Ch-10 : နာကျင်မှု
ပိုင်ရွှင်းယီ သည် ယုလျိုယင် ပြောသည့် ပျော်စရာကောင်းတဲ့နေရာက ရုပ်ရှင်ရုံဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။
ရှည်ပြီး ပိန်ပါးသည့် ကျောပြင်ကို ပိုင်ဆိုင်ထားသည့် ဆယ်ကျော်သက်အရွယ် ကောင်လေး သည် ကုန်တိုက်ထဲသို့ ဝင်သွားကာ လူစည်ကားသည့် ဓာတ်လှေကားထဲသို့ တိုးဝင်သွားသည်။ တဖျပ်ဖျပ်လက်နေသော ပတ်ဝန်းကျင်တွင် အော်ဟစ်သံများ ထွက်ပေါ်နေ၏။ ပိုင်ရွှင်းယီရဲ့လက်ဖဝါး ချွေးများဖြင့် စိုစွက်လာတော့သည်။
အမှန်တကယ်တော့ ပိုင်ရွှင်းယီ လူထူထပ်သော နေရာများကို မကြိုက်နှစ်သက်ပါ၊ ယုလျိုယင်၏မျက်တောင်များ မော့လာကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုး၍ သူ့ရဲ့ခန္ဓာကိုယ်ကို ပိုင်ရွှင်းယီရှေ့ ပိတ်ရပ်ကာ ပြီး ပတ်ဝန်းကျင်က လူတွေနှင့်လိမ္မာပါးနပ်စွာ ခွဲထုတ်ခဲ့သည်။
ပိုင်ရွှင်းယီ အံသြသွားကာ နှလုံးသား ထဲ လှုပ်ခတ်သွား၏။
မိုးရွာသည့်နေ့ကလိုဘဲ ယုလျိုယင်၏နောက်ကျောပြင်သည် ထီးလိုမျိုး သူမကို သေးငယ်သောထောင့်တွင် ကာကွယ်ပေးထားခဲ့သည်။
သူမရဲ့တင်းမာနေသော ဦးနှောက်အာရုံကြောများ မသိမသာ ပြေလျော့သွား၏။ ပိုင်ရွှင်းယီ သက်ပြင်းချရင်း သူမဟာ အရမ်းထိရှလွယ်လွန်းတယ်လို့ ခံစားရသည်။
ဓာတ်လှေကားသည် လျင်မြန်စွာဖြင့် ကုန်တိုက်၏အပေါ်ဆုံးထပ်တွင် ရပ်တန့်သွားခဲ့သည်။
လူများသည် တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့သည်။ ယုလျိုယင် သူ၏နောက်တွင်ရှိနေသော ပိုင်ရွှင်းယီကို ဘေးစောင်းကြည့်ကာ "နေဦး"
ထို့နောက် သူ လက်မြှောက်လိုက်ပြီး "ငါ မင်း ပျောက်သွားမှာစိုးလို့ "
ကောင်မလေး၏နားရွက်ဖြူဖြူများ ပန်းရောင်သန်းသွားသည်ကိုကြည့်ရင်း ယုလျိုယင် ကျေနပ်စွာ ပြုံးကာ သူမလက်ကိုဆွဲ၍ ရှေ့ကိုဆက်လျှောက်လာခဲ့သည်။
ပိုင်ရွှင်းယီ သူ့နောက် တိတ်ဆိတ်စွာဖြင့် လိုက်လာပြီး လည်ပင်းတစ်ခုလုံး အနီရောင်ပြောင်းနေခဲ့သည်။
သူမ မျက်လုံးကို မော့ကာ ပတ်ပတ်လည်သို့ ကြည့်သည်။ သူတို့ လင်းလန်စီးပွားရေးစင်တာရှိ ပလာဇာ၏၆ထပ် တွင် ရှိနေသည်။ ၆ ထပ်တွင် ရူပ်ထွေးနေပြီး လက်ရာမြောက်သော ဆိုင်များရှိသည်။ အဆုံး၌ ရုပ်ရှင်ရုံ ရှိသည်။
ဒီကိုခေါ်လာတာက ရုပ်ရှင်ကြည့်ဖို့အတွက်လား?
“ဘာသောက်ချင်လဲ?" နို့လက်ရည်ဆိုင် ရှေ့ ဖြတ်လာတော့ ယုလျိုယင် ရပ်လိုက်ပြီး သူမကို မေးသည်။ သူ့အသံ က ပိုင်ရွှင်းယီကို လက်ရှိအခြေအနေသို့ ပြန်ရောက်အောင် ဆွဲခေါ်၏။
သူမ ခေါင်းလှည့်ကြည့်တော့ အနီရောင်၊ မိုးမခရောင်၊ အစိမ်းရောင်၊ လိုင်းရှည်များနှင့်အလှဆင်ထားသော နို့လက်ဖက်ရည်ဆိုင်ကို တွေ့ပြီး ခေါင်းယမ်းလိုက်၏။
ယုလျိုယင် တွန်းအားမပေးပါ။ သူတို့ ရုပ်ရှင်ရုံ၏အပေါက်ဝ ကိုရောက်တော့ အအေးရောင်းစက်ကနေ Coke နှစ်ဘူးကို ဝယ်ပြီး တစ်ဘူးကို သူမကို ပေးသည်။
ရေခဲ -ကိုလာ စက္ကူခွက်၏အပြင်ဘက်နံရံ တွင် ‘ နှင်းအလွှာတစ်ခုရှိနေပြီး သူမလက်ထဲ ရောက်တော့ အေးစက်သွား၏။
ပိုင်ရွှင်းယီ ပိုက်ကို ကိုက်ကာ ယုလျိုယင်ကို ကြည်လင်ပြီး ဖြူစင်သော မျက်လုံးများကို အချိန်တော်ကြာ စိုက်ကြည့်နေခဲ့သည်။ ယုလျိုယင် သည် တိရစ္ဆာန်ငယ်လေးများကို အစာကျွေးသလိုမျိုး သူမအတွက် ပေါက်ပေါက်တစ်ပုံး ထပ်ဝယ်တာမြင်လိုက်သည်။
ယုလျိုယင်၏အကြည့်များသည် ရုပ်ရှင်ဇာတ်ကား၏ပိုစတာပေါ်တွင် ရှိနေပြီး သူမကိုမေးသည်။ "မင်း ဘယ်တစ်ခုကို ကြည့်ချင်လဲ?"
ပိုင်ရွှင်းယီ သူ့ကို စာရိုက်ကာ မေးလိုက်သည်။__[ရုတ်တရက်ကြီး ဘာလို့ ရုပ်ရှင် ကြည့်ချင်လာရတာလဲ?]
ယုလျိုယင်က သူမ၏မေးခွန်းကို စာလုံးနှစ်လုံးထဲနှင့်ရိုးရှင်းစွာ အဖြေပြန်ပေးခဲ့သည်။ "ငါ ကြည့်ချင်လို့"
ပိုင်ရွှင်းယီ သည် မြင်မြင်သမျှ သူမကိစ္စမဟုတ်ကြောင်း ညွှန်ပြရင်း လက်ကို ခါယမ်းခဲ့သည်။
အဆုံးတွင် ယုလျိုယင် က ‘မိန်းကလေးများ အကြိုက်"ရိုမန်တစ်ဆန်ဆန် ဇာတ်လမ်းကို ရွေးချယ်ခဲ့သည်။
ရုပ်ရှင်ရုံကား အများကြီးရှိသည်။ လတ်မှတ်ဝယ်ပြီးနောက် ၁၀ မိနစ်အတွင်း ရုပ်ရှင်ရုံထဲသို့ ဝင်နိုင်သည်။ မှောင်မဲနေသော လျှောက်လမ်းကို ဖြတ်သွားပြီးနောက် နောက်ဆုံးတန်းဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာခဲ့သည်။
နေ့လယ်ပိုင်းတွင် ရုပ်ရှင်ရုံ၌ ရုပ်ရှင်ကြည့်သည့်လူ သိပ်မရှိသောကြောင့် နောက်ဆုံးတန်း၌ လူတစ်ယောက်မျှမရှိပေ။
ပိုင်ရွှင်းယီနှင့်ယုလျိုယင်တို့ နှစ်ယောက်ကလွဲရင် ကျန်နေရာများ လွတ်နေသည်။
ရုပ်ရှင်မစခင် ယုလျိုယင်၏အသက်ရှူသံသည် တိတ်ဆိတ်ပြီး တိမ်မြှုပ်နေတယ်လို့ ထင်ရသည်။
ပိုင်ရွှင်းယီ မသိစိတ်မှ လက်ချောင်းများဖြင့် ပေါက်ပေါက်ဘူး ကို လှမ်းယူကာ အသံမထွက်အောင် ထိန်းထားခဲ့သည်။
ကံကောင်းသည်မှာ ဇာတ်ကား သည် မကြာခင်အချိန်အတွင်း ပြသခဲ့ပြီး မည်းမှောင်နေသော ပြဇာတ်ရုံထဲရှိ သူမ၏မသက်မသာဖြစ်မှုကိုပြေစေခဲ့သည်။
ပိုင်ရွှင်းယီ သည် လေးနက်သောလူသားတစ်ဦးဖြစ်သည်။ ယုလျိုယင်၏ဘေးနားတွင် ထိုင်ပြီး ရုပ်ရှင်ကြည့်ခြင်းသည် မသက်သာဖြစ်စေပြီး ခေါင်းကိုက်စေသည်။ သို့ပေမဲ့ သူမ ဒီရုပ်ရှင် သည် ပျင်းစရာကောင်းတဲ့ ဇာတ်ကား ဖြစ်လိမ့်မယ် လို့ တွေးထားခဲ့သည်။
ဇာတ်လမ်းတဝက်ရောက်သည့်အခါ သူမ၏ဘေးဘက်ကို ကြည့်လိုက်ရာ မမျှော်လင့်စွာဖြင့် ယုလျိုယင် သူမကို ကြည့်နေခဲ့သည်။ ဖန်သားပြင်မှ အဖြူရောင် အလင်းတန်း သူရဲ့မျက်နှာပေါ် ဖြာကျနေ ကာမဲမှောင်နေသော မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ရှိ၏။
ပိုင်ရွှင်းယီ အံ့အားသင့်သွားပြီး နှုတ်ခမ်းဖွင့် ဟကာ မေးလိုက်သည်။ ‘နင် ဘာလို့ ငါ့ကို ကြည့်နေတာလဲ?’
သူမ၏နှလုံးသားသည် ထိန်းချုပ်မှုအောက်မှလွတ်ထွက်သွားကာ ရင်ခုန်ပြီးရင်း ခုန်နေခဲ့၏။
ယုလျိုယင်၏မျက်လုံးများ ကို စူးရှနေကာ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ကြည်လင်ပြတ်သားစွာ မြင်နေရသည်။
ထိုအကြည့်သည် လူကို မရေရာဖြစ်ပြီး ရှုပ်ထွေးစေသည် လို့ခံစားရသည်။
“မင်းကို ကြည့်နေတာ" ယုလျိုယင်၏အသံ အရမ်းတိုးလျပြီး သူမတို့ ပတ်ဝန်းကျင်ရှိ အသံများ ဆူညံနေပေမဲ့ သူ၏အသံ ပိန်ပါးတဲ့ မျဥ်းကြာင်းလိုမျိုး ပိုင်ရွှင်းယီ၏နားထဲသို့ တိကျစွာ ဝင်ရောက်လာခဲ့သည်။ "ပြန်မကြည့်နဲ့ ငါ့ကို ကြည့်"
ရုပ်ရှင်စပြသည်မှာ တစ်နာရီရှိပြီ။ ပိုင်ရွှင်းယီ ရုပ်ရှင်ကို သူမ၏စိတ်နှလုံးသားဖြင့် ကြည့်နေခဲ့ပြီး သူ့တည်ရှိမှုကို အာရုံမစိုက်မိ ခဲ့။
သူ့စိတ်သဘောထား သည် ပိုင်ရွှင်းယီ၏ဦးရေပြားကို ထုံထိုင်းစေသည်။ အချိန်အတော်ကြာပြီးနောက် ပိုင်ရွှင်းယီ တိတ်ဆိတ်စွာဖြင့် ဖုန်းကို ထိပြီးစာရိုက်သည်။
[ငါ က နင့်ကိုဘာလို့ကြည့်ရမှာလဲ?]
ယုလျိုယင် သည် သူမ က စိတ်ဝင်စားဖို့ ကောင်းသည်ကို ရှာတွေ့ခဲ့သည်။ ယုလျိုယင် သူရဲ့ဖုန်းကို အပြင်ထုတ်ကာ ပိုင်ရွှင်းယီ၏we chat ဆထံ စာပို့လိုက်သည်။ အရင်တုန်းက ယုလျိုယင် သည်"စာသင်ကြားရေးအတွက် အဆက်အသွယ် ရှိရမည်"ဆိုသော အကြောင်းပြချက်ကို သုံးကာ ကောင်မလေး၏we chart account ကို ရရှိခဲ့သည်။
ထိုစကားလုံးများ က ‘အရှက်မရှိဘူး’ လို့ပြောလို့ရသည်။
[တခြား မိန်းကလေးတွေနဲ့ရုပ်ရှင်သွားကြည့်တုန်းက သူတို့တွေ ငါ့ကို အမြဲတမ်း တိတ်တိတ်လေး ကြည့်နေခဲ့လို့လေ]
မိန်းကလေးတွေ? သူ မိန်းကလေးတွေနဲ့အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်လေ့ရှိတာလား? သူမ ရှန်းချုရန် အကြောင်းကို တွေးမိသည်။
ပိုင်ရွှင်းယီ နှုတ်ခမ်းကို ဖွဖွကိုက်လိုက်သည်။ ဘာလို့လဲမသိ သူက သူမဆီကို ပထမဆုံးအကြိမ်အနေဖြင့် စိတ်ခံစားချက်ကို ယူဆောင်လာသည်။
[သူတို့က သူတို့၊ ငါနဲ့ဘာမှမဆိုင်ဘူး]
စာပို့ပြီးသည့်နောက် သူမရဲ့ကောင်လေး၏လှောင်ရယ်သံကို ကြားခဲ့ရသည်။
[မင်း သဝန်တိုနေတာလား?]
သဝန်တိုတာ? ဘာကြောင့် သဝန်တိုရမှာလဲ?
သူမ၏ဒေါသသည် ထိပ်ဆုံးသို့ လျင်မြန်စွာ ရောက်သွား၏။ စကားမပြောနိုင်သောကြောင့် ပိုင်ရွှင်းယီ မျက်နှာရဲရဲနဲ့မတ်တပ်ထရပ်ကာ ရုပ်ရှင်ပြီးတာ မပြီးတာဂရုမစိုက်ပဲ ထွက်လာခဲ့တော့သည်။
ထိုကောင်လေး ဖမ်းမိသွားမှာစိုးလို့ ပိုင်ရွှင်းယီ အမြန်ပြေးကာ ရုပ်ရှင်ရုံ အပြင်ဘက်ရှိ အိမ်သာထဲ အမြန်ပြေးဝင်သွားသည်။
ထိုအချိန် အိမ်သာထဲ၌ လူများ ပြည့်ကျပ်နေသည်။
ပိုင်ရွှင်းယီ အိမ်သာဆီ မသွားချင်ခဲ့။ သူမ မှန်အရှေ့၌ ရပ်နေခဲ့ပြီး သူမကိုယ်သူမ မှန်ထဲ ပြန်ကြည့်မိသည်။ သူမ သည် ပိန်ပါး၏။ အေးစက်သော မျက်လုံးများရှိသလို ငြီးငွေ့ပြီး ညို့မှိုင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
သူ သည် တောက်ပမှုနှင့်နွေးထွေးမှုတို့ရှိသည့် ‘နေလုံးအသေးစားလေး’ နဲ့တူသော ရှန်းချုရန် မဟုတ်ဘဲ ဘာလို့ သူမ ဆီချဥ်းကပ်လာတာလဲ?
ပိုင်ရွှင်းယီ အရူးမဟုတ်ပေ။ သို့ပေမဲ့ ယုလျိုယင်၏လုပ်ရပ်များ က ဘာကိုဆိုသည်ကို သူမ နားမလည်ပါ။
သူမကို ကူပြီး စားပွဲခုံနှင့်ထိုင်ခုံ ရွေ့ပေးတာက အတန်းဖော်များကြားတွင် တိုက်ဆိုင်မှု လို့ ပြောနိုင်ပင်မဲ့ နောက်ပိုင်း စာအတူလုပ်တာ၊ ရုပ်ရှင်ကြည့်တာတို့ကျတော့ ပိုင်ရွှင်းယီ အမြဲ လျစ်လျူရှုလို့မရပေ။
သူမ နားမလည်ခဲ့တာ တစ်ခု က ဘာလို့ သူမလဲ?
“ဟေး ပိုင်ရွှင်းယီ"
သူမ စိတ်ရှုပ်ထွေးနေခဲ့ပြီး သူမကိုယ်တိုင်လဲ ရှုပ်ထွေးနေခဲ့သည်။ ရင်းနှီးသည့်အသံက သူမ၏အနောက်မှ ထွက်ပေါ်လာ၏။ ထို့အသံထဲတွင် သံသယဝင်မှု တို့ အနည်းငယ် ပါဝင်နေ၏။
ပိုင်ရွှင်းယီ လှည့်ကြည့်ချိန် အိမ်သာထဲကနေ ထွက်လာသည့် လျိုဖူယုကို မြင်လိုက်ပြီး လျိုဖုယု က သူမကိုမြင်တော့ အနည်းငယ်အံသြသင့်နေခဲ့သည်။
“တိုက်ဆိုင်လိုက်တာ" လျိုဖုယု လျှောက်လာကာ ပိုင်ရွှင်းယီ၏ဘေးတွင်ရပ်ပြီး လက်ဆေးရင်း အပြုံးလေးနှင့်မေး၏။ "နင် လဲ ရုပ်ရှင်ကြည့်ဖို့လာတာလား?"
ကျောင်းတွင် တွေ့ရသည့် ပုံနှင့်နှိုင်းယှဥ်ကြည့်လိုက်သည့်အခါ လျိုဖူယု သည် ပို၍"နူးညံပုံ"ပေါ် သည်။ လျိုဖုယုရဲ့မျက်နှာတွင်လဲ အပြုံးများရှိနေသည်။
အတန်းထဲတွင် တွေ့ရသည့် သင်္ချာအတန်း ကိုယ်စားလှယ်နှင့်နှိုင်းယှဥ့်ကြည့်အခါ အခု လျိုဖုယု ပုံစံ သည် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်၏ပုံသဏ္ဍန်နှင့်ပိုတူ၏။
နီးကပ်လာချိန် လျိုဖုယု၏ မျက်လုံးများသည် မျက်ကပ်မှန်များကြောင့် မျက်စံများ အနက်ရောင်ဖြစ်နေကာ ကြီးမားနေကြောင်းတွေ့ရသည်။
လျိုဖုယု မိတ်ကပ်လိမ်းထားပြီး ကျောင်းဝတ်စုံနှင့်မတူသည့် ချည်ထိုးစကတ် ကို ဝတ်ဆင်ထားသည်။ သူမရဲ့စိတ်သဘောထား ပျော့ပျောင်းကာ နူးညံ့သိမ်မွေ့ပုံပေါ်၏။
“နင် ဒီကို ဘယ်သူနဲ့ရောက်နေတာလဲ?"
လျိုဖူယု ပုံမှန်အားဖြင့် ပိုင်ရွှင်းယီ၏အဖြေများကို မစောင့်ချေ။ သူမ၏လက်ကို ဆေးကြောပြီးနောက် မှန်ကိုကြည့်ရင်း မိတ်ကပ်ပုတ်ရင်း မေးသည်။
"လုယီနဲ့လား?"
ပိုင်ရွှင်းယီ လျိုဖူယု ၏စကားကို ကြားကြားချင်း ချက်ချင်း သတိပြန်ရလာပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
ပိုင်ရွှင်းယီ ချက်ချင်း ဖုန်းထုတ်ကာ စာရိုက်ကာ ပြသည်။ [ငါ လုယီနဲ့ဘာမှ လုပ်စရာမရှိဘူး]
“ဟဟ အဲ့တာကငါ နားလည်မှုလွဲတာပါ "လျိုဖူယု သည် ပိုင်ရွှင်းယီ ရှင်းပြဖို့ စိတ်အားထက်သန်နေတာကိုကြည့်ရင်း မထိန်းနိုင်ပဲ ရယ်မော၏။
"အဲ့ဒါက အမှန်ဆိုရင်တောင် ကိစ္စမရှိဘူး အချစ်မှာ ပျော်ဝင်နေတာက သာမာန်ကိစ္စပဲလေ၊ ငါ ဒီကို ငါ့ကောင်လေးနဲ့လာတာ"
ပိုင်ရွှင်းယီ ခဏတာ စိတ်ရှုပ်ထွေးသွား၏။ အထက်တန်းကျောင်းသားတွေ အချစ်မှာ ပျော်ဝင်နေတာက သာမာန်ဖြစ်သည်။ လျိုဖူယု တွင် ကောင်လေးရှိသည်ကို ကြားချိန် ထိုစကားကြောင့် သူမ တုန်လှုပ်သွားခဲ့သည်။
ဒီနေ့ လျိုဖူယု သည် ထူးဆန်းတယ်လို့ ခံစားရပေမဲ့ သူမရဲ့စိတ်ထဲ အတန်း၏ကိုယ်စားလှယ်အဖြစ် ရှိနေဆဲပင်။
ဒါ့အပြင် အထက်တန်းကျောင်းသားတွေက အချစ်မှာ ပျော်ဝင်တာက ပုံမှန်ဘဲလား? ဒါပင်မဲ့ ကျောင်းက ရည်းစားထားခြင်းကို ရှင်းရှင်းလင်းလင်း တားမြစ်ထားသည်။
“ထူးဆန်းနေတာလား? ငါ့လို လူက တစ်ကယ် ချစ်မိသွားလို့"
လျိုဖူယု သည် ပိုင်ရွှင်းယီ ဘာတွေးနေခဲ့တာလဲ ကို သိနေပုံရသည်။ လျိုဖူယု အပြုံးဖြင့်ဆက်ပြော၏။
"ဒါပုံမှန်ပဲ၊ အခုအသက်အရွယ်မှာ မချစ်ဘူးတဲ့လူ ဘယ်သူရှိလို့လဲ? အတင်းအဖျင်း သွားမပြောနဲ့နော်၊ တကယ်တော့ ဟဲရွယ်၊ လုရွယ်နဲ့တခြားသူတွေမှာလဲ ကောင်လေးတွေရှိကြတယ်"
လျိုဖုယု သည် အတန်းခေါင်းဆောင်၊ ရူပဗေဒ ကိုယ်စားလှယ်တို့ အကြောင်းကို ပြောနေတာဖြစ်သည်။
ပိုင်ရွှင်းယီ တုန်လှုပ်နေ၏။ သူမ ဘာပြောရမှန်း မသိဖြစ်နေချိန် သူမလက်ထဲရှိ ဖုန်းတုန်ခါသွား၏။
သူမ ဖွင့်ကြည့်လိုက်ချိန် ယုလျိုယင် စာပို့တာဖြစ်တယ်။ [ထွက်လာခဲ့ မင်း မထွက်လာရင် ငါ ဝင်လာမှာ]
စာကိုကြည့်ချိန် သူမ ပြောနိုင်တာက– ‘သူဒေါသထွက်နေပြီ’ ။ ပိုင်ရွှင်းယီ၏ခန္ဓာကိုယ် တုန်တက်သွားကာ မျက်ခုံးများ မျက်မှောင်ကြုံ့သွား၏။
ယုလျိုယင် က ဘာမဆိုလုပ်နိုင်တဲ့လူတစ်ယောက် ဆိုတာ သူမ ရှင်းလင်းလင်း ခံစားမိသည်။ သူမ သူ့ကို အမျိုးသမီး အိမ်သာထဲ ဝင်ခွင့်မပြုနိုင်ပါ။
ပိုင်ရွှင်းယီ နှုတ်ခမ်းကို ဖွဖွကိုက်ကာ လျင်မြန်စွာ စာရိုက်ရင်း မိတ်ကပ် ဂရုတစိုက် ပုတ်နေသည့် လျိုဖူယုကို နှုတ်ဆက်ကာ အမြန် ပြေးထွက်လာခဲ့သည်။
လျိုဖူယု မျက်ခုံးများကိုပင့်ကာ အံသြသင့်သွား၏။ ပိုင်ရွှင်းယီ လို အေးစက်တဲ့ ခံစားချက်ရှိသည့်လူကို ဒီလိုမြင်ရတာ ရှားပါးသည်။ ဒါ့ကြောင့် သူမ ခဏတုန့်ဆိုင်းသွားပြီးနောက် ပိုင်ရွှင်းယီ၏နောက်သို့ လိုက်လာခဲ့သည်။
ရလဒ်အနေနဲ့ပိုင်ရွှင်းယီ၏သွယ်လျသော နောက်ကျောဘေးတွင် အရပ်မြင့်မြင့်နှင့်ပိန်ပါးသော ကောင်လေးကို တွေ့လိုက်ရသည်။ ထိုကောင်လေး၏နောက်ကျောကိုကြည့်ရသလောက် ရင်းနှီး၏။
နှစ်ယောက်သား ခြေလှမ်း အနည်းငယ် လှမ်းကာ ငြင်းခုံနေကြပုံပေါ်ပြီး ပိုင်ရွှင်းယီ ခေါင်းငုံကာ ရံဖန်ရံခါ စာရိုက်နေသည်။
ထိုကောင်လေးရဲ့ခန္ဓာကိုယ် ကို ဘာကြောင့် ရင်းနှီးနေတဲ့ပုံပေါ်ပါလိမ့်? သူမ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသည်။ သူမတို့ကျောင်းက ဖြစ်နိုင်လား?
လျိုဖူယု အနီးကပ် ကြည့်ရန် တိုးလာသည်။ ကောင်လေးက ခေါင်းကို လှည့်လိုက်သောကြောင့် မျက်နှာကို မြင်လိုက်သည်။
လျိုဖူယု အံအားသင့်သွားခဲ့ပြီး ချက်ချင်းပင် ထခုန်လိုက်ကာ သူမ၏နှလုံးသားထဲတွင် ရယ်သံများ ပြည့်သွားခဲ့တော့သည်။
ယုလျိုယင် မဟုတ်လား?
အမှတ်၃၊ ကျောင်းတွင် ပိုင်ရွှင်းယီလို မိန်းကလေးမှလွဲ၍ တခြားမိန်းကလေးများ ယုလျိုယင်ကို ကြိုက်နှစ်သက်သည်။ အထူးသဖြင့် အတန်းတူသူငယ်ချင်း ရှန်းချုရန် က သူတို့ကိုပင် ခြိမ်းခြောက်ခဲ့သေးသည်။
အခု ပိုင်ရွှင်းယီနဲ့ယုလျိုယင်က အတူတူရှိနေတယ်လား?