Ch- 3 : နာကျင်မှု
ယုလျိူယင် ၏ နှုတ်ခမ်းထောင့်တွင် ထေ့ငေါ့ငေါ့ အပြုံးအနည်းငယ်ထွက်ပေါ်လာပြီး အဝေးတစ်နေရာကို လှမ်းကြည့်နေသည်။
သူ၏သေးသွယ်သော လက်ချောင်းများကို ကျောင်းဝတ်စုံ၏အိပ်ကပ်ထဲထည့်ထားပြီး အရှေ့ဆံပင် အရှည်များ သည် ကောင်ငယ်လေး၏အနက်ရောင် မျက်ခုံးမွှေးများကို ပိတ်ဆို့ တားဆီးထားသည်။
သို့သော် လီယွမ် က ယုလျိူယင်၏အနောက်တွင်ရှိနေပြီး ဖိနပ် ရေစိုမှာ ကြောက်သွားသည်။ ထို့နောက် လီယွမ် သည် ယုလျိုယင်၏အနောက်ကနေ ချက်ချင်းပြေးထွက်လာကာ အော်ပြောသည်။ "ရေပုံးထဲက ရေတွေကို ဖိတ်အောင် ဘယ်လိုတွေလုပ်နေတာလဲ အဲ့လုပ်ရပ်က အရမ်းကို သိက္ခာမဲ့တဲ့လုပ်ရပ်တစ်ခုနော်"
ရှန်းချူရန်၏တောက်ပတဲ့မျက်လုံးဝိုင်းဝိုင်းကြီးများ သည် ထိုစကားကိုကြားသောအခါ အထိတ်အလန့်တကြား တောက်ပသွားပြီး လက်ချောင်းသွယ်သွယ်များ က ကျောင်းဝတ်စုံ၏လက်အနားစများကို မရဲတရဲ လိမ်နေ၏။
ရှန်းချုရန် သည် အကွာအဝေးတစ်ခု မှ ယုလျိုယင်ကို ကြည့်၍ ‘နှလုံးသားမရှိသူ’ လို့ ခံစားရသည်။
"ပိုင်ရွှင်းယီ!" ဆန့်ကျင်ဘက် ရှိ တခြားတစ်ဖက်မှာတော့ ကျုံးရှီ က အလွန်လျင်မြန်စွာ တုံ့ပြန်သည်။ ကျုုံရှီ သည် ယုလျိုယင်နှင့်သူ့သူငယ်ချင်းများကို မမြင်ဘဲ ပိုင်ရွှင်းယီ ရှေ့သို့ ရေပုံးကို တမင်ပစ်လိုက်သည်။
"ဘာဖြစ်တာလဲ နေမကောင်းဘူးလား? ရေပုံးတောင် သေချာမကိုင်နိုင်ဘူးလား?"
"အာ…အဲ့ဒါအမှန်ဘဲ" ရှန်းချုရန် က ကျုံးရှီ၏လက်မောင်းကို နည်းနည်းလေးညှစ်လိုက်သည်။ "အိမ်မက်ကနေ နိုးထ လိုက်တော့၊ နင် … နင့် အတန်းဖော်တွေရဲ့ဖိနပ်ကို ရေစိုအောင် လုပ်လိုက်တာပဲ”
ပိုင်ရွှင်းယီ သည် သူတို့ပြောတဲ့စကားတွေကို ဂရုမစိုက်ပေ။
တကယ်တော့ ရှန်းချုရန် သည် အောက်ထပ်မှာ ယုလျိုယင် ရှိနေမှန်းမသိခဲ့။ မဟုတ်ရင် သူတို့တွေ အကြီးအကျယ်ရန်ဖြစ်နေမှာမဟုတ်။ သို့သော် အခုတော့ အဲ့တာကို ဂရုမစိုက်နိုင်တော့ဘူး။
ပိုင်ရွှင်းယီ က ဘာစကားမှမပြောဘဲ အောက်ထပ်သို့ ပေါ့ပါးသောခြေလှမ်းများဖြင့် ဆင်းသွားသည်။
ပိုင်ရွှင်းယီ ယုလျိုယင် ထံ ခပ်မြန်မြန်လျှောက်သွားပြီး ခေါင်းငုံ့ကာ ရေပုံးကောက်ယူ၍ အစမှအဆုံး တစ်ချက်မမျှ မကြည့်ဘဲ အဝေးသို့ ထွက်သွားသည်။
ယုလျိုယင် သည် ကြည့်နေမိပြီး ရေပုံးကိုင်ထားသည့် မိန်းကလေး၏လက်မောင်းပေါ် က သွေးကြောစိမ်းများကို ယောင်ဝါးဝါး မြင်သွားခဲ့သည်။
ပိုင်ရွှင်းယီလို့ နာမည်ပေးထားတဲ့ကောင်မလေး က ဆံပင်ကိုခပ်မြင့်မြင့်စီးထားသည်။ သေးငယ်သော မျက်နှာပေါ်သို့ ရှေ့ဆံပင်များ ကျဆင်းနေသောကြောင့် သူမ ဘယ်လိုပုံစံရှိသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ ငန်းလိုမျိုး လည်ပင်းနဲ့ထင်ရှားတဲ့ လိပ်ပြာပုံသဏ္ဍန်လည်ပင်းရိုးတို့ရှိပြီး လှပပြီး သေးသွယ်သော ခါးလေး လဲ ရှိသည်။
သူ သည် ပိန်ပိန်သေးသေးကောင်မလေးတစ်ယောက် ကြီးမားတဲ့ရေပုံးလေးကြီးကို သယ်နေတာကို နားမလည်နိုင်စွာ ရပ်ကြည့်နေခဲ့သည်။
"ယုလျိုယင်!"
ပိုင်ရွှင်းယီ အဝေးသို့လျင်မြန်စွာလျှောက်သွားစဥ် ရှန်းချုရန် ရဲ့ အပြုံးဖြင့် ခေါ်သံ ကို ကြားရသည်။
"ယုလျိုယင် နင့်ဘောင်းဘီ စိုသွားရပြီ၊ အသစ်တစ်ထည်လဲလိုက်ဦး၊ ဒီအချိန် က နင် အတန်းထဲမှာ ရှိနေရမဲ့အချိန် မဟုတ်ဘူးလား"
ယုလျိုယင်၏သိမ့်မွေ့သောမျက်လုံးများ က မှုန်ကုပ်ကုပ်ဖြစ်သွားပြီး ပိုင်ရွှင်းယီ၏ခြေလှမ်းများကလဲ ခပ်သွက်သွက် ထွက်သွားခဲ့သည်။
ပိုင်ရွှင်းယီ သည် လူမရှိသော ရေကူးကန်ကို ရောက်တဲ့အခါမှာတော့ အသက်ပြင်းပြင်းရူ၍ ထိုင်ချသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် နေရောင် သည် အလွန်ကောင်းမွန်ပြီး နံရံနောက်ဘက်ရှိ ရေကန်မှလွဲ၍ နေရာတိုင်းလိုလိုတွင် တောက်ပသောအလင်းရောင်များဖြင့် တောက်ပနေပေသည်။ ပိုင်ရွှင်းယီ သည် ရေညှိများဖြင့် ဖုံးလွှမ်းနေသော မှိုငယ်လေးကဲ့သို့ ထိုင်ချလိုက်ပြီး ကျုံ့သွား၏။
တကယ်တော့ သူမနှလုံးသားထဲမှာ ပြောမပြနိုင်တဲ့ အမှောင်ဘက်ခြမ်းတွေ အများကြီးရှိသည်။ သူမ ပြောပြဖို့ မတတ်နိုင်တော့မှာကို ကြောက်ပြီး ဖြည်းဖြည်းချင်း ပေါက်ဖွားလာခဲ့တာ ဖြစ်၏။
ဘဝ က အမြဲတမ်း ခက်ခဲနေတာပဲလား? ကြီးပြင်းလာတဲ့အထိ စောင့်ရမှာလား?
ပိုင်ရွှင်းယီ သည် ဒီစကားကို မသိစိတ်ကနေ တွေးပြီး စကားမပြောနိုင်ခင် လှောင်ပြောင်မိသည်။ ဘဝ က ဒီလောက်ခက်ခဲတယ်လို့ သူမ တကယ် မခံစားရဘူး။
ခန္ဓာကိုယ်ရှိတဲ့ စွမ်းအင် သည် အနုတ်လက္ခဏာ ပြပြီးနောက် ပိုင်ရွှင်းယီ ဒူးထောက်ကာ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။
သူမ၏မျက်နှာပေါ်ရှိ သိမ်ငယ်စိတ်သည် ခေတ္တခဏမျှဖြစ်ပြီး လျစ်လျူရှုသောမျက်နှာဖုံးကို ဝတ်ဆင်ထားသည့်အသွင်သို့ ပြန်ပြောင်းလဲသွားသည်။ သူမ ရေဖြည့်ပြီး အတန်းထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ပြန်သွားခဲ့သည်။
အတန်းမစခင် ၂မိနစ်အလို တွင် ပိုင်ရွှင်းယီ ရေယူပြီး အတန်းထဲပြန်ဝင်လာခဲ့သည်။ ခုံဆီ ပြန်ရောက်ချိန် ဘောပင်ကောက်သည့်အခါ လက်ချောင်းလေးတွေ နာကျင်ပြီး အားနည်းသွားသလို ခံစားရသည်။
ထူးဆန်းသည်မှာ ရှန်းချုရန် ဟာ စားပွဲပေါ်တွင် လဲလျောင်းနေပြီး ကျုံးရှီနှင့်အခြားမိန်းကလေး အနည်းငယ်တို့ ထိတ်လန့်စွာဖြင့် ရှန်းချုရန်ကို နှစ်သိမ့်ပေးနေကြသည်။ —"ချူရန်၊ မငိုနဲ့၊ ယုလျိုယင် က ဘာမှပြန်မပြောဘူးလေ"
"ဟုတ်တယ်၊ သူက နင့် ကို အပြစ်မတင်ဘူး၊ အခြေအမြစ်မရှိဘူးလေဟာ၊ နင် ဘာလို့ ရေပုံးကိုကန်ချလိုက်တာလဲလို့ပဲ ပြောတာလေ"
"ဟုတ်တယ်၊ နင် ယုလျိုယင်ရဲ့ယင်နဲ့ယန် က ထူးခြားတယ်လို့ ပြောတယ် မဟုတ်လား?"
"ဟုတ်တယ် ရန်ရန်၊ နင် သူ့ကို ဘာလို့ကြိုက်တာလဲ၊ ငါလည်း ရုပ်ချောပါတယ်ဟ"
"အဲ့အကြောင်းကိုထပ်မပြောနဲ့တော့!!" ရှန်းချုရန် ခေါင်းမော့ကြည့်လာရာ မျက်နှာက ဖြူဖျော့နေလျက် မျက်လုံးများက နီရဲနေကာ ကျောင်းဝတ်စုံသည်လဲ ရေများစိုရွဲနေသည်။ ထို့နောက် သူမ က ပြောလာသည်။"ငါ သူ့ကို အရမ်းကြိုက်တာ အဲ့တာကြောင့် သူ့ မကောင်းကြောင်း ဆက်မပြောပါနဲ့လား"
အသက် ၁၆နှစ်၊ ၁၇ နှစ် အရွယ်ကလေးများ သည် တစ်ယောက်ထဲနေရတာကို နှစ်သက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်တတ်ကြသည်။
လောင်ကျွမ်းတက်တာ သိသိကြီးကြီနဲ့ ပိုးဖလံလိုမျိုး မီးကိုနှစ်သက်ကြသည်။ သို့သော်လည်း ပိုးဖလံလိုမျိုး ရူးမိုက်စွာ လက်လမ်းမမှီနိုင်တဲ့ အလင်းရောင်ထဲသို့ ပျော်ရွှင်စွာ တိုးဝေ့နေဆဲဖြစ်သည်။
ပိုင်ရွှင်းယီ သည် ရှန်းချူရန်ကို မကြိုက်နှစ်သက်ပေ။ သို့ပေမဲ့ အခု သူမ ရှန်းချူရန်၏သတ္တိ ကို လေးစားသည်။
တစ်နည်းဆိုရသော် ပိုင်ရွှင်းယွီ သည် တစ်စုံတစ်ယောက် အား တစ်ယောက်ထဲ တစ်ဖက်သတ်ကြိုက်ရမှာကို မနှစ်သက်ပေ။
နေ့လည်ပိုင်း ၌ မိုးဖွဲလေးများ တစ်ဖန်ကျဆင်းလာပြန်သည်။
လင်းလန်မြို့ သည် ရေကြိုက်သောမြို့ဖြစ်သည်။ မိုး သည် ၂ရက်စွန်း သုံးရက်အစပိုင်းတွင် စတင်ရွာသွန်းသည်။ ထီးများသည် လင်းလန်မြို့မှာရှိတဲ့ လူတိုင်းအတွက် လိုအပ်သောပစ္စည်းများဖြစ်လာသည်။ ကျောင်းဝန်းတစ်ခုလုံး လဲ စိုစွတ်လျက်ရှိသည်။
ရလဒ်မှာ အမှတ်၃ကျောင်း၏ကန်တင်း ကို လူကြိုက်မများတော့။ နေ့လည်ပိုင်းတွင် ကျောင်းသား/သူတွေ သည် ကျောင်းဝတ်စုံတွေ မိုးစိုမှာ ကြောက်ကြတယ်။
သို့သော် ပိုင်ရွှင်းယီ သည် အဆီများသည့် ဆီနဲ့လေးပင်သည့်ဆား ပါဝင်တာကို စားလေ့မရှိ။ မိုးရွာရင်တောင် ထီးဖြင့် သွားသည်။
ကန်တင်းထဲ လူအများကြီး မရှိပေ။ ရှိတဲ့လူတွေကလဲ စားသောက်နေကြသည်။ ပိုင်ရွှင်းယီ သည် ကန်တင်းထဲမှာ လူသိပ်မရှိတာ မှန်တယ်လို့ခံစားရကာ စိတ်အခြေအနေ မှာ အတော်လေး လန်းဆန်းနေသည်။
ပိုင်ရွှင်းယီ သည် သူမ၏အစားအသောက်ကတ်ကို ကန်တင်းသို့ယူသွားကာ အစားအသောက်သွားယူပြီး အစားအသောက်ထိုင်စားရန်အတွက် တိတ်ဆိတ်ငြိမ်သက်သောနေရာကို ရှာဖွေသည်။ မကြာခင်အချိန်အတွင်း ပြတင်းပေါက်ဘေးတွင်ရှိသောထိုင်ခုံနေရာတွင် ထိုင်ပြီး စတင်စားသောက်သည်။
မိုးရာသီအငွေ့အသက်ကြောင့် ထမင်းစားခန်းထဲတွင် ချထားသော ပလပ်စတစ်ထိုင်ခုံများလည်း အေးစက်လှသည်။ သူမ ထိုင်ချလိုက်တဲ့အခါ သူမ ခန္ဓာကိုယ် သည် အေးစက်မှုကြောင့်တုန်လှုပ်သွားပြီး သူမ၏သိမ်မွှေ့သော မျက်ခုံးမွှေများကလဲ မှုန်ကုပ်သွားသည်။ သူမ စားနေသော ထမင်းများကလဲ အေးစက်ပါ၏။
မိန်းကလေး၏မြင်းအမြှီးပုံစံ ဆံပင်ထိပ်ဖျားများ က အနည်းငယ်စိုနေသည်။ မိုးအစက်လေးတွေက အဖြူရောင်လက်တိုများဆီသို့ ပျံ့နှံ့သွားကာ ပခုံးနှစ်ဖက်မှာလဲ မိုးရေကြောင့် စိုစွတ်နေသည်။
ကန်တင်းရှိ လူနှစ်ယောက်၊ သုံးယောက် သည် အလွန်တိတ်ဆိတ်နေပြီး ချက်ချင်းဆိုသလို ဆူညံသံများ တဖြေးဖြေး ကြားရသည်။ ပိုင်ရွှင်းယီ ခဏလောက်စားပြီးနောက် စိုစွတ်ပြီး အေးစက်တဲ့ လေတွေနဲ့အတူ လူတစ်ချို့များ ရောက်လာခဲ့တယ်။
ယောက်ျားလေးတွေရဲ့နောက်ပြောင်သံတွေက မိုးနှင့်အတူရောနှောပြီး တိတ်တဆိတ်မှုကို ချိုးဖျက်လာပေသည်။
"အကိုယု၊ မင်း …ဘာလို့ဒီမှာ စားဖို့ဆုံးဖြတ်လိုက်ရတာလဲ? ဒီနေရာကမကောင်းဘူး အကင်နဲ့တခြားဟာတွေစားလို့ရတယ်လေ "
"လီယွမ်…မင်း စကားပြောတာကိုရပ်နိုင်မလား၊ မင်း ဘာလို့ နေ့ခင်းအချိန်ကြီးမှာ အပြင်ထွက်ဖို့ စဥ်းစားနေရတာလဲ?"
"အဲ့ညက…"
"စကားမပြောနဲ့တော့ ဝက်နံရိုးပြုတ်ရှိသလားကို အရင်သွားကြည့်အုံး "
ပိုင်ရွှင်းယီ သည် ခေါင်းကိုငုံ့၍ ပန်းကန် ထဲက ဝက်နံရိုးပြုတ်ကို ကြည့်နေခဲ့သည်။ သူမ ကန်တင်းကိုလှည့်ကြည့်လိုက်ရာ ကန်တင်း က အဒေါ်ကြီး က ပြောလာသည်။ "ကောင်လေးတွေ…အလာနှောင်းသွားပြီ"
သူမ ဂရုမစိုက်ဘဲ မော့ကြည့်လိုက်ပြီး သူမရဲ့တူများ ကို တင်းတင်းဆုပ်ထားခဲ့တယ်။ ရှန်းချုရန် နှင့် ငြင်းခုံနေချိန်တွင် ယောက်ျားလေးများ၏ကျော သည် အောက်ထပ်တွင် ပေါ်လာသည်ကို သူမ သိသည်။
သူတို့ အထဲတွင် ယုလျိုယင်၏ပိန်ပိန်ရှည်လျားသောရုပ်သွင် နှင့် သွယ်လျသောလက်ချောင်းများ က မှတ်မိလွယ်သည်။
ပိုင်ရွှင်းယီ၏မသိစိတ် က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းကို လှည့်ကာ သူမဘာသာ ဆက်စားတယ်။
သို့သော် အပ်ပေါ်မှာ ထိုင်ရတာနဲ့ခပ်ဆင်ဆင်တူသည်။ ဒီနေ့ ကန်တင်း သည် အလွန်တိတ်ဆိတ်ပြီး နေရာလွတ်တွေအများကြီးရှိ သည်။ သူမရဲ့ပတ်ပတ်လည်ဧရိယာမှာ သူမတစ်ယောက်ထဲရှိ သည်။
ပိုင်ရွှင်းယီ သည် တစ်ယောက်ထဲရှိနေရတာကို ကြောက်တတ်သည့်မိန်းကလေးမျိုးမဟုတ်ပေ။ ရုပ်ရှင်ကြည့်သည့်အခါ (သို့) အိမ်သာသာသွားအခါမှာတောင် တစ်ယောက်ထဲသွားတတ်သည့် သူမျိုးဖြစ်သည်။
သူမတစ်ယောက်ထဲ အထီးကျန်နေတာကို အခြားသူတစ်ယောက် ထောက်လှမ်းတာမျိုး မလိုချင်ပေ။
အဆိုးဆုံးအရာကတော့ ထိုကောင်လေး ၄ ယောက်သည် သူမနဲ့စားပွဲနှစ်ခုစာသာဝေးသည့်နေရာတွင် ထိုင်၍ စားနေခြင်းဖြစ်သည်။
ယုလျိုယင်ရဲ့လက်ထဲ တူကိုင်ထားတာကို ရှင်းလင်းစွာ မြင်ရသည်။
ရုတ်တရက်ဆိုသလိုပင် ပိုင်ရွှင်းယီ အေးစက်နေသည့်အစားအစာတွေကို မျိုချဖို့ ပိုလို့ခက်ခဲလာသည်။ သူမ မျက်လွှာချထား၏။ သူမ ကောင်လေးတချို့ပြောသည့်စကားကို သူမ၏နားထဲတွင် ကြားနေရသည်။
"အကိုယု၊ မင်း က အရမ်းရက်စက်တာဘဲ အခန်း၃ က ကောင်မလေး မင်းကြောင့် ငိုလုနီးပါးဖြစ်သွားခဲ့တာဟ”
"တကယ့်ကို မနူးညံ့တဲ့ယောက်ျားဘဲ "
"ဘယ်လိုဘဲဖြစ်ဖြစ် ရှန်းချူရန်မှာ လိမ်လည်တဲ့စက်ရှိတယ်။ သူမ ရေဗုံးကို ကန်လိုက်တာကို ငါ မြင်ခဲ့ပေမဲ့ အဲ့တာက ဘေးနားက ကောင်မလေးပေါ် မူတည်တယ်"
"ဟီး ဟီး လှပတဲ့မိန်းကလေးတွေအကုန်လုံး မှာ လိမ်လည်တဲ့စိတ်ရှိတာ ဖြစ်နိုင်တယ်”
ရှန်းချုရန် ထိုသို့ငိုကြွေးသည်ကို သိကြသည်မှာ အံသြစရာမဟုတ်ပေ။
ပိုင်ရွှင်းယီ ကြားသည့်အခါ မတက်နိုင်ပဲ ရယ်ချင်မိသည်။
ကောင်လေး ၄ ယောက်တို့တွင် အခြားကောင်လေး ၃ ယောက် သည် စားရင်း စကားနည်းနည်းပြောရတာကို ကြိုက်သည်။
ဖြစ်စဥ်တစ်ခုလုံး ကို ချုံ့ကြည့်မယ်ဆိုရင် ပိုင်ရွှင်းယီ သည် ယုလျိုယင် စကားပြောသည်ကို မကြားခဲ့ရပေ။
သူတို့ ၁၀မိနစ်အတွင်း အမြန်စားလို့ ပြီးသွားသည်။
ပိုင်ရွှင်းယီ သက်ပြင်းကို ဖြည်းညင်းစွာချကာ ကန်တင်း၏တံခါး ထွက်ခွာသွားသော သူတို့ နောက်ကျောကိုကြည့်နေခဲ့သည်။ သူမ ဘာကိုစိတ်လှုပ်ရှားနေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိပင်မဲ့ အထီးကျန်စွာဖြင့် တစ်ယောက်ထဲနေရသည့်နေရာမျိုးကို ပိုကြိုက်သည်။
သူမ အကြည့်ကိုပြန်ရုတ်၍ ကောင်လေးများ ထိုင်သည့်စားပွဲဆီကြည့်လိုက်သည်။
ထမင်းစားကဒ် စားပွဲပေါ်မှာ အထီးကျန်စွာ လဲလျောင်းနေသည်။ ကြည့်ရသည်မှာ ထမင်းစားကတ် မေ့ကျန်ခဲ့သည်ပုံပေါ်သည်။
အမှတ်၃၊ ကျောင်း၏ထမင်းစားကဒ်ပေါ်တွင် တကယ့်အမည်အရင်းတွေကိုသာ ရေးထားသည်။ ပိုင်ရွှင်းယီ လျှောက်လာကာ ယူလိုက်သည်။ ထမင်းစားကတ်ပေါ်တွင် စာသုံးလုံးရှိသည်။ –‘ယုလျိုယင်’
ပိုင်ရွှင်းယီ အနည်းငယ် တုံ့ဆိုင်းနေ၏။ ထို့နောက် သူမ ထီးယူ၍ အပြင်ကိုထွက်လာခဲ့သည်။
ကောင်လေးများ က သူတို့၏ရှည်လျားသော ခြေထောက်များကို အသုံးပြု၍ အလွန်လျင်မြန်စွာ လမ်းလျှောက်သွားကြသည်။
သူမ သူတို့ကို "စောင့်အုံး" လို့ မပြောနိုင်ခဲ့။ ထို့အစား သူမ သူတို့၏နောက်သို့ လျင်မြန်စွာပြေးလိုက်ဖို့ဘဲ တတ်နိုင်ခဲ့တယ်။
အဆုံးမှာတော့ ထီးဖြင့် သူမကိုယ်ကိုရိုက်မိခဲ့ပြီး သူမ၏မျက်နှာပေါ် မိုးဖွဲလေးများသည်လဲ စင်သွားခဲ့သည်။ သူမ၏ဆံပင်များ သည် အနည်းငယ်စိုစွတ်သွားခဲ့ကာ အဖြူရောင်အေးစက်သော မျက်နှာပေါ် အနည်းငယ်ကပ်နေ၏။
ကောင်လေးတချို့ က လမ်းလျှောက်နေတာ မရပ်ခင်အထိ သူမ သူတို့နဲ့မနီးကပ်ခဲ့ပေ။ သူတို့ အနောက်က လိုက်လာသောအသံကြောင့် ရပ်တန့်သွားသည်။ သူတို့ ပိုင်ရွှင်းယီကို မြင်သွားခဲ့သည်။ သူတို့ဟာ အနည်းငယ်အံသြသွားခဲ့ပြီး သူတို့ကိုယ်သူတို့ ပြန်ကြည့်မိလိုက်သည်။
"အတန်းဖော်" လီယွမ် က ပိုင်ရွှင်းယီ၏မျက်လုံးကို ကြည့်၍မေးသည်။ "ဘာကိစ္စများရှိလို့လဲ "
ပိုင်ရွှင်းယီ သူမ၏နှုတ်ခမ်းတွေကို ကိုက်ပြီး အဖြူရောင်လက်လေးကို ဖြန့်လိုက်တော့ သူမရဲ့လက်ဖဝါးပေါ် အနက်ရောင် ကဒ်ပြားတစ်ခု ရှိနေသည်။ ကောင်မလေးရဲ့လက်ဖဝါးဖြူဖြူ ကတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့လို့ လက်ပေါ် နီရဲနေသည့် အမှတ်အသား ပြည့်နှက်နေ၏။
သူမ ကတ်ကို ယုလျိုယင်ထံသို့ လှမ်းပေးလိုက်သည်။
ယုလျိုယင် က စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားခဲ့ပြီး ခဏအကြာတွင်တော့ သူ၏ရှည်လျားသော လက်ချောင်းသွယ်သွယ်များ က ပိုင်ရွှင်းယီ၏စိုစွတ်နေသော လက်ချောင်းကို ထိမိသွားခဲ့သည်။
ယုလျိုယင် အရှေ့က မိန်းကလေးကို ခဏမျှကြည့်မိသည်။ သူမ ဟာ နက်မှောင်နေသောဆံပင် ဖြူဖွေးနေသောအသားအရေ၊ နီရဲနေသော နှုတ်ခမ်းပါးလေးနဲ့သွားဖြူဖြူလေးတွေ ရှိသည့် လှပသည့်မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမ၏မျက်ခုံးများ က မိုးရေကြောင့်စိုစွတ်နေလို့ ပျော့ပျောင်းနေတယ်လို့ ထင်ရပြီး ကြည့်ရသည်မှာ ညကောင်းယံ၌ ထွန်းလင်းတောက်ပနေသော ကြယ်တစ်လုံးနဲ့တူသည်။
ထို့နောက် ယုလျိုယင်၏နက်မှောင်သော မျက်လုံးများ စိတ်ဝင်စားမှုကြောင့် မြင့်တက်သွားသည်။ "ကျေးဇူးတင်ပါတယ် "
ပိုင်ရွှင်းယီ က ပေါ့ပေါ့ပါးပါး ပြုံးပြတော့ နှုတ်ခမ်းပေါ်တွင် သစ်တော်သီးအနှစ်လေးအတိုင်းပင်။ မျက်လုံးတွေက တောက်ပနေလျက် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ထွက်သွားခဲ့သည်။
"ခဏနေအုံး" ယုလျိုယင် ပျင်းရိစွာဖြင့် မေးလိုက်သည်။ "မင်းနာမည် ဘယ်လိုခေါ်လဲ?”
ယုလျိုယင် အနောက်က ကောင်လေးသုံးယောက်ကို ကျောပေးကာ ပိုင်ရွှင်းယီ၏အမည်ကို မေးခဲ့သည်။
ပထမဦးဆုံးအကြိမ် ယုလျိုယင် က ကောင်မလေးတစ်ယောက်၏အမည်ကို မေးခြင်းပင်ဖြစ်သည်။
သို့သော် သူတို့ မသိခဲ့တာက ဒါ ဟာ ဒုတိယအကြိမ်ဖြစ်လေသည်။
ပိုင်ရွှင်းယီက နှုတ်ခမ်းကို အနည်းငယ်ဖိကိုက်ကာ ခဏရပ်ခဲ့ပြီးနောက် ခေါင်းကိုငုံကာ ယုလျိုယင် ထံကနေ ပြေးထွက်သွားခဲ့သည်။
ကောင်မလေး၏ခြေလှမ်းများက အရမ်းမြန်သည်။ သူမ၏ဆံပင်က လေထဲတွင် လွင့်နေပြီး အနောက်သို့ လှည့်မကြည့်ခဲ့ပေ။
"ကောင်မလေး က ကတ်ပြန်ပေးခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်" လုယီ မနေနိုင်ပဲ ရယ်မောနေရင်း ပိုင်ရွှင်းယီ၏နောက်ကျောကို ကြည့်ရင်း ပြောလေသည်။
"ကောင်မလေး က လှပြီး တက်ကြွတဲ့ မိန်းကလေးမျိုး”
"ဒုတိယအကြိမ်ပဲ" ယုလျိုယင်က လုယီ၏ပခုံးပေါ် သူ၏လက်ကို တင်ကာပြောသည်။ ယုလျိုယင်၏မျက်နှာက အနည်းငယ် မသက်သာဖြစ်ခဲ့ပြီး သွယ်လျသောလက်ချောင်းသွယ်သွယ်များ ကို ကြည့်နေသည်။ "ငါ သူမရဲ့နာမည်ကို ၂ ကြိမ်တောင် မေးခဲ့တယ် ဒါပင်မဲ့ လျစ်လျုရူခံရတယ်”
တစ်ခဏတာ တိတ်ဆိတ်သွား၏။ လုယီ က မေးစေ့ကိုပွတ်ရင်း ပြောသည်။ "မဟုတ်ဘူး ဘယ်မိန်းကလေးက မင်းရဲ့စိတ်ဝင်စားမှုကို ရဖို့အတွက် ၂ ကြိမ်တောင် လျစ်လျူရှုနိုင်မှာလဲ? မင်း လူတွေကို သူမနာမည် မေးကြည့်ဖို့ မကြိုးစားဘူးလား? မဖြစ်နိုင်တာ ဟား ဟား "
"သူမ တမင်ကာလုပ်တာမဟုတ်ဘူး၊ စကားမပြောနိုင်တာ "ကျိုးရှင်းဆွေ က မျက်မှန်ကို အပေါ်သို့ ပင့်တင်ပြီး ပြောပြသည်။ "သူမ က ရှန်းချုရန် နဲ့တစ်ခန်းထဲပဲ၊ အခန်း၃ က စကားမပြောနိုင်တဲ့ကောင်မလေး "
"ဆွံအနေတယ်?” လီယွမ် အံသြသွားသည်။ "သူမနာမည်က ပိုင်ရွှင်းယီလား?"
အမှတ်၃ ကျောင်းတွင် အထက်တန်းဒုတိယနှစ်တက်ရောက်နေသော ကျောင်းသား/သူ များသည် ကျောင်း၏ဝဘ်ဆိုက်တွင် ကျောင်း၏မြက်ခင်းစိမ်းလေးများနှင့်ပန်းအလှလေးများကို ငြီးငွေ့ဖွယ်ရာကောင်းသော ကျောင်းသားဘဝမှ လွတ်မြှောက်ရန် ရွေးချယ်လေ့ရှိသည်။
သို့သော် ဒီနှစ်မှာတော့ လူအများအပြား၏စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော ထိုမိန်းကလေး က အားပေးမှုအများအပြားဖြင့် ရန်ချူရန်၏ကျောင်းအလှလေးဟူသော ဂုဏ်ပုဒ်ကို ဆွတ်ခူးသွားခဲ့လို့ဖြစ်သည်။
ဆွံ့အနေသော ကျောင်းပန်းအလှလေး သည် ကျောင်းတွင် အလွန်ကျော်ကြားသော သတင်းတစ်ပုဒ်အဖြစ် ခဏတာ နေရာယူခဲ့လေသည်။ လီယွမ်နဲ့သူ၏သူငယ်ချင်းတစ်ချို့က ကြားသော်လည်း တစ်ယောက်မျှ အတင်းအဖျင်းကို ဂရုမစိုက်ခဲ့ချေ။ ဘယ်သူမှ ဆွံ့အနေသည့် ကျောင်းပန်းအလှလေးကို မတွေ့ဖူးသောကြောင့်ပင် ဖြစ်သည်။
ဒီအံသြစရာကြီးကတော့ အလွန်ထိတ်လန့်စရာပင်။ မည်သူမှ မတွေးခဲ့သည်မှာ ကောင်မလေး သည် ရှန်းချူရန်ထက် လှပပြီး ပို၍သာသည် ဆိုတာပင်။
သူမ၏နာမည်အရင်းမှာ ပိုင်ရွှင်းယီ ဖြစ်သည်။
ယုလျိုယင် သူမ၏နာမည်ကို တိတ်ဆိတ်စွာဖြင့် ရေရွတ်နေခဲ့သည်။ ရှန်းချုရန် ဘေးက မိန်းကလေးရဲ့ဘေးတွင် ပိုင်ရွှင်းယီ ရှိနေခဲ့ပြီး ရှန်းချုရန် က လှေကားထိပ်ကနေ ရေပုံးကိုကန်ချလိုက်တာ သူ မှတ်မိသည်။
သူမရဲ့နာမည် က ပိုင်ရွှင်းယီ ကိုး။
သူမ သည် လက်မောင်းထဲတွင် အလွန်လေးသောရေပုံးကိုသယ်ခဲ့ပြီး သူမ၏သွေးကြောများ မှာ နာကျင်နေဟန်ပေါ်ခဲ့သည်။
ယုလျိုယင် တိတ်တဆိတ် အတွေးများခဲ့ရတော့တယ်။