Ch-4 : နာကျင်မှု
“အဲကောင်မလေးမှာ ကောင်လေးရှိလား?"
ယုလျိုယင် တွေးတောနေစဥ် သူ့ဘေးနားရှိ လုယီ ထံမှ စိတ်အားထက်သန်စွာ မေးသည်ကို ကြားရသည်။
"အာ မသိဘူး" ကျိုးရှင်းဆွေ က နှာခေါင်းပေါ်ရှိ ပလက်တီနမ်မျက်မှန်ကို သွယ်လျသောလက်ချောင်းများဖြင့် ထပ်ပင့်ကာ "မရှိလောက်ဘူး၊ သူမ က အရမ်းအေးစက်ပြီး လိုက်ဖို့ခက်တယ်လို့ ပြောလို့ရတယ်"
"ဟုတ်လား?" လုယီ က ခေါင်းကုတ်လျက် "သူမရဲ့အပြုံး က နူးညံ့တယ်”
ကျိုးရှင်းဆွေ က မျက်ခုံးပင့်ကာ မေးသည်။ “မင်း သူမနဲ့တွဲချင်လို့လား"
"ဟေး ဘယ်လိုတောင်…”
"ပါးစပ်ပိတ်လိုက်တော့" ယုလျိုယင် က အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်လျက် သူ၏သူငယ်ချင်းများကို ပြောလေသည်။
"အတန်းထဲ ပြန်ရအောင် "
ရုတ်တရက်ကြီး သူ၏ရက်စက်တတ်သောအသွင်အပြင် ပေါ်လာအောင် ဘယ်သူလုပ်တယ် ဆိုတာ ဘယ်သူမှမသိခဲ့ကြပေ။ သို့သော် အတန်းတက်ဖို့ အချိန် နီးလာပြီ ဖြစ်သည်။
လုယီ က ဖြူစင်ပြီးလှပတဲ့ မိန်းကလေးတွေကို ကြိုက်နှစ်သက်တယ်။ အတန်းထဲကိုပြန်ရောက်တဲ့အခါ လုယီ က လီယွမ်ကို စာဖြင့်ဆက်သွယ်၍ ပိုင်ရွှင်းယီအကြောင်းကို မေးမြန်းခဲ့သည်။ လုယီနှင့်လီယွမ်တို့နှစ်ယောက် ယုလျိုယင်၏စားပွဲခုံရှေ့တွင် ထိုင်ကြသည်။ ထိုအချိန် ယုလျိုယင်၏သိမ်မွေ့သောမျက်ခုံးတွေဟာ မှုန်ကုပ်ကုပ်ဖြစ်နေ၏။
"ရှင်းဆွေ ပြောသလို ပိုင်ရွှင်းယီ က လိုက်ဖို့ တကယ်ခက်တာလား?”
"ငါ့ကိုပြောပြ ဘာကြောင့် သူမနောက် လိုက်ဖို့ခက်လဲဆိုတာ "
"အခန်း၂ က လီချွမ်းယန် ကို သိလား? အလွန်ကြည့်ကောင်းတဲ့ ကျောင်းသားတစ်ယောက်ဘဲ။ လီချွမ်းယန် ပိုင်ရွှင်းယီကို အထက်တန်းပထမနှစ်မှာ လပေါင်းများစွာကြာအောင် လိုက်ခဲ့ပေမဲ့ ပိုင်ရွှင်းယီ …လီချွမ်းယန်နဲ့သတင်းတစ်ခါမှမထွက်ဖူးဘူး"
တစ်ခါတုန်း က ယုလျိုယင် ဒီနာမည်ကိုကြားဖူးတယ်။ ယုလျိုယင်၏မျက်ခုံးက မြင့်တက်သွားပြီး ပြုံးသည်။
"**** ငါတော့ ဒီနတ်ဆိုးကို မယုံသင့်ဘူး" လီယွမ်၏စကားများကိုကြားပြီးနောက် လုယီ၏ဆန္ဒကတော့ အနိုင်ပိုင်းဖို့ဖြစ်ပြီး စိတ်အားထက်သန်စွာဖြင့် “ငါ သူမကို ကြိုးစားပြီး လိုက်ကြည့်မယ် တကယ်လားဆိုတာ စစ်ဆေးကြည့်တာပေါ့ "
"တကယ်လား?” လီယွမ်၏မျက်နှာအမူအရာက အနည်းငယ်အံ့သြသွားသည်။ "သူမ က ရိုးရှင်းပြီး စကားလဲမပြောနိုင်ဘူး မင်း ဘာလို့ သူမနဲ့တွဲချင်ရတာလဲ?"
"သိပ်လှလို့"
"ပြီးတော့ သူမ က ရှန်းချုရန်ရဲ့ကျောင်းပန်းအလှလေး နေရာကိုယူသွားတာလေ၊ သူမကို လိုက်ဖို့ မလွယ်ဘူး၊ ငါ အလှလေးကို ကယ်ပြီး သူရဲကောင်းလုပ်မယ်"
"မင်း သူရဲကောင်းဖြစ်ချင်နေသေးသလား" ယုလျိုယင် က လုယီကို ကဲ့ရဲ့သည်။ "မင်း က ခွေးတစ်ကောင်နဲ့တူတယ် "
"****မင်း ဘယ်သူ့အကြောင်း ပြောနေတာလဲ?"
"ဆရာမ လာနေပြီ၊ မင်းတို့နှစ်ယောက် တိတ်တိတ်နေသင့်တယ်" ကျိုးရှင်းဆွေ က လုယီကို ချက်ချင်း သတိပေးခဲ့ပေမဲ့ သူ၏ပယင်းရောင်မျက်လုံးတစ်စုံ က ပြုံးကာ ပြောလေသည်။ "မင်း မလိုက်နိုင်ဘူး၊ ငါလောင်းတယ် "
"????"
လုယီ၏မျက်လုံးများ ပြူးသွားသည်။ "မင်း ဒီသခင်လေးကို နှိမ်တယ်ပေါ့၊ ဟုတ်လား "
မကြာခင် လုယီ စကားပြောလို့ပြီးသွားခဲ့သည်။ သူ စကားပြောပြီးတာနဲ့ကြီးကြီးကျယ်ကျယ်ပြောဖို့ အချိန်မရသေးခင် ယုလျိုယင် က စားပွဲနောက်ဘက်ရှိ ထိုင်ခုံကို ကန်ထုတ်သည်။
"ငါလည်း မင်း မလိုက်နိုင်ဘူးလို့ထင်တယ်" နဖူးပေါ်မှ ကျိုးကျနေသော ဆံပင်များ သူ့ရှေ့သို့ အနည်းငယ်ကျလာပြီး အနက်ရောင် မျက်လုံးများက မြို့တော်ကြီးများတွင် 'ကောင်းလှသော ရှိုးပွဲကြည့်ခြင်း' ဟူသော စကားလုံးသုံးလုံးကဲ့သို့ရှိနေကာ ဖြည်းညှင်းစွာ ပြောလာသည်။ "မလိုက်နိုင်ဘူး"
အထက်တန်း ဒုတိယနှစ်၏သင်ရိုးတွေ က မခက်ခဲ။ ကျောင်းသားဘဝက ပျင်းဖို့ကောင်းလို့ အနည်းငယ်လောက် လှုံဆော်ပေး ဖို့ လိုအပ်တယ်။ ပုံမှန်အားဖြင့် ၁၇၊ ၁၈ အရွယ်ကောင်းလေးတွေက အထက်တန်း ဒုတိယနှစ် အောင်ဖို့ဘဲ ကြိုးစားကြသည်။ နေ့ခင်းပိုင်း အတန်းပြီးသွားတဲ့အခါ လုယီ သည် အခန်း ၃ ကို သွားပြီး တစ်စုံတစ်ယောက်ကို သွားရှာဖွေချင်ခဲ့တယ်။
လုယီ ခပ်သွက်သွက်လျှောက်လာခဲ့၏။ တချို့သောကျောင်းသား/သူတွေက အတန်းထဲမှာရှိနေသေးသည်။ လုယီ က အခန်း ၃ ၏ အံသြနေသောမျက်လုံးများကို လျစ်လျူရူလိုက်ပြီး အခန်းတံခါးရှေ့မှာရပ်ကာ ပိုင်ရွှင်းယီ၏ပုံရိပ်ကို ရှာဖွေသည်။
လူတွေ က လှပတဲ့အရာတွေကို အလွယ်တကူမှတ်မိကြသည်။ လုယီ ပိုင်ရွှင်းယီ၏နောက်ကျောကို ခပ်မြန်မြန်ဘဲရှာတွေ့ခဲ့ပြီးနောက် ယုံကြည်မှုတွေက မြင့်တက်လာ၏။
"လုယီ" ခဏအကြာရှာဖွေပြီးနောက် ပစ်မှတ်ဆီသွားမည့်အချိန် အတန်းဖော်တွေနဲ့မုန့်သွားစားတော့မည် ရှန်းချုရန် က သူ့ကို မြင်သွားခဲ့သည်။ ရှန်းချုရန် က သူ့ကိုမြင်တော့ အနည်းငယ်အံသြသွားပြီး အလျင်စလိုမေးမြန်းလာခဲ့သည်။
"နင်က ဘာလို့ဒီနေရာမှာရှိနေတာလဲ ယုလျိုယင်ရော ဘယ်မှာလဲ?"
