Ch-5 : နာကျင်မှု
လတစ်လ၏ အစပိုင်း နှင့် အဆုံးပိုင်းတို့၏ အချိန်များ မှာ မျက်စိတစ်မှိတ်အတွင်းမှာဘဲ လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ ညနေပိုင်းမှာတော့ ပိုင်ရွှင်းယီ၊ ရှန်းချူရန်နှင့် ကျုံးရှီ တို့သည် တစ်ဖန် သန့်ရှင်းရေးလုပ်ရန် တာဝန်ကျပြန်၏။
တစ်လမှာ တစ်ကြိမ် သို့ နှစ်ကြိမ် သူတို့နှစ်ယောက် ပိုင်ရွှင်းယီကို အခန်းထဲပိတ်ထားခဲ့တယ်။
ပိုင်ရွှင်းယီ သူမ၏အတန်းဖော်သူငယ်ချင်းများနဲ့ စောစောစီးစီးမထွက်သွားချင်ဘူး။ ဆိုတော့ကား တံခါးပိတ်ခံရတယ်။ သို့ပေမဲ့ သူမ စာသင်ခန်းထဲမှ ထွက်ခွာပြီး ဘယ်သူမှ သန့်ရှင်းရေးမလုပ်ထားရင် သူမ၏အတန်းပိုင်ဆရာမ ရှန်းလန်လီ ၏ နိုင်ငံကြီးသား မပီသဘူး ဆိုသည့်စကား … မှာ နောက်နေ့တွင် အပြောခံရမည်မှာ သေချာသလောက်ရှိတယ်။
ရှန်းချူရန်၏မိသားစု သည် ကျောင်း နှင့် အစေးကပ်သော ဆက်ဆံရေးရှိသည်။ တခြားတစ်နည်းဆိုရသော် ဆရာမရှန်းလန်လီ သည် ဒီလောက်ပွင့်လင်းမည်မဟုတ်။
ပိုင်ရွှင်းယီ စာသင်ခန်းထဲ၌ အပိတ်ခံရသည်မှာ လျို့ဝှက်ချက်ဖြစ်ပြီး ရှန်းချူရန်၏ စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်တယ်။
ထိုကြောင့် ပတ်ဝန်းကျင်က လူတိုင်း သည် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသည်။ ပိုင်ရွှင်းယီတောင်မှ ပူးပေါင်းပါဝင်ခဲ့တယ်။ ရှန်းချူရန်ဆီမှာ ခဏလောက်အပိတ်ခံထားရပြီး တံခါးဖွင့်ပေးဖို့ လုံခြုံရေးကို စောင့်ရတာက ကျောင်းအုပ်ဆရာမ၏ ထူးဆန်းသော အတန်းများကို တက်ရသည်ထက် ပို၍ကောင်းတယ်။
ဒီနေ့မှာတော့ ရှန်းချုရန်သူမ၏အတန်းဖော်များ မထွက်သွားသေးပဲ တံခါးလည်း သော့မခတ်ပဲ ထို့အစား ပိုင်ရွှင်းယီ ရှေ့သို့ ယိုင်ကျလာတယ်။
ထို့နောက် သံသယစိတ် အနည်းငယ်ဝင်ကာ သူမလက်ထဲရှိ ဘောဖျက် ကို ချ၍ သူတို့ကို နောက်ပြန်လှည့်ကြည့်တယ်။
ရှန်းချုရန်ပိုင်ရွှင်းယီ၏ မျက်လုံးများကို ကြည့်စဥ် အလွန်ဒေါသထွက်နေ၏။ ရှန်းချုရန် က သွားတင်းတင်းကြိတ်ကာ မှုပ်ကုပ်ကုပ်လေသံဖြင့် "ငါနဲ့ တစ်နေရာရာကို လိုက်ခဲ့"
ပိုင်ရွှင်းယီ သည် ခေါင်းကိုခါကာ မြေဖြူကို ယူပြီး ကျောက်သင်ပုန်း ပေါ် စာလုံး နှစ်လုံးရေးတယ်။ "မသွားဘူး..."
**
ဘာဘဲဖြစ်ဖြစ် ရှန်းချုရန် သည် ပြောသည့်အတိုင်း လုပ်ပေးတာကို သဘောကျပြီး စောဒက တက်တာ မကြိုက်သူဖြစ်သည်။
သူမ၏အနိုင်ကျင့်တတ်သော စိတ်ထား အပေါ် ‘ပူးပေါင်းခြင်း’ သည် ပိုင်ရွှင်းယီ၏အဓိအောက်ခြေလိုင်းကို ရောက်နေပြီဖြစ်သည်။
“နင် ဘယ်သွားချင်တယ်လဲ ဆိုတာ ငါ့အပေါ်မှာဘဲ မူတည်တယ်!! ”ရှန်းချုရန် က ဒေါသထွက်နေပြီး မျက်ခုံးများကို ပင့်ကာ ပိုင်ရွှင်းယီ၏သေးငယ်သော လက်မောင်းများကို ဆွဲလျက် စင်ပေါ်ကနေ ဆွဲခေါ်သွား၏။
သူတို့သုံးယောက်ထဲက တစ်ယောက်ကမှ ကျောင်းလွယ်အိတ်ကို မယူသွားဘဲ အတန်းထဲက ထွက်လာခဲ့သည်။
ပိုင်ရွှင်းယီ၏လက်မောင်းများ သည် ရှန်းချူရန်၏ဆွဲထားခြင်းကို ခံထား ရပြီး သူမ၏ဖြူဖွေးသောအသားအရေပေါ်တွင် တောက်ပသောအနီရောင်အရာများ ထင်ကျန်သွားသည်။
“မြန်မြန်လုပ်၊ လုယီကို ဖုန်းခေါ်၊ ငါတို့ ပိုင်ရွှင်းယီနဲ့ချိန်းထားတယ်လို့ ပြောလိုက် "
ကော်ရစ်ဒါကို ရောက်သည့် အချိန်တွင် ရှန်းချုရန် က ကျုံးရှီကို မစောင့်ဘဲ ပြောသည်။ "လုယီကို ခေါ်လာခဲ့၊ ပြီးတော့ ယုလျိုယင်ကိုပါ အတူတူလာခဲ့ဖို့ ပြောလိုက် ”
ပိုင်ရွှင်းယီ သည် နောက်ဆုံးမှာတော့ ရှန်းချုရန် ဘာလုပ်ချင်နေတာလဲဆိုတာကို သိသွားခဲ့တယ်။
ရှန်းချုရန် သူမကို အသုံးချပြီး လုယီနဲ့အခြားသူများကို ခေါ်ထုတ်ချင်သည်။ ထို့နောက် ယုလျိုယင်နဲ့တွေ့ဖို့အတွက် သူမကို တံတားအဖြစ် အသုံးချနေတာဖြစ်သည်။
သို့သော် သူမ လုယီနဲ့တွေ့ပြီး ဘာလုပ်ရမှာလဲ? ပိုင်ရွှင်းယီ ပြုံးပြီး ရှန်းချူရန်၏လက်များကို ခါထုတ်ကာ ခြေလှမ်း ၂လှမ်းလောက် နောက်ဆုတ်လိုက်သည်။
ရှန်းချုရန် မျက်မှောင်ကြုတ်၍ မေးသည်။ "နင် ဘာလုပ်နေတာလဲ?”
ပိုင်ရွင်းယွီ စကားမပြောပဲ လှည့်ထွက်သွားကာ စာသင်ခန်းထဲရှိ သူမ၏လွယ်အိတ်ကို သွားယူသည်။ ထို့နောက် သူမ ပြေးထွက်လာခဲ့တယ်။
“ဟေး ငါ နင့်ကိုစကားပြောနေတယ်လေ နင် သွားလို့မရဘူး" ရှန်းချုရန် ဒေါသထွက်လာ၏။ ကျုံးရှီ ပိုင်ရွှင်းယီ၏လမ်းကို ပိတ်ရပ်လိုက်ပြီး ဖြောင့်မတ်သောလေသံဖြင့် ပြောသည်။ “နင် နေဦး၊ လုယီလာလိမ့်မယ်”
ဒီဟာက အလွန်ရယ်စရာကောင်း၏။
ပိုင်ရွှင်းယီ က သူမ၏ဖုန်းကိုယူပြီး စာရေးဖို့ ခဏကြာခဲ့သည်။ ထို့နောက် သူမ၏ဖုန်းကို ရှန်းချူရန်၏မျက်လုံးဆီ ပြလိုက်သည်။ [လုယီက ငါနဲ့ဘာမှလုပ်စရာမရှိဘူး၊ နင့်အကြံက အသုံးမဝင်ဘူး၊ နင် ငါ့ကို အသုံးချပြီး သူနဲ့သူ့ သူငယ်ချင်းတွေကို တွေ့ဖို့မလား]
လုယီ သည် မိမိကိုယ်ကို အလွန်လေးစားပြီး မာနကြီးသော ကောင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာ ပိုင်ရွှင်းယီ မြင်သည်။ သူကလဲ သူမကို လုံးဝမကြိုက်ပေ။
ထိုနေ့က စကားလုံးတွေ သည် အလွန်ကိုရှင်းလင်းပြီး ပြတ်သားခဲ့သည်။ လုယီ သည် ယုလျိုယင်ကဲ့သို့ မာနကြီးလွန်းတာကြောင့် ဘယ်တော့မှ ပြန်လာမည်မဟုတ်။ ရှန်းချူရန်၏ခြေလှမ်းများ သည်လဲ အမှန်တကယ်ကို မလိုအပ်ပါ။
သို့သော် ရှန်းချုရန် အရာအားလုံးကို မယုံကြည်ပါ။ သူမ ပိုင်ရွှင်းယီရဲ့နောက်လိုက်ခြင်း ကို ရပ်လိုက်သည်။
ရှန်းချုရန် တွင် ယုလျိုယင်ကို ဆက်သွယ်ဖို့ အချိန်ကြာအောင် အခွင့်အရေးမရှိခဲ့။ ဒီရက်ပိုင်း အတန်းပြီးချိန် အတန်းထဲရှိ လူများ၏ပိတ်ဆို့ခြင်းမခံရဘဲ ရှန်းချုရန် ယုလျိုယင် ဆီသို့ အလျင်အမြန်သွားခဲ့သည်။
ရှန်းချုရန် ၏ချိုမြန်သောစိတ်ခံစားချက်များကို ဖြည့်ပေးဖို့အတွက် "အဖြည့်ခံ” အဖြစ် အသုံးချတာမျိုး ပိုင်ရွှင်းယီ မလိုချင်ပါ။
မိန်းကလေးနှစ်ယောက်၏ဆွဲထားခြင်း နှင့် လက်မောင်းတစ်လျှောက် လက်သည်းရှည်များ၏ဖိထားခြင်းကြောင့် နာကျင်ပေမဲ့ ရှန်းချူရန်နှင့်ကျုံးရှီတို့၏လက်မှလွတ်မြှောက်ရန် ခွန်အားအကုန် အသုံးပြုခဲ့သည်။
သူမ နှုတ်ခမ်းကိုက်ဖိကာ မီတာ၁၀၀ တာဝေးပြေးသလို အရှိန်တင်ပြေးပြီး အလျင်အမြန် လှေကားအောက်သို့ ပြေးဆင်းသွားခဲ့သည်။ ထို့နောက် ကျောင်းဝန်းအပြင် သို့ ရောက်အောင်ပြေးတော့သည်။
အနောက်၌ ရှန်းချူရှန်၏ ဒေါသတကြီး အော်ပြောသံကို ကြားရသည်။
“ပိုင်ရွှင်းယီ!!ငါ့ကိုစောင့်အုံးလေ!!”
ဒါက ရှန်းချူရန်ကို အပြည့်အဝစော်ကားခြင်း လို့ သတ်မှတ်လို့ရသည်။ နောက်ပိုင်း အတန်းထဲရှိ ပိုင်ရွှင်းယီ၏ဘဝမှာ ပိုခက်ခဲလာတော့မယ်လို့ စဥ်းစားမိသည်။ သို့သော် အခု ဒီမှာ မနေချင်ပါ။
ပိုင်ရွှင်းယီ၏စိတ်သည် ကြောင်၏လက်များနှင့်ဆွထားသော သိုးမွှေးဘောလုံးနှင့်တူကာ ရှုပ်ပွနေ၏။
ရှန်းချုရန်ဆီမှာ မိသွားမှာ ကြောက်ရွံ့၏။ သူမ နားမကြားသလို ပြေးသွားခဲ့ပြီး တစ်စုံတစ်ယောက်၏ရင်ခွင်ထဲ ဝင်ရောက်လုနီးပါးဖြစ်သွားခဲ့သည်။
ပိုင်ရွှင်းယီ သူ၏အဖြူရောင်ဖိနပ်ကို တက်နင်းလုနီးပါးဖြစ်သွား၏။
ထိုကောင်လေး၏ကိုယ်သင်းရနံ က နံသာဖြူရနံဖြစ်ပြီး တစ်ကိုယ်လုံးတွင် မွှေးပျံ၏။ ထိုယောကျာ်း၏သွယ်လျသော လက်ချောင်းများ က တုန်လှုပ်နေသော ပိုင်ရွှင်းယီကို ကိုင်ထား၏။ ထိုကောင်လေးသည် သူ၏ခန္ဓာကိုယ်ကို သူမ၏ဘေးဘက်သို့ လှည့်ကာ သူမကို တည့်တည့်ရပ်စေ၏။
ပိုင်ရွှင်းယီ တစ်စုံတစ်ယောက်ကို တောင်းပန်ဖို့ အနည်းငယ် ရှက်ရွံ့ခဲ့ပြီး မော့ကြည့်လိုက်သောအခါ အညိုရောင်မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
ထိုကောင်လေး၏မျက်လုံးသည် obsidian ကျောက်လိုမျိုး အတွင်းပိုင်း၌ နွေးထွေးသည့် အရိပ်အယောင်တို့ရှိနေပြီး သလင်းကျောက်နှင့်သဏ္ဍန်တူ၏။
ထိုကောင်လေး က ယုလျိုယင်ဖြစ်တယ်။ ပိုင်ရွှင်းယီ သူ၏မျက်နှာကို မှတ်မိပေသည်။ သို့ပေမဲ့ သူ၏မျက်လုံးထဲ ဂုဏ်ယူမှုအပြည့်ရှိနေ၏။ ‘လေပေါ် မြောက်နေသည့် လူသား’ အတိုင်းပင်။
ယုလျိုယင် သည် သူ၏နှုတ်ခမ်းကို ငြင်သာစွာဖွင့်ဟကာ သူ၏ချိုသာသောအသံဖြင့် မေးသည်။ "မင်း အဆင်ပြေရဲ့လား ?"
ပိုင်ယီရွင်း သူမ၏နှုတ်ခမ်းကိုကိုက်ပြီး ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ကာ သူမ၏ဖုန်းကိုထုတ်ပြီး အလျင်အမြန်စာရိုက်လိုက်သည်။
[အဆင်ပြေပါတယ်၊ ကျေးဇူး]
သူရဲ့မေးခွန်းကို နှစ်ခါ ငြင်းဆန်ပြီး ဖြစ်လို့ ပြန်မဖြေရင်ရိုင်းရာကျသည်။
သူမ ဒီအချိန်ကို မကြိုက်ပါ။ သူမ စကားမပြောနိုင်ရင်တောင်မှ သူ့ကို ကျေးဇူးတင်တယ် လို့ ပြောဖို့ လိုအပ်သည်။
ယုလျိုယင် သူမ စာရိုက်နေခြင်းပေါ် အံ့သြမသွားဘူး။ သူ၏မျက်လုံးအကြည့်များ ဖုန်းပေါ်တွင် စာရိုက်နေခဲ့သော သူမ၏ဖြူဖွေးသွယ်လျသော လက်ချောင်းများ နှင့် ကုတ်ခြစ်ရာများရှိသော လက်မောင်းသားများအပေါ် ကျရောက်သွား၏။
ယုလျိုယင်၏မျက်လုံးများ အနည်းငယ် လေးလံသွား၏။
သူရဲ့လက်ကိုဆန့်ပြီး ပိုင်ရွှင်းယီ၏လက်မောင်းကို ကိုင်လိုက်သည်။ သူ က နူးညံ့သည့် လေသံမှ အနည်းငယ် အေးစက်သောအသံဖြင့် မေးသည်။ "ဘာဖြစ်နေတာလဲ?"
ပိုင်ရွှင်းယီ လန့်သွားပြီး သူမရဲ့လက်မောင်း ကို လျှပ်စစ်ရှော့ မိသလိုမျိုး ရုတ်လိုက်သည်။
ရုတ်တရက်ဆန်သည့် ထိတွေ့မှုကြောင့် သူမ၏နားရွက်များ အနည်းငယ်ရဲတက်လာ၏။ ယုလျိုယင်၏အကြည့်ကို မေးခွန်းထုတ်ရင်း ပိုင်ရွှင်းယီ ခေါင်းငုံကာ ခေါင်းခါယမ်း၏။
ထို့နောက် ပိုင်ရွှင်းယီ ယုလျိုယင်ကို ခေါင်းညိတ်ပြကာ လှည့်ထွက်လာခဲ့တယ်။
ကျောင်းဝတ်စုံ ဝတ်ထားသည့်မိန်းကလေး သည် သူမရဲ့နာမည်ကို ၂ ကြိမ်တိုင်မေးတုန်းကလိုပဲ တုန့်ဆိုင်းခြင်းမရှိ လှည့်ထွက်သွားခဲ့တယ်။
ယုလျိုယင် ပိုင်ရွှင်းယီ၏ပိန်ပါးပြီး သွယ်လျသည့်နောက်ကျောပြင်ကို ခဏမျှကြည့်နေခဲ့သည်။ ထို့နောက် သူ၏အကြည့်များကို ဖြည်းညင်းစွာဖြင့်ဆုတ်ခွာသည်။ အခု သူ၏နှုတ်ခမ်းထောင့်ရှိ အပြုံး မှာ အနည်းငယ်ရယ်စရာကောင်းနေ၏။ ယုလျိုယင် လုယီရဲ့‘ဖုန်းခေါ်ဆိုမှု’ ကိုလက်ခံရရှိပြီးနောက် သူမ အတွက် လာခဲ့တာဖြစ် ပေမဲ့ သူမကတော့ ပြေးထွက်သွားခဲ့တယ်။
ဒါဆို သူ ဘာလို့ ဒီနေရာမှာရပ်နေဦးမှာလဲ?
ယုလျိုယင် က နှာခေါင်းရူံ့ပြီး ထွက်ခွာသွား၏။ သူ့တွင် ရှည်လျားတဲ့ ခြေတံရှည်တွေရှိပြီး ရဲရင့်နေသော ကိုယ်နေဟန်ထားရှိလေသည်။
***
ဒီနေ့ဟာ နေသာတဲ့နေ့တစ်နေ့ဖြစ်ပြီး လင်းလန်မြို့ တွင် ရှားရှားပါးပါး မိုးမရွာချေ။
ညနေ၏လေပြေညင်းများ က ဖြေးညင်းစွာဖြင့် အပူ၏အငွေ့အသက်များကို သယ်ဆောင်လာခဲ့သည်။ ပိုင်ရွှင်းယီ သည် အဝေးကို ပြေးထွက်သွားခဲ့ပြီးနောက် သူမ၏ဘောင်းဘီ ဟာ အနည်းငယ်ပူလာခဲ့သည်။
ထိုအချိန် အမို က သူမကို ဖုန်းခေါ်လာခဲ့တယ်။ ဖုန်း၏သီချင်းသံ က သူမ၏ငေးမောနေသော အာရုံကို လှုပ်နိုးလေသည်။ ပိုင်ရွှင်းယီ ဖုန်းကောလ်ကို ပြန်ဖြေသည်။
ကံကောင်းတာက အမို က သူမ၏ဖြေကြားမှုကို မလိုအပ်ဘူး။ အမို က သူမကိုယ်ကိုသူမ တောက်ပပြီး ကြည်သာသော အသံဖြင့်"ယီယီ ငါ ကျောင်းလွှဲတဲ့ ကိစ္စတွေလုပ်တာပြီးသွားပြီ၊ ငါ့အဖေကပြောတယ် နောက်စာသင်နှစ်ကျရင် ငါ နင်တို့အတန်းကို တိုက်ရိုက်လာလို့ရပြီတဲ့”
“နင် နွေရာသီအားလပ်ခရီးထွက်ဖို့ ၁လခွဲကျန်သေးတယ်၊ မှန်တယ်မလား ငါ လင်းလန်ကို ပြန်လာတော့မယ် ဟဲ…ဟဲ…"
ပိုင်ရွှင်းယီ သည် စကားမပြောနိုင်ပေ။ ထို့ကြောင့် ဖုန်းထဲ တွင် ပြုံးပြရုံသာ တတ်နိုင်ခဲ့သည်။
သူမ၏နားမလည်နိုင်သော စိတ်မရှည်ခြင်းများ သည် သူငယ်ချင်းစကားကြောင့် တဖြေးဖြေး ငြိမ်သက်သွား၏။ ရုတ်တရက်ဆိုသလို သူမ၏ခန္ဓာကိုယ် က ပူနေ၏။
လင်းလန်မြို့၏ရာသီဥတု သည် ဇွန်လတွင် အပူဆုံးဖြစ်သည်။
ယုလျိုယင်ရဲ့လက်ချောင်းများ ကို ထိချိန် အများကြီးမတွေးခဲ့။ အဲ့တာက အလွန်ပူတယ်။ လောင်ကျွမ်းနေသလိုမျိုးပင်။
ပိုင်ရွှင်းယီ၏နှုတ်ခမ်းများ က ဖွင့်လိုက် ပိတ်လိုက် လုပ်နေခဲ့သည်။
‘မကြာခင် ပြန်ခဲ့’
သူမ တကယ် လွမ်းတယ်။
အမိုနှင့်သူမ သည် မူလတန်းကျောင်းထဲက အတူတူတက်ခဲ့ကြပြီး အထက်တန်း ပထမနှစ်ဝက်တွင်လဲ ကျောင်းအတူတူ တက်ရောက်ခဲ့ကြသည်။
ကျောင်းအတူတူတက်နေစဥ် သူမ၏အသံ ဟာ ပျောက်သွားခဲ့တယ်။ ဘဝမှာ အဆင်မပြေမှုတွေနဲ့ပြည့်နှက်နေတဲ့ ပိုင်ရွှင်းယီအတွက် သိပ်မခက်ခဲခဲ့။
အမိုရဲ့မိဘတွေ က စီးပွားရေးသမားတွေ။ လွန်ခဲ့သည့်တစ်နှစ်က အမို၏မိဘတွေ ဟာ စည်ပင်သာယာရေးဋ္ဌာနခွဲသို့ ပြောင်းရွေ့သွားခဲ့တယ်။ သူမတို့နှစ်ယောက် ခွဲခွာခဲ့ရသည်။ သူမတို့နှစ်ယောက် wechat အသုံးပြု၍ အားလပ်ရက်ရှည်တွင်သာ တွေ့ဆုံခဲ့ကြတယ်။
လာမည့်စာသင်နှစ်မှာ အမိုနှင့်စာအတူတူ သင်ဖို့အတွက် တွေးတောနေသော ပိုင်ရွှင်းယီ တွင် ရှားရှားပါးပါးအင်အား တချို့ကျန်သေး၏။
ကံကောင်းတာက အမို၏မိဘများ သည် သူတို့၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းမြှင့်တင်ဖို့အတွက် လင်းလန်မြို့သို့ ပြန်လာကြမည်ဖြစ်သည်။
ဖုန်းပြောပြီးသည့်နောက် ပိုင်ရွှင်းယီ က အမို ထံသို့ စာပို့ခဲ့သည်။ တိုသောစာလုံးနှစ်လုံးဖြင့်ပင်မဲ့ စွမ်းအားကြီးလှသည်။— [ငါ နင့်ကို စောင့်နေတယ်]
အချို့သော မျှော်လင့်ချက်များ သူမ၏နှလုံးသားထဲတွင် ရှိနေခဲ့တယ်။ ၁လခွဲ၏အချိန် သည် ခဏလေးနဲ့ကုန်ဆုံးသွားခဲ့ကာ နွေရာသီအားလပ်ရက်၏အကြိုနေ့ သို့ ရောက်ရှိလာခဲ့သည်။
နွေရာသီအားလပ်ရက် သည် အထက်တန်း ဒုတိယနှစ် ကျောင်းသား/သူများ၏“နတ်ဘုံ”လို့ပြောလို့ရတယ်။ နွေရာသီအားလပ်ရက်အကြိုနေ့တွင် ဒုတိယနှစ် အထက်တန်းကျောင်းသား/သူ များ သူတို့၏ထိုင်ခုံ၊ စားပွဲနှင့်ကျောင်းသုံးပစ္စည်းများကို အခြားအဆောက်အအုံ၏စာသင်ခန်းများသို့ ပြောင်းရွေ့ရသည်။
အခြားစာသင်ခန်း က ကျောင်း၏အရှေ့ဘက်တွင်ရှိသည်။ ထိုနေရာကို စီနီယာအထက်တန်းကျောင်းသားများက "ကမ္ဘာမြေကြီး၏အမှီသဟဲ" လို့ ခေါ်သလို "စစ်မြေပြင်" လို့လဲ ခေါ် ဆိုကြသည်။
ဒီလိုရာသီဥတုအခြေအနေမျိုးမှာ ပစ္စည်းတွေကို ရွေ့ရခြင်း မှာ အလွန်ညှင်းပန်းနှိပ်စက်ခြင်းပင်။
ပြတင်းပေါက်အပြင်ဘက်မှာ ရွာနေသောမိုးကိုကြည့်ရင်း ပိုင်ရွှင်းယီ အနည်းငယ် မျက်မှောင်ကြုံ့သွား၏။
ပုံမှန်အားဖြင့် အခုအခြေအနေတွင် ကောင်မလေးများသည် တခြားကောင်လေးများကို ကူညီဖို့ ပြောလိမ့်မည်။ နောက်တော့ မိန်းကလေးများ သည် ထီးစောင်းပေးကာ ပစ္စည်းတွေရွေ့ဖို့"ပူးပေါင်းဆောင်ရွက်မှု" ကို ညှိနှိုင်းကြသည်။
သို့သော် ပိုင်ရွှင်းယီကတော့ ကူညီပေးဖို့ တစ်ယောက်မှရှာမတွေ့ခဲ့။
သူမ တခြားသောသူများကို မေးဖို့ အနည်းငယ်ရှက်၏။ သူမကို ကူညီရန်အတွက် တစ်ယောက် (သို့)နှစ်ယောက်လာရင် ရှန်းချူရန်အနောက်ရှိ သူငယ်ချင်းများက အဝေးသို့ ခေါ်ထုတ်သွားကြသည်။
ကူညီလိုစိတ်ရှိသော ယောကျာ်းလေးများ သည် "ဘုန်းကြီးများများနဲ့အသားနည်း" ဆိုသည့် စကားအတိုင်း သူမနှင့်ရှန်းချုရန် ကို ယှဥ်ကြတယ်။
ပိုင်ရွှင်းယီ သက်ပြင်းချမိသည်။ သူမ၏မီးခိုးရောင်မျက်လုံးများထဲ လွမ်းဆွေးစရာများ ထင်ဟပ်လာခဲ့သည်။ ခဏကြာတော့ သူမ၏လက်တစ်ဖက်ဖြင့် ထီးကိုကိုင်ကာ တခြားလက်တစ်ဖက်ဖြင့် ကျန်ရှိနေသည့် ပစ္စည်းများ ကိုင်လိုက်သည်။
တံစက်မြတ်အောက်ရှိ"သက်သာသောဇုန်"မှ ထွက်ခွာပြီး တခြားအဆောက်အအုံသို့ ပစ္စည်းများကို ရွေ့ပြောင်း၏။
ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်အခါ သူမ စိုစွတ်သွားခဲ့ပြီး သူမ၏ဘောင်းဘီရှည်များလဲ စိုစွတ်နေ၏။ သူမ၏လက်များ ချော်နေသည့် ပစ္စည်းများကို မြဲမြံစွာကိုင်ထားတယ်။ ထို့နောက် သူမ လဲကျသွား၏။
ပိုင်ရွှင်းယီ သည် သွားတင်းတင်းကြိတ်ပြီး ပစ္စည်းများရွေ့ပြီးမှ ရေချိုးဖို့ နှင့် ဆေးထည့်ဖို့ တွေးထားသည်။
ခရီးရှည်ကြီး တစ်ဝက်ပြီးသွားသည့်နောက် သူမ၏ဆံပင်များ သည် စိုစွတ်နေကာဖြူဖွေးနေသောမျက်နှာပေါ် ကပ်နေ၏။ သူမ၏မျက်လုံးများ သည်လဲ မိုးရေကြောင့် ကောင်းစွာမမြင်ရပေ။
ပိုင်ရွှင်းယီ ပစ္စည်းများကို ချကာ အသက်ပြင်းပြင်းရှူလိုက်သည်။ မိုးရေများ သည် သူမ၏မျက်နှာမှ လက်အနောက်ဘက် သို့ စီးကျနေ၏။
မိုး သည် ပြင်းထန်စွာရွာသွန်းပြီး တိတ်မည့်ပုံမပေါ်ချေ။
ပိုင်ရွှင်းယီ ထိုင်ခုံများကို ထပ်မကာ တခြားအဆောက်အအုံသို့ လျင်မြန်စွာ သယ်ဆောင်သွားခဲ့နောက် ပခုံး အဖိခံရသည်။
ကြီးမားသောလက်ရှိပြီး သွယ်လျသောအရိုးများနှင့်အေးစက်သောအသားအရေသွေးကြောစိမ်းပြာများ သူ့၏လက်တွင် ထင်ပေါ်လျက်ရှိသည်။
ပိုင်ရွှင်းယီ၏ခေါင်းပေါ် အရိပ်တစ်ခု ဖြင့်အုပ်မိုးခံထားရပြီး ထိုအရိပ်က ထီးတဖက်ဖြစ်နေခဲ့တယ်။
လေနှင့်မိုးများ သည်းထန်လျက်ရှိပြီး တစ်စုံတစ်ယောက် အကြောင်းပြချက်မရှိပဲ ထောင့်ကျဥ်းလေး၌ ဖုံးကွယ်ပေးထားသည်။
မမျှော်လင့်စွာဖြင့် ပိုင်ရွှင်းယီ အနည်းငယ်လှည့်ကြည့်လိုက်သည်။ သူမ ယုလျိုယင်၏သပ်ရပ်ပြီး ချောမောတဲ့ပုံရိပ်ကို မြင်ရတယ်။
သူမ အံ့သြသွား၏။ လက်တစ်ဖက်က ထီးကိုကိုင်ကာ သူမကို ဖုံးအုပ်ပေးထားပြီး တခြားလက်ဖက်က ပိုင်ရွှင်းယီ၏ပခုံးမှ ခုံကို အလွယ်တကူ ယူလိုက်သည်။
တခါတရံ စွမ်းအားကြီးတဲ့မိန်းကလေးနှင့်ယောကျ်ားလေးတွေ ကို ယှဥ်လို့ကိုမရနိုင်ဘူး။
“ငါ မင်းကို ကူညီပေးမယ်!"ယုလျိုယင် က ပေါ့ပေါ့ပါးပါးပြောပြီး သူ့မျက်ဝန်းက ပိုင်ရွှင်းယီကိုအရှေ့ကလျှောက်ဖို့ အရိပ်အယောင်ပြနေသည်။
ထိုပုံရိပ် သည် တည်ငြိမ်ပြီး မထူးခြားနားပေမဲ့ ဆန့်ကျင့်ဘက် မိန်းကလေးကတော့ ထိတ်လန့်နေ၏။
“မနိုင်ဘူး မလား?"
ပိုင်ရွှင်းယီ၏ခြေလှမ်းများသည် မလှုပ်မယှက်ဖြစ်နေ၏။ ယုလျိုယင် ရယ်မောရင်း ပိုင်ရွှင်းယီထံသို့ ထီးကမ်းပေးတယ်။ "ကောင်းပြီ တခြားလူတွေဆီကနေ သင်ယူ၊ ငါ့ကိုထီးဆောင်းပေး ”
တခြားမိန်းကလေးတွေက ကောင်လေးတွေကို ပစ္စည်းရွေ့ပေးဖို့ တိုးတိုးတိတ်တိတ်ပြောကာ သူတို့၏လက်ထဲတွင် ထီးများ ကိုင်ထားကြသည်။
သူမက တုံးအတယ်။ ကိုယ်တိုင်ရွေ့တယ်။
ပိုင်ရွှင်းယီ၏ဖြူဖွေးသော မျက်နှာသည် မိုးရေများကြောင့် နီရဲနေ၏။ သူမ တုံ့တိုင်းနေခဲ့ကာ သူမ၏လက်ထဲထီးကို ယုလျိုယင်၏ခေါင်းပေါ်တွင် မြှောက်ကာ ဆောင်းပေးသည်။ သူမ၏လက်ချောင်းများသည် မတော်တဆ ယုလျိုယင်၏လည်ပင်း ကို ထိမိသွားခဲ့သည်။
မိုးရွာပြီး လေထန်နေသောကြောင့် သူမ ယုလျိုယင်၏အသံကို ရှင်းလင်းစွာမကြားရပေ။ ဒါပင်မဲ့ သူမ၏နှလုံးသား က ဒရမ်လိုမျိုးခုန်ပေါက်နေတာကိုတော့ ရှင်းရှင်းလင်းလင်းကြားနေခဲ့ပါ၏။