no

Font
Theme

Ch-9 : နာကျင်မှု

‘စာတော်တဲ့ ကျောင်းသူလေး၊ ငါ့ကို သင်ပေး’

ဤစကားလုံး က စိတ်ဓါတ်ကျစေဖို့ လုံလောက်သည်။

ပိုင်ရွှင်းယီရဲ့မျက်လုံးများသည် အနည်းငယ် ဖျော့တော့သွားကာ တခဏလောက်တိတ်ဆိတ်သွား၏။ သူမ ဘောပင်ကို ကိုင်ကာ စာရွက်ပေါ်တွင် စာရေးသည်။ [နင် ကောင်းကောင်း သင်ယူနိုင်တယ် မဟုတ်လား?]

ဘာကြောင့် စာသင်ပေးရမှာလဲ?

စကားလုံးတွေ မရည်ရွယ်ဘဲနဲ့ ယုလျိုယင်၏စိတ်ဝင်စားမှုကို ရယူသွားခဲ့သည်။ သူ သူမကို ကြည့်ကာ အပြုံးဖြင့် မေးသည်။ "ငါ စာကောင်းကောင်းသင်တာ မင်း ဘယ်လိုသိလဲ?”

“ဘာကြောင့်လဲ?" ယုလျိုယင် ပိုင်ရွှင်းယီ၏လက်ချောင်းများ အေးခဲသွားသည်ကို မြင်လိုက်ရသည်။ "ငါ့နောက်ကို လိုက်နေတာလား?"

‘သူမက တမင်တကာ ချစ်ဖို့ကောင်းအောင် လုပ်နေတာပဲ။ ပြီးတော့လဲ သေမတက်ချစ်ဖို့ကောင်းလွန်းတယ်’

ပိုင်ရွှင်းယီ အောက်နှုတ်ခမ်းကို ကိုက်ဖိကာ ယုလျိုယင် အထင်လွဲမှာ စိုးတာကြောင့် အလျင်အမြန်စာဆက်ရေးလိုက်သည်။ [အတန်းဖော်တွေ ပြောနေတာကို ကြားခဲ့တာ]

“အိုး" ယုလျိုယင် ပေါ့ပေါ့တန်တန် ပြန်မေးသည်။ "ဘယ်အတန်းဖော်လဲ?"

ပိုင်ရွှင်းယီ မဖြေနိုင်ခဲ့။ ထို့နောက် သူမ သူမေးသည့် မေးခွန်းအားလုံးကို အဖြေမပေးခဲ့ပဲ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။_ [ဘာလို့ ဒီမေးခွန်းကို မသိတာလဲ?]

ပုစ္ဆာတွေ ဖြေရှင်းဖို့ သင်ပေးခိုင်းရုံဘဲမလား? ကြီးကြီးမားမား ကိစ္စတော့ မဖြစ်လောက်ပါ။

ယုလျိုယင် ကောင်မလေး၏နူးညံ့သိမ်မွေ့သော မျက်နှာနှင့်တင်းမာသောနှုတ်ခမ်းတို့ကို ကြည့်နေခဲ့သည်။ သူ ပျင်းရိစွာ ဆက်ပြောသည်။

“မြင်တဲ့အတိုင်းပဲ မှတ်ထားတဲ့ အပုဒ်တွေ"

ယုလျိုယင် အနည်းငယ် အကူအညီမဲ့သလို ခံစားရ၏။ ပိုင်ရွှင်းယီ က ဆက်မမေးတော့ဘဲ ယုလျိုယင် မှတ်သားထားသော မေးခွန်းကိုသာ အလေးနက်ထားဖတ်နေတော့သည်။

အဆုံး၌ ပိုင်ရွှင်းယီရဲ့နူးညံသော မျက်ခုံး အနည်းငယ်မှုန်ကုပ်ကုပ် ဖြစ်သွား၏။

သူမ သည် သင်္ချာနှင့်ရူပ​ဗေဒတွင် အမြဲ ထူးချွန်ခဲ့သော်လည်း အတန်းထဲရှိ နံပါတ်၁ နေရာကို မရိုက်ချနိုင်ခဲ့။ အထက်တန်းကျောင်း၏မေးခွန်းများကို ဖတ်ပြီးသည်နှင့် တိုက်ရိုက်ဖြေဆိုနိုင်သော အကြံဥာဏ်တစ်ခုတော့ အမြဲရှိနေဆဲပင်။

ယုလျိုယင် က မေးခွန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးအနည်းငယ် ခက်ခဲသည်။

ယုလျိုယင် ယူလာသည့် စာအုပ်အဖုံးကိုမသိမသာလှန်ကြည့်လိုက်ရာ ဗလာသပ်သပ်ဖြစ်နေတာကို တွေ့လိုက်ရသည်။

ဘာကြောင့် ဒီစာအုပ်မှာ နာမည်မရှိရတာလဲ?

ပိုင်ရွှင်းယီ တွင် မေးခွန်းများရှိနေခဲ့လို့ ခေါင်းမော့၍ ယုလျိုယင်ကို ကြည့်လိုက်သည်။ သူ၏စာရွက်ပေါ်တွင် ချရေးထားသော မေးခွန်း က ဖန်တီးထားသည်ကို သိသွားသည်။

“ဒီစာအုပ် က စာအုပ်ဆိုင်တွေမှာ မရောင်းဘူး။ ငါ့အမေ ငါ့အတွက် ဒီစာအုပ်ကို လုပ်ပေးထားတာ၊ ငါ့အမေက တက္ကသိုလ်ရဲ့ပရော်ဖက်ဆာတစ်ယောက် ဓာတုဗေဒ သင်ကြားတယ်"

ပိုင်ရွှင်းယီ နည်းနည်းအံသြကာ ရှက်သွားခဲ့၏။ - ယုလျိုယင်အမေက အစွမ်းအစရှိတာကို၊ ဘာကြောင့် သူ့အမေကို သင်ပေးဖို့ မပြောတာလဲ?

အဲ့ဒါက စာအုပ်တစ်အုပ် ဖြစ်ပင်မဲ့လဲ အလွန်မနာလိုစရာကောင်းသည်။ ထိုစာအုပ်မှာ ‘စိတ်ဝင်စားဖို့ကောင်း’ တဲ့ မေးခွန်းပုစ္ဆာတွေ ရှိမလားကို သူမ မသိပါ။ ပိုင်ရွှင်းယီ မသိမသာ ထိုစာအုပ်ပေါ်သို့ အကြည့်ကျရောက်သွား၏။

“ဓာတုဗေဒဆရာမက ဘယ်လိုလုပ် ရူပဗေဒကို ကောင်းကောင်းသင်နိုင်မှာလဲ " ယုလျိုယင် ပြီးစလွယ်ပြောလိုက်သည်။ သူက သူမကို ရွတ်နောက်နောက် ကြည့်ကာ "ဒီမေးခွန်းပြသာနာက ဘယ်လိုများလဲ?"

ပိုင်ရွှင်းယီ ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး ရိုးသားစွာဖြင့် စာရွက်ပေါ် စာရေးသည်။ [ငါ သိပ်နားမလည်ဘူး။ တောင်းပန်ပါတယ်]

“အဆင်ပြေတယ်၊ မင်း ဒါကို အိမ်ယူသွားပြီး ဖြေးဖြေးတွက်လို့ရတယ်" ယုလျိုယင် အပြုံးဖျော့ဖျော့လေး ပြုံး၍ "မင်း အကုန်တွက်ပြီးရင် ငါ့ကို ပြန်သင်ပေးပါ"

အံသြစရာဘဲ။

ပိုင်ရွှင်းယီရဲ့ငြိမ်သက်နေတဲ့ မျက်လုံးတွေက တောက်ပသွားတာ တွေ့လိုက်သည်။

ကောင်မလေး၏မျက်လုံးများ စိုစွတ်တောက်ပနေပြီး မျက်လုံးများရှိ ကွေးနေသောမျဥ်းများသည် မက်မွန်ပွင့်ကို သယ်ဆောင်လာသည်။ သူမ က အမြဲတမ်း မရယ်တတ်ဘူး၊ မွဲခြောက်ခြောက်နဲ့ဘာမှလည်း မထူးခြားဘူး။ အခု အလင်းရောင်ရသောနေရာတွင် မက်မွန်အပင်ရှိ ပန်းများပွင့်သကဲ့သို့ သူမ၏အပြုံးသည်လဲ ပွင့်လန်းနေခဲ့သည်။

သင်ယူခြင်း သည် ပျော်စရာတမျိုး ဖြစ်သည်။ သင်ကြားရေးစာအုပ်က ပိုက်ဆံထက် ပိုထိရောက်နေခဲ့သည်။

ပိုင်ရွှင်းယီ ခဏတာ တုံ့ဆိုင်းပြီးနောက် မေးတယ်။ [ငါ ဒါကို တကယ် ယူသွားလို့ရလား]

“ရတယ်" ယုလျိုယင် သူမနှင့်ဆက်သွယ်ဖို့အတွက် ရိုးရှင်းစွာ စာရေးကာ ပြလိုက်သည်။ [ပုစ္ဆာတွေ ဖြေရှင်းဖို့ မနက်ဖြန်ကျရင်လဲ ဒီနေ့အချိန်အတိုင်း လာခဲ့]

ပိုင်ရွှင်းယီ အံသြသွားပြီးနောက် ဖြေးဖြေးချင်းခေါင်းညိတ်၏။

မူးယစ်ဆေးစွဲသူသည် မူးယစ်ဆေးကို မငြင်းဆိုနိုင်သကဲ့သို့ သူမသည်လဲ နားမလည်သည့် မေးခွန်းများကို မငြင်းဆိုနိုင်ပေ။

ယုလျိုယင် သည် ဗလာစာအုပ်ကို ကိုင်ထားသော သူမကို မြတ်နိုးစွာ ကြည့်ရင်း မတက်နိုင်ပဲ ရယ်မောရမလား ငိုရမလား မသိဖြစ်သွား၏။ သူမအတွက် သူ့တည်ရှိမှု က သင်ကြားရေးစာအုပ်လောက်တောင် မမြင့်မားဘူးလား?

လုယီ သည် ဥာဏ်နည်းသော ကောင်​လေးဖြစ်ပေမဲ့ သူမနဲ့ပတ်သက်လို့ ပြောလိုက်သည့်စကားတခွန်းတော့မှန်သည်။ – သူမကို လိုက်ဖို့ တကယ်ခက်တယ်။

ယုလျိုယင် ‘သစ်ရွက်စိမ်း’ ဖြစ်ဖို့ ဆန္ဒမရှိဘူး။

သူ လက်ချောင်းသွယ်များဖြင့် စားပွဲခုံကို ပုတ်ကာ ပိုင်ရွှင်းယီကို မေးသည်။ "စာအုပ် က ကြည့်လို့ကောင်းလား?”

ပိုင်ရွှင်းယီ နာခံမှုစွာဖြင့် ခေါင်းညိတ်ပြ၏။

ထို့နောက် ယုလျိုယင်ရဲ့မျက်ခုံးများ မြင့်တက်သွားပြီး "ငါ မင်း အရှေ့မှာ ထိုင်နေပေမဲ့ မင်း ငါ့ကို လျစ်လျူတယ်။ အတန်းဖော်ပိုင် မင်း ငါ့ကိုမုန်းနေသလား?"

သူမ အံသြသင့်သွားပြီး အားကြိုးမာန်တက် ခေါင်းခါယမ်းကာ ချက်ချင်း စာရွက်ပေါ်ချရေးသည်။ __[မဟုတ်ဘူး!]

‘မမုန်းဘူး’ ဆိုသည်ကို ဖော်ပြရန် ပိုင်ရွှင်းယီ သည် ‘!’ ကိုတောင် အသုံးပြုခဲ့သည်။

“ဟုတ်ပြီ ငါ မင်းကို မနှောင့်ယှက်တော့ဘူး မနက်ဖြန်တွေ့ကြတာပေါ့"

သူ သည် အလည်လာသော လေကဲ့သို့ တိုက်ခတ်ပြီး ကျောင်းလွယ်အိတ် လွယ်ကာ ရိုးရိုးရှင်းရှင်းနှင့်သပ်သပ်ရပ်ရပ် ထွက်ခွာသွားခဲ့သည်။

ပိုင်ရွှင်းယီ ယုလျိုယင်၏ပိန်ပါးသော ကျောပြင်ကို ငေးကြည့်နေခဲ့သည်။ သူမလက်ထဲက သင်ကြားရေးစာအုပ်ကိုအာရုံမစိုက်ရင်တောင် သူ့ပတ်ပတ်လည်၌ ကြည်လင်တဲ့ စန္ဒကူးရနံ့ ရနေတုန်းပဲ။ ထိုရနံ့ သည် ယုလျိုယင်ရဲ့ခန္ဓာကိုယ်ပေါ် စွဲကပ်နေသည်။

ဒီတွေ့ဆုံမှုသည် အိမ်မက်ဖြစ်လိမ့်မယ် လို့ သူမ ထင်သည်။

စာကြည့်တိုက်ထဲ၌ သူမကိုယ်တိုင်နှင့်နေရောင်တို့သည်သာ တိတ်ဆိတ်နေသူများ ဖြစ်ကြသည်။

နွေရာသီအားလပ်ရက်တွင် ပိုင်ရွှင်းယီ သည် ဤစိတ်ကူးယဥ်အိမ်မက်ကို အမှန်တကယ် ခံစားခဲ့ရသည်။

နားမလည်နိုင်စွာ ‘သင်ကြားရေးကျေးဇူးပြန်ပေးဆပ်မှု’ ကြောင့် စာကြည့်တိုက်ထဲသို့ ရောက်ရှိခဲ့သည်။ ယုလျိုယင် က အပတ်တိုင်း ၂ကြိမ် သို့ ၃ကြိမ် စာမေးဖို့ လာတက်သည်။ စာမေးဖို့ ရောက်လာသည့် နေရာသည်လဲ စာကြည့်တိုက် ဖြစ်နေဆဲပင်။

ပိုင်ရွှင်းယီ သည် စာအုပ်ထဲရှိ မေးခွန်းများ အားလုံးကို မဖတ်ရသေးသောကြောင့် ​အမြဲစိုးရိမ်နေခဲ့သည်။ သူမ ယုလျိုယင်ကို ငြင်းဆိုလို့မရခဲ့။ ထို့ကြောင့် သူမ သူ့ကို တနေ့ပြီးတနေ့ စာသင်ပေးရုံသာ တတ်နိုင်ခဲ့သည်။

ယုလျိုယင် ကို စာသင်ပေးသည်မှာ အဆင်ပြေသည်။ အကောင်းဆုံးကတော့ သူမ က စကားမပြောနိုင်သည့်အတွက် နောက်ထပ် စကားလုံးအနည်းငယ် ရေးပြီး ပြောပြရုံသာ တတ်နိုင်ခဲ့သည်။

ယုလျိုယင် စာကြည့်တိုက် ကို ရောက်ချိန်တိုင်း သူမ၏သင်ခန်းစာများကို ဂရုတစိုက်နားထောင်လေ့ရှိသည်။ သူ က သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ သူမကို ကြည့်လေ့ရှိသည်။ တစ်ခါတစ်ရံ မလှမ်းမကမ်း ကနေ ကြည့်လေ့ရှိပြီး ပိုင်ရွှင်းယီကို စိတ်ရှုပ်အောင် လုပ်တတ်သေးသည်။ ထိုသို့အပြုအမူသည် ပိုင်ရွှင်းယီ ကို စိတ်အနှောင့်အယှက် ဖြစ်စေကာ မသက်မသာခံစားရစေသည်။

သူမ ဂျူနီယာအထက်တန်းကျောင်းတက်တုန်းက စကားပုံမှန်ပြောလေ့ရှိပြီး ယောကျာ်းလေးများ သူမကို ချဥ်းကပ်ခြင်းကိုလဲ မရှောင်ဖယ်ခဲ့။ သို့ပေမဲ့ အထက်တန်းကျောင်းတက်စဥ် အသံပျောက်ဆုံးသွားခဲ့ပြီး တချို့အရာများကို ခံစားခဲ့ရတယ်။ ယောကျာ်းလေးများ သူမကို ချဥ်းကပ်လာချိန် ပို၍ထိရှလွယ်ဖြစ်လာခဲ့သည်။

ယုလျိုယင် က မာနကြီးတဲ့လူတစ်ယောက်ဖြစ်သောကြောင့် ပိုင်ရွှင်းယီ ပိုပို၍ စိတ်မသက်မသာ ခံစားနေရတော့သည်။

“ကျောင်းသူပိုင်" ယုလျိုယင် သူမကို ဒီအတိုင်းဘဲဆက်ခေါ်နေခဲ့ပြီး သူရဲ့အသံတွင် နောက်ပြောင်ခြင်း အရိပ်အမြွက်တို့ ပါဝင်နေသည်။ "မင်း ငါ့ကို အနည်းငယ် ကြောက်နေတုန်းလား?"

တခြားတစ်နည်းဆိုရသော် ပိုင်ရွှင်းယီ၏ကျောကုန်းက သူနဲ့ထိုင်နေတဲ့အခါ အမြဲတမ်း ဖြောင့်ဖြောင့်ကြီးဖြစ်သည်။ ဘယ်လိုဖြစ်ရတာလဲ?

ပိုင်ရွှင်းယီ အံ့သြသွားကာ နှုတ်ခမ်းဖိထားပြီး စာရွက်ပေါ်တွင် စာရေးသည်။ [မဟုတ်ဘူး]

“မဟုတ်ဘူး?” ယုလျိုယင် က ရယ်မောရင်း "အဲ့တာဆို မင်း ဘာကြောင့် ငါ့ကို အမြဲကြည့်နေရတာလဲ? ငါ့မျက်နှာ က ကြောက်စရာကောင်းလို့လား?"

‘ငါ နင့်ကို ဘာလို့ ကြည့်နေမိတာလဲ?’ ပိုင်ရွှင်းယီ ဘောပင်ကို တင်းကျပ်စွာ ညစ်ကာ လုံးသားထဲတွင် တိုးတိတ်စွာဖြင့် ရေရွတ်နေခဲ့သည်။ သို့ပေမဲ့ ဤလှုံဆော်မှုကို မခံနိုင်ပါ။ သူမ ငြိမ်သက်ဟန်ဆောင်နေသော ယုလျိုယင်၏obsidan ကျောက်ကဲ့သို့ နက်မှောင်နေသော မျက်လုံးများကို ကြည့်နေခဲ့သည်။

ပိုင်ရွှင်းယီ၏မှုပ်ကုပ်ကုပ်မျက်နှာကိုကြည့်ရင်း ယုလျိုယင် မထိန်းနိုင်ပဲ ရယ်မောနေခဲ့သည်။

ရက်အနည်းကြာသွားတောင် သူ့ကို ဒီလို စောင့်ကြပ်နေတုန်းလား? သတိထားနေတုန်းလား?၊ စာအတူလုပ်နေတာက မလုံလောက်သေးတာလား?

“အတန်း နေ့တိုင်းတက်ရတာ ပျင်းဖို့ကောင်းတယ် သွားစို့"

ပိုင်ရွှင်းယီ လန့်သွားကာ လျင်မြန်စွာဖြင့် စာရိုက်ပြီး မေးသည်။— [ငါတို့ ဘယ်ကို သွားမှာလဲ?]

ယုလျိုယင်ရဲ့ရှည်လျားပြီး ဖီးနစ်ငှက်ပုံသဏ္ဍန်ရှိသည့် မျက်လုံးများ ကျဥ်းမြောင်းသွားကာ ထူးထူးခြားခြား ပြုံးလေသည။ "ပျော်စရာကောင်းတဲ့နေရာကို ခေါ်သွားမလို့"

စိတ်ဝင်စားဖို့ ကောင်းတဲ့နေရာ? ပိုင်ရွှင်းယီ သည် မရင်းနှီးသော နေရာများကို အမြဲတစေရှောင်တိမ်းတာကြောင့် မလှုပ်ရှားဘဲ ထိုင်နေ၏။

“သွားကြစို့" ယုလျိုယင် ထပ်စည်းရုံး၏။ သူ့အသံက ညုတုတု ဖြစ်တယ်လို့ထင်ရ၏။

“မင်း ငါ့ကို သင်ခန်းစာတွေ သင်ပေးနေတာ ရက်တော်တော် ကြာပြီလေ၊ အဲ့တာကြောင့် ဆရာကောင်း တစ်ယောက်ဖြစ်ပေးတာကို ကျေးဇူးတင်တဲ့အတွက် လိုက်ပို့တာ”

ထိုစကားလုံး၏အဆုံးသတ် ညင်သာ၏။ အလွယ်တကူပင် လူတို့၏ နှလုံးသားကို ရှုပ်ထွေးစေပါ၏။

ဘာကြောင့်မှန်း မသိ ပိုင်ရွှင်းယီ သွားချင်လာသည်။

‘ပျော်စရာ’ ဆိုတာ ဘာလဲ သိချင်မိပေမဲ့ သူမရှေ့က လူက တခြား တစ်ယောက်ဆိုရင် အဆိုပြုတာကို မစဥ်းစားဘူးဟု သူမစိတ်ထဲ၌ ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။

ယုလျိုယင် ဖြစ်နေခဲ့လို့။

သူ ပြောခဲ့ပြီးနောက် သူမ မတက်နိုင်ပဲ အနောက်ကလိုက်လာခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment