Ch-11 : နာကျင်မှု
ထိုနေ့က ရုပ်ရှင်ရုံတွင် သူမတို့နှစ်ယောက် နောက်ဆုံး၌ မပျှော်မရွင် လမ်းခွဲခဲ့သည်။
ပိုင်ရွှင်းယီ လေ့ကျင်ခန်းစာအုပ်ကို ယုလျိုယင် ဆီ ပြန်ပေးခဲ့သည်။ ကျန်ရှိနေသော နွေရာသီအားလပ်ရက် အချိန်တစ်လခွဲတွင် စာကြည့်တိုက်သို့ လုံးဝမသွားတော့။ အိမ်ထဲမှာ ခရုလေးလို သူမ၏သဘောထားကို တိတ်တဆိတ် ကွက်ကွက်ကွင်းကွင်း မြင်အောင် ဖော်ပြခဲ့သည်။
ယုလျိုယင် ဘာတွေးနေသလဲ ဆိုတာကို မသိ။ ဒါ့အပြင် သူမ မှာ သူနဲ့ မရေရာသော ဂိမ်းများကို ကစားဖို့ အချိန်မရှိဘူး။
‘နင် က ကျောင်းသားဖြစ်တာကြောင့် ကျောင်းသား က ကျောင်းသားတစ်ယောက် လုပ်သင့်တာကိုပဲ လုပ်ရမယ်’ ဆိုတဲ့ ထိုရှေးကျသော အငြင်းအခုံ သည် သာမာန်ဖြစ်ပြီး အသေးအဖွဲ့ဟု ဆိုသော်လည်း စကားများ မှာမူ အမှန်ပင် ဖြစ်ပေသည်။
ပိုင်ရွှင်းယီ သည် ယုလျိူယင် နှင့် ဖြုန်းခဲ့သောအချိန်များကို မေ့အောင် လုပ်ခဲ့သည်။ သူမ သူ့ကို ကျေးဇူးပြန်ဆပ်ခဲ့တာ လုံလောက်ပြီ။
သူမ၏ဥာဏ်ပညာအရ ရှင်းလင်းတယ်လို့ ထင်ရပင်မဲ့ သူမရဲ့ဦးနှောက် ဗလာဖြစ်သွားတဲ့အချိန် စိတ်ပိုင်းဆိုင်ရာခံစားချက်ကို မတွေးပဲ မနေနိုင်ပေ။
အမို တောင်မှ သူမကို စိတ်ဓာတ်ကျနေပုံပေါ်နေတာ မြင်ရသည်။
"ယီယီ၊ ကျောင်းက လာမဲ့နှစ်ရက်အတွင်း စဖွင့်တော့မှာ”
“နင်တကယ် အပြင်ထွက် မကစားချင်ဘူးလား?" အမို ပိုင်ရွှင်းယီ၏အိမ်ကိုလာပြီး လာရှာခဲ့ပြီး သူမ၏စားပွဲပေါ်တွင်ရှိနေသော ဆွဲသီးနှင့် ကစားကာ နားမလည်စွာ မေးမြန်း၏။
"နင် ဘာကြောင့် အခုလို လုပ်နေရတာလဲ? အိမ်ထဲမှာပဲ နေနေတယ်? နင် ဒီလိုချည်းဖြစ်နေတော့ ငါ စိတ်မကောင်းဘူး"
ဟုတ်လား?
ပိုင်ရွှင်းယီ၏ရှည်လျား သော မျက်တောင် အနည်းငယ် ပုတ်ခပ်သွားကာ မျက်လုံးများ မှာမူတိတ်ဆိတ်မှုထဲသို့ ကျဆင်းသွား၏။
သူမ သွယ်လျသော လက်ချောင်းများ က ဘောပင်ကို ကိုင်ထားသည်။ ဘောပင်၏ထိပ်ဖျားပေါ် ရှိ စာရွက်ဖြူပေါ်တွင် ဘာရေးရမှန်း မသိသောကြောင့် ခဏကြာအောင်တန့်နေခဲ့သည်။
အမို လည်း သူမနဲ့အတူ အပြင်မထွက်ခဲ့။
ပိုင်ရွှင်းယီ သည် အရင်နေ့ရက်များတုန်းက ဘတ် (စ်) ကားပေါ်တွင် ထိုင်ကာ ယုလျိုယင်ကို ရှာရန် စဥ်းစားနေသည့်အချိန်များကို တွေးနေခဲ့သည်။
စာကြည့်တိုက်ရှိ နွေးထွေးသော နေ့လည်ခင်းများ၊ စားပွဲများ နှင့် ထိုင်ခုံများ သာမက သူမတို့နှစ်ယောက် ကျောင်းစာမေးခွန်းများကို အတူတူလုပ်ကာ we chat တွင် ဆက်သွယ်ခဲ့သည့် အချိန်များကိုလဲ အမြဲသတိရနေခဲ့သည်။
နွေရာသီ၌ လင်းလန်မြို့တွင် မိုးရွာသည်မှာ ရှားပါးပြီး နေ့တိုင်း ခြောက်သွေ့နွေးထွေ၏။
သူမ နှင့် ယုလျိုယင်တို့ ဆွေးနွေးခဲ့သည့် we chat box သည် ရပ်နေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
ထိုစာ သည် ယုလျိုယင်က သူမကို နောက်ဆုံးပို့ခဲ့သည့် စာပင်ဖြစ်သည်။ ယုလျိုယင် က ပျင်းရိကာ အနည်းငယ် တင်းတိမ်ရောင့်ရဲနေသော လေသံဖြင့် ပြောခဲ့သည်။ — [ပိုင်ရွှင်းယီ မင်း ငါ့ကို ဘာလို့ရှောင်နေတာလဲ?]
သူမ စာမပြန်ခဲ့။ ထိုစာ သည် လွှစာဟောင်းကဲ့သို့ သူမ၏ဖုန်းထဲတွင် ရှိနေခဲ့သည်။
ဘယ်လို တုံ့ပြန်သင့်လဲ မသိဘူး။ အကြောင်းပြချက်ကိုလည်း မရှင်းပြချင်ဘူး။ သူမ ကိုယ်တိုင်လဲ ယုလျိုယင်ဆီကနေ တမင်တာကာ ပုန်းရှောင်နေမှန်းတော့ သိသည်။
ဘာကြောင့်လဲဆိုတော့ ယုလျိုယင်၏မရေရာသော စကားလုံးများ၊ အပြုအမူများ က သူမကို ‘ဖြားယောင်းမှာ’ ကြောက်နေခဲ့သည်။
ယုလျိုယင် က ကျောင်း၏မိန်းကလေးများအားလုံး၏စိတ်ကူးယဥ် အိမ်မက်မင်းသားလေး၊ သို့ပင်မဲ့ သူမအတွက် ဧဒင် ဥယျာဥ်ထဲရှိ တားမြစ်သစ်သီးဖြစ်၏။ သူမ နှင့် ယုလျိုယင် က ဘယ်လိုမှ မဖြစ်နိုင်ပါ။
အတွေးများတွင် မျောပါသွားပြီးနောက် ပိုင်ရွှင်းယီ အမို၏မေးခွန်းများကို ဘယ်တော့မှ မဖြေခဲ့။ ကံကောင်းတာက အမို သည် ကြီးမားသော အပြုံးရှိသော မိန်းကလေးဖြစ်ကာ တခြားအကြောင်းအရာများကို စတင်ကာ ပြောတော့သည်။
အမို မေးလိုက်သည့် မေးခွန်းက သူမအတွက် ထက်မြက်နေသော ဓားသွားကဲ့သို့ ဖြစ်နေခဲ့သည်။
"ဒါနဲ့ ယီယီ၊ နင် အရင်က ထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ် လို့ ပြောခဲ့တယ်နော် သူ က ဘယ်သူလဲ?"
အမို သည် မည်သည့် အိုးကို ဖွင့်ရမည် (သို့) မည်သည့်အိုးကို မဖွင့်ရပေ ဆိုတာကို မသိပေ။
ပိုင်ရွှင်းယီ မျက်မှောင်ကြုတ်ကာ နားကို ကလေးဆန်စွာ ပိတ်လိုက်တော့သည်။
နားထောင်သည် ဖြစ်စေ မနားထောင်သည် ဖြစ်စေ တတိယမြောက်လူ သည် ကျမ်းဂန်များကို ရွတ်ဆိုနေဆဲပင် ဖြစ်သည်။
ကျောင်းတက်ဖို့ သတိရတဲ့ အချိန်ကစပြီး ပိုင်ရွှင်းယီ တခြားကလေးများကဲ့သို့ပင် နွေရာသီအားလပ်ရက်အပြီး၌ ကျောင်းတက်ဖို့ ငြင်းဆန်နေခဲ့သည်။
ကျောင်းတွင် အနိုင်ကျင့်ခံလာရသည့် အချိန်၌ပင် ‘ကျောင်းမသွားဘူး’ ဆိုသည့် အကြံဥာဏ် သူမ မှာ မရှိခဲ့ဘူး။
အခုမှာမူ ကျောင်းမတက်ချင်တာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်။
နွေရာသီအားလပ်ရက်ပြီးသည့်နောက် ပိုင်ရွှင်းယီ ပထမဦးဆုံး အကြိမ်ဖြင့် ကျောင်းမသွားချင်ခဲ့ဘူး။ ကျောင်း၌ ယုလျိုယင်ကို တွေ့ရမည်ကို ကြောက်ရွံနေခဲ့သလို
မရှင်းပြနိုင်အောင် အပြစ်ရှိစိတ်ဝင်နေပြန်သည်။
ပိုင်ရွှင်းယီ သည် အဝတ်အစား ဝတ်ပြီးနောက် မနက်စာ စားရင်း စိတ်ပျံ့လွင့်နေခဲ့၏။ နောက်ဆုံးတွင် အမို သည် သူမ၏လည်ပင်းဆွဲကာ အော်ဟစ်ရင်း အောက်ထပ်သို့ ဆင်းသွားခဲ့ပြီး ပိုင်ရွှင်းယီ သည်လဲ အမေ၊ကျင်းဟွေ့ရင်း၏တိုက်တွန်းမှုကြောင့် လိုက်ဆင်းခဲ့ရသည်။
"မြန်မြန်လုပ်! ဘာလို့ ဒီနေ့မှ အရမ်းနှေးနေရတာလဲ?" အမို က အလျင်အမြန် ကားဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး တိုးတိုးတိတ်တိတ်ညည်းညူ၏။ "ပုံမှန်ဆို နင် ငါ့ကို ကျောင်းသွားဖို့ တိုက်တွန်းနေကျပါ၊ ဒီနေ့တော့ ငါ က နင့် ကို ကျောင်းသွားဖို့ တိုက်တွန်းနေရတယ်"
ကံကောင်းထောက်မစွာဖြင့် အမို၏တွစ်တာတွင် ရေးထားခဲ့သည့်စာကြောင့် သူမ၏စိုးရိမ်ပူပန်မှုကို လျော့ကျသွားစေ၏။
ပိုင်ရွှင်းယီ သူမကိုယ်သူမ ထူးဆန်းတယ်လို့ ခံစားနေရသည်။ သူမ ဘာအမှားမှ မလုပ်ပဲနဲ့ သူမ၏စိတ် အတက်အကျ အမြဲဖြစ်နေတယ်လို့ ခံစားရ၏။
"ဟုတ်သား ယီယီ”
ကားထွက်သွားပြီးနောက် ကျောင်းဝန်းထဲသို့ အချိန်တိုတွင်း ရောက်လာခဲ့သည်။ အမို နောက်တစ်ကြိမ် ညည်းညူ ကာ တိုးတိုးလေးပြောပြသည်။ "ငါ ကြားတာက အထက်တန်းတတိယနှစ်မှာ အတန်းတွေ ခွဲမယ် လို့ ပြောတယ်…. ဟေး"
အမို တွင် ကျောင်း၌ အလုပ်လုပ်သော အဒေါ် ၇ သို့ အဒေါ်၈ ယောက်တာကြောင့် ဘယ်သူမှ အနိုင်မကျင့်နိုင်ပေ။ ထို့အပြင် ‘အတွင်းသတင်းအချက်အလက်အချို့’ကိုပင် ရနိုင်သည်။
ပိုင်ရွှင်းယီ ထိတ်လန့်သွားကာ အနည်းငယ် အံသြသွားသလိုမျိုး ကြည့်သည်။ သူမ၏မျက်လုံးများက မေးခွန်းမေးတယ်လို့ ထင်ရသည်။ : တကယ်?
"အဲ့ဒါ အမှန်ဖြစ်ဖို့ များတယ်"အမို သည် လျို့ဝှက် ဆန်းကြယ်ဟန်ဆောင်ကာ ခေါင်းများကို လှုပ်ရမ်းရင်း ပြောပြသည်။ "တစ်ယောက်ယောက်ကတော့ ထိပ်တန်းအတန်းတက်ပြီး အဆင့် ၁၀ရှိတဲ့တက္ကသိုလ် ကို တက်မယ်ထင်တယ်နော်၊ နင် သိလား"
ကျောင်းများစွာက အထက်တန်း တတိယနှစ်တွင် ခေတ်မီအဆင့်မြှင့် အတန်းများကို ဖွဲ့ကာ သင်ပေးလေ့ရှိသည်။
အရင်က ကျောင်းမှာ အတန်းခွဲသည်လို့မကြားဖူးပါဘူး၊ တကယ်ပဲအတန်းခွဲတော့မှာလား?
ပိုင်ရွှင်းယီ မျက်မှောင်ကြုံကာ တွေးနေခဲ့ပေမဲ့ ဘယ်အတန်းပဲဖြစ်ဖြစ် အရေးမကြီးဘူး။ သူမ က အတန်းခွဲခံရရင် ပိုတောင် ကောင်းတယ်လို့ တွေးနေခဲ့သည်။ သူမ ရှန်းချုရန်နှင့် တစ်ခန်းထဲ ဆက်မနေချင်တော့။
ထိပ်တန်းအတန်းဆိုတော့ ယုလျိုယင် ကို တွေ့ရအုံးမှာလား ?
သူမ၏မသိစိတ်မှ ထိုအကြောင်း ကို တွေးနေခဲ့သည်။ ပိုင်ရွှင်းယီ နှုတ်ခမ်း ကိုဖွဖွကိုက်ရင်း အချိန်တော်ကြာပြီးနောက် မုန်လာဥကို စားရင်း စိတ်ပူနေခဲ့တယ် လို့ ခံစားနေရသည်။
သို့သော် တစ်ခါတလေ ထင်ထားတဲ့အမှန်တရား က တကယ်ကို ဆိုးရွားလွန်းသည်။ ပိုင်ရွှင်းယီ သည် ‘ယုလျိုယင်’ လို့ခေါ်တဲ့ စကားလုံးကို အထိန်းအကွပ်မဲ့စွာ တွေးတောနေခဲ့ပြီး အမို၏အနည်းငယ် အံ့အားသင့်သွားသည့် အသံကို ကြားလိုက်ရသည်။
"အာ… သူတို့က နောက်ဆုံးအကြိမ် ကစားကွင်းမှာ တွေ့လိုက်တဲ့သူတွေ မလား?ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ?”
ပိုင်ရွှင်းယီ လန့်သွားကာ ရုတ်တရက် ကြည့်လိုက်တော့ ယုလျိုယင် နှင့် လီယွမ် တို့၏ကျောင်းဝတ်စုံပေါ်တွင် ကျိုးကျီကဲ့သို့ စစ်ဆေးသည့် လက်ပတ်တပ်ထားပြီး ကျောင်းရှေ့ရပ်နေတာကို တွေ့လိုက်ရသည်။
ဒီတပတ်အတွက် ကျောင်းသား၏အဝတ်အစား နှင့် အိုင်ဒီကတ်ကို စစ်ဆေးဖို့ ဆိုတာ ထင်ရှားသည်။
မနက်ပိုင်းနေရောင် သည် တောက်ပလျက်ရှိသည်။ အလင်းပါးပါးလေးဖြင့် ဖုံးအုပ်ထားသော သစ်ရွက်လေးများမှ တဆင့် အလင်းရောင်သည် လူငယ်လေးပေါ်သို့ တစွန်းတစ ကျရောက်လျက်ရှိလေသည်။
ယုလျိုယင်၏အနက်ရောင်ဆံပင်များ က အရင်ကထက် နည်းနည်းတိုသွားသည်။ သူ၏အရှေ့ဆံပင်များသည် ဆင်စွယ်ရောင် နဖူးပြင်ပေါ်သို့ ကျရောက်နေ၏။ သူ၏မျက်နှာအမူအရာ ကင်းသောမျက်နှာဖြင့် ကြည့်လိုက်ချိန် ပိုင်ရွှင်းယီ အသက်ရှူရသည်မှာ အနည်းငယ် ခက်ခဲသလို ခံစားရသည်။
သို့ပေမဲ့ သူ စကားသုံးလုံးပြော၏။
"ကျောင်းသားအိုင်ဒီကဒ်"
ပိုင်ရွှင်းယီ သတိပြန်ဝင်လာပြီး ကျောင်းလွယ်အိတ်ကို ဖွင့်ဖို့ အလျင်အမြန် ခေါင်းငုံကာ ကျောင်းသား အိုင်ဒီကဒ် ရှာလိုက်သည်။
တစ်လခွဲကြာပြီးနောက် ယုလျိူယင် နဲ့ ပြန်တွေ့ခဲ့ပြီ။ သို့ပေမဲ့ ထိုတွေ့ဆုံမှု သည် အနည်းငယ် ရုတ်ချည်းဆန်ပင်ကာ သူမကို စိတ်မလှုပ်ရှားစေခဲ့။
မတ်တတ်ရပ်နေသော ကောင်လေး က ပိုင်ရွှင်းယီ၏ကျောင်းလွယ်အိတ်ထဲရှိ ကျန်ရှိသည့် ပစ္စည်းများကို ငုံ့ကြည့်နေမယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ? ကျောင်းလွယ်အိတ်ထဲတွင် ပါရှိသည့် ပစ္စည်းများ သည် ရိုးရှင်းပြီး သပ်ရပ်သည်။ သူမကဲ့သို့ပင်။
ကျောင်းသားအိုင်ဒီကတ်ကို လွယ်အိတ်အကန့်ထဲတွင် ထည့်ထားသောကြောင့် ရှာတွေ့ဖို့ လွယ်ကူသည်။ သူမ အိုင်ဒီကတ်ကို သူ့လက်ထဲသို့ လျင်မြန်စွာ ထည့်ပေးလိုက်၏။
ယုလျိုယင် က ကြည့်ပြီး မျက်မှောင်ကြုံ့ကာ " ကာဗာကွဲနေတယ်?"
အာ? ပိုင်ရွှင်းယီ လန့်သွား၏။
ကျောင်းသားအိုင်ဒီကတ် က အရေးပါပင်မဲ့ သူမ အဲ့တာကို မတော်တဆ ထောင့်သေးသေးကို ချိုးမိသလို ဖြစ်သွားခဲ့သည်။
"ကျောင်းသားအိုင်ဒီကတ် ကျိုးနေတာဆိုရင် အဲ့ကတ်ကို အရည်အသွေး မပြည့်မှီတာလို့ သတ်မှတ်ပြီး သိမ်းရလိမ့်မယ်" ယုလျိုယင် က ကျောင်းသားအိုင်ဒီကတ်ကို ကောင်မလေး၏လက်ချောင်းဖြူဖြူသွယ်သွယ်လေးများထံမှ ဆွဲယူကာ ပြောသည်။ တစ်နည်းဖြင့် ဆိုသော် သူမကို အပြစ်ရှာခဲ့ခြင်းဖြစ်တယ်။ "ငါ မင်းအတွက် နောက်တစ်ခု သွားယူပေးမယ်၊ ခဏစောင့်အုံး"
လီယွမ် သည် မတ်တတ်ရပ်နေရင်း ပိုင်ရွှင်းယီ ကို ကြည့်နေခဲ့ပြီး အမြှီးကြီးကြီးနှင့် ဝံပုလွေတစ်ကောင်လို ဟန်ဆောင်နေသည်။ သူ ပြုံးကာ ဘာမှမပြောခဲ့ပေ။
"ကောင်းပြီ" ယုလျိုယင်၏အကြည့် အံသြနေသော ကောင်မလေး ဆီ ကျရောက်နေ၏။
သူ အထက် အောက်ကြည့်ကာ ခေါင်းညိတ်ပြပြီး အလွန်သနားသော စိတ်ဖြင့် ဝင်ခွင့်ပြုခဲ့သည်။
“သွားတော့"
ပိုင်ရွှင်းယီ၏မျက်နှာ မှာ ပူလာပြီး နောက်သို့ လှည့်မကြည့်ပဲ ထွက်လာခဲ့သည်။
ယုလျိုယင်၏အကြည့် က ပြင်းထန်လွန်းတာ ဖြစ်နိုင်သည်။ ကျောင်းဝတ်စုံများကို ပုံမှန်စစ်ဆေးနေမှန်း သိသာသော်လည်း သူ၏စူးရှသောမျက်လုံးများက ကျောင်းဝတ်စုံ ၏ဇစ်ကို ဖွင့်နိုင်တယ်လို့ အမြဲလိုလို ခံစားမိသည်။
အမို ပင်လျှင် သူတို့ကြားတွင် တစ်စုံတစ်ရာ မှားယွင်းနေတာ ခံစားမိသည်။ သူမ က ကျောင်းဝင်းတံခါးဝမှ ဝင်လာပြီး စိတ်အားထက်သန်စွာ မေးမြန်းတော့သည်။
"ယီယီ၊ အဲဒီကျောင်းသားက ငါတို့ နောက်ဆုံးအကြိမ် ကစားကွင်းမှာ တွေ့ခဲ့တဲ့ ကျောင်းသား မဟုတ်လား၊ ငါတို့ကို ယွမ် ၅၀၀ ပေးခဲ့သူမလား?”
"Fuck တကယ်ချောတာပဲ ယီယီ၊ သူ က နင့်ရဲ့ကျောင်းသား အိုင်ဒီ ကို ဘာလို့ သိမ်းခဲ့တာလဲ နင့်ကို စိတ်ဝင်စားနေတာလား?”
အထက်တန်းကျောင်းသားများအတွက် ပို၍ မရေရာဖြစ်နေသော စကားလုံး သည် "သူက နင့်ကို စိတ်ဝင်စားနေတာလား"ဟူသော စကားလုံးပင် ဖြစ်သည်။
ပိုင်ရွှင်းယီ သည် ပူထူနေကာ ပတ်ဝန်းကျင်သို့ သေချာစိုက်ကြည့်ပြီး အမို၏ပါးစပ်ပေါက်ကို ပိတ်မိသည်။
နောက်ဆုံး တွင် ကမ္ဘာကြီး သည် တိတ်ဆိတ်သွားခဲ့သည်။
“အစ်ကိုယု၊ ငါပြောတာ အဲ့လိုမဟုတ်ဘူး၊ မင်း တကယ်ပဲ ကောင်မလေးကို အဲ့လို လိုက်လို့မရဘူး ၊ မင်း လုပ်ရပ် က မကျေမနပ်ဖြစ်စေတယ်၊ စိတ်မချမ်းသာစေဘူး!"
