Ch- 8 : နာကျင်မှု
“ယီယီ အားလုံးမရှိတော့ဘူး"
ကောင်လေးနှင့်ကောင်မလေးများ သူမတို့၏ဆိုင်မှ အရာအားလုံး သယ်ဆောင်သွားတာ ကို ကြည့်နေခဲ့ရသည်။ အမို ငိုချင်နေ၏။ အရမ်းလည်းစိတ်ဆိုး၏။ သူမ ပိုက်ဆံကိုဂရုမစိုက်ဘူး။ သို့ပေမဲ့ စိတ်ဆိုး၏။
သူမတို့ ဒီမလာခင် အရာအားလုံးယူဆောင်လာခဲ့သည်။ ပစ္စည်းများကို ဘယ်သူကမှ လုယူနိုင်မည် မဟုတ်ကြောင်း ပိုင်ရွှင်းယီ ကို သေသေချာချာ ကတိပေးခဲ့သည်။
ရလဒ်ကတော့ သူမရဲ့အမြင် အရမ်းနိမ့်ပြီး အသိပညာကလဲ အနည်းငယ်ဘဲ ရှိတာ သိသာသည်။
ပိုင်ရွှင်းယီ အကြည့်များကို ပိန်ပါးသော ကောင်လေး၏ကျောပြင်မှ ပြန်ရုတ်ကာ မထူးခြားနားစွာဖြင့် ပြုံးသည်။ ထို့နောက် အမို၏ဆံပင် ကို ပုတ်ပေး၏။
အချက်အလက်အရ သူမ ယုလျိုယင်ကို တိတ်ဆိတ်ပြီး စွမ်းအားကြီးသည့် လူစားမျိုးလို့ တွေးမိသည်။
ကောင်မလေးနှစ်ယောက် ထိုနေရာ၌ ခဏအကြာ မတ်တပ်ရပ်ကာ ကြီးမားသောနေရာမှ ဘာမှမရှိသော နေရာလွတ်ကြီးကို ခဏလောက်ကြည့်နေခဲ့ကြသည်။ သို့ပေမဲ့ သူမတို့ ထွက်ခွာမည့်အချိန်၌ ယုလျိုယင် ပြန်ရောက်လာသည်။
သူ ရှုပ်ပွနေသော ပစ္စည်းများကို ထရပ်ကားပေါ်သို့ ကောက်တင်ပေးကာ ပိုင်ရွှင်းယီ တို့ဆီ လျှောက်လာသည်။
ပိုင်ရွှင်းယီ၏ဦးနှောက် ဗလာကျင်းနေပြီး မတုံ့ပြန်နိုင်သေး။ ယုလျိုယင် သူမ အရှေ့တည့်တည့်သို့ လျှောက်လာသည်။
ယုလျိုယင်ရဲ့မျက်နှာအသွင်အပြင် သည် ရှည်သွယ်သည်။ သူရဲ့အသားအရေသည် ဖြူစွတ်ကာ အေးစက်ပြီး ဓါးပုံသဏ္ဍန် မျက်ခုံးများသည် မှင်လိုမျိုး မဲနက်၏။ အနီးကပ်ကြည့်ရင် သူ သည် လူတွေကို မသိမသာ ပြင်းထန်တဲ့ ဖိနှိပ်မှုကို ပေးစွမ်းသည်။
သူ ပိုင်ရွှင်းယီ၏ရှေ့တွင် ရပ်၏။ ထိုအခိုက်အတန့်၌ သူ၏အပြုံးသည် မျက်လုံးအောက်တွင် တောက်ပလာပြီး လေးလေးနက်နက်မေးလာခဲ့သည်။ "ဒုတိယအသုတ်ရှိသေးလား?"
“ရှိသေးရင် ပစ်ဖို့ ကျန်သေးတဲ့ အကြိမ် ၄၀ ကို သုံးမလို့"
လျိုယုယင် က ကွင်း ၁၀၀ ဝယ်ထားတာ ကွင်း၆၀ဘဲ သုံးရသေးသည်။
“ဟေး" အမို နောက်ဆုံးတွင် ဒေါသထွက်သွား၏။ သူမ၏မျက်လုံးမှာ မီးဟုန်းဟုန်းတောက်လောင်နေ၏။
"လူတွေကို အရမ်းမလှည့်စားနဲ့"
ဘယ်လိုလူလဲ! ဘယ်လိုတောင် ယောကျာ်းမပီသလိုက်သလဲ? လုံးဝကို လူမဟုတ်ဘူး!
ယုလျိုယင် အမိုကို လုံးဝမကြည့်ပေ။ သို့ပေမဲ့ ပိုင်ရွှင်းယီ ကို ငေးမောကြည့်ရင်း မေးခဲ့သည်။
“နောက်ထပ် ဘာကျန်သေးလဲ?"
ပိုင်ရွှင်းယီ သည် စိုက်ကြည့်နေသည်ကိုခံစားမိပြီး ရူးမိုက်စွာ ခေါင်းခါယမ်းသည်။
“အင်း”
မမျှော်လင့်ထားသည်က ယုလျိုယင် သည် ပိုက်ဆံအိတ်မှ ငွေစက္ကူကြီး ၅ရွက်ကို ထုတ်ကာ ပိုင်ရွှင်းယီ ထံသို့ လှမ်းပေးသည်။
ကောင်မလေးနှစ်ယောက်လုံး အံ့ဩသွားကြည်။
“ဒီပိုက်ဆံ ယူလိုက်၊ ငါ ဒါတွေကို အကုန်ဝယ်လိုက်တယ်လို့ သဘောထား"
အလွန်ပူသော နေရောင်ထဲ၌ ရပ်ပြီး စျေးဆိုင်ထွက်ခြင်းသည် အဖြူရောင်ရှိသော အသားအရေကို အရောင်မှိန်စေသည်။
ယုလျိုယင် စကားပြောပြီးနောက် ထွက်သွား၏။ ပိုင်ရွှင်းယီကို စကားပြောဖို့ အခွင့်အရေးမပေးခဲ့။
သူမတွင် ခြေတံရှည်ရှည် ရှိသော်လည်း လိုက်မမှီခဲ့ပေ။ ပိုင်ရွှင်းယီ ခြေလှမ်းအနည်းငယ် လှမ်းကာ ယုလျိုယင် ကားထဲသို့ ဝင်ပြီး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။
သူမ ယွမ် ၅၀၀ ကို ကိုင်ထား၏။ သူမ နှလုံးသားထဲ ‘လှိုင်းများမုန်တိုင်းလိုထန်နေ’ သလို ခံစားနေရတယ်။
သူမ၏ခန္ဓာကိုယ် တောင်နှင့်ရေများ စီးဆင်းနေသလို သူမ၏လက်ဖဝါး ကနေ ခြေဖဝါးအထိသို့ ထုံကျင်နေခဲ့သည်။
“Fuck” အမိုတောင် ယုလျိုယင်ရဲ့သရုပ်ဆောင်မှုကြောင့် ထိတ်လန့်သွား၏။ အမို မထိန်းနိုင်ပဲ အထပ်ထပ်အခါခါမေးမြန်းတော့သည်။
"နင့်ရဲ့အတန်းဖော်လား? သူက အရမ်းမချောလွန်းဘူးလား?! သူ နင့်ကို ကြိုက်နေတာမလား?!”
ကျေးဇူးတင်ဖို့ကောင်းစွာပဲ အမို၏နောက်ဆုံးမေးခွန်းကြောင့် ပိုင်ရွှင်းယီရဲ့အာရုံ ပြန်လည်လာသည်။ သူမ ၏တုန်လှုပ်ချောက်ခြားနေသော နှလုံးသား မြေပြင်ပေါ် ရုတ်တရက် ကျဆင်းသွားတော့သည်။
ပိုင်ရွှင်းယီ ခေါင်းယမ်းသည်။
သူ သူမကိုကြိုက်ရင်တောင် အရေးမကြီးဘူး၊ ယုလျိုယင် ဘာလိုချင်နေလဲ ဆိုတာကို နားမလည်တာ။
သူတို့ နည်းနည်းပဲ တွေ့ခဲ့ဖူးတာ။ အဆိုးဆုံးအခြေအနေကိုပြောရရင် စကားတောင် မပြောဖူးဘူး။ ယုလျိုယင် သူမ ကိုကြိုက်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ပိုက်ဆံ ဘယ်လောက်ဘဲ တောင့်တစေပါစေ သူမ ပိုက်ဆံများ မစုဆောင်းနိုင်ခဲ့။
ဒီပိုက်ဆံကို လက်ခံလိုက်မယ်ဆိုရင် ဘာဖြစ်လာမှာလဲ?
အမို ထိုအမှန်တရားကို သိသည်။ အမိုရဲ့စိတ်အားထက်သန်မှု သည် တခဏ ငြိမ်သက်သွားပြီးနောက် ပြောလာသည်။ "ကလေးမ၊ နင် အဲ့တာကို အတန်းဖော်ဆီပြန်ပေးလို့ရတယ်၊ စုစုပေါင်းပစ္စည်းတန်ဖိုးက ယွမ် ၂၀၀ ပဲရှိတာ"
ပိုင်ရွှင်းယီ သူမ၏လက်ထဲတွင် ရှိနေသော ယွမ် ၅၀၀ ကိုကြည့်နေခဲ့သည်။ ရယ်လဲ မရယ်နိုင်သလို ငိုလဲမငိုနိုင်၊ သူမ ဒီငွေကို ပြန်ပေးချင်ပေမဲ့ ယုလျိုယင်ကိုဘယ်လို ဆက်သွယ်ရမလဲ?
ထိုကောင်လေး ကားစီးပြီး ထွက်သွားခဲ့တာမို့ အနောက်ကို လိုက်ဖို့ အခွင့်အရေးတောင် မရှိဘူး။
ညဘက် အိမ်ပြန်ရောက်တော့ ပိုင်ရွှင်းယီ ကျောင်းလွယ်အိတ်ကို အောက်ချသည်။ နောက်ဆုံး တင်ထားသော ခြစ်ထားသည့် စာရွက်ကို တွေ့သည့်အခါ သက်ပြင်းရှည်ရှည်ချမိသည်။
ထိုစာရွက်အပိုင်းအစပေါ်တွင် မည်သည့်အရာမှမရှိပေ။ လုယီ၏ဖုန်းနံပါတ်သာ ရှိ၏။
လုယီ သူမကို လိုက်တုန်းက သူမ ဆက်သွယ်ဖို့ ဖုန်းနံပါတ် (သို့) we chat အချက်အလက်များ မပေးခဲ့။
ဘယ်လိုဘဲဖြစ်ဖြစ် လုယီ သူမကိုတွေ့ရန် တစ်ကြိမ်တော့ အတန်းထဲသို့ လာခဲ့ဖူးသည်။ နောက်တော့ သူ သည် သူမ၏ခြစ်ထားသော စာရွက် အပိုင်းအစပေါ်တွင် ဖုန်းနံပါတ် ရေးခဲ့သည်။
စာရွက်အပိုင်းအစပေါ်တွင် မေးခွန်းတစ်ခုရှိနေခဲ့ပြီး အခုအချိန်ထိတိုင် ပိုင်ရွှင်းယီ မဖြေရှင်းနိုင်သေး။ သူမ ထိုမေးခွန်းစာရွက်ကို အဝေးသို့ မပစ်ခဲ့ဘူး။ သူမရဲ့ကျောင်းလွယ်အိတ်ထဲတွင် ထည့်ထားခဲ့ပြီး မေ့သွားခဲ့သည်။
အခုတော့ သူမ စဥ်းစားလို့ရပြီ။ ကံကောင်းတာက သူမ စာရွက်အပိုင်းအစကို မလွှတ်ပစ်ခဲ့။ သူမ ထိုစာရွက်ကို လွှတ်ပစ်ခဲ့ရင် ယုလျိုယင်ကို ဆက်သွယ်ဖို့ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ပိုင်ရွှင်းယီ လုယီရဲ့ဖုန်းနံပါတ်ကို စာပို့လိုက်သည်။
[လုယီ၊ ဟယ်လို ငါက ပိုင်ရွှင်းယီ ပါ။ နင့်ရဲ့ဖုန်းနံပါတ် ငါ့ကို ပေးခဲ့တာ မှတ်မိသေးလား? ငါ နင့် ကို ခဏလောက်ပြသာနာပေးမိပါပြီ၊ နေ့လည်ခင်းက နင် ကစားကွင်းမှာ ရှိနေတုန်းက နင့်ရဲ့သူငယ်ချင်း၊ ယုလျိုယင် ငါ့ဆီမှာ ပစ္စည်းတစ်ခု ကျန်ခဲ့လို့လေ၊ နင် ငါ့ကို သူ့ကို ဆက်သွယ်လို့ရမဲ့ အချက်အလက်လေးများ ပေးလို့ရမလား?]
စာပို့ခဲ့ပြီးနောက် လုယီစာပို့မည့် အချိန်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။ လုယီ က ရွင်လန်းပြီး ရက်ရောသော ကိုယ်ရည်ကိုယ်သွေး ရှိတယ် ဟု အမြဲထင်ပေမဲ့ သူမ သူ့ကို မကြိုက်ပေ။ ဒီကိစ္စမဖြစ်ခဲ့ဘူးဆိုရင် သူမ သူ့ကို အကူအညီတောင်းမှာမဟုတ်။
သေချာပေါက် လုယီ ချက်ချင်းဆိုသလို သူမကို စာပြန်ပို့ခဲ့သည်။
[အိုကေ! ဒါက အကိုယုရဲ့ဖုန်းနံပါတ်။ 18 xxxxxxx အတန်းဖော်၊ သူ ဘာကျန်ခဲ့လို့လဲ?]
ပိုင်ရွှင်းယီ ထိုမေးခွန်းအနည်းငယ်ကို မဖြေနိုင်ခဲ့။ အချိန်အတော်ကြာပြီးနောက် သူမ ကြုံရာကျပန်း သဘောတူညီချက် တစ်ခုကို ပြုလုပ်ခဲ့သည်။
သူမ က မကြာခဏ လိမ်မပြောတတ်ဘူး။ သူမ၏နားများ အနီရောင်သို့ ပြောင်းနေခဲ့သည်။ သို့သော် လုယီ ပေါ့ပေါ့းပါးပါးမေးလိုက်တာကို ပိုင်ရွှင်းယီ မသိခဲ့။ သူမ ဒါကိုလည်းဂရုမစိုက်ပါ။
လုယီ၏အတွေးထဲ ’အကိုယုမှာ နည်းလမ်းတကယ်ရှိပုံရတယ်’ လို့ တွေးနေခဲ့သည်။
လုယီ က ပိုင်ရွှင်းယီကို လဝက်ပိုပြီး လိုက်ခဲ့သည်။ သူ သူမ၏ဖုန်းနံပါတ်ကိုပင် မေးလို့မရခဲ့။ ယုကော က တကယ်တော်တယ်။ အချိန်အနည်းငယ်နဲ့ သူမက သူ့ကို ဆက်သွယ်ဖို့ နည်းလမ်းရှာနိုင်အောင်လုပ်ခဲ့သည်။
ဟုတ်လောက်သည်။
သူတို့က တူညီသော အဆင့်တွင် မရှိကြပေ။
ပိုင်ရွှင်းယီ ယုလျိုယင်ရဲ့ဖုန်းနံပါတ်ကို ကြည့်နေခဲ့ပြီး နှုတ်ခမ်းကိုက်ဖိကာ စာပို့လိုက်သည်။
[ဟယ်လို ငါက ပိုင်ရွှင်းယီပါ၊ နင် ငါ့ကို ဒီနေ့ ပေးခဲ့တဲ့ ယွမ် ၅၀၀ ပြန်ပေးချင်လို့]
စာပို့ခဲ့ပြီးနောက် သူမ၏အမူအရာသည် လုယီ စာပြန်ပို့တာကို စောင့်တုန်းက အမူအရာနှင့် အလွန်ကွာခြားလှသည်။
ရေနွေးပူပူထဲ အစိမ်ခံရသော ရေခဲတုံးတစ်တုံးလို၊ သေဒဏ်ပေးဖို့ စောင့်နေရတဲ့ ခံစားချက်လို ခံစားနေရသည်။
နာရီဝက်အကြာ သူမ၏နှလုံးသားထဲ နစ်မြှုပ်ခဲ့ပြီးနောက် ယုလျိုယင် သူမကို စာလုံးနှစ်လုံးစာပို့ခဲ့သည်။ "မပေးနဲ့"
ရုတ်တရက် ပွက်ပွက်ဆူနေသော ရေများ မရှိတော့ပဲ သူမရဲ့နှလုံးသားထဲ ရေခဲများသာ ကျန်ရစ်ခဲ့တော့သည်။ သူမ နှုတ်ခမ်းကို ဖိကိုကာ ရှင်းပြရန်အတွက် စာပြန်ပို့သည်။ [ ပစ္စည်းတွေ ယွမ်၂၀၀ အောက်ဘဲ၊ နင့်ရဲ့ခွန်အားနဲ့ယူသွားခဲ့တာဖြစ်လို့ နင့်ပိုက်ဆံကို လက်ခံစရာ အကြောင်းမရှိဘူး]
ဒီပိုက်ဆံများကို ပြန်ပေးရမည်။ သူမ အကြောင်းပြချက်များကို ရှင်းပြခဲ့သည်။
တခြားတစ်ဖက်မှာတော့ ယုလျိုယင် သည် လေးနက်သော အမူအရာဖြင့် ဖုန်းကို ကြည့်ပြီး ပြုံးနေခဲ့သည်။
ပိုက်ဆံပြန်ပေးဖို့ တက်ကြွနေတဲ့ မိန်းကလေးမျိုး ကို ဒီတစ်ခါဘဲ တွေ့ဖူးသေးသည်။ အဓိကအချက်မှာ ပိုက်ဆံမဟုတ်ဘူး။ သို့ပေမဲ့ ပိုက်ဆံပေးခဲ့သည့် သူ့မူလ ရည်ရွယ်ချက်က သူမ သူ့ကို ဆယ်သွယ်လာဖို့ဖြစ်သည်။
ယုလျိုယင် ဆိုဖာပေါ်မှာ ထိုင်နေသောကြောင့် အမှောင်ထဲတွင် သူ့ရဲ့အနက်ရောင် မျက်လုံးကို မထင်မရှား မြင်နေရသည်။ သူရဲ့လက်ချောင်းသွယ်များက ဆေးလိပ်ပြာများကို ပွတ်သပ်လျက် ဖြေးဖြေးချင်းတုန့်ပြန်ခဲ့သည်။
[ကောင်းပြီ မင်း ငါ့ကို ပြန်ပေးချင်တယ်ဆိုရင် သီးသန့်တွေ့ပြီး ပေးလို့ရတယ်]
စကားလုံးထဲတွင် ယုလျိုယင် သည် ပိုင်ရွှင်းယီ၏ငွေလွှဲမဲ့အကြံကို ဖြတ်တောက်ပစ်ခဲ့သည်။
ပိုင်ရွှင်းယီ ခဏအကြာတုံ့ဆိုင်းပြီးနောက် နှုတ်ခမ်းကိုက်ကာ စာပြန်ပို့ခဲ့သည်။__[အိုကေ]
နောက်တနေ့ နေ့ခင်း၌ ယုလျိုယင် သည် သူမကို လင်းလန်မြို့၏စာကြည့်တိုက်တွင် တွေ့ဖို့ ချိန်းခဲ့သည်။ ထိုနေရာ က ပိုင်ရွှင်းယီ၏အိမ်နဲ့သိပ်မဝေးပေ။
ရာသီဥတု သည် စိုစွတ်ပြီး ပူ၏။ သူမ နာရီဝက်အကြာ ကားစီးခဲ့ပြီး စာကြည့်တိုက်ကို ရောက်ချိန် သူမ၏ဖြူဖွေးသောမျက်နှာနှင့်လည်ပင်းတို့တွင် အနည်းငယ် နီရဲနေကာ ရှက်နေ၏။
ကံကောင်းတာ က ဒီနေ့ လင်းလန်မြို့တွင် မိုးမရွာပေ။
ယုလျိုယင် သည် စာကြည့်တိုက်ထဲရှိ သစ်ပင်အောက်တွင် ရပ်နေပြီး ကောင်မလေး ကားမှတ်တိုင်ကနေ လာနေသည်ကို အဝေးကနေ မြင်နေရသည်။
နေ့ခင်းပိုင်း၌ လူအသွားအလာ နည်းပါး၏။ လူများရင်တောင် ပိုင်ရွှင်းယီ သည် လူပုံအလယ်ကြားတွင် ဆွဲဆောင်မှု အရှိဆုံးဖြစ်သည်။
ယုလျိုယင် သည် သူမရဲ့ပြန့်ကျဲနေသော ဆံပင်များကို သူမ၏လက်ကောက်ဝတ်တွင် ရှိသော ကြိုးဖြင့် စည်းနေသည် မြင်လိုက်သည်။ သူမ၏ငန်းပုံသဏ္ဍန်ကဲ့သို့ လည်ပင်း၊ ကျောပြင်သည် ပိန်ပါးပြီး ဖြောင့်တန်း၏။ သူမကို ကြည့်ရသည်မှာ စာအုပ်ထဲ က လူသားနဲ့ဆင်၏။
အာဟာရချို့တဲ့နေလို့ သူမက အလွန်ပိန်သည်ဟု ပြောလို့ရသည်။
ယုလျိုယင် သူမကို ဗလာကျင်းနေသော မျက်လုံးဖြင့် ဖြူစင်စွာကြည့်ရင်း "ကျောင်းသူကောင်းလေး"
ယုလျိုယင်ရဲ့လေသံ သည် ရှင်းလင်း၏။ ပိုင်ရွှင်းယီ ထိုအသံကိုအာရုံခံစားသိရှိပြီး ချက်ချင်း မော့ကြည့်သည်။
ပိုင်ရွှင်းယီ သစ်ပင်အောက်တွင် စောင့်နေသည့် ဆက်ကျော်သက်အရွယ် ကောင်လေးထံ မြန်မြန် လျှောက်လာခဲ့သည်။
ပိုင်ရွှင်းယီ၏မျက်လုံးများ အနည်းငယ် မှိန်သွားခဲ့ပြီး ရှည်လျားသော မျက်တောင်ရှည်များသည် မျက်ခွံအောက်တွင် အရိပ်ဖျော့ဖျော့ရှိနေသည်။ သူမ ဘာမှမပြောဘဲ ယွမ် ၅၀၀ ကို အမြန်ထုတ်ကာ သူ့ကို ပေးလိုက်သည်။
ဒီလောက် ရိုးရှင်းလွန်းနေသလား? သူမက သူ့ကို ဖယ်ရှားဖို့ အရမ်းစိတ်စောနေတယ်လား?
ယုလျိုယင် မျက်ခုံးပင့်ရင်း ဒေါသထွက်နေခဲ့သည်။ သူ မျက်ခုံးပင့်ကာ ပိုက်ဆံပေးနေသော ပိုင်ရွှင်းယီ ကိုကြည့်ပြီး ရယ်မောသည်။
“ပိုင်ရွှင်းယီ၊ မင်း လူတိုင်းကို ဒီလိုမျိုး ဆက်ဆံတာလား?”
ပိုင်ရွှင်းယီ ခဏ တုံ့ဆိုင်းသွားပြီး ယုလျိုယင်ကို မော့ကြည့်၏။ သူ သူမ၏နာမည်ကို သိနေခဲ့ခြင်းကြောင့် နည်းနည်းအံသြသွားသည်။
“လိုက်ခဲ့" ယုလျိုယင် လှည့်ထွက်သွားပြီး စာကြည့်တိုက်ထဲသို့ ဝင်သွားသည်။
ပိုင်ရွှင်းယီ ယုလျိုယင်ရဲ့အနောက်သို့လိုက်လာခဲ့သည်။ ယုလျိုယင် ဘာလိုချင်သလဲ သူမ မသိ။ သူမ သူ့ကို ပိုက်ဆံပြန်ပေးဖို့ လာခဲ့တာ မဟုတ်ဘူးလား?
တိတ်ဆိတ်နေသော စာကြည့်တိုက်ထဲ သူမတို့နှစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက်ဝင်လာခဲ့ကြသည်။ ပိုင်ရွှင်းယီ မသိမသာ သူမအရှေ့ရှိ ရှည်ကာ ပိန်ပါးသော ကျောပြင် ကို ကြည့်နေခဲ့သည်။ သူ သည် ပြတင်းပေါက်အနား ၌ ထိုင်ချသည်။
“မှတ်မိလား၊ မင်းကို ပြန်ပေးဖို့ပြောခဲ့တာကိုလေ ”
ယုလျိုယင်က ဆန့်ကျင်ဘက်တွင်ထိုင်ကာ ပြောလိုက်သည်။
ရုတ်တရက် မိုးရွာသည့်နေ့တွင် သူမကို စားပွဲခုံရွေ့ရာ၌ ကူညီပေးခဲ့ပြီးနောက် ပေးခဲ့သောစာကို သူမ အမှတ်ရသွားသည်။ ပိုင်ရွှင်းယီ နှုတ်ခမ်းကို ဖိကိုက်ကာ ခေါင်းညိတ်သည်။
ယုလျိုယင် သူမကို ကူညီပေးခဲ့သည့်အတွက် ကျေးဇူးပြန်ဆပ်သင့်သည်။
သို့သော် ဘယ်လို ကျေးဇူးပြန်ဆပ်ရမှာလဲ? ပိုင်ရွှင်းယီ ဖုန်းတွင် စာရိုက်ပြီး ပြလိုက်သည်။ [ငါ ဘယ်လိုလုပ်ရမလဲ မသိဘူး]
ယုလျိုယင် ထိုစာကိုကြည့်ပြီး မတက်နိုင်ပဲ ပြုံး၏။
ဒီအခြေအနေကို ကြည့်ပြီး တစ်စုံတစ်ယောက်က ရယ်စရာ ကောင်းတယ်လို့ ပြောမလားပဲ။ ဒီကောင်မလေး က အရမ်းဖြူစင်လွန်းသည်။
သူသည် ရုပ်ရည်ချောမောသူဖြစ်တယ်။ သူ ပြုံးရင်တောင် နှလုံးသားကို တုန်လှုပ်စေသည်။ အခု သူ့အပြုံး က ပြောနေစရာတောင်မလိုပါ။
ယုလျိုယင်ရဲ့မျက်ဝန်းမှ ရုတ်တရက်ဆိုသလို အလင်းစက်များကို မှိတ်တုတ်မှိတ်တုတ် ထွက်လာသည်။ ယုလျိုယင် သူ၏အသံကိုနိမ့်ကာ ပိုင်ရွှင်းယီ၏အံသြနေသော မျက်လုံးများကို ကြည့်ရင်းပြောလာသည်။ “မင်း ဒါကို လုပ်လို့ရတယ်"
ထို့နောက် ပိုင်ရွှင်းယီ အရှေ့ သွယ်လျသော လက်တစ်စုံက ရူပဗေဒ သင်ရိုးညွှန်းဟောင်း စာအုပ်ချလိုက်သည်ကို တွေ့ရသည်။ ပိုင်ရွှင်းယီ အနီရောင် အမှတ်အသားဖြင့် ခြစ်ထားသော မေးခွန်းများကို တွေ့လိုက်သည်။
“ကျောင်းသူကောင်းလေး၊ မင်း ရူပဗေဒ ကောင်းကောင်းတွက်တတ်တယ်လို့ ငါ ကြားတယ်" ယုလျိုယင် သည် ပျင်းရိသောလေသံဖြင့် ဆိုလာသည်။ "ငါ့ကိုသင်ပေး"