no

Font
Theme

Ch- 2 : နာကျင်မှု

ရှန်းချုရန် သည် အထက်တန်းကျောင်း၏ဒုတိယနှင့်တတိယတန်းတွင် 'Red Man' ဖြစ်သည်။ သူမ က တောက်ပကာ လှပပြီး သတ္တိရှိသည်။

အတန်းထဲက ကျောင်းသားအားလုံးနီးပါး သည် သူမနဲ့ပတ်သက်သည့် အချက် ၂ ချက်သိကြတယ်။ ပထမတစ်ချက်ကတော့ ရှန်းချုရန်က ပိုင်ရွှင်းယီကို အရမ်းမုန်းတီးတယ်။ သူမ က သူမကိုယ်သူမ ကြာဖြူ လို့ထင်တဲ့အတွက် သူမရဲ့ကျော်ကြားမှုတွေ၊ ရက်ရောမှုတွေကို အားကိုးပြီး အတန်းတစ်ခုလုံးကို အောင်အောင်မြင်မြင် ဦးဆောင်သည်။ ပိုင်ရွှင်းယီ ကိုလည်း ခွဲခြားခွဲခြားဆက်ဆံခဲ့တယ်။

ကျောင်းဆင်းသည်နှင့် ပိုင်ရွှင်းယီ ကို သော့ခတ်ထားရတဲ့ အကြောင်းအရင်း မှာ ရှန်းချုရန် ကြောင့် ဖြစ်သည်။

အတန်းသုံးတန်းတွင် ကျောင်းသား စုစုပေါင်း ၅၀ ရှိသည်။ လူနှစ်ဦး သို့မဟုတ် သုံးဦး၊ အုပ်စု ၁ဖွဲ့၊ တာဝန်ကျသည်။ အဖွဲ့တစ်ဖွဲ့စီသည် တစ်လလျှင် ကျောင်းတက်ပြီးနောက် သန့်ရှင်းရေးလုပ်ရန် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်စီ အလှည့်ကျသည်။

ကျောင်းသားကော်မတီသည် ပိုင်ရွှင်းယီ၊ ရှန်းချုရန်နှင့် ရှန်းချူရန်၏အတန်းဖော် ကျူံးရှီကို တမင်တကာ အဖွဲ့ဖွဲ့ကာ တာဝန်ပေးခဲ့သည်။ အဖွဲ့သန့်ရှင်းရေးလုပ်နေစဥ် ရှန်းချူရန်နဲ့အတန်းဖော်များထွက်သွားခဲ့သည်။

အရင်ထွက်သွားရုံတင်မက စာသင်ခန်းထဲမှာ ပိုင်ရွှင်းယီ ကို သော့ခတ်ထားခဲ့တာ အကျင့်ဖြစ်နေပြီဖြစ်သည်။

ညနေပိုင်းတာဝန်ကျကျောင်းသားများ သည် နောက်နေ့နံနက်တွင် သော့ဖြင့်တံခါးကိုလာဖွင့်ရန် လိုအပ်သောကြောင့် ပိုင်ရွှင်းယီကို စာသင်ခန်းထဲတွင် တစ်ညလုံးသော့ခတ်ထားရင်တောင် ဘယ်သူမှ မသိနိုင်ဘူးလို့ ရှန်းချုရန်ထင်ထားသည်။

လျိုချန် က ဆရာမရှန်လန်လီ ကို ဒီကိစ္စကို ပြောပြပြီးနောက်မှာတောင် ရှန်းချုရန် သည် ချောမောလှပပြီး လူကြိုက်များကာ မိသားစု က ချမ်းသာအာဏာရှိသူများဖြစ်လို့ အတန်းဖော်ကို စာသင်ခန်းထဲမှာ မတော်တဆ သော့ခတ်ထားတာ က ဘာဖြစ်လို့လဲ? ဘယ်သူ က သူမ ကို ဘယ်အခြေခံနဲ့လာသင်ကြားပေးမှာလဲ?

ပိုင်ရွှင်းယီ သည် စကားမပြောနိုင်ဘဲ နှုတ်ဆိတ်နေသောကြောင့် ဤ 'ရက်စက်ယုတ်မာမှုများ' ဆက်လက်၍ ငြိမ်သက်နေခဲ့သည်။

အခန်း၃ ရှိ အတန်းဖော်များသည် တူညီသောပုံစံမဟုတ်၊ သို့မဟုတ် အပြန်အလှန်နားလည်လိုစိတ် အချင်းချင်းချိတ်ဆွဲထားကြသည်။

သို့သော် ရှန်းချုရန် က ပိုင်ရွှင်းယီကို မုန်းတီးကြောင်း အားလုံးသိကြတယ်။ ဒါက ပထမအချက်။

ဒုတိယတစ်ချက်ကတော့ ရှန်းချုရန် ဘေးခန်းရှိ ယုလျိုယင် ကို သဘောကျပြီး လိုက်ချင်သည်။ သူမ က ရဲရင့်ပြီး ယုလျိုယင် အပေါ် စိတ်အားထက်သန်သည်။

ဆရာမ သည် ဒီကိစ္စကို သိပြီး ရှန်းချူရန်နဲ့ ရည်ရွယ်ချက်ရှိရှိ စကားပြောခဲ့သည်။ သို့သော် ရှန်းချူရန်ကို ဘယ်သူမှ မတားနိုင်တာကြောင့် ယုလျိုယင် ကိုသာ ရှင်းပြလိုခဲ့တယ်။

ပြတင်းပေါက်အပြင်ဘက်က အကြောင်းတွေကို မကြားသိသည့် ပိုင်ရွှင်းယီ ကလွဲရင် အမှတ်၃ကျောင်း၌ ယုလျိုယင် ကို မသိသည့် ကျောင်းသားအနည်းငယ်က သာရှိသည်။

ကျောင်းအင်တာနက်မှ ရွေးချယ်ထားသော ကျောင်းမြက်လေး က အချိန်တိုင်း ကျောင်းရှိ ထိပ်တန်းကျောင်းသား ၃ ဦးတွင် ပါဝင်သည်။ မသိတဲ့သူ ဘယ်သူရှိသလဲ ?

၁၆ နှစ် သို့ ၁၇ နှစ်အရွယ် မိန်းကလေးများသည် မြီးကောင်ပေါက်အရွယ်တွင် အငြိမ်မနေဆုံးကာလဖြစ်သည်။ ယုလျိုယင် ၏"ကောင်းကင်ဘုံ၏သားတော်"လိုရုပ်ရည်ကြောင့် လှပတဲ့ စိတ်ကူးယဥ်မှုတွေ ဘယ်လောက်ရှိလိုက်မလဲ?

ရှန်းချုရန် ကဲ့သို့ ရဲဝံ့စွာသတ္တိရှိရှိ ပြောဆိုဝံ့သူ အနည်းငယ်မျှသာရှိပြီး အတန်းပြီးသောအခါ ကျောင်းဆင်းတော့မည့် ယုလျိုယင် ထံသွားပြီး နေ့တိုင်းလိုလို အတန်းတံခါးဝတွင် ပိတ်ထားကြသည်။

ဒါတွေကို စကားစမြည်ပြောနေတဲ့ တခြားအတန်းဖော်တွေ ဆီက ပိုင်ရွှင်းယီ ကြားတာဖြစ်သည်။

သူမ ရှန်းချူရန်နဲ့ပတ်သက်တဲ့ အရာအားလုံးကို အလိုအလျောက် ပိတ်ဆို့ထားခဲ့ပေမဲ့ ထိုနေ့တွင် ယုလျိုယင်နဲ့ဆုံတည်းက သူမနားထဲ အမြဲလိုလို သတင်းတွေ ပြည့်နှက်နေခဲ့သည်။

သူမရဲ့ပတ်ဝန်းကျင်၌ အမြဲလိုလိုရှိနေသလိုပင်။ ဂရုမစိုက်တဲ့အခါ မီးခိုးတလူလူခံစားရတယ်။

ယုလျိုယင်နဲ့ရှန်းချုရန် တို့ သည် ချစ်သူ သို့မဟုတ် ရည်းစားမဟုတ်တာ ထင်ရှားသည်။

ရှန်းချုရန် က ယုလျိုယင်ကို တစ်ဖက်သတ် သဘောကျသူပင်။

"ဟေ့ ပိုင်ရွှင်းယီ" လျိုဖူယုက အရှေ့ စားပွဲမှ လှည့်လာကာ စားပွဲခုံ ကို ခေါက်၍ ပြောသည်။"ငါ့ကို သင်္ချာစာရွက်ပေးပါ"

လျိုဖူယု သည် မျက်မှန်တပ်ထားပြီး လှပသောမိန်းကလေး၊ အတန်းထဲတွင် သင်္ချာအတန်းအစား ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သူမ သည် အိမ်စာများကို နေ့စဥ်စုဆောင်းကာ သင်္ချာဆရာ၏ရုံးခန်းသို့ ပို့ပေးရန် တာဝန်ရှိသော်လည်း ပထမတန်းပြီးသောအခါတွင် သူမ ဘာမှမတတ်နိုင်သေး။ သင်္ချာစာရွက်တွေလိုတယ်။

ပိုင်ရွှင်းယီ ၏သင်္ချာ က အတန်းထဲတွင် ပထမဆုံးဖြစ်သောကြောင့် လျိုဖူယု သည် အိမ်စာများကို စစ်ဆေးရန် ပိုင်ရွှင်းယီ၏စာရွက်ကို လိုအပ်သည်။

ပိုင်ရွှင်းယီ ဘာမှမပြောပဲ လျိုဖူယု ဆီ သင်္ချာစာရွက်ကို ထုတ်ကာ ပေးသည်။

လျိုဖူယု က ကွဲပြားတဲ့မိန်းကလေး တော့မဟုတ်ပေမဲ့ ဆိုးဝါးတာလည်းမဟုတ်။ သူမစာရွက်ကိုစစ်ဆေးဖို့ ပိုင်ရွှင်းယီ ဆီက တောင်းပေမဲ့ ဘယ်တော့မှ ‘ကျေးဇူးတင်တယ်’လို့ မပြော။

စကားပြောနေစဥ် ကျောင်းဘဲလ် မြည်သံထွက်ပေါ်လာသည်။ ဓာတုဗေဒဆရာမ သည် သင်ခန်းစာအစီအစဥ်များ အတူလျှောက်လာခဲ့သည်။

“မင်းတို့အတန်း ဘာဖြစ်နေတာလဲ? ဒီနေ့ အတန်းသန့်ရှင်းဖို့ တာဝန်ရှိသူက ဘယ်သူလဲ?" ဓာတုဗေဒဆရာမ သည် ဘောဖျက်ကို ယူကာ ဝှိုက်ဘုတ် ကို ခေါက်ရင်း ပြောလိုက်သည်။"ဘယ်သူမှ ဝှိုက်ဘုတ်မဖျက်ထားဘူးလား? ဘယ်သူလဲ?!"

ဓာတုဗေဒဆရာမရဲ့ဒေါသထွက်သံကြောင့် တစ်တန်းလုံးတိတ်ကျသွား၏။

“ဘယ်သူလဲလို့? ဘာလို့ဘယ်သူမှစကားမပြောတာလဲ?" ဘယ်သူမှမဖြေတာကိုမြင်တော့ ဓာတုဗေဒဆရာမ ပိုဒေါသထွက်လာသည်။

"မင်းတို့ ကြောင်နေကြသလား? ဒီနေ့ တာဝန်ကျတဲ့ကျောင်းသားဘယ်သူလဲ?"

“ဆရာမ" ရှေ့ဆုံးတန်းမှ ကျောင်းသူ သည် မထိန်းနိုင်ပဲရယ်မောကာ မျက်ခုံးပင့်သည်။ "ကျွန်မတို့အတန်း က ကျောင်းသူက တကယ်ကိုအနေတာ။ ဘယ်သူမှမပြောရရင် အဲဒါ သူမပဲ”

ထိုကျောင်းသူရဲ့စကားဆုံးတော့ တတန်းလုံးရယ်မောကြသည်။

ဓာတုဗေဒဆရာမသည် မျက်ခုံးတွန့်ချိုးလျက် ပိုင်ရွှင်းယီ ကိုကြည့်လိုက်သည်။

“ပိုင်ရွှင်းယီ ဒီနေ့ မင်း တာဝန်ကျတဲ့နေ့လား?"