မနက်ပိုင်းသင်တန်းပြီးဆုံးချိန် ယုလျိုယင်နဲ့ လီယွမ် တို့ သူတို့ရဲ့လက်ပတ်တွေကို အတန်းထဲပြန်သွားရာလမ်းတွင် ချွတ်လိုက်ကြသည်။ နောက်လူ က ယုလျိုယင် ကို ပြောလာသည်။"အကိုယု၊ သူမရဲ့ကျောင်းသား အိုင်ဒီကဒ်ကို ဘာလို့ သိမ်းလိုက်တာလဲ? ပျင်းစရာကောင်းလိုက်တာ။ ပိုင်ရွမ်းယီရဲ့သူငယ်ချင်းမလေး က အရမ်းကာကွယ်တာပဲ"
ဆန့်ကျင်ဘက်အနေနှင့်၊ အမျိုးသမီးများ၏နှလုံးသားများသည် ပင်လယ်ထဲရှိ အပ်ချောင်းလို ဖြစ်တယ်လို့ ဆိုကြသည်။ လီယွမ် မှာ အစ်ကိုယု၏အတွေးများကို အမှန်တကယ် နားမလည်နိုင်တော့။
ယုလျိုယင် သူ့ကို လျစ်လျူရှုကာ ကျောင်းဝတ်စုံအိတ်ထဲမှ ကိုယ်ရေးကိုယ်တာ အမြတ်အစွန်းအတွက် သိမ်းဆည်းခံထားရသော ကျောင်းသားအိုင်ဒီ ကို ထုတ်လိုက်သည်။
ကျောင်းသားကဒ်လေး ကို ကြည့်လိုက်ရာ ပိုင်ရွှင်းယီရဲ့တစ်လက်မအရွယ် ဓာတ်ပုံ လေးရှိနေသည်။
ကျောင်းသားအိုင်ဒီကတ်ပေါ်တွင် ရှိသော ဓါတ်ပုံ သည် သူမ ကျောင်းစတက်တုန်းက ပေးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ထိုအချိန်တုန်း က ပိုင်ရွှင်းယီ သည် အသက် ၁၅၊ ၁၆ သာရှိသေးသည်။ အခု သူမ ပို၍ ရင့်ကျက်လာပြီ။ ဓာတ်ပုံထဲ သူမ သည် အရွယ်အစားကြီးသော ကျောင်းဝတ်စုံကို ဝတ်ဆင်ထား ပြီး ကျောင်းဝတ်စုံ၏ကော်လံသည်လဲ ကျိုးကျေနေသည်။ ဟုတ်တယ်! သူမ၏ရှည်လျားသော လည်ပင်းကို အတားအဆီးမရှိစွာ မြင်နေရသည်။
ဆံပင်ကို မြင်းမြှီးပုံသဏ္ဍန်ကဲ့သို့ ခပ်မြင့်မြင့်စီးထားပြီး ကောင်မလေး၏နူးညံသော မျက်နှာသည် ဖြူစွတ်ကာ သေးငယ်သော ပုံပေါ်သည်။ သူမပုံစံလေး က သိမ့်မွေ့ပြီးရင်း သိမ်မွေ့သည်။
ကြမ်းတမ်းသောနောက်ခံနှင့် ဓာတ်ပုံရိုက် နည်းပညာတို့သည် သူမ၏ရင်သပ်ရှုမောဖွယ် အလှကို အားလုံး မပြသနိုင်ပေ။
ပိုင်ရွှင်းယီ၏မျက်လုံးများ အရမ်းကောင်းမွန်၏။ ကြီးမားပြီး အံမခန်းပင်။ မျက်နှာထား က နူးညံ့ကာ သိမ်မွေ့သည်။ မျက်လုံးထောင့်များသည် မက်မွန်ပန်းကဲ့သို့လှပပြီး ကျက်သရေရှိသလို မျက်လုံးများ က ဖြူစင်ပြီး အပြစ်ကင်း၏။
ဓာတ်ပုံရိုက်တဲ့အခါ သူမရဲ့မျက်လုံးထဲ မြူမှုန်အလွှာတစ်ခုလို ထူးဆန်းတဲ့ အားနည်းချက်တစ်ခု ရှိနေသည်။
ယုလျိုယင် ခဏလောက်ကြည့်ပြီးနောက် ဖုန်းကိုထုတ်ကာ တစ်လက်မအရွယ် ဓာတ်ပုံလေးကို ဓာတ်ပုံရိုက်ယူခဲ့သည်။
သူ စိတ်အားထက်သန်စွာဖြင့် နောင်နှစ်ပေါင်းများစွာတိုင် ထို၁လက်မသာရှိသည့် ဓာတ်ပုံကိုကြည့်ရင်း ညဘက်တွင် နိုးလာရလိမ့်မယ်ဆိုတာ မသိခဲ့ပေ။