"အကိုယု က မုန့်သွားစားတယ် "လုယီ သူမထံမှ အကြည့်လွှဲ၍ ပြောလိုက်သည်။
"နင် ငါတို့အတန်းရှေ့ ဘာရပ်လုပ်နေတာလဲ ?"
လုယီ က အထဲကိုကြည့်ပြီး ဖြေသည်။ "တစ်စုံတစ်ယောက်ကိုလာရှာတာ "
ရှန်းချုရန် အံသြသွား၏။ "ဘယ်သူ့ကိုလာရှာတာလဲ "
"ပိုင်ရွှင်းယီ က မင်းတို့အတန်းက မလား?”
ပိုင်ရွှင်းယီရဲ့နာမည်ကိုကြားတော့ ရှန်းချူရန်နဲ့ဘေးနား က ကောင်မလေးနှစ်ယောက် အံ့ဩသွားသည်။
ခဏအကြာတွင် ရှန်းချုရန် ၏မျက်လုံးများတွင် မြူခိုးများ ဖြင့်တောက်ပလာပြီး နှုတ်ခမ်းကိုကိုက်ကာ မေးသည်။"ဘာလို့ ပိုင်ရွှင်းယီ ကို ရှာနေတာလဲ"
"မင်းနဲ့ဘာမှမဆိုင်ဘူး"
လုလျိုယင် က ရှန်းချုရန် ကို မကြိုက်တဲ့အပြင် အနှောက်အယှက်တောင်ဖြစ်နေတာ။ ဒါ့ကြောင့် သူတို့ သူမကို သိပ်မကြိုက်ပါ။ ဟုတ်တယ်၊ သူမကို မျက်နှာပေးဖို့မလိုအပ်ဘူး။ ရှန်းချုရန် က ပိုင်ရွှင်းယီကို အနိုင်ကျင့်တဲ့နေရာမှာ ဦးဆောင်တယ်ဆိုတာ သူတို့ ကြားသိထားသည်။
လုယီ က ရှန်းချုရန် ကို ဂရုမစိုက်ဘဲ ငြင်းဆန်လေသည်။
သူသည် ရှန်းချူရန်၏မကျေမနပ်အကြည့်ကို လျစ်လျူရှုကာ အခန်း၃၏စာသင်ခန်းထဲသို့ တိုက်ရိုက်ဝင်လာခဲ့သည်။
ပိုင်ရွှင်းယီ သည် ရူပဗေဒပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းရင်း နှစ်မြုပ်နေစဥ် စာမေးပွဲစာရွက်ပေါ်တွင် အရိပ်တစ်ခု ကျရောက်လာသည်။
မထင်မှတ်ပဲ သူမ၏ခေါင်းကိုမော့ကြည့်တော့ လုယီရဲ့ပြုံးနေတဲ့မျက်လုံးတွေကို မြင်လိုက်သည်။
ကောင်လေး က တောက်ပသော နေမင်းကြီးနဲ့တူ၏။ သူ့ဘယ်ဘက်ပါးပြင်ပေါ်ရှိ ပါးချိုင့် က အပြုံးကြောင့် သိသာထင်ရှားနေပေမယ့် ပိုင်ရွှင်းယီ ကတော့ သူ့ကို တစ်ခါမှ မမြင်ဖူးတာ သေချာသည်။
ဒါနဲ့ သူ သူမရဲ့စားပွဲရှေ့ ရပ်ပြီး ဘာလုပ်နေတာလဲ?
ပိုင်ရွှင်းယီ မျက်တောင်ခတ်ပြီး သံသယတချို့နဲ့ ကြည့်နေခဲ့တယ်။
ကောင်မလေး၏ပန်းနုရောင် ပါးပြင်ပေါ်ရှိ မျက်လုံးများက သမင်တစ်ကောင်လို ကြည်လင်နေပြီး လုယီ အနည်းငယ် ရှက်သွား၏။
"အတန်းဖော်၊ မင်းငါ့ကို WeChat အကောင့် ပေးလို့ရမလား"
ပတ်ဝန်းကျင် ရှိ အတန်းဖော်တော်တော်များများက ဒီဘက်ကို တိတ်တဆိတ် အာရုံစိုက်နေကြသည်။ လုယီ ပြောပြီးတာနဲ့ ဘာကိုဆိုလိုတယ်ဆိုတာ သူမ နားလည်သွား၏။
ပိုင်ရွှင်းယီ သိတာပေါ့။
သူမ အံ့အားသင့်ရပါ၏။ သူမ မဆိုင်းမတွ ခေါင်းခါယမ်းလိုက်သည်။
ပိုင်ရွှင်းယီ၏ဖြူသောလက်ချောင်းများ က ဘောပင်ကိုကောက်ကိုင်လိုက်ပြီး ခြစ်ရာစာရွက်တစ်ရွက်ပေါ်တွင် စကားလုံးနှစ်လုံးကို သေသေသပ်သပ်ရေးလေသည်။ - ‘စိတ်မကောင်းပါဘူး’
တစ်စုံတစ်ဦးရဲ့ချက်ချင်းငြင်းဆိုတာခံရတာ ဟာ ပထမအကြိမ်ဖြစ်လို့ လုယီ အနည်းငယ် စိတ်ရှုပ်သွား၏။
မိန်းကလေးတစ်ယောက်ရဲ့အဆက်အသွယ်အချက်အလက်ကို မတောင်းခင် တစ်ခုခုရယူဖို့ ကြိုးစားနေသလိုပဲလို့ သူ ထင်ခဲ့တယ်။ အခု လူအုပ်ကြီး၏မျက်လုံးထဲတွင် လုယီ သည် အမှန်တကယ်ပင် ရှက်ရွံ့နေပုံရသော်လည်း ပိုင်ရွှင်းယီ ၏လေးနက်သောအကြည့်က သူ့ကို ဒေါသမထွက်အောင် တားဆီးထားပြန်သည်။
ဒီပြိုကျမှုကို ခက်ခက်ခဲခဲ တိုက်စားရလိမ့်မည်။
ပိုင်ရွှင်းယီရဲ့အသွင်အပြင်ကို က ‘ငါစာလုပ်ချင်လို့ ငါ့ကိုမနှောက်ယှက်နဲ့’ ဟု ပြောနေ၏။
လုယီ ရှက်ကိုးရှက်ကန်းနဲ့ခေါင်းကုတ်ရင်း “ကျောင်းပြီးရင် မင်းဆီလာမယ်"ဟု ရေရွတ်ကာ ပြေးထွက်သွားခဲ့တယ်။
ပိုင်ရွှင်းယီ အရမ်းစိတ်ရှုပ်သွား၏။
အစမှအဆုံး သူမ ရုတ်တရက် ပေါ်လာသော ကောင်လေး၏အမည်ကိုပင် မသိခဲ့ပေ။
သို့သော်မကြာခင်မှာပဲ ရှန်းချုရန်က သူမ ထံ ရောက်လာသည်။
"ပိုင်ရွှင်းယီ" လုယီ ထွက်သွားတာကိုမြင်တော့ ရှန်းချုရန် မုန့်စားဖို့မထွက်သွားပဲ ပိုင်ရွှင်းယီရဲ့စားပွဲဆီကို မေးချင်တဲ့အမူအရာနဲ့လျှောက်လာ၏။ "လုယီ ဘာပြောခဲ့လဲ?"
‘အိုး အဲ့ကောင်လေးရဲ့အမည်က လုယီဘဲ ’
ပိုင်ရွှင်းယီ၏မျက်လုံးများက တိတ်ဆိတ်စွာဖြင့် ရွေ့လျားသွားသည်။ ရှန်းချူရန်၏ပြသာနာရှာခြင်းကို မခံရဖို့ ကြိုတင်ရှောင်ရှားရမည်။ သူမ စာရွက်အပိုင်းအစတစ်ခုပေါ်မှာ စာလုံးသုံးရေးလိုက်၏။
[We chat Id]
အမှန်တော့ သူမ ဒီအချိန်ကို မျှော်လင့်နေခဲ့တာကြာပြီဖြစ်သည်။ လုယီ ဝန်ခံတာ ကြားကြားချင်း ရှန်းချုရန် ဟာ မထိန်းနိုင်ပဲ ဒေါသတကြီး နှုတ်ခမ်းများကို ဖိကိုက်နေခဲ့သည်။
ယုလျိုယင်၏သူငယ်ချင်းတွေက အေးစက်သောအငွေ့အသက်များ လွမ်းခြုံလျက် သူမဆီသို့ အေးစက်မှုများ ထုတ်လွှတ်တက်သည်။ သို့ပေမဲ့ သူတို့ ပိုင်ရွှင်းယီ ကိုကျ လာရှာသည်။ အသုံးမဝင်သော we chat id အတွက် ပိုင်ရွှင်းယီ က သန်မာလှသော အကြည့်တစ်ချက်သာ ပေးခဲ့သည်။ ဒါ့ကြောင့် ရှန်းချုရန် သူမဆီ လျှောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရှန်းချုရန် အဝေးကို ဒေါသသကြီး ထွက်ပြေးသွားခဲ့တယ်။
"ဟေး ပိုင်ရွှင်းယီ" အတန်းထဲ ကျောင်းသား/သူများ အားလုံးနီးပါး အပြင်သို့ထွက်သွားသောအချိန် လျိုဖူယု က ခေါင်းကို လှည့်ပြီး ပိုင်ရွှင်းယီ ကိုပြောပြသည်။ "နင် သိလား လုယီ က ယုလျိုယင်ရဲ့သူငယ်ချင်းဆိုတာ၊ ပြီးတော့ ရှန်းချူရန်ကလဲ ယုလျိုယင်ကို ကြိုက်နေတယ်ဆိုတာ "
ထိုအချိန် ပိုင်ရွှင်းယီ သတိကပ်သွားကာ သူမ၏လက်ထဲရှိ ဘောပင် မှာ စားပွဲပေါ်သို့ ပြုတ်ကျသွား၏။
လျိုဖူယု၏အကြည့် သည် ပိုင်ရွှင်းယီ ဆီ၌ရှိနေပြီး အသံတိုးတိုးနဲ့မေးတယ်။ "သူ နင့်ကို ကြိုက်နေတာလား? နင် ရော သူ့ ကိုနေရာတိုင်းမှာ တွေ့ချင်လား ?"
ပိုင်ရွှင်းယီ တကယ်မမျှော်လင့်ခဲ့တာက လျိုဖုယု က အတင်းပြောရသည်ကို ကြိုက်သောမိန်းကလေးဖြစ်နေခဲ့သည်ဆိုတာကိုပင်။ ပိုင်ရွှင်းယီ ပြုံး၍ ခေါင်းခါယမ်းလိုက်တော့သည်။
"အချစ်၌ပျော်ဝင်နေခြင်း" ဆိုသည့်စကား ဟာ သူမ၏ဘဝထဲမှာ တစ်ခါမျှမရှိခဲ့။
ကောင်လေး၊ လုယီက ‘သူမ ကို လိုက်ခြင်း’ ၌ စွဲလန်းနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ဘူး။
မနက်စာနဲ့နေ့လည်စာ ကို ပို့ပေးသည်။ သူမ ကို ဆက်သွယ်ဖို့ အချက်အလက်များတောင်းသည်။ ယင်း မှာမူ အထက်တန်းကျောင်းသားများ ကျောင်းသူလေးများကို လိုက်သည်အခါတွင် သုံးနေကျ နည်းလမ်းတစ်ခုလည်းဖြစ်သည်။
ဒါကို အခန်း၃ တစ်ခုလုံး သိသွားခဲ့တယ်။
အခန်း၃ အပြင် အခြားအတန်းမှကျောင်းသား/သူများ သည်လဲ ဒီအကြောင်းကို ကြားခဲ့သည်။ အထက်တန်းကျောင်းသား/သူ များ မှာ အတင်းအဖျင်းပြောဖို့ စိတ်ဝင်စားမှု ပိုမြင့်တက်လာခဲ့တယ်။
ပိုင်ရွှင်းယီ မှာ အချိန်တိုင်း လုယီ ကို တွေ့ခဲ့ရပြီး စာရွက်ကြမ်းများတွင်လဲ ‘ငါ တောင်းပန်ပါတယ်၊ ငါ့ဘဝမှာ အချစ်ကို စိတ်ဝင်စားဖို့ အချိန်မရှိဘူး၊ နင် ငါနဲ့ဝေးဝေးနေပေးလို့ရမလား’ ဆိုသည့် စကားများ ပြည့်နှက်နေခဲ့သည်။ ထိုစကားလုံးများ က အသုံးမဝင်ခဲ့ဘူး။
ပိုင်ရွှင်းယီ ခေါင်းကိုက်ရုံကလွဲပြီး မတတ်နိုင်ခဲ့ပေ။
ကံမကောင်းစွာဖြင့် အချိန်လဝက်မျှကြာပြီးနောက် လုယီ အရှုံးပေးခဲ့တယ်။
လုယီ အစတော့ ပိုင်ရွှင်းယီကို မကြိုက်ခဲ့ပါ။ အစတည်းက သူမ၏ရုပ်ရည်၌သာ စိတ်ဝင်စားခဲ့သည်။ သို့သော် သူမ က သူ့ကို ပထမဦးဆုံး စတွေ့ချိန်ထဲက ငြင်းပယ်ခဲ့သည်။ လုယီ သည် ငြင်းဆိုခံရသည့် ပထမဆုံးအချိန်၌ အနည်းငယ်စိတ်ပျက်လက်ပျက် ဖြစ်ရုံမျှလွဲလို့ ဘာမှမခံစားမိခဲ့။
"ဒါကြောင့် မင်းကို လိုက်ဖို့ ခက်တယ်လို့ ပြောတာကိုး" ကျောင်းဆင်းပြီး ညရောက်သည့်အခါ လုယီ က ပိုင်ရွှင်းယီ၏စက်ဘီးနောက် မှာ ရပ်နေခဲ့တယ်။
လုယီ က မိန်းကလေး၏သွယ်လျသော ကျောပြင်ကိုကြည့်ခဲ့ပြီး သူမ၏လမ်းကိုပိတ်ဆို့ရန် ပြေးလာ၏။ လုယီ သွားတင်းတင်းကြိတ်ကာ မေးလိုက်သည်။ "ပိုင်ရွှင်းယီ မင်းငါ့ကို မကြိုက်ဘူးလား? ငါရဲ့အရာအားလုံး ကို မကြိုက်တာလား ?"
ပိုင်ရွှင်းယီ တုံ့ဆိုင်းကာ ခေါင်းညိတ်ပြလိုက်သည်။
"သွားပြီ၊ ငါတော့ တကယ်ရှုံးသွားပြီ" လုယီ ခေါင်းကိုငုံပြီး တိုးလျသောအသံဖြင့် ဆို၏။ ခဏတော့ကြာပြီးနောက် လုယီ စိတ်သက်သာရာ ရသွား၏။ လုယီ သူမကို ကြည့်ပြီး ကူရာမဲ့လျက် ပြောလိုက်သည်။ “ကောင်းပြီ၊ မနက်ဖြန်ကစပြီး ငါ မင်းကို မနှောင့်ယှက်တော့ဘူး"
သူ့စကားဆုံးသွားတော့ ပိုင်ရွင်းယွင်၏မျက်လုံးများ က မော့ကြည့်လာသည်။
လုယီ ၁၀၀ရာခိုင်နှုန်း အတည်ပြုလိုက်ပြီဖြစ်သည်။ ထိုမိန်းကလေး က အခြားမိန်းကလေးများနဲ့ကွာခြားသည် ဟူ၍။ သူမ ဟာ လှည့်စားဖို့ လုပ်ခဲ့သည့် လှည့်ကွက်များကို ရှောင်ရှားခဲ့သည်။ သူမ က ဒီအတိုင်း သဘောမကျတာဖြစ်၏။
လုယီ နောက်ဆုံးတော့ လှည့်ပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။
"မင်းလို ပါးစပ်ပိတ်ထားတဲ့ မိန်းကလေးမျိုး ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းပဲ" လုယီ ကူရာမဲ့စွာဖြင့် ပြုံး၏။
ခန့်ညားတဲ့ကောင်လေး၊ လုယီ သည် ပိုင်ရွှင်းယီ၏စက်ဘီးကို ကူတွန်းပေးရင်း ပြောလာသည်။ "ငါတို့ သူငယ်ချင်းဖြစ်လို့ရမလား၊ ငါ့ကို မင်းရဲ့we chat အကောင့်ပေးလေ"
ဘယ်လိုဘဲဖြစ်ဖြစ် ပိုင်ရွှင်းယီ သည် ‘သူငယ်ချင်းဖြစ်ကြရအောင်’ ဆိုသည့် စကား က ဆင်ခြေသပ်သပ်ဆိုတာ နားလည်၏။ သူမ ပြုံးကာ ခေါင်းခါယမ်း၏။
အခုတော့ ကောင်းရော၊ လုယီ ရယ်လဲမရယ်နိုင် ငိုလဲမငိုနိုင် ဖြစ်သွားခဲ့သည်။ လုယီ ရူံးသွားခဲ့တယ။
"ဒီလိုမျိုးဆိုးရွားစွာ ကိုယ့်ကိုကိုယ် ချူပ်နှောင်ထားတက်တဲ့ မိန်းကလေးမျိုးကို ပထမဦးဆုံးတွေ့ဖူးခြင်းဘဲ၊ သူငယ်ချင်းဖြစ်ခွင့်တောင်မပေးဘူး "
ညနေခင်း၌ သူငယ်ချင်းအချို့နှင့် ညစာစားပြီးသည့် အချိန်တွင် လုယီ တရားဝင်ကြောငြာခဲ့သည်။ သူမကို လိုက်တာ ကျရှုံးခဲ့ပေမဲ့ ဘယ်သူမှ မလှောင်ကြပေ။
လုယီ စိတ်ဓာတ်ကျခဲ့ပြီးနောက် ကင်ထားသော အကင်များကိုယူကာ ဒေါသတကြီး ပြောပြသည်။ "မင်းတို့ အခု ငါ့မျက်နှာအကြောင်းကို ပြောနေတာမလား? ငါ့ဆီမှာ အရင် က wechat တောင်းတဲ့မိန်းကလေး ဘယ်လောက်တောင်ရှိခဲ့သလဲ?”
"ငါ ပိုင်ရွှင်းယီကို လဝက်ကြာအောင် လိုက်ခဲ့ပင်မဲ့ wechat account တောင် မရခဲ့ဘူး "
"ငါ့ရဲ့သူငယ်ချင်းတွေ က တကယ့်ကို ယုံကြည်နေတာပဲ။ ငါ အခုတော့ နားလည်သွားပြီ၊ ဘာကြောင့် လီချွမ်းယန် သူမကို လိုက်လို့မရတာလဲ ဆိုတာ နားလည်သွားပြီ၊ ငါ ဒီထက်ပိုပြီး မကစားနိုင်တော့ဘူး "
ပိုင်ရွှင်းယီ က မအေးစက်ဘူးလို့ ထင်ရပင်မဲ့ လိုက်ဖို့ တကယ့်ကို ခက်သည်။
သူမ က အမြဲတမ်း နူးညံ့ပြီးရင်း နူးညံ့ပင်မဲ့ အထီးကျန်စွာ လေဟာနယ်ထဲမှာနေသလို ထင်ရပြီး သူမ၏ဘေးရှိ လူများကို လျစ်လျူရှုတက်သည်။ ထို့သို့သော အကြောင်းအရင်းများကြောင့် သူမကို ချဥ်းကပ်ဖို့ ခက်ခဲသည်။
သူမက ငြင်းဆိုရင်ခဲ့ရင်တောင်မှ အဲ့ဒါက ဝါဂွမ်းကို ဖောက်တာနဲ့အတူတူပင်။ လုယီ ဒေါသထွက်ဖို့တောင် မတတ်နိုင်ခဲ့။
လုယီ သည် အစပိုင်းတွင် သူ့အသွင်အပြင်ကို ဆွဲဆောင်မှုရှိသူလို့ ထင်ခဲ့သည်။ နောက်တော့"စိတ်မြန်လက်မြန်စိတ်’ ကုန်ဆုံးသွားပြီဆိုတာကို ဝန်ခံလိုက်ရသည်။ သူ တကယ် ပိုင်ရွှင်းယီကို နားမလည်ပါ။
"ဟက် ငါ့ကို ဆင်ခြေလာပေးနဲ့ မင်းက ဒီတိုင်းမလုပ်နိုင်တာဘဲ" လီယွမ် ရယ်ရင်း လီယွမ် မတက်နိုင်ပဲ လောင်စာဆီထပ်ထည့်၏။
"မင်း က မီးရှို့သမားသလို ဟန်ဆောင်နေတုံးပဲ၊ လဝက်ကြာအောင် လိုက်ခဲ့တာ wechat အကောင့်ကိုတောင် မရခဲ့ဘူး "
"..." လုယီ ဒေါသတကြီးပြောလေသည်။ "မင်း မတ်တပ်ရပ်ပြီး စကားပြောချင်ရင် ဒီအတိုင်းမပြောနဲ့၊ မင်း လိုက်ဖို့ကြိုးစားနိုင်တယ်”
"ငါက ဆွံအနေတဲ့သူကို ကြိုက်တတ်တဲ့သူ မဟုတ်ဘူး၊ ဘာလို့ လိုက်ဖို့ကြိုးစားရမှာလဲ ငါက မင်းကိုရယ်ချင်ယုံဘဲ" လီယွမ်၏ပါးစပ် က အဆိပ်လိုပင်။ "မင်း အကိုယုလို လူကို လိုက်ခိုင်းမယ်ဆိုရင်တော့ စက္ကန့်အနည်းငယ် အတွင်း လိုက်နိုင်လိမ့်မယ်"
"ဟေ့ကောင်၊ မင်းရဲ့မကောင်းတဲ့စစ်ဆေးမှုကို ပြောဖို့ အကိုယုအပေါ်မှီခိုမနေနဲ့!"
"ပြီးတော့ မင်း…"
"ငါ မသွားဘူးလို့ ဘယ်သူပြောလဲ "
ယုလျိုယင်ရဲ့ရိုးရှင်းတဲ့ စာကြောင်း သည် သူ့နောက်မှာရှိတဲ့ လူတွေ အားလုံးကို တိတ်သွားစေဖို့ လုံလောက်သည်။ ဆူညံနေတဲ့ စားပွဲဝိုင်း သည် ချက်ချင်းတိတ်ကျသွား၏။
လုယီ၊ လီယွမ်နဲ့ကျိုးရှင်းဆွေ တောင်မှ အလွန်ကို အံသြသွားတယ်။
ယုလျိုယင်၏သွယ်လျသော လက်ချောင်းများ သည် စီးကရက်ကို မကိုင်ခင်အထိ ဇဝေဇဝါဖြစ်ခဲ့ပြီး သူရဲ့နှုတ်ခမ်းက ဆေးလိပ်၏ဖင်ကို ပေါ့ပေါ့ပါးပါး ဖိကိုက်ထားသည်။
"လွန်ခဲတဲ့ရက်တွေက ပြောခဲ့တယ်လေ၊ သူမက လိုက်ဖို့ ခက်ခဲတယ်လို့၊ စိတ်ဝင်စားဖို့ မကောင်းဘူးလား "
"ဘာကိုဆိုလိုချင်တာလဲ "လုယီ က ညည်းညူ၏။ “မင်း ပိုင်ရွင်းယီကိုလိုက်မယ်ပေါ့"
ယုလျိုယင် က ပြုံး၍ မေးတယ်။ "မင်း ဒီအလောင်းအစားကို စိတ်ဝင်စားလား?”
ကျိုးရှင်းဆွေ က ဦးဆောင်ပြီး စကားစပြောသည်။ သို့ပေမဲ့ အဖြေကတော့ နောက်ဆုံးအကြိမ်နှင့်မတူညီစွာ ကွဲပြားခြားခဲ့သည်။ "ငါ လောင်းမယ် မင်းလိုက်နိုင်လိမ့်မယ် "
လီယွမ် က "ငါရောဘဲ"
ထို့နောက် လုယီ က "ဘာကြေးလဲ? အချိန်တချိူ့ကိုတော့ ဆုံးရှုံးနိုင်တယ်၊ အကိုယု မင်း သူမကို မလိုက်နိုင်ဘူး "
လုယျိုယင် ရယ်မောရင်း စကားမပြောခဲ့ပေ။ သူ လုယီ ပြောခဲ့သည်ကို အမှတ်ရမိလိုက်သည်။— ‘ ငါ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာပဲ၊ သူမကိုယ်သူမ ချုပ်လှောင်ထားတဲ့ စွမ်းအားရှိတဲ့ မိန်းကလေးမျိုးကို’
ယုလျိုယင်၏မသိစိတ် မှာ နှုတ်ခမ်းကိုကိုက်နေသည့် ပုံရိပ်နှင့်ပိုင်ရွှင်းယီ၏နာမည်ကို နှစ်ကြိမ်တိုင် မေးလိုက်သည့်အခါ ထွက်ပြေးသွားသည့် ပုံရိပ်ကို တွေးနေခဲ့တယ်။
မိန်းကလေးအများစုက ရှက်တတ်ပေမဲ့ ပိုင်ရွှင်းယီကတော့ ရှက်ဖို့တောင် အချိန်မရှိပေ။
ဖြစ်နိုင်တာကတော့"မလိုလားခြင်း"တစ်မျိုး သည် ပေါ့ပေါ့ပါးပါးသာမန် ဒုက္ခတမျိုးဖြစ်သည်။ ယုလျိုယင် သည် သာမာန်အချိန်များတွင် ဘယ်တော့မှ မလုပ်ဖူးသော အလုပ်မျိုးကို လုပ်မယ်လို့ ဘယ်တော့မှမပြောတက်သူဖြစ်သည်။
အစပိုင်းမှာတော့ သူ ဆွေးနွေးရှာဖွေမှု အတွက် မတက်နိုင်ပဲ ဝင်ပြောခြင်းသာပြုလုပ်ခဲ့သည်။
ကစားပွဲတစ်ခု အနေနဲ့ ခံစားချက်တွေကို လောင်းအစား အဖြစ် ဆက်ဆံတာ က မကောင်းဘူးဆိုတာ သူတို့ မသိခဲ့ကြပေ။