင်ရွှင်းယီ တွင် လူရွှင်တော်ဖျော်ဖြေပွဲကို ကြည့်ဖို့ ရည်ရွယ်ချက်မရှိပါ။ လူရွှင်တော်က သူမရှေ့မှာ ခေါင်းကုတ်နေခဲ့ရင်တောင်မှပေါ့။

ပြောရရင် သူမ ဟာ ဘာထူးခြားမှုမှ မရှိသည့် လူတစ်ယောက်ဖြစ်သည်။

ခဏကြာပြီးနောက် ယုလျိုယင်က ‘ထောင်သောင်းမက မျှော်လင့်ချက်’ထဲ ပိုင်ရွှင်းယီကို ကူညီပြီး စားပွဲရွေ့ပေးခဲ့သည်။ ရှန်းချုရန် သည် ပိုင်ရွှင်းယီ၏နောက်တွင် ရပ်နေဆဲဖြစ်ပြီး မထွက်ခွာသွားသေးပေ။ ယုလျိုယင်ကို မြင်တော့ ရှန်းချုရန် ၏မျက်ဝန်း အရောင်တောက်လာကာ ယုလျိုယင် ဆီ အမြန်လျှောက်လာသည်။

“ယုလျိုယင် နင့် အဝတ်အစားတွေစိုကုန်ပြီ ငါ့ဆီမှာ ဆံပင်အခြောက်ခံတဲ့စက်ရှိတယ်။ နင့်အဝတ်အစားတွေကို အခြောက်ခံတဲ့နေရာမှာ ကူညီပေးလိမ့်မယ်"

ရှန်းချုရန်က လွဲလို့ ဘယ်သူမှ ကျောင်းကို ဆံပင်အခြောက်ခံစက်နှင့်မိတ်ကပ်ပစ္စည်းအပြည့်အစုံကိုမယူလာပါ။

ယုလျိုယင်၊ ပိုင်ရွှင်းယီနှင့်ရှန်းချူရန်တို့သည် တြိဂံပုံစံများဖြစ်နေပြီး လူအများကို ထူးဆန်းသောဆွဲဆောင်မှု ဖြစ်စေသည်။

လူတိုင်း က အတင်းအဖျင်း ကြည့်ရတာကို ကြိုက်တာ သဘာဝပင်ဖြစ်သည်။

ယုလျိုယင် က ရှန်းချူရန်နှင့်ပိုင်ရွှင်းယီကို လျစ်လျူရှုသည်။

ဒါက ရှန်းချူရန်ပြောခဲ့သလိုဘဲ ယုယျိုယင် က" ဒီအတိုင်းကူညီခဲ့တာ ‘ ဖြစ်သည်။ ယုလျိုယင် ပိုင်ရွှင်းယီ၏စားပွဲခုံကို ပိုင်ရွှင်းယီ အရှေ့ သို့ ရွေ့ပေးခဲ့သည်။ ဆံပင်စိုစွတ်နေသည့် ကောင်လေးက လက်တဖက်ထဲဖြင့် ခုံကို ယူလာကာ သပ်သပ်ရပ်ရပ်ထွက်ခွာသွားသည်။

ယုလျိုယင်၏လှုပ်ရှားမှုကြောင့် သူ၏ဆံပင်များမှ ရေစက်ပေါင်းများစွာ ပိုင်ရွှင်းယီ၏စားပွဲ ပေါ် ကျဆင်းခဲ့သည်။

ပိုင်ရွှင်းယီ မျက်လုံးကိုငုံကာ ရေစက်များ ကြည့်နေခဲ့ပြီး ရှန်းချူရန်၏အသက်ရှူသံပြင်းပြင်းကိုလဲ သူမ၏နားထဲတွင် ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။

ဒါ ရှန်းချုရန် ၏ပထမဦးဆုံးအကြိမ် ပျော်ရွှင်မှုဆိုတာသိသာလို့နေ၏။ ဘာကြောင့်လဲဆိုတော့ ယုလျိုယင်ရဲ့အမူအရာများ က ထူးထူးခြားခြားပြောင်းလဲသွားခြင်း မရှိသောကြောင့်ဖြစ်သည်။

ရှန်းချုရန် ပျော်ရွှင်စွာ ညည်းရင်း မိမိ၏ထိုင်ခုံဆီသို့ ပြန်သွားသည်။

စက္ကန့်ပိုင်းအနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ပိုင်ရွှင်းယီသည် သူမ၏ဆံပင်များကို အခြောက်ခံရန် ဆံပင်များ ဖြန့်ထားပြီး ကျောင်း locker မှ ထည့်ထားတဲ့ကျောင်းဝတ်စုံကို ထုတ်ခဲ့သည်။

အဝတ်အစားများကိုထုတ်ယူလိုက်သည့်အခါ စာတစ်စောင် မြေပြင်ပေါ်သို့ ကျသွား၏။

သူမ၏locker ထဲတွင် မည်သည့်စာမှမရှိတာ ရှင်းရှင်းလင်းလင်းမှတ်မိသေးသည်။

သူမ ခဏလောက် အံသြသွားခဲ့ပြီး မြေပြင်ပေါ်သို့ ကျနေတဲ့ စာရွက်အပိုင်းအစကို အလျင်အမြန်ကောက်ယူလိုက်သည်။

အနက်ရောင် ကာဗွန်ဘောပင် ကို စာလုံးများ ခပ်ကြီးကြီးရေးရာ၌ အသုံးပြုသည်။ အကြည့်တချက်မှာတင် ထိုကောင်လေးရဲ့လက်ရေးနဲ့တူ၏။ စာလုံးအချိတ်အဆက်များသည် နဂါးများ ဖီးနစ်များနှင့်အတူ ကခုန်နေသည်နှင့်တူ၏။

‘ငါ့ကိုကျေးဇူးတင်ဖို့ သတိရပါ’

ယုလျိုယင် သည် အကျိုးမရှိသောအရာများကို မလုပ်ဘဲ"ကျေးဇူးဆပ်"စေချင်နေသည်။

ပိုင်ရွှင်းယီ အချိန်ကြာအောင် ကြည့်ခဲ့ပြီးနောက် ခံစားချက်များသည် ရှုပ်ထွေးရင်း ရှုပ်ထွေးလာခဲ့သည်။ ထို့နောက် စာရွက်အပိုင်းအစကို ညင်သာစွာခေါက်လိုက်တော့သည်။

“နွေရာသီအားလပ်ရက်ခရီးက မနက်ဖြန် စတင်လိမ့်မယ်" အတန်းဖော်များ သူတို့စားပွဲခုံများကို အခြားတစ်ဖက်သို့ရွေ့ပြီးနောက် အတန်းပိုင်ဆရာမရှန်းယန်လီ သည် စင်မြင့်ပေါ်တွင် စကားစပြောသည်။

“စာများများလုပ်ပါ၊ အားလပ်ရက်မှာ အမြဲတမ်း အပြင်ထွက်မကစားပါနဲ့၊ နောက်စာသင်နှစ် ရှိသေးတယ်၊ ဆရာမ အထက်တန်း တတိယနှစ်မှာ ရှိမယ်၊ ဒီနှစ်ပြီးသွားရင် ကစားဖို့ အချိန်ရှိတယ် "

ပိုင်ရွှင်းယီ နားထောင်သယောင် လုပ်နေခဲ့သည်။ ထိုအချိန် ဖုန်းတုန်ခါသွား၏။ ‘အမို’ စာပို့တာဖြစ်သည်။

[ယီယီ နင့်စားပွဲရွေ့လို့ ပြီးသွားပြီလား? လင်းလန်မြို့မှာတော့ မိုးထပ်ရွာနေပြန်ပြီ]

ပိုင်ရွှင်းယီ မသိစိတ်အရ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ လျော့သွားသော မိုးဖွဲများ ပျောက်ကွယ်ပြီဖြစ်သည်။

ကျောင်းသားတွေကို တမင်လုပ်နေသလိုပဲ။ စားပွဲများရွေ့ပြီးနောက် ကောင်းကင်သည်လဲ ကြည်လင်သွားခဲ့သည်။

သက်တံကိုတောင်မှ ကောင်းကင်ပေါ်မှာ ရေးတေးတေးမြင်ရသည်။ ‘ကောင်းကင် ရုတ်တရက် ကြည်လင်သွားတယ်’ လို့ ပိုင်ရွှင်းယီ မထင်မှတ်ပဲခံစားရသည်။ သူမ ခေါင်းငုံကာ အမိုထံ စာပြန်လိုက်သည်။

[အမို ငါ အရမ်းထူးခြားတဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့တယ်]

“အကိုယု ကို မျက်နှာသုတ်ပဝါပေးမယ်"

ယုလျိုယင် အတန်းသို့ပြန်ရောက်သောအခါ မျက်နှာသုတ်ပဝါ သူ့ဆီကို ​ပျံသန်းလာ၏။

ယုလျိုယင် သည် လက်ကို ဆန့်ထုတ်ကာ ဖမ်းလိုက်ပြီး စို​နေသော ဆံပင်များကို သုတ်လိုက်သည်။ လီယွမ် က သူ့​ ဘေးနားကနေ တက်ကြွစွာဖြင့် မေးမြန်းသည်။

“အကိုယု မင်း ဆွံအ​နေတဲ့ကောင်မလေးကို စားပွဲရွေ့ပေးတဲ့ နေရာမှာ တကယ်ပဲ ကူညီပေးခဲ့တာလား?"

“မဟုတ်ရင်ကော? ငါ မိုးရေထဲထွက်ဆော့ဖို့သွားတယ် ထင်နေသလား?"

“မဟုတ်ဘူး အကိုယု မင်းက လူတွေကို လိုက်တဲ့နေရာမှာ တကယ့်ကို တီထွင်ဖန်တီးနိုင်တဲ့သူပဲ" လုယီက မြင်ကွင်းနဲ့ပတ်သက်လို့ စောင့်ကြည့်နေစဥ် မတက်နိုင်ပဲအပြစ်တင်သည်။ "ဘာလို့ စားပွဲရွေ့ဖို့ စောစောမသွားတာလဲ? မင်း ကောင်မလေးကို ရေစိုအောင်ထားတယ်၊ မိုးရွာနေတယ်လေ"

သူတို့လေးယောက် ပစ္စည်းများရွေ့ပြီးတာ ကြာနေပြီဖြစ်သည်။ သူတို့သည် အို​ဟောင်းနေသော အဆောက်အအုံသို့ ပြန်သွားကာ ကူညီရန်ပင် အစီအစဥ်များချခဲ့ကြသည်။

‘ပိုင်ရွှင်းယီ’ ကို လိုက်နိုင် မလိုက်နိုင် လောင်းထားခဲ့ကြလို့ သူတို့ ၃ ယောက်ကို ယုလျိုယင် ကို အတန်း ၃ ဆီ တွန်းပို့ခဲ့သည်။ သူတို့လည်း စိတ်အားထက်သန်စွာလိုက်လာခဲ့သည်။

ယုလျိုယင် အမှောင်ထဲကနေ ပိုင်ရွှင်းယီ ကို ကြည့်နေခဲ့သည်။

ဒီကောင်မလေး ဘယ်သူ့အကူအညီမှမရှိဘူး။ သူမဘေးဘက်မှာ စားပွဲနဲ့ထိုင်ခုံတွေရှိခဲ့သည်။ သူမကို ကြည့်ရတာ အရမ်းထီးကျန်ပုံပေါ်နေ၏။

‘သူမကိုလိုက်မယ်’ လို့ ကြိမ်းဝါးသည့်လူက ကောင်မလေး အကြပ်ရိုက်နေတာ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးမှ မိုးရေထဲသို့ ထွက်သွားကာ ကူညီ​ပေးဖို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

လုယီ မတက်နိုင်ပဲ ယုလျိုရင်ကို ကန်ချင်နေ၏။

ပိုင်ရွှင်းယီ၏သေးငယ်သော အရိုးများသည် စားပွဲနှင့်ကုလားထိုင်ကို ရွေ့နိုင်တဲ့ အင်အားမရှိချေ။ ယုလျိုယင် မလှုပ်ရှားရင် သူလည်း မထိန်းနိုင်ပဲ သွားကူညီမိလိမ့်မည်။

“မင်းလိုလူမျိုးနဲ့မင်းတွေ့ရင် မင်းလိုက်လို့မရဘူး"

ယုလျိုရင် လုယီ၏စွပ်စွဲချက်များကို နားထောင်ပြီး မသိမသာပြုံး၏။

လုယီ တစ်စုံတစ်ခုကို သိနေခဲ့သည်။ သူ ကူညီဖို့ ထရပ်ခဲ့သည်။ သို့ပေမဲ့ လူနှစ်ယောက် ဘယ်လိုတောင် မိုးရေထဲ အတူတူ"ကြည်နူး"နိုင်ရတာလဲ?

အခု ပိုင်ရွှင်းယီ ယုလျိုယင် ကို ထီးဆောင်းပေးခြင်းဖြင့် မိုးရေထဲတွင် ကူညီခဲ့သည်။ ကောင်မလေး၏နားရွက်များသည် မိုးရေကြောင် စိုစွတ်နေခဲ့သည်။

အထူးသဖြင့် ကြည်လင်သော အသားအရေမှာ သိသာလာခဲ့သည်။

“မင်း မိုးရွာတဲ့နေ့တွေမှာလူတွေကို စားပွဲခုံ ရွေ့တာကို ကူရင်း ကုသိုလ်ယူလို့ရတယ်" ကျိုးရှင်း က သူ၏မျက်လုံးကို ပင့်ကာ ယုလျိုယင် ၏အတွေးများနေသော ပုံရိပ်ကို ကြည့်ရင်း "အကိုယု မင်း လောင်းကစားကို လုပ်တာကို ကြိုက်တာလား? လူကိုကြိုက်တာလား?"

လီယွမ်နဲ့လုယီ ကြားတော့ သူတို့နှစ်ယောက်လုံးသည် ကျိုးရှင်းဆွေကို အနည်းငယ်တအံ့တဩကြည့်လိုက်ကြသည်။ မျက်လုံးများတွင် ပေါ်နေသော ခံစားချက်များလည်း တောက်ပနေ၏။ ယုလျိုယင် က ဘယ်လိုလုပ် ဆွံ့အနေတဲ့ကောင်မလေးကို ကြိုက်မှာလဲ?

ယုလျိုယင် သူ၏ဆံပင်များကို ဆက်သုတ်နေရင်း ရယ်မောကာ မျက်နှာသုတ်ပဝါကို ချလိုက်သည်။ "မင်းဘယ်လိုထင်လဲ?"

ကျိုးရှင်းဆွေ ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး ရိုးရိုးသားသားပြန်ဖြေ၏။"အချက်အလက်အရတော့ အဲ့ငအမလေးက အရမ်းလှတယ် ကြိုက်မိတာ သာမန်ပါပဲ"

“အမှန်ဘဲ" ယုလျိုယင် မျက်နှာသုတ်ပဝါကိုစားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ လူငယ်လေး၏မျက်နှာ သည် ကြည်လင်နေကာ စျေးကြီးသည့်ပုံပေါ်ပြီး ခြောက်သွေ့တိုတောင်းသော ဆံပင်များရှိသည်။

သူ့ကိုကြည့်လိုက်ရာ သူ၏မျက်လုံးထဲ မိုက်မဲဆိုးသွမ်းသည့်ပုံပေါ် နေ၏။ "ဒါပေမဲ့ ငါက အလောင်းအစား အတွက်ဘဲ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment