no

Font
Theme

About This Novel

ဒါလေးက manhwa ရှိပြီး dramaပါ ထွက်မယ်လို့ သတင်းထွက်နေတဲ့ ကိုရီးယား webnovelလေးပါ။ Daytime Starဆိုတဲ့ manhwaကို manhwaဖတ်တဲ့သူ တော်တော်များ သိကြမယ်ထင်ပါတယ်။ Artist က Daytime Star ရဲ့ artist nim ပါတဲ့။ Instagram မှာ art အမြည်းတွေ့ရသလောက်တော့ တော်တော်မိုက်မဲ့ပုံပါပဲ။ Manhwa က 2025 Feb တုန်းက ထွက်ထားတာပါ။

ဇာတ်လမ်းကတော့ push and pull တွေနဲ့ တော်တော်လေး ဆွဲဆောင်မှုရှိပါတယ်။ ဒီဝတ္ထုက 2022 တုန်းက Ridi Books မှာ Grand Prize လည်း ရထားသေးတယ်။

ML က ၂နှစ်ကြာ ကိုမာဝင်သွားခဲ့တဲ့ လူသတ်သမား။ ပြန်သတိရလာတဲ့အချိန်မှာ သူက အတိတ်မေ့သွားရော။ သူ့ရဲ့ တကယ့်သရုပ်မှန်ကတော့ ဘာမှန်းမသိရဘဲ mystery ဆန်တယ်။

FL က သစ်ပင်တွေကို ကုသပေးတဲ့ ဆရာဝန်။ ရိုးရိုးကုပ်ကုပ်နဲ့ အေးအေးဆေးဆေးနေတတ်တဲ့သူ။ တစ်နေ့မှာ ML လူသတ်နေတုန်း မတော်တဆ ဝင်ပတ်သက်မိသွားပြီး ML ကိုမာဝင်သွားတော့ သူ့ရဲ့ သစ်ပင်ဆေးရုံမှာ တိုးတိုးတိတ်တိတ်ခိုးကုပေးထားရတာ။ အဲ့ဒီလို မြွေပွေးခါးပိုက်ပိုက်ထားရတာကလည်း အကြောင်းရှိတယ်ပေါ့နော်။

အဲ့ဒီလိုကနေ ML သတိပြန်ရလာတော့ အကြောက်ကြောက်အလန့်လန့်နဲ့ ပြောမိပြောရာ ပြောလိုက်ရာကနေ ဇာတ်လမ်းလေး စတော့တာပဲ။

ML က ၂၈ နှစ်၊ FL က ၃၂နှစ် ဆိုတော့ မနဲ့မောင်ပါ။ Miel အကြိုက် type ပေါ့နော်။ Smut ဆိုပေမဲ့ 19+ အခန်းတွေထက် plot ကို ပိုအသားပေးထားတာမို့လို့ tension တွေ၊ suspense တွေနဲ့ အရမ်းမိုက်ပါတယ်။

ဒရာမာထွက်ဖို့ကတော့ မသေချာသေးဘူးထင်တယ်။ သတင်းပြန့်ရုံပဲတွေ့သေးတာ၊ source အခိုင်အမာ မသိရသေးဘူး။ ဒီတော့ manhwa တွေ၊ drama တွေမလာခင် ဝတ္ထုလေးကို အရင်ဆုံး ခံစားဖတ်ရှုလိုက်ကြပါဦးနော်။

[Note : ဒီဝတ္ထုမှာ female lead က သစ်ပင်ကုထုံးဆရာဝန်ပါ။ ဒီတော့ အဲ့ဒီအပိုင်းနဲ့ဆိုင်တဲ့ professional termsတွေ၊ သစ်ပင်တွေရဲ့သိပ္ပံမျိုးစိတ်တွေ အစရှိသဖြင့် တွေ့နေကျမဟုတ်တဲ့၊ မရင်းနှီးတဲ့ အသုံးအနှုန်းတွေ အများကြီးပါပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ဘာသာပြန်သွားမယ်ဆိုပေမဲ့ အကယ်၍ လွဲချော်မှု၊ ချို့ယွင်းမှု၊ မပြည့်စုံမှု တစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ဘာသာပြန်တဲ့ Miel ရဲ့လိုအပ်ချက်သာ ဖြစ်တဲ့အကြောင်း ကြိုတင်ပြီး အသိပေး မေတ္တာရပ်ခံထားပါရစေ။]

💌နောက်ပြီး လမ်းကြုံလေး ဈေးဗန်းခင်းလိုက်ပါဦးမယ်နော်။ Miel ဒီ author ရဲ့ နောက်ထပ် ဝတ္ထုတစ်ပုဒ်ကို ထပ် pick ထားပါသေးတယ်။ Twist တွေနဲ့ တအားမိုက်တဲ့ action, mystery, romance, smut ပါ။ Personally ပြောရရင် အဲ့ဒီတစ်ခုကို drama ရိုက်စေချင်တာ။ ဒီဟာထက်ကို ပိုပြီးသဘောကျတယ်။ နာမည်က "မယ်ရီ ဆိုက်ခို" (Merry Psycho) ပါ။ အဲ့ဒီဝတ္ထုက အခု manhwa လည်း ထွက်ထားပါပြီ။ Art လည်းမိုက်၊ plot လည်းမိုက်။ ဒီ acc ထဲမှာပဲ တင်ထားတာမို့လို့ စိတ်ဝင်စားရင် ဖတ်ကြည့်ပေါ့နော်။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment