Chapter 7 : နာကျင်မှု
ပိုင်ရွှင်းယီ မသိခဲ့တာက ရရှိခဲ့သောစာကို ယုလျိုယင်ကိုယ်တိုင် ရေးသားခဲ့တာဖြစ်သည်။
ယုလျိုယင် က ‘ကျေးဇူးပြန်ဆပ်တာ’ လိုချင်တယ်လို့ ပြောခဲ့သည်။ သို့သော် နွေရာသီအားလပ်ရက်ခရီး စတင်ပြီဖြစ်လို့ အချိန်ရှိတယ်ဆိုရင် နောက်စာသင်နှစ်မှာ ကျေးဇူးပြန်ဆပ်ဖို့ စောင့်လို့ရလောက်လား?
ကျေးဇူးဆပ်ခြင်းဆိုသော ခံစားချက်သည် ပိုင်ရွှင်းယီကို အလွန်စိတ်မသက်သာဖြစ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေ၏။
သူမ ယုလျိုယင်အကြောင်း နှင့် တကယ်ပဲ ဘယ်လိုကျေးဇူးဆပ်ရင်ကောင်းမလဲ လို့ စဥ်းစားခဲ့သည်။
ပိုင်ရွှင်းယီ မသိခဲ့သည်မှာ ကျောင်းစာသင်နှစ်အစပိုင်းမဟုတ်ပဲ ယုလျိုယင်နဲ့ မကြာခင်အချိန်အတွင်း တွေ့ရမည်ဆိုတာကိုပင်။
အမို က လင်းလန်သို့ အနောက်တံခါးမှ သက်တောင့်သက်သာရှိစွာဖြင့် ပြန်ရောက်လာခဲ့သည်။ စည်ပိုင်းကြီး တောင်ကုန်းပေါ်ကို ပြန်ရောက်လာသကဲ့သို့ပင်။ ပိုင်ရွှင်းယီ တွင် အထက်တန်းကျောင်းသူဖြစ်ရခြင်း ၏ဖိအား နှင့် အသိစိတ်တို့ မရှိတော့ဘဲ တစ်နေ့လုံး လှည့်ပတ်ကစားရန် စိတ်အားထက်သန်နေခဲ့သည်။
အခြေခံအားဖြင့် အမို သည် ပိုင်ရွှင်းယီကို တစ်နေ့လုံး ကစားရန်လာခေါ် လေ့ရှိသည်။ ညစာကိုလဲ ပိုင်ရွှင်းယီအိမ်၌အတူတူစားရန် သွားလေ့ရှိသည်။
ကျင်းဟွေ့ရင်း၏လက်ရာသည် အလွန်အရသာရှိသည်။ အမိုကလဲ ထမင်းစားရန် နေ့တိုင်းလာလေ့ရှိသည်။ နောက်တစ်မြို့သို့ တစ်နှစ်ကျော် ပြောင်းရွေ့သွားပြီးနောက် အမိုတို့မိသားစု ပို၍တောင် ဖိအားများလာခဲ့သည်။
ထို့ကြောင့် ကျင်းဟွေ့ရင်း အမိုကို ဧည့်ခံဖို့ လှည့်ကွက်တွေပြောင်းလဲခဲ့ပြီး မျက်နှာရှိအပြုံးသည်လဲ ပို၍တိုးလာခဲ့သည်။
‘မတော်တဆ’ ဖြစ်ပြီး လွန်ခဲ့သော၂နှစ်ခန့်အချိန်က အိမ်သည် အလွန်တိတ်ဆိတ်နေခဲ့သည်။ ပိုင်ရွှင်းယီရဲ့အဖေဖြစ်သူ ပိုင်ဟောင်ရှန်း က အသံမထွက်သလို ပိုင်ရွှင်းယီသည်လည်း စကားမပြောခဲ့ပေ။ ထို့ကြောင့် သူမအမေဖြစ်သူ ကျင်းဟွေ့ရင်း အရမ်းကို အထီးကျန်နေခဲ့သည်။
အမို ပြန်လာပြီးနောက် ဆူညံသံတွေနှင့်အော်ဟစ်သံတွေကို ပြန်ကြားရသည်။ ကျင်းဟွေ့ရင်းရဲ့နှလုံးသား သက်တောင့်သက်သာရှိပြီး အိမ်နဲ့တူသော ခံစားချက်ကို ခံစားမိတယ်။
အမို က သူမအနား အလွန်ကပ်သည်။ နေ့လည်စာစားပြီးနောက် ပြုံးကာ ကျင်းဟွေ့ရင်းကို ပြောပြသည်။ "အန်တီရင်းရင်း၊ ယီယီ ကို နေ့လည်ခင်းမှာ သမီးနှင့်ကစားဖို့ ခွင့်ပြုပေးလို့ရမလား ? လင်းလန်မြို့မှာ အပန်းဖြေဥယျာဥ်အသစ်ခု ဖွင့်တယ်တဲ့၊ သမီး အဲ့ကို တစ်ခါမှ မရောက်သေးဘူး!”
သူတို့ ကစားနေတာ တစ်ပတ်နီးပါးရှိပြီလေ!
ပိုင်ရွှင်းယီ ခေါင်းကိုက်လာ၏။ ပိုင်ရွှင်းယီ နားထင်ကိုလက်ဖြင့် ဖိနှိပ်ထား၏။ သူမ ငြင်းချင်ပေမဲ့ အမေကျင်းဟွေ့ရင်းက တားမြစ်ခဲ့သည်။
“အိုကေ သွားကြလေ" ကျင်းဟွေ့ရင်း ပြုံးပြီး စားပွဲပေါ်တွင်ရှိနေသော အိတ်ကိုကောက်ယူကာ "ယီယီ အမေ သမီးရဲ့အဖေနဲ့တွေ့ဖို့ သွားရမှာဆိုတော့ သမီး အမိုနဲ့သွားလို့ရတယ်”
ပိုင်ရွှင်းယီ အံသြသွားကာ အမေဖြစ်သူကို နူးညံ့သော မျက်လုံးဖြင့် ကြည့်ပြီး ဖြေးဖြေးချင်းခေါင်းညိတ်သည်။
ကျင်းဟွေ့ရင်း အိတ်လွယ်ကာ ထွက်သွားတော့ အခန်းတိတ်ကျသွား၏။ အမို ပိုင်ရွှင်းယီ၏ပခုံးကိုပုတ်ကာ တိုးတိုးလေး ပြောသည်။ "ယီယီ အန်ကယ်ပိုင် အခုထိ နေမကောင်းသေးဘူးလား ”
လွန်ခဲ့သောနှစ်နှစ်က ပိုင်ဟောင်ရှန်းက ၇လွှာ၊ ခေါင်မိုးမှ ပြုတ်ကျကာ မတော်တဆဖြစ်ခဲ့ပြီး ကိုမာဝင်သွားခဲ့သည်။ နောက်ပိုင်းတွင် သူမရဲ့အဖေ သည် ဟင်းသီးဟင်းရွက်လိုဖြစ်လာပြီး ဆေးရုံတွင် ဆေးသွင်းခြင်းဖြင့် နေ့စဥ်ရက်ဆက် နေထိုင်ရသည်။
ဆရာဝန် က "နိုးလာမည် သို့ နောက်တစ်ကြိမ် နိုးမလာဘူး" ဆိုတာ မသေချာဘူးလို့ ပြောခဲ့သည်။
ပိုင်ရွှင်းယီ သည် ဖခင်ပိုင်ဟောင်ရှန်းကို နှစ်ပတ်တစ်ကြိမ် သွားတွေ့သည်။ သူမ သွားတွေ့သည့်အချိန်တိုင်း သူမအဖေ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေခဲ့သည်ကိုဘဲ တွေ့ရသည်။ သူမ၏နှလုံးသားကို တစ်စုံတစ်ယောက် ကုတ်ခြစ်နေသကဲ့သို့ ခံစားရသည်။
အထက်တန်းဒုတိယနှစ်တွင် အမေ ကျင်းဟွေ့ရင်းက သူမအား အပြင်ထွက်ခွင့်မပြုတော့ပေ။ အမေသည် သူမရဲ့အဖေကို စောင့်ရှောက်နေရတာကြောင့် ပိုင်ရွှင်းယီ၏စာသင်ကြားမှု တွင် ထိခိုက်မည်ကို ကြောက်ရွံ့နေခဲ့တယ်။
နောက်ပိုင်း နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့တယ်။
အမို က သက်ပြင်းချရင်း"အန်တီကအန်ကယ် အပေါ် တကယ်ကိုစွဲလမ်းတာပဲ"
ဟုတ်တယ်…။
သူတို့ သည် နတ်ဘုရား ချင်စီဟီမင် အားပေးသူကဲ့သို့ပင်။ လွန်ခဲ့သော ဆယ်နှစ်ကလို တစ်သက်လုံး ပျော်ရွှင်ရလိမ့်မယ်လို့ ထင်ခဲ့သည်။
“ယီယီ၊ နင် အဲ့အကြောင်းတွေ ပြန်မစဥ်းစားနဲ့တော့" အမို၏အသံ ပိုင်ရွှင်းယီ၏အကြောက်တရားကို ပြတ်တောက်စေခဲ့သည်။ အမို က လက်ကိုဆန့်ကာ ပိုင်ရွှင်းယီ၏ခေါင်းကို ပွအောင် လုပ်ပြီး မျက်လုံးဝိုင်းဝိုင်းကြီးကြီးများ တဖျပ်ဖျပ်ဖြင့် ပြောလာသည်။ "ကစားကွင်းကို သွားရအောင်၊ နောက်ကျသွားလိမ့်မယ်၊ နောက်မကျခင် သွားရအောင်"
ပိုင်ရွှင်းယီ က မျက်မှောင်ကြုတ်ကာ ဘောပင်ကိုကောက်ယူပြီး လိုင်းပါသော အဖြူရောင် စာရွက်အပိုင်းအစပေါ် စာရေး၍ မေးလိုက်သည်။__ ‘နင်ရှုမို နင် ဘာလုပ်နေတာလဲ?’
မနေ့က အသစ်ဖွင့်သော အပန်းဖြေဥယျာဥ် ဆီ သူမ အဖော်လိုက်ခဲ့ပြီးပြီ။ အခု အမို က တခါမှ မရောက်ဖူးဘူးလို့ ဆန်းကြယ်စွာ ပြောနေသည်။
“အိုး ငါ့မှာ အကြံကောင်းရှိတယ်" အမို ပြုံးတယ်။ သူမ၏မျက်လုံးများ သည် အလွန်ပါးနပ်၏။ သူမ ပိုင်ရွှင်းယီကို ပြောသည်။ "နင် နွေရာသီအားလပ်ရက်မှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ငွေမရှာချင်ဘူးလား၊ နင့်ကိုပြောပြမယ်၊ ငါ့မှာ နည်းလမ်းရှိတယ်"
ပိုင်ရွှင်းယီ အံအားသင့်သွား၏။__ ‘နင် ဘာလုပ်နိုင်လဲ? ‘
အဖေပိုင်ဟောင်ရှန်း ဆေးရုံပေါ်မှာ အချိန်အကြာကြီးလဲလျောင်းနေခဲ့သည့်အတွက် ဆေးရံစရိတ်သည် ပိုင်မိသားစု၏စုငွေများကို ပြောင်သလင်းခါအောင် လုပ်ခဲ့သည်။ အမေကျင်းဟွေ့ရင်း၏ဝင်ငွေ သည် အကန့်အသတ်ရှိသည့် သာမာန်အများပြည်သူ အရာရှိတစ်ဦး ဖြစ်သည့်အတွက် မိသားစုစားစရိတ်အတွက် မကာမိပေ။
ပိုင်ရွှင်းယီ မှာ ကြိုတင်စုဆောင်းဖို့နဲ့အချိန်ရှိရင် အချိန်ပိုင်းအလုပ်လုပ်ရန်အတွက် အမြဲ စဥ်းစားခဲ့သည်။
သူမ၏ချို့ယွင်းချက်ကြောင့် အင်တာနက်ကဖေးတွေ၊ အခြေခံအကျဆုံး နို့လက်ဖက်ရည်ဆိုင်တွေမှာ လုပ်ဖို့ခက်ခဲသည်။ အမို က ဘယ်လိုဖြေရှင်းချက်များ ပေးနိုင်မလဲ?
“အရူးမလေး"
“နင် သိလား အခုလမ်းဘေးဆိုင်တွေအတွက် တဲထိုးခမလိုဘူး"
????
“ဒါကြောင့်…" အမို က နောက်ဆုံးစကားလုံးကို ပြောသည်။ "ငါ ဆုံးဖြတ်လိုက်ပြီ၊ လမ်းဘေး ဆိုင်ဖွင့်ဖို့ ”
ထိုအကြံ သည် အမို၏အတွေးထဲက ထွက်လာသော စိတ်ကူးဖြစ်သည်။ စကားပြောပြီးနောက် အမို ပိုင်ရွှင်းယီကို ဆွဲထူလိုက်၏။
ကောင်မလေးနှစ်ယောက် ဘယ်နေရာကနေ ကားငှားရမှာလဲကို မသိခဲ့ကြပေ။ ထို့နောက် သူမ က သူမ၏ဝမ်းကွဲကို ကားမောင်းလိုက်ပို့ဖို့ အကူအညီတောင်းခဲ့သည်။ ထရပ်ကားဖြင့် လမ်းဘေးစတိုးဆိုင် ဖွင့်ဖို့အတွက် ပြင်ဆင်ပြီးပြီ။ -အရုပ်တွေနဲ့သေးငယ်သော ပစ္စည်းများ ဖြစ်သည်။ ဖုန်းပြောနေသည်ကို နားထောင်ရင်း အမို က ရှင်းရှင်းလင်းလင်းလုပ်ဆောင်နေကြောင်း သိရသည်။
ပိုင်ရွှင်းယီ အမိုက ရိုးရိုးတန်းတန်း ပြောနေခဲ့တာလို့ ထင်ခဲ့ပင်မဲ့ အဆင်သင့် ဖြစ်မည်လို့ မမျှော်လင့်ထားပေ။
လမ်းဘေးဆိုင် တည်ထောင်ဖို့အတွက် မပြင်ဆင်ရသေးဘူး။ ဒါ အလုပ်ဖြစ်ပါ့မလား?
အလုပ်ရူပ်နေသော အမိုကို လျင်မြန်စွာ ဆွဲကာ သူ့မဖုန်းတွင် စာရိုက်၍ပြလိုက်သည်။ -’နင့်ရဲ့အစီအစဥ်ကို ငါ့ကိုပြောပြပါအုံး’
“အဲ့ဒါက အဆင်ပြေတယ် နင် သေချာပေါက် ငွေရှာလို့ရတယ်” အမို ကတဟားဟား ရယ်ရင်း ပိုင်ရွှင်းယီကို ကားထဲ က ဘေဘီများနဲ့မိတ်ဆက်ပေး၏။
“ဘယ်လိုမှ မရနိုင်ဘူး။ သေချာအောင် ကြိုးနဲ့သေချာကျစ်ထားတာ စဥ်းစားကြည့်၊ တစ်ဒေါ်လာကို ၁၀ခုပစ်လို့ရတယ်၊ ငွေရှာရတာ က ကိတ်မုန့်တစ်ခုလုပ်ရသလိုဘဲ လွယ်တယ်"
သို့သော် ပိုင်ရွှင်းယီ တွေးခဲ့တာက အမို ပြောသလို စီးပွားရေးလုပ်ကတာက မရိုးရှင်းဘူး ဆိုတာပါပဲ။
‘ပစ္စည်းတွေ အသိမ်းခံရရင် ဘယ်လိုလုပ်မလဲ’
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ?” အမို၏မျက်လုံးများ က ပြူးကျယ်သွား၏။
“ငါ့စက်ဝိုင်း က အလွန်ပေါ့ပါးသလို၊ ငါတို့ ပစ္စည်းတွေကို အဝေးမှာထားမယ်၊ ဘယ်သူက ယူသွားနိုင်လဲမလဲ? ပြီးတော့ ငါတို့ အရင်းအနှီး က ၂၀၀ အောက်လေ၊ အမြတ်အစွန်းအများကြီးထွက်လိမ့်မယ် စိတ်မပူနဲ့"
အမို သည် ငွေကြေးတတ်နိုင်သည့် မိသားစုမှ ကလေးဖြစ်သည်။ ပြီးတော့ သူမသည် ငွေဆုံးရှုံးရမည်ကို မကြောက်သည့် မိန်းကလေးမျိုးမဟုတ်။
အချိန်တချို့ကြာပြီးနောက် လမ်းဘေးစတိုးဆိုင် ဖွင့်ရန် အရာအားလုံး ပြင်ဆင်ပြီးသွားခဲ့သည်။ ပိုင်ရွှင်းယီ သည် ‘ပျော်စရာဖို့ကောင်းတယ်’ လို့ ခံစားရသည်။ ဘာဘဲဖြစ်ဖြစ် လက်ရှိမှာ စီးပွားရေးလုပ်တာက ပိုက်ဆံရဖို့ဆိုပေမဲ့ -အပျော်သဘောသက်သက်ပင်။
စကားပြောပြီးနောက် အမို သည် စိုးရိမ်နေသော ပိုင်ရွှင်းယီကို လျစ်လျူရူပြီး ကားနောက်ခန်းထဲသို့ လျင်မြန်စွာ တွန်းထည့်သည်။
လမ်းခရီးတလျှောက် အမို က အခိုင်အမာပြောပြ၏။ "ငါ ပစ္စည်းအမျိုးအစား ငါးဆယ်ကို ဝယ်ပြီးပြီ၊ အကုန်လုံးက အကြီးတွေဘဲ ဒီလောက် အစုံအလင်ရှိတာကို ဘယ်သူက မဝယ်ပဲ နေနိုင်မလဲ နင်ပြောကြည့်၊ မေးစရာ မရှိတော့ရင် ငါ ငါ့ဝမ်းကွဲကို ခေါ်လိုက်တော့မယ်"
သို့သော်လည်း အမို နည်းနည်းသိလိမ့်မယ်လို့ မထင်ထား။ သူမ က တကယ်ကို အရည်အချင်းရှိသော မိန်းကလေးဖြစ်သည်။
အမို၏ဝမ်းကွဲ သည် မိန်းကလေးနှစ်ယောက်ကို သတ်မှတ်ထားသော ကစားကွင်းဆီသို့ ခေါ်ဆောင်သွားကာ အဆင်မပြေဖြစ်နေသောအရာများကို စီစဥ်ပေးခဲ့သည်။
မိန်းကလေးနှစ်ယောက် ပထမဆုံးဆုံး အကြိမ် စီးပွားရေးလုပ်ရန် ထွက်လာခဲ့သောကြောင့် အနည်းငယ် အကူအညီမဲ့သလိုခံစားနေရ၏။ စျေးဆိုင်ဘေးတွင် သွားလာနေကြသော လူများအလယ်တွင် သူမတို့နှစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။
အော်ရမလား? ဒါပင်မဲ့ သူမ အသံမထွက်နိုင်ဘူးလေ။
“ယီယီ” အမို၏မျက်နှာ ရှက်သောကြောင့် နီရဲနေ၏။ သူမ ပိုင်ရွှင်းယီ၏သေးငယ်သော လက်ကလေးကို ဆွဲကာ အကူအညီတောင်းသည်။ "ငါတို့ ဘာပြောသင့်သလဲ?”
ပိုင်ရွှင်းယီ သည်လဲ ဘာပြောရမှန်း မသိပေ။
သူမ စကားမပြောနိုင်ဘူးလေ။
သို့သော် ဝယ်ထားသည့် ပစ္စည်းတွေနဲ့ကွင်း တွေကိုတော့ အရှုံးခံဖို့မဖြစ်နိုင်ဘူး။
ပိုင်ရွှင်းယီ အချိန်ခဏအကြာတွေးခဲ့ပြီးနောက် ရှေ့ကိုလှမ်းပြီး ကွင်း ၂ ကွင်း ကို လှုပ်ရမ်းလိုက်သည်။ သူမ သည် စကားပြောရန် မတတ်နိုင်သည့် အတွက် အော်ရန် သူမ၏ခန္ဓာကိုယ်ဘာသာစကားကိုသာ အသုံးပြုသည်။
သူမ လုပ်တာကိုတွေ့တာ နဲ့ အမိုလဲ သူမကို ကူညီဖို့အတွက် အနောက်ကနေ အမြန်လိုက်လုပ်သည်။
လည်ချောင်းအက်ကွဲကြောင်းများမှ ခြင်တစ်ကောင်နှင့်ယင်တစ်ကောင်၏အသံကဲ့သို့ အသံများထွက်ပေါ်လာသည်။ __ "ကွင်းတွေကြိုက်တာ စွပ်နိုင်ရင် ယူ၊ ၁၀ကွင်း ၁ဒေါ်လာ”
ပူပြင်းနေသော နေရောင်အောက်တွင် ချောမောလှပသည့် မိန်းကလေးနှစ်ယောက် လူပုံအလယ်၌ မတ်တပ်ရပ်နေခဲ့ပြီး ကွင်းများကို ခါယမ်းနေကြသည်။ စကပ်တိုတိုလေးများ ဝတ်ထားသည့် သူမတို့နှစ်ယောက်၏ခြေထောက်များ သည် ဖြူဖွေးကာ ပိန်ပါး၏။
သိပ်မကြာခင် ကောင်လေးတစ်ချို့ ကွင်းများ ဝယ်ကြသည်။
ဂိမ်းတွေက အတုတွေပင်မဲ့၊ ဆုကတော့ အစစ် ဖြစ်သည်။
အမို က ပိုက်ဆံ ယူပြီး မျက်နှာပေါ်တွင် အပြုံးကိုတပ်ဆင်ထားသည်။ ထို့အပြင် ထိုကောင်လေးများသည် လူကောင်းဖြစ်လို့ ထိုကောင်လေးများကို စကားအနည်းငယ်ပြောဖို့ဆိုတာ ပြသာနာမဟုတ်ပါ။
ပိုင်ရွှင်းယီ မှာ အပ်ဖျားပေါ်တွင် ထိုင်နေရသလို ခံစားရ၏။
သူမ က တခြားသူများနဲ့ဆက်ဆံရသည်ကို မုန်း သည့်အပြင် ထိုကောင်လေးများ ဟာ လူစိမ်းများဖြစ်သည်။ အထူးသဖြင့် ယောကျာ်းများ သည် သူမအတွက် စေးကပ်သော အထိအတွေ့နှင့်ပူသောလေကဲ့သို့ဖြစ်ပြီး အလွန်စက်ဆုပ်ဖွယ်ကောင်း၏။
ရုတ်တရက် အော်ဟစ်သံ တစ်ခုကြောင့် သူမရဲ့ စိတ်မငြိမ်မသက် ဖြစ်သွားလေသည်။
“ပိုင်ရွှင်းယီ!”
ထိုအသံ မှာ ကောင်လေးတစ်ယောက်ရဲ့လေသံက အံသြပြီး ပျော်ရွှင်နေသောအသံဖြစ်သည်။ ပိုင်ရွှင်းယီ ခေါင်းလှည့်လိုက်ရာ လုယီ၏ပြုံးရွှင်နေသော မျက်နှာနှင့်ရှေ့ကျားသွားနှစ်ချောင်း ကို မြင်လိုက်ရသည်။
ယောကျာ်းလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်ကိုလဲ သူ့နောက်တွင် မြင်လိုက်ရသည်။ ပိုင်ရွှင်းယီ သည် ယုလျိုယင်ကို တစ်ချက်ကြည့်ပြီး သတိပြုမိသွားသည်။
ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ? ပြီးတော့ ဘယ်လိုတောင် ကံဆိုးရတာလဲ?
ယုလျိုယင် က ပေါ့ပါးပြီး အစင်းပါသော လက်တို အကျီနှင့်အဝါနုရောင်ရှိသော ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ ရိုးရှင်းပြီး ချောမောလှပ၏။ မတ်တက်ရပ်နေတာတောင်မှ အေးစက်တယ်လို့ ထင်ရသည်။
ပိုင်ရွှင်းယီ နည်းနည်းရှက်သွား၏။
သူမ လမ်းဘေးစျေးဆိုင် ဖွင့်နေချိန် သူမကိုသိသော တစ်စုံတစ်ယောက် မြင်မှာကို မလိုလားခဲ့ချေ။
သူမ အရှေ့ရှိ လူများနှင့်သိပ်မရင်းနှီးပါ။ သူမ စကားပြောနိုင်သည့် တစ်ဦးတည်းသောသူက သူ့မရှေ့တွင်ရှိသော လုယီ ဖြစ်တယ်။
ပိုင်ရွှင်းယီ အသက်ပြင်းပြင်းရှူကာ လုယီကို ဟန်ဆောင်ပြုံးပြ၏။
ထိုအချိန် အမို က ပိုင်ရွှင်းယီ ဘက်သို့ အလျင်အမြန်သွားကာ လုယီကို စေ့စေ့စပ်စပ် ကြည့်သည်။
"ယီယီ သူတို့ကို သိလား?"
ပိုင်ရွှင်းယီ ခေါင်းညိတ်ပြကာ ပါးပြင်ပေါ်မှာ ရှိဆံပင်တွေကို သူမ၏လှုပ်ရှားမှုနှင့်အတူဖယ်ရှားလိုက်သည်။ သူမ သည် အလွန်ဖြူစင်ကာ အကျင့်စရိုက်ကောင်းမွန်သူ ဖြစ်သည်။
ယုလျိုယင် က သူမကို အဝေးကနေ ကြည့်ကာ ရုတ်တရက် သူ့ကိုယ်သူ မြင်းတစ်ကောင် ကဲ့သို့ ခံစားနေရသည်။
“ပိုင်ရွှင်းယီ၊ မင်း ဒီမှာ… ”လုယီ သူ၏ပတ်ဝန်းကျင်ကိုကြည့်ပြီး တုံ့ဆိုင်းစွာဖြင့် မေးလာသည်။ "လမ်းစျေးစတိုးဆိုင် ဖွင့်နေတာလား "
“ဟုတ်တယ် ဘာဖြစ်လို့လဲ?" အမို လုယီ၏အမူအရာကို မကျေမနပ်ဖြစ်နေသည်။ အမို ပိုင်ရွှင်းယီ ကိုယ်စား ဖြေပေးလိုက်သည်။
“လမ်းဘေးစတိုးဆိုင် ထွက်တာနဲ့ပတ်သက်ပြီး ဘာများမှားနေလို့လဲ? ငါတို့ ပိုက်ဆံရှာလို့မရဘူးလား?"
ဒီကောင်မလေး ဘာလို့ တော်တော်ကြမ်းရတာလဲ? လုယီ သူမအရှေ့တွင် သူရဲကောင်းဆန်ပြီး ပြတ်သားသော မျက်လုံးများရှိနေသည့် အမို ကို ကြည့်ကာ နည်းနည်းအံသြသွားခဲ့သည်။
“လုယီ" ယုလျိုယင် က သူတို့ဆီ ရောက်လာကာ လုယီ၏အနောက်တွင် မတ်တပ်ရပ်လိုက်၏။ ယုလျိုယင်၏မျက်လုံးများက အနည်းငယ်မှေးမှိန်သွားကာ ကောင်မလေး၏မျက်လုံးများကို စိုက်ကြည့်ပြီး သူ၏ရှေ့တွင် ရပ်နေသော လုယီအား နောက်ပြောင်စွာ ပြောသည်။ "စီးပွားရေးလုပ်နေတဲ့ အတန်းဖော်ကိုတွေ့ရတာ စိတ်ချမ်းသာဖို့ မကောင်းဘူးလား?"
ပိုင်ရွှင်းယီအတွက် တခြားသူများ၏အကြည့်ကို ခံရသည်မှာ အလွန်ဆိုးရွား၏။ ထို့ကြောင့် ယုလျိုယင် သူမကိုသတိပြုမိသည်ကို သူမ လည်း သတိပြုမိသည်။
သို့ပေမဲ့ သူမ သူ၏အနက်ရောင် မျက်လုံးများကို ကြည့်ဖို့ သတ္တိမရှိပေ။ ထို့ကြောင့် သူမ ဖိနပ်၏ခြေချောင်းကို ငုံ့ကြည့်ကာ သူတို့ ဘာပြောပြော ဂရုမစိုက်တော့။
ယုလျိုယင် ပြောတော့ လုယီနားလည်သွား၏။
လုယီ၏အကြည့် ပိုင်ရွှင်းယီ ဆီ ကျရောက်သွားကာ ယုလျိုယင်က ဘာလုပ်ဖို့ပြောနေခဲ့သည်ကို နားလည်သွားခဲ့ပြီး အပြုံးဖြင့် အမို၏နောက်တွင် ရပ်နေသည့် ပိုင်ရွှင်းယီ ကို ပြောလိုက်သည်။ "အလှလေး ကွင်း ၁၀၀ ယူမယ်"
ကိုယ့်အတန်းဖော် ကိုပံ့ပိုးရမယ်လေ။
"ကွင်း ၁၀၀?" အမိုရဲ့မျက်ခုံး မြင့်တက်သွားသည်။ သူမ လုယီကို ကွင်း ၁၀၀ ပေးလိုက်သည်။ "၁၀ယွမ်!”
လုယီ ကွင်းများကို ယူကာ ယုလျိုယင် ဆီ ပေးလိုက်သည်။ ယုလျိုယင်ကတော့ ပိုင်ရွှင်းယီ ကို ခပ်ဖွဖွပြုံးပြကာ ကြည့်နေခဲ့သည်။
ထို့နောက် သူ သည် အလျင်မလိုဘဲ တဲဆီသို့ လျှောက်လာသည်။
“အကိုယု က ဒီကွင်းကို လိုချင်တာလား?” လီယွမ် ထိုအရာကို ကြည့်ကာ မတက်နိုင်ပဲ ရယ်မော၏။ လီယွမ် က ပိုင်ရွှင်းယီကို စာနာသည့်အဓိပ္ပာယ်တချို့ဖြင့် ကြည့်ကာ မေးသည်။ "ဘာလို့ သူမကိုအနိုင်ကျင့်တာလဲ?"
ယုလျိုယင် သည် ကျည်ဆံတွေနဲ့ကစားဖို့ သေနတ်ပစ်ကလပ်ကိုကိုသွားဖို့လုပ်နေခဲ့တာ ဖြစ်သည်။ သို့သော် အခု တကယ်ကို လုပ်တော့မလို့မလား?
အဲ့တာက လွန်လွန်ကဲကဲ မဟုတ်ဘူးဆို ဘာလဲ?
မင်း အနိုင့်ကျင့်နေတာဘဲ? ဟုတ်တယ်မလား?
လီယွမ်နဲ့ကစားနေတဲ့ ဘေးက မိန်းကလေးတစ်ယောက် ပိုင်ရွှင်းယီနှင့်အမိုကို မြင်တော့ သိချင်စိတ်နဲ့ မေးလာသည်။
"မိန်းကလေးနှစ်ယောက် က ဘယ်သူလဲ? အကိုယု သူတို့နဲ့ဘယ်လိုလုပ်စကားပြောနိုင်တာလဲ?"
“ဟက်" လီယွမ် သူမကိုကြည့်ပြီး အနည်းငယ်မကျေမနပ် ပြောလိုက်သည်။ “မင်း ဂရုစိုက်တယ်ပေါ့”
ကောင်မလေး အလွန်ထိတ်လန့်သွားကာ ပါးစပ်ပိတ်သွား၏။ သူတို့
မျက်လုံးတွေသည် ထိုမြင်ကွင်းကို ကြည့်နေရုံအပြင် မတက်နိုင်ခဲ့ပေ။
စျေးဆိုင်နား၌ ချောမောလှပသော ဆယ်ကျော်သက်အရွယ် ကောင်မလေး တွင် ရှည်လျားသော လက်ချောင်းသွယ်များရှိကာ သူမ၏လက်ချောင်းများ က ကွင်းများကို ကိုင်နေသည်။ ယုလျိုယင် ကွင်းများကို သေတ္တာထဲသို့ ပေါ့ပေါ့တန်တန်ပစ်လိုက်ပုံပေါ်သည်။
အဝေးကနေကြည့်ရရင်တော့ လူနှစ်ယောက် ၏အရပ်နှင့်ခန္ဓာကိုယ်၊ စိတ်နေစိတ်ထားနှင့်ရုပ်ရည်သွင်ပြင်နဲ့ရော အံသြဖို့ကောင်းစွာ လိုက်ဖက်လှသည်။
သူတို့ကို ကြည့်ရတာ ချစ်သူတွေနဲ့တူ၏။
၁၀ မိနစ်မပြည့်မီ ကွင်း ၁၀၀ရာတောင် အသုံးချမရဘဲ ဆိုင်ရှိ ပစ္စည်းများ ယုလျိုယင် ကြောင့် ပြောင်သွားခဲ့သည်။
ပိုင်ရွှင်းယီနှင့်အမိုတို့သာမက ကြည့်ရှုသူများပင် အံ့သြသင့်ခဲ့ရပြီး ယုလျိုယင်၏နောက်သို့လိုက်သော သူငယ်ချင်းများကတော့ မအံ့ဩကြပေ။
ဒါ တကယ်ကို အရမ်းရက်စက်လွန်းတယ်။ လူတွေ လုပ်ငန်းရဲ့အရေးအနှီး အားလုံးကို ရှင်းပစ်ဖို့ ၁၀ယွမ်အောက်သာ လိုခဲ့သည်။
“နင်…"
အမို ရူးမတက်ဖြစ်သွားသည်။ တစ်စုံတစ်ရာပြောတော့မည့်အချိန် ပိုင်ရွှင်းယီက အမိုရဲ့လက်မောင်းဆွဲကိုင်ကာ ခေါင်းခါယမ်းပြ၏။
ကွင်းများ ပစ္စည်းတွေပေါ် တင်သွားခဲ့ရင် ပစ္စည်းရမည်။ ဒါ စည်းမျဥ်း ဖြစ်သည်။ ဒါ့ကြောင့် သူမတို့ ငြင်းဆိုလို့မရပေ။
သူတို့ ငွေမဝင်သေးပဲ ယွမ် ၂၀၀ ကျော်ဆုံးရူံးသွားပြီဖြစ်သည်။ ပြောစရာမလိုအောင်၊ ဒီပစ္စည်းတွေကို ယုလျိုယင် ရအောင် သူမကိုယ်တိုင် ကူညီပေးခဲ့ရသလို ဖြစ်သွားခဲ့သည်။
ပိုင်ရွှင်းယီ တွန့်ဆုတ်စွာ အမိုကို ဆွဲထား၏။ စျေးဆိုင်ထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဆွဲထုတ်ကာ ပစ္စည်းအမျိုးပေါင်း ၅၀အထက် ပစ္စည်းများကို ယုလျိုယင်၏သူငယ်ချင်းများထံသို့ ပေးလိုက်သည်။ ထို့နောက် သူတို့ သည် ပစ္စည်းများကို ထုတ်ပိုးကာ ထွက်သွားဖို့ပြင်ဆင်ကြသည်။
အမို သည် မိန်းကလေးဆန်သော အရုပ်များ၊ ဘီးများ၊ ဆံညှပ်များ၊ ရှုပ်ပွနေသော ပစ္စည်းများကို ဝယ်ယူခဲ့သည်။ သို့သော် ယောကျာ်းကြီးတစ်စု က ရယ်စရာကောင်းအောင် လုပ်ပြခဲ့သည်။
ယုလျိုယင် သည် ဖြစ်စဥ်တစ်ခုလုံးကို သူ့၏နှုတ်ခမ်းပေါ်တွင်ရှိသော အပြုံးသေးလေးဖြင့် ကြည့်နေခဲ့သည်။ အဓိပ္ပါယ်ကတော့ ကူညီဖို့ မရည်ရွယ်ထားဘူး။
သို့သော်လီယွမ်နှင့်တခြားသူများကတော့"အတွင်းပိုင်း အခြေအနေ"ကို အနည်းငယ်သိသောကြောင့် စကားမပြောကြပေ။ လီယွမ်နဲ့လုယီတို့ အရုပ်တစ်ရုပ်ကို ကိုင်ကာ အံကြိတ်ထားရင်းပြောလိုက်သည်။ "အစ်ကိုယု၊ မင်း ကောင်မလေးကို ဒီလိုမျိုး လိုက်နေမှာလား?"
ကောင်မလေးကို ဒီနည်းလမ်းဖြင့် အနိုင်ကျင့်ခြင်းက မိန်းကလေးလိုက်နည်းလား?
ယုလျိုယင် က အရုပ်များသိမ်းဆည်းနေသည့် ပိုင်ရွှင်းယီကို ကြည့်ရင်း အပြုံးလေးတစ်ခု တပ်ဆင်ထားသည်။
လီယွမ်နှင့်တခြားသူများ သည်’"ပထမဆုံး အထင်အမြင်ကို မြှင့်တင်ခြင်း’ ဆိုသည့် စကားကို နားမလည်ပေ။
မိုးရေထဲ စားပွဲခုံနှင့်ထိုင်ခုံတွေ ရွေ့ပေးခဲ့သလိုပဲ ပထမအကြိမ် ပိုင်ရွှင်းယီ အနည်းငယ် မခံစားရရင် သူမ သူ့ကိုဘယ်လိုလုပ် မှတ်မိပါ့မလဲ?
သူမ ကို ကြည့်လျှင် ရိုကျိုးရတယ်လို့ ထင်ရပင်မဲ့ တကယ်တမ်းတော့ အေးစက်သည့် လူသားတစ်ယောက်ပင်။
ယုလျိုယင် သည် ချဥ်းကပ်ရန် ရည်ရွယ်ထားသောကြောင့် ပိုင်ရွှင်းယီ သူ့အမည်ကို သူမ၏အရိုးထဲအထိ စွဲနေရမည်။
နောက်ပိုင်းမှာတော့ သူရဲ့ဆန္ဒတိုင်း တကယ်ဖြစ်လာခဲ့သည်။
ပိုင်ရွှင်းယီ က ‘ယုလျိုယင်"ဆိုသည့် နာမည်သုံးလုံးကို မေ့မရတော့ပေ။ တွေးလိုက်တိုင်း နာကျင်မှုသည် သူမ၏အရိုးထဲသို့ နက်နဲစွာ ဝင်ရောက်လာခဲ့တော့သည်။