ပိုင်ရွှင်းယီရဲ့နောက်ကျော ခဏလောက် တောင့်တင်းသွားပြီး ဖြည်းညှင်းစွာ ထရပ်သည်။

ပွဲကောင်း ကြည့်နေသည့် တိတ်တဆိတ်နေသည့်မျက်ဝန်းများအောက် ပိုင်ရွှင်းယီ ပါးစပ်ဖွင့်သော်လည်း စကားတခွန်းမှမပြောနိုင်ခဲ့။

သို့သော် ခေါင်းမခါဘဲ မတ်တတ်ရပ်လိုက်ခြင်းသည် ဆရာမမျက်လုံးထဲတွင် ကျေနပ်မှုရစေသည့် လုပ်ရပ်တစ်ခုဖြစ်သွားခဲ့သည်။ ဆရာမ သည် ပိုင်ရွှင်းယီ ကို ကူရာမဲ့လျက်စိုက်ကြည့်ပြီး မျက်မှောင်ကြုံ့ကာ မေးသည်။

"မင်း ဘာလို့ ဝှိုက်ဘုတ်ပေါ်က စာတွေ မဖျက်ထားတာလဲ? ဆရာမ ကိုယ်တိုင်လုပ်မှ ဖြစ်မှာလား?"

"ဆရာမ" ရှေ့ဆုံးတန်းရှိ လျိုဖူယု သည် ရုတ်တရက် ချက်ချင်း ထပြောသည်။ "တာဝန်ကျတာ ကျောင်းသား၃ယောက်ပါ၊ ပိုင်ရွှင်းယီ တင်မကဘူး"

ပိုင်ရွှင်းယီ အံကြိတ်၍ ခေါင်းကိုငုံကာ ​​မျှော်လင့်ချက်မဲ့စွာဖြင့် မြင်းမြှီးပုံသဏ္ဍန်ဆံပင်စီးထားသည့် လျိုဖူယု၏နောက်ကျောပြင်ကို ကြည့်နေခဲ့သည်။

"၃ယောက်? ကျန်တဲ့နှစ်ယောက်က ဘယ်မှာလဲ ?"ဆရာမ တစ်ခန်းလုံးကို ကြည့်၍ပြောသည်။ "မတ်တပ်ရပ်"

အခန်းတစ်ခန်းက ရှန်းချူရန်နှင့်သူ၏အတန်းဖော်တို့ မတ်တပ်မရပ်ခင်အထိ တခန်းလုံး တိတ်ဆိတ်လုနီးပါးရှိနေသည်။

"မင်းတို့သုံးယောက် ဘာဖြစ်နေတာလဲ?" ဓာတုဗေဒဆရာမ သူတို့သုံးယောက်ကိုမြင်တော့ အနည်းငယ်ကူရာမဲ့သလို ခံစားရသည်။ "အခု မင်းတို့ ကစားနေကြတာလား?"

"ဆရာမ" ရှန်းချုရန်က ပထမဦးဆုံး စကားစပြောတယ်။ ရှန်းချုရန် ၏ပန်းရောင်သန်းနေသည့်မျက်နှာ သည် ဖြူစင်ပုံပေါ်လွင်ကာ မျက်တောင်တဖျပ်ဖျပ်ဖြင့် စကားပြောလာသည်။

"အတန်းချိန်ပြီးတော့ ကျွန်မနဲ့ကျုံးရှီတို့ အစာအိမ်သိပ်မကောင်းလို့ အိမ်သာသွားခဲ့တာပါ။ ကျောက်သင်ပုန်း ကို ဘယ်သူမှ မသန့်ရှင်းထားဘူးလို့တော့ မမျှော်လင့်ထားဘူး။ ကျွန်မ တကယ်တောင်းပန်ပါတယ် "

ဒီစကားတွေက တောင်းပန်တယ်လို့ ထင်ရပင်မဲ့ တကယ်တော့ သူတို့နှစ်ယောက် ပိုင်ရွှင်းယီ ထံ အပြစ်ကို ပုံချလိုက်ခြင်း။

သေချာတယ်။ ဓာတုဗေဒဆရာမ ပိုင်ရွှင်းယီကို ကဲ့ရဲ့သည့်အကြည့်နဲ့ကြည့်သည်။ ပိုင်ရွှင်းယီ မှာ တစ်ယောက်နဲ့တစ်ယောက် ကူညီတတ်သည့် စိတ်ထားမရှိဘူးလို့ ခံစား*သည်။

ရိုးရိုးသားသားပြောရရင် ဆရာ/မ များစွာက အခန်း၃မှာ စကားမပြောနိုင်သည့် ကျောင်းသူတစ်ယောက်ရှိသည်ဆိုတာကို ကြားခဲ့ရသည်။ ပိုင်ရွှင်းယီ သည် စာကိုကောင်းကောင်းလိုက်နိုင်ပြီး လှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမ သည် ဆရာ /မများစွာ၏အချစ်ဆုံးကျောင်းသူတစ်ယောက်ဖြစ်သင့်သည်။ သို့သော် သူမ သည် တစ်တန်းလုံးရှိ ကျောင်းသား /သူ များနှင့် ပြောဆိုခြင်း မရှိပေ။

လူသားများ၏အတွေးဥပဒေသည် ဒီလိုဖြစ်သည်။ – ‘မင်းကို လူတစ်ယောက် (သို့) နှစ်ယောက်က မုန်းရင် တခြားသူ၏အမှားဖြစ်တယ်။ ဒါပင်မဲ့တစ်တန်းလုံးက မင်းကိုမကြိုက်ရင် မင်းမှာ မင်းရဲ့ဘဝနဲ့ပတ်သက်ပြီးပြသာနာရှိနေပြီဆိုတာ သေချာတယ် ’

တခြားသူများ ခွဲခြားဆက်ဆံတာက ထိုလူ ဟာ အလွန်ကောင်းမွန်လို့ မနာလိုဖြစ်လို့ ဆက်ဆံကြတာလို့ ယူဆကြမှာမဟုတ်။

ပိုင်ရွှင်းယီ ကြွေထည်လိုနှုတ်ခမ်းလေးကို အဖြူရောင်သွားလေးများဖြင့် အနည်းငယ်ကိုက်ကာ ခဏကြာပြီးနောက် စင်မြင့်ပေါ်သို့ တက်လာသည်။

ထိတ်လန့်တကြားဖြစ်နေသည့် လူတစ်စုကို ကြည့်ရင်း ပိုင်ရွှင်းယီ၏သွယ်လျသော လက်ချောင်းများ မြေဖြူခဲတစ်ချောင်းကို ကိုင်ဆောင်ထားပြီး သိမ်မွေ့ပြီး လှပသောစကားလုံးများကို အတန်းရှိကျောင်းသားတိုင်းရှေ့ ရေးသားသည်။

[ဆရာမ ကျွန်မတို့သုံးယောက် တာဝန်ခွဲထားပါတယ်။ ရှန်းချူရန်က ဝှိုက်ဘုတ် ကို သုတ်ပြီး ကျုံးရှီက စားပွဲကိုသုတ်ဖို့နဲ့ ကျွန်မက ရေသွားယူပေးဖို့ပါ]

‘ဆန်းဇုံ ‘ရေယူသည့်နေရာ သို့ လေးလံသောပုံးတစ်ပုံးကို သယ်ကာ ၃ လွှာ မှအပြင်ဘက်ကို ဆင်းရတာဖြစ်လို့ အခြားလူနှစ်ယောက် သည် ထိုတာဝန်ကို ပိုင်ရွှင်းယီ အား ပေးရန် မတွန့်ဆုတ်ခဲ့ပေ။ သူတို့ ပေါ့ပါးတဲ့အလုပ်တွေကိုသာ ကောက်ယူပြီး လုပ်ခဲ့ကြသည်။

ရေသွားယူသည့်တာဝန် သည် နည်းနည်းပင်ပန်းပေမဲ့ တစ်စုံတစ်ယောက်က လုပ်ရမည်။ ပိုင်ရွှင်းယီ သည် ပင်ပန်းတဲ့အလုပ်မှာ တာဝန်ပေးခံရတာကို ဂရုမစိုက်ပေမယ့် အချည်းနှီးဖြစ်မနေချင်ပါ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ရမည်။ ထို့အပြင် ရှန်းချုရန် နှင့် ကျုံးရှီ တို့သည် အတန်းပြီးပြီးချင်း အိမ်သာ သို့ လုံးဝမသွားခဲ့။

ကျောက်သင်ပုန်းပေါ်ရှိ စကားလုံးများနဲ့စာကြောင်းများ ရှင်းလင်းသည်။ ရှန်းချူရန်နှင့်ကျူံးရှီ သည် ပိုင်ရွှင်းယီ က ဒီလိုလုပ်ဝံ့မယ်လို့ မမျှော်လင့်ထားသောကြောင့် သူတို့ရဲ့မျက်နှာတွေ ချက်ချင်း နီရဲသွားသည်။

ဓာတုဗေဒဆရာမ ကျောင်းသူ၃ ယောက်ကြားရှိကိစ္စများ ကို သိသွားပြီး ဘာဖြစ်ခဲ့သလဲဆိုတာကို သိသွားသည်။ ဆရာမ တိတ်တဆိတ် သက်ပြင်းချပြီး ပိုင်ရွှင်းယီကို ကြည့်ကာပြောလိုက်သည်။" မင်းဘာလုပ်ခဲ့သလဲဆိုတာကို ဆရာမသိပြီ အတန်းစကြရအောင် "

စကားပြောပြီးနောက် ဆရာမ ရှန်းချုရန်ကိုကြည့်ကာ ပြောလိုက်သည်။"ဒီကိုလာပြီး ဝှိုက်ဘုတ်ပေါ် က စာတွေလာဖျက် "

ရှန်းချူရန်ရဲ့မျက်နှာပေါ် ရှိ အနီရောင်အရှက်သည်းမှုများ နားရွက်ဖျားအထိ ကူးစက်လာ၏။ ထို့နောက် သူမ ဝှိုက်ဘုတ် ဖျက်ဖို့အတွက် စင်မြင့်ပေါ် တက်လာသည်။ စင်ပေါ်မှဆင်းလာသည့် ပိုင်ရွှင်းယီကို ဖြတ်သွားစဥ် ပြင်းပြင်းထန်ထန် စိုက်ကြည့်ဖို့မမေ့ပေ။

ပိုင်ရွှင်းယီ တိတ်တဆိတ် သက်ပြင်းချသည်။ သူမ လုပ်သည့်အရာက မှန်သလားဆိုတာ သိချင်မိတော့သည်။

မှန်တဲ့အရာကိုလုပ်ခဲ့မိသည့်အတွက် စိုက်ကြည့်ခံနေရသည်။ ရှန်းချုရန်သူမကို အလွတ်ပေးမည်မဟုတ်။ သူမ ဘာလုပ်သင့်သလဲ?

သေချာတယ်။ ရှန်းချုရန်တော့ သူမကို အတန်းပေးပြီးရင် ပြသာနာရှာတော့မည်။

ပိုင်ရွှင်းယီ သည် ကစားကွင်းမှတစ်ဆင့် ရေများပြည့်နေသော ပုံးကြီးများဖြင့် စာသင်ခန်းသို့ ပြန်လျှောက်လာခဲ့သည်။ သူမ ၏ပါးလွှာသော လက်မောင်းများရှိ စိမ်းပြာရောင်သွေးကြောများ ပေါ် လွင်နေသည်။ အထူးသဖြင့် ဖြူဖွေးနေသော အသားအရည်ပေါ် ထင်းနေ၏။

ယေဘူယျအားဖြင့် မိန်းကလေးများ ရေသွားယူသည့်အခါ ယောက်ျားလေးများ အား အကူအညီတောင်းလေ့ရှိသော်လည်း ပိုင်ရွှင်းယီ သည် အခြားသူများကို စာရေးပြီး အဆက်အသွယ်လုပ်ခြင်းထက် သူမဘာသာ သွားဖို့သာ အားကိုးသည်။

ရေပုံးဖြင့် တတိယထပ်သို့ တက်ရန် ခက်ခဲပေမဲ့ ပိုင်ရွင်ယီ လှေကားထိပ်တွင် လမ်းပိတ်ဆို့မှုကို တွေ့ကြုံရသည်။

ရှန်းချုရန် ကျူံးရှီကို ခေါ်ကာလှေကားထိပ်တွင် ရပ်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမကို ရှင်းရှင်းလင်းလင်း ပိတ်ဆို့ထားသည်။

"ပိုင်ရွှင်းယီ၊ နင် လုပ်နိုင်တယ်” ရှန်းချူရန်၏မျက်ခုံးမွှေးများ သည် အလွန်တောက်ပနေပြီး အပေါ်ဘက် အနည်းငယ်မြှင့်တက်နေ၏။ ရှန်းချုရန် ပိုင်ရွှင်ယီရဲ့ပုခုံးကိုကိုင်ပြီး ပြုံးပြုံးလေးဖြင့်ပြောလိုက်သည်။"ငအမ နင် ဘယ်လိုလူဖြစ်အောင် သင်ယူခဲ့သလဲ"

ပိုင်ရွှင်းယီ က တိတ်တိတ်လေး နားထောင်ပြီး အမူအရာက မပြောင်းလဲပေ။ ရှန်းချုရန် သည် နာမဝိသေသနများကို ကောင်းစွာမလေ့လာခဲ့သောကြောင့် စကားအထားအသိုကို ကောင်းကောင်းအသုံးမပြုနိုင်ဘူး။

"အစ်မရန်၊ ဒီငအမ က ဘာပြောနိုင်မှာလဲ?" ကျူံးရှီ က ပြုံးပြီး အထင်အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ "သင်ခန်းစာပေးလိုက်ရုံနဲ့အားလုံးပြီးသွားလိမ့်မယ်"

ကျုံရှီ ပြောသည့်အတိုင်း ပိုင်ရွှင်းယီ ၏ပါးလွှာသောပခုံးများကို နောက်ဘက်နံရံဆီသို့ တွန်းထုတ်ကာ နာကျင်စေတယ်။

ပိုင်ရွှင်းယီ သည် အချိန်ဖြုန်းတယ်လို့ ခံစားရပင်မဲ့ အနည်းငယ် မျက်​မှောင်ကြုံ့သွား၏။ သူမ၏လှပသောမျက်လုံးများထဲတွင် ခံစားချက်မရှိပေ။

ဘယ်လိုဘဲဖြစ်ဖြစ် ရှန်းချုရန် က ပိုင်ရွှင်းယီ၏ကွဲပြားခြားနားမှုကြောင့် ဘယ်လောက်ပင် ဒေါသထွက်သည်ဖြစ်စေ ပိုင်ရွင်းယွီ သည် နှလုံးသားအောက်ခြေထဲမှ သူတို့ကို ဂရုမစိုက်ပေ။

ရှန်းချုရန် သည် ကလေးဘဝထဲက ချီးကျူးခံရသည်ကို နေသားတကျဖြစ်ခဲ့သည်။ ပိုင်ရွှင်းယီလို့ ခေါ်တဲ့ ငအမထံ တစ်ကြိမ်ရှုံးပြီးနောက် ကြီးမားသောအရှက်တရားများကိုခံစားခဲ့ရသည်။

"ဘာတွေ ဟန်ဆောင်နေတာလဲ?" ရှန်းချုရန် သည် မထိန်းနိုင်ပဲ ကဲ့ရဲ့သည့်အကြည့်ဖြင့် စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

"နင် ရေဆွဲရတာကြိုက်တယ်မလား? ထပ်လုပ်လိုက်ဦး"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment