no

Font
Theme

[ ပိုက်ဆံလွှဲပေးခြင်း]

လီလီသည် ယန့်ဝမ်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ဘယ်ချိန်မှာ ပြီးမြောက်သွားလဲ မသိချေ။ ကြည့်ရသလောက် မိနစ် ၂၀ထက်တော့ ကြာပေမည်။

အမျိုးသားက လွှတ်ထုတ်လိုက်သောအချိန်၌ နှစ်ယောက်သားဟာ အချင်းချင်း ပွေ့ဖက်လျက်သား အတိုင်းပင်။ လီလီက အရင်ပြီးသွားကာ သူ့အရာလေးက တဆတ်ဆတ်တုန်နေသည်။ သူ့အူတွေထဲမှာလည်း ယန့်ဝမ်ပစ္စည်းကြီးက တဆတ်ဆတ်တုန်နေသည်ကို ခံစားမိပါ၏။ အနှီခံစားချက်က အလွန်ရှင်းလင်းလှကာ ယန့်ဝမ်၏ အမြဲတမ်း အေးစက်သော မျက်နှာသည်ပင် အတန်ငယ် ရှုပ်ထွေးမှုသွားမှုကို ပြလို့လာသည်။

မသိလျှင် တစ်စုံတစ်ရာကို ဖမ်းဆုပ်မိသွားသည့်အလား။ သို့ပေသိ လီလီသေချာမမြင်ရသေးခင်မှာပင် ယန့်ဝမ်က ခေါင်းငုံ့သွားကာ အကြည့်ချင်းပြန်ဆုံချိန်၌မူ နဂိုမျက်နှာထားနှင့် ဖြစ်သွား၏။

မမြင်ရသော နယ်နမိတ်က နှစ်ယောက်ကြားမှာရှိနေလျက် သီးသန့်အစိတ်အပိုင်းတွေက တွယ်ဆက်နေကြသေးသော်ငြား ကမ္ဘာနှစ်ခုမှာ ရှိနေကြသည့်နှယ်။

ပွေ့ဖက်မှုမရှိ၊ ကြင်နာနူးညံ့မှု မရှိပါပေ။ ယန့်ဝမ်က သူ့ပစ္စည်းကို ဆွဲထုတ်ပြီးနောက် အရည်များပြည့်နေသော ကွန်ဒုံးကို အမှိုက်ပုံးထဲလွှင့်ပစ်ကာ မေးလာသည်။

"မင်းအရင်ရေချိုးမလား။ ငါအရင်ချိုးရမလား"

လီလီကတော့ ဘယ်လိုမှမနေသလို မတရားသလိုလည်း မခံစားရပါချေ။ သူ့အတွက်တော့ ဒါက ယခင်လိုပုံမှန်အလုပ်နှင့် ကွာခြားသည့် အလုပ်တစ်ခုသာ ဖြစ်သည်။ သူက ပျော့ခွေနေဆဲ ခြေထောက်တွေကို လှုပ်ကာ ဖြေလိုက်သည်။

"ခင်ဗျား အရင်ချိုးပါ"

ယန့်ဝမ် ရေချိုးခန်းထဲဝင်သွားချိန်မှာ လီလီသည်လည်း အားမနေခဲ့။ သူက အောက်ပိုင်းကို တီရှုးဖြင့် သုတ်လိုက်သည်။ ဂန္ဓမာပန်းလေးက ထိလိုက်ချိန်မှာ အနည်းငယ် နာကျင်နေကာ ရောင်နေသယောင်ပင် ထင်ရသည်။

သူ့ကိုယ်သူ သန့်ရှင်းအောင်လုပ်ပြီးနောက် ကျောပိုးအိတ်ထဲကနေ အဝတ်အစားတို့ကို လဲရန်ပြင်လိုက်ချိန်မှာပင် အောက်ပိုင်းက တဖန်မာ၍လာပြန်လေသည်။

ဆေးအာနိသင်ပြလာချိန်ဆို သူ့လည်ချောင်းက အမြဲခြောက်သွေ့နေသလို ခံစားရ၏။ သူဟာ ရေချိုးဇလားထဲက ရေတွေကို အများကြီး သောက်ခဲ့ကြောင်းအား ဝါးတားတားတော့ မှတ်မိနေရာ ပျို့အန်ချင်စိတ် ဖြစ်သွားရသည်။

သူ ရေချိုးခန်းထဲက ရေသံကို မျက်မှောင်ကြုတ်ကာ နားထောင်ကြည့်လိုက်သည်။

ထို့နောက် မတ်တောင်နေသော သူ့အောက်ပိုင်းကို ငုံ့ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကွန်ဒုံးတစ်ခုယူကာ ရေချိုးခန်းဆီသို့ ခက်ခက်ခဲခဲ လျှောက်သွားလိုက်လေသည်။

တံခါးက လော့ခ်ချမထားရာ သူက တွန်းဖွင့်လိုက်၏။

ရေချိုးခန်းထဲ၌ ရေနွေးငွေ့များ ပြည့်နေပြီး အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက ရေပန်းအောက်တွင် ရပ်နေကာ သူ၏ ဦးခေါင်းပေါ်သို့ ရေနွေးနွေးများက စီးကျနေလျက် ရှိပေသည်။

ရေစက်မှုန်မွှားများကြားက မျက်နှာဟာ ချောမောခန့်ညားလှပြီး လီလီ၏ နှလုံးသားအား အနည်းငယ် လှုပ်ခတ်သွားရလောက်အောင်ပင်။

လီလီက သူ့အကြည့်နှင့် ဆုံတော့ တည်ငြိမ်စွာ ပြောလိုက်၏။

“ကော နောက်တစ်ကြိမ် လုပ်ချင်သေးလား”

ယန့်ဝမ်က သူ့၏ မတ်တောင်နေသော အောက်ပိုင်းကို အေးစက်စွာ ကြည့်ကာ ခဏအကြာတွင် ပြန်ပြောလာသည်။

“ငါ့ကို ဖြေဆေးအဖြစ် အသုံးပြုတဲ့ အဖိုးအခကလည်း တအားဈေးကြီးတယ်နော်"

လီလီက ခြောက်ကပ်စွာ ရယ်လိုက်၏။

“ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် လိုအပ်တာကို ယူနေကြတာ မဟုတ်ဘူးလား”

ယန့်ဝမ်က ရေပန်းကို ပိတ်လိုက်လျက်။

“ မင်းကို လုပ်ရတာက ပိုက်ဆံပေးရတယ်လေ"

"အဲ့ပေးမဲ့အထဲမှာ ခုတစ်ခေါက်ဟာလည်း ထည့်လိုက်လေ။ ဒါမှမဟုတ် ခုည နောက်ထပ် နှစ်ခါလောက် လုပ်လိုက်ပေါ့။ အဲ့လိုဆို အပေးအယူက မတန်ဘူးလား"

ဆေးရှိန်တက်နေချိန်မှာ လီလီကတော့ ခံစားကောင်းနေကာ ငွေလည်းရဦးမည်ဖြစ်တာကြောင့် တန်သည်ဟု ခံစားရပေသည်။

နှစ်ယောက်သားက ရေချိုးခန်းထဲက မထွက်ဘဲ ဘေစင်ရှေ့မှာပင် အချစ်ပွဲကို တန်းနွှဲလိုက်ကြတော့လေသည်။

နောက်ပေါက်လေးက နူးညံ့နေဆဲမို့ ထပ်ချဲ့စရာမလိုပေ။ စိုစွတ်ကာ အထဲမှာ ပူနွေးနေသည်။ ကျူးကျော်မှုကို လက်ခံရချိန်မှာ အနည်းငယ်နာကျင်သွားသော်လည်း အထုတ်အသွင်းလုပ်လာချိန်မှာတော့ အလွန်ခံစားကောင်းသွားလေ၏။

လီလီက ယန့်ဝမ်ထက်ပုသည်မို့ ထိုအနေအထားအရ သူ့မှာ ခြေဖျားထောက်ထားရပြီး ကျန်သည့် ဖြူဖွေးသွယ်လျသော ခြေတစ်ဖက်က ခပ်မြင့်မြင့်မှာ အမြှောက်ခံထားရသည်။ လက်တို့ကမူ ဘေစင်အစွန်းကို တင်းတင်းဆုပ်ကိုင်ထားရလျက် နောက်ကအမျိုးသား၏ ကြမ်းတမ်းသော ထိုးသွင်းမှုကို တောင့်ခံနေရလျက်သား။

နောက်က ထိုးသွင်းခံရချိန်မှာ ရှေ့က သူ့အရာလေးကလည်း ထပ်မံပြီးမြောက်သွားပြန်ပြီး ဖြူဖြူအရည်တို့ ထွက်လာပြန်သည်။ ဒီတစ်ခါတော့ ပန်းမထွက်တော့။ အသားချောင်းထိပ်ကနေ စိမ့်ထွက်လျက် စီးကျကာ ပန်းပွင့်လေးထဲ စိမ့်ဝင်လာသည်မို့ ယားယံလာရတော့သည်။

လီလီသည် လက်ထည့်ပြီး ပွတ်ပစ်ချင်စိတ်ကို ထိန်းထားရကာ မှန်ထဲကနေတဆင့် အမျိုးသားအား တုန်ယင်နေသော မျက်တောင်တို့နှင့်အတူ ကြည့်လိုက်သည်။

ယန့်ဝမ်မျက်နှာအစိတ်အပိုင်းက အတော်လေး ထိပ်တန်းကျလှတာကိုတော့ ဝန်ခံရမည်။ အလွန်ထိပ်တန်းကျသာလွန်လှသည်မှာ လီလီအဖို့ သူ့ကို သဘောမကျပါသော်လည်း ချစ်ရည်လူးရတာကိုတော့ သဘောကျဆဲပင်။

၂ခါထက်မနည်း သုက်လွှတ်ပြီးသွားသည့်နောက် ဆေးအရှိန်က လုံးဝနီးပါးပြယ်လာသည်။ သူ့ပစ္စည်းလေးက ငိုက်စိုက်ကျသွားသည်မှာ တခဏအတွင်း နောက်ထပ်ပြန်မာဖို့ မဖြစ်နိုင်တော့သည့်နှယ်။

လီလီက ယန့်ဝမ်အား ရေအရင်ချိုးစေလိုက်သည်။ သူ ထွက်လာချိန်၌မူ ယန့်ဝမ်က ဝတ်စုံပြည့် ပြန်ဝတ်ထားပြီဖြစ်ကာ အရင်လိုပဲ သေသပ်စွာ ရှိနေ၏။

သူ့မျက်နှာအမူအရာက ယခင်နှင့် သိပ်မကွာလှ။ အကွာအဝေးခြားကာ လျစ်လျူရှုထားလျက်သား။ မသိလျှင် ခုနက လူးလိမ့်ထားကြသည်က သူမဟုတ်သည့်နှယ်။ သူ့လေသံကတောင် အေးစက်နေသည်။

"မင်းရဲ့ဘဏ်ကတ်အကောင့်နံပါတ်ပေး"

လီလီက ရေချိုးဝတ်ရုံပတ်ထားကာ ရင်းနှီးအောင်လုပ်ဖို့ ကြိုးစားမိဆဲပင်။

"အခန်းကို ဘိုကင်တင်ထားတဲ့ဟာ တစ်ညလောက် မအိပ်ဘူးလား"

အချိန်က တော်တော်နောက်ကျနေပြီဖြစ်သည်။ မနက် ၃ နာရီတောင်ရှိနေပြီပင်။

ယန်ဝမ်က ဖြေသည်။

"မလိုဘူး"

လီလီက ဖုန်းကိုဆွဲယူလိုက်လျက် မေးလိုက်ပြန်သည်။

"ဝီချတ်ကနေ ငွေလွှဲလို့ရလား ကျွန်တော်က ဝီချတ်ကို ပိုသုံးလို့ရယ်"

"QR ကုတ်သာ ပေးစမ်းပါ"

လီလီက သူ့ကိုကြည့်ကာ

" ဝီချတ်မှာ ဖရန့်အပ်ပြီး ပိုက်ဆံလွှဲရအောင်လေ"

သူက ဝီချတ် QR ကုတ်ကို အမြန်ဖွင့်၍ အမျိုးသားရှေ့မှာပြကာ သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

"နောက်တစ်ခါ တစ်ခုခုလိုရင် ကျွန်တော့်ကို ဆက်သွယ်ရတာ အဆင်ပြေသွားတာပေါ့"

ယန့်ဝမ်ကမူ ဂရုမစိုက်စွာဖြေ၏။

"အဲ့လိုဖြစ်နိုင်ခြေက သုညနီးပါးပဲ"

အနှီသူဟာ သူနှင့် မအိပ်ခင်ကလည်း အထင်မြင်သေးကာ အိပ်ပြီးသွားသည့် နောက်မှာလည်း အထင်မြင်သေးနေဆဲပင်။

သို့ပေသိ ပိုက်ဆံအကြောင်း တွေးမိချိန်၌မူ လီလီဟာ ရှက်ရွံ့မှု မခံစားရတော့။ သူက ပြုံးပြပြီး ညင်ညင်သာသာ ပြောလိုက်သည်။

"ဝီချတ်အပ်ပြီး ပိုက်ဆံလွှဲလိုက်ရအောင်လေနော်"

သူ ခဏလောက် စဉ်းစားပြီးနောက် ထပ်ပြောလိုက်၏။

"အားကျိနဲ့ ကျွန်တော်က ဆက်ဆံရေးကောင်းလို့ ဖုန်းကို ယူကြည့်လောက်ပေမဲ့ စကားပြောထားတဲ့ မှတ်တမ်းတွေကို ဖျက်ပေးဖို့ ကျွန်တော်ကတိပေးပါတယ်"

ယန့်ဝမ်က မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်လျက်ဖြင့်

"မင်းကို ငါ့ညီနဲ့ ဝေးဝေးနေဖို့ သတိပေးထားတယ်နော်"

လီလီက ချက်ချင်း လက်လေးချောင်းကို ဆန့်တန်းလိုက်ရင်း

" ကျွန်တော် အဲဒီလိုလုပ်ခဲ့တယ်လို့ ဘုရားရော သရဲရောပါ ကျိန်ဆိုပါတယ်။ ဒါပေမဲ့ အရမ်းသိသာနေတော့ အားကျိက သံသယဝင်သွားတယ်လေ။ ကျွန်တော်လည်း မတတ်နိုင်ဘူး။ ကျွန်တော်တို့က အခန်းဖော်လည်းဖြစ် အတန်းကလည်း တူနေတာကိုး။ အတူတူ အတန်းတွေ အများကြီးတက်ရတယ်လေ။ မမြင်ဘဲနေဖို့ မဖြစ်နိုင်ဘူး"

ယန့်ဝမ်ကတော့ သိသာလှစွာပင် မယုံကြည်ပါချေ။

လီလီက အနည်းငယ် ရှုပ်ထွေးသွား၏။

"ကျွန်တော်ကလည်း တကယ့် မိန်းကလေး မဟုတ်ဘူး။သူကလည်း အဖြောင့်စစ်စစ်လေ...ဘာလို့ ကျွန်တော့်ကို အမြဲတမ်း သတိချပ်နေရတာလဲ"

ယန့်ဝမ်က သူ့ကို လျစ်လျူရှုလိုက်ပေမဲ့ သူ့QR ကုတ်ကိုတော့ စကင်ဖတ်လာသည်။

ဝီချတ်ကနေ သူငယ်ချင်းအသစ်ရသည့် အသိပေးချက် အသံတစ်ခုက ထွက်လာကာ လီလီက အမြန်နှိပ်ပြီး လက်ခံဖို့ နှိပ်လိုက်၏။ တစ်ဖက်လူ အကောင့်က ယန့်ကျိဖုန်းမှာ သူမြင်ခဲ့တာနှင့် အတူတူပင်။ ဝီချတ်နာမည်ကပါ နာမည်အရင်းဖြစ်သည်။

ခဏကြာတော့ တစ်ဖက်လူက ယွမ် ၅သောင်း လွှဲလာလေသည်။

နောက်မှာ တန်းစီနေသော သုညတွေကို ဂရုတစိုက် ရေတွက်ကာ ငွေပမာဏ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လီလီက ငွေလက်ခံဖို့ နှိပ်လိုက်သည်။ သူက ပြန်မော့ကြည့်ရင်း ချိုသာစွာ ပြုံးပြလိုက်၏။

"ကျေးဇူးတင်ပါတယ် ကော"

ယန့်ဝမ်ကမူ ဘာမှ ပြန်မပြောဘဲ တန်းထွက်သွားလေသည်။

သူထွက်သွားပြီးသည်နှင့် လီလီသည်လည်း စိတ်အေးလက်အေး ဖြစ်သွားရသည်။ မူလကတော့ သူ့ခန္ဓာကိုယ်က အလွန်ပင်ပန်းနေသော်ငြား အနှီ "အလွန်များပြားသောငွေပမာဏ ကြောင့် စိတ်လှုပ်ရှားသွားပြီ ဖြစ်၏။ သူက သူ့ ကျောပိုးအိတ်ထဲကနေ ရခဲ့သော လက်ဆောင်ငွေတွေကိုတောင် သွန်ပြီး ရေတွက်လိုက်သေးသည်။ ငွေစက္ကူတိုင်းကို သေချာစီပြီးနောက်မှာတော့ သူ စောင်ထဲမှာ လှဲနေလိုက်တော့သည်။

ယန့်ကျိအတွက် လက်ဆောင်ဟူသည်က လီလီ စဉ်းစားထားတာ ကြာလှပြီဖြစ်သော အရာတစ်ခုပင်။ သူက ထိုသူ့ကို နာမည်ကြီးတံဆိပ် ဖိနပ်တစ်ရံ ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်လေသည်။

ထိုဖိနပ်တွေက တော်တော် ဈေးကြီးပေမဲ့ လူငယ်တွေကြားမှာ အလွန်ရေပန်းစားသည်။ တကယ်တော့ ယန့်ကျိမှာ အများကြီးရှိသည်။ သို့ပေသိ သူက ဘတ်စကက်ဘောကစားသည်မို့ ဖိနပ်တွေက အတော်ပွန်းပဲ့လွယ်ရာ ဒီလက်ဆောင်က အတော်သင့်တော်ပေသည်။

လီလီက တနင်္ဂနွေရက်ကို ရွေးပြီး ကောင်တာမှာ သွားဝယ်ကာ ဗီရိုထဲမှာ ဝှက်ထားလိုက်သည်။ ယန့်ကျိ ပြန်လာချိန်မှာတော့ သူက အားကစားရုံသွားဖို့ ဆွဲခေါ်တော့သည်။

"မလိုက်ဘူး...မင်းကို အားပေးဖို့နဲ့ ရေတွေ မျက်နှာသုတ်ပဝါ ပေးဖို့ လူမှ မလိုတာ။ အဲ့ဒီအချိန်နဲ့ဆို ငါ အော်ဒါ နည်းနည်းလောက် လက်ခံလို့ ရတယ်"

လီလီဟာ ပိုက်ဆံမရသော ဘယ်ပျော်ပွဲရွှင်ပွဲမျိုးကိုမှ စိတ်မဝင်စားချေ။

တကယ်ဆို သူက တက္ကသိုလ်မတက်ခင်တုန်းကဆိုလျှင် မိုဘိုင်းဂိမ်းတွေ ဘယ်လိုကစားရမလဲပင် သိတာမဟုတ်။ နောက်ပိုင်းမှာ သူများအတွက် ဂိမ်းကစားပေးပြီး ပိုက်ဆံရှာလို့ရကြောင်း ကြားလာရချိန်မှာသာ သူ စလေ့လာခဲ့တာ ဖြစ်သည်။ ပိုက်ဆံရှာချင်သည့် စိတ်ဓာတ်နှင့်အတူ သူ၏ လိုက်လျောညီထွေရှိသော လက်ချောင်းတွေကြောင့် ဂိမ်းကစားသည့်နေရာမှာ အတော်ကောင်းမွန်သည်။ ကျွမ်းကျင်သူတွေလောက် မကောင်းပေမဲ့ သာမန်လူတွေထက်တော့ ပိုကောင်း၏။

သို့ငြား သူ ဘတ်စကက်ဘောကိုတော့ မကစားတတ်ပေ။ ယန့်ကျိက သူ့ကို ဆွဲခေါ်ပြီး ကစားခိုင်းပေမဲ့ အလွန်ညံ့ရာ ပရိသတ်အနေဖြင့်သာ ဘေးမှာ ထိုင်နေရတော့သည်။

ယန့်ကျိက ဆို၏။

"ဘယ်သူက ငါ မလိုဘူးလို့ ပြောလဲ။ ငါလိုတယ်!"

လီလီက နည်းနည်း အံ့အားသင့်သွားရင်း မေးမိတော့သည်။

"မင်း ပစ်မှတ်အသစ် မတွေ့သေးဘူးလား?"

ယန့်ကျိက အထွန့်တက်လာ၏။

"ဘာကိစ္စ မင်းအသံကြီးက ငါ့ကို ပင်လယ်ဘုရင်ကြီးလို ခံစားမိအောင်လုပ်နေတာတုန်း"

" မင်းက မဟုတ်ဘူးလား"

ယန့်ကျိမှာ ရယ်ချင်ပက်ကျိဖြစ်သွားရလျက် သူ့ပခုံးပေါ် လက်တင်ကာဖြင့်

"ဒီနေ့ မင်းကို ငါ ပြုစုမယ်ကွာ။ညစာပါကျွေးမယ်။ ညလယ်သရေစာပါ ကျွေးမယ်ကွာ။ ဟုတ်ပြီလား...ခုပဲ ပိုက်ဆံ လွှဲပေးမယ်!"

အားကစားရုံထဲမှာ လူတော်တော်များသည်။ ယန့်ကျိက ကျောင်း ဘတ်စကက်ဘောအသင်းမှာ ပါပေ၏။ ဒီနေ့မှာ ပြိုင်ပွဲတော့ မရှိ။နေ့စဉ် လေ့ကျင့်ရေးနှင့် အပျော်ဆော့သည့်ပွဲတွေသာ ရှိသည်။ သို့သော်ငြား ချောမောသော ယောက်ျားလေးတွေ အနည်းငယ်ပါလေရာ မိန်းကလေး အုပ်စုကြီးတစ်ခုကို ဆွဲဆောင်နိုင်ခဲ့လေသည်။ ယန့်ကျိဝင်လာတော့ ပရိသတ်တွေဆီကနေ အားပေးသံ တညံညံများ ထွက်လာကာ မိန်းကလေး အတော်များများက ဖုန်းတွေထုတ်၍ ဓာတ်ပုံရိုက်လာကြတော့သည်။

ယန့်ကျိကကလည်း လီလီပခုံးကို ဖက်ကာ ကင်မရာကို လုံးဝ မရှောင်ချေ။ ပြုံး၍ပင် နှုတ်ဆက်လိုက်သေးရာ နောက်ထပ် အားပေးသံများ ထွက်လာတော့သည်။

အားပေးသံများအလည်၌ လီလီသည် ယဲ့ကောကို မြင်လိုက်ရချေသည်။

သူက ယန့်ကျိအား တံတောင်ဖြင့် အသာတွတ်လိုက်တော့ ယန့်ကျိက ယဲ့ကောကို လှမ်းကြည့်သည်။ သို့ပေမဲ့ သူ့ မျက်နှာအမူအရာက လုံးဝ မပြောင်းလဲသွားချေ။ သူက လက်ကိုဖယ်ပေးကာ ဖုန်းကို လီလီလက်ထဲ ထည့်ပေးလိုက်လျက် ပြောလာ၏။

"ငါ ဘတ်စကက်ဘော သွားကစားတော့မယ်။ မင်း ငါ့အဝတ်အစားနဲ့ ဖုန်းကို ကြည့်ပေးဦး"

အဝတ်အစားတွေ ထားသည့်နေရာက ယဲ့ကော၏ထိုင်ခုံနှင့် အတော်နီးသည်။ မူလကတော့ ယဲ့ကောဟာ နူးညံ့သည့် အပြုံးကို ပြုံးပြနေပေမဲ့ ယန့်ကျိက သူမအား လုံးဝဂရုမစိုက်တာကိုတွေ့တော့ အပြုံးက နှုတ်ခမ်းထောင့်မှာ ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

လီလီကတော့ စိတ်ထဲ ဘယ်လိုမှ မနေပါဘဲ အေးအေးဆေးဆေးသာ သွားထိုင်နေလိုက်သည်။ မကြာခင်မှာပင် ယဲ့ကောက သူ့နားသို့ရွှေ့လာ၏။

မိန်းကလေးက အလွန်လှပြီး ဝတ်တတ်စားတတ်သည်။ ခါးကျပ်ကျပ်အဖြူရောင် ဂါဝန်က သူ့မ၏ခါးကို အလွန်တရာသွယ်လျသွားစေကာ လက်တစ်ဖက်တည်းဖြင့်ပင် သိမ်းဖက်နိုင်သည့်ပုံ ပေါက်စေသည်။ သူမက ပြုံးပြီး လီလီကို နှုတ်ဆက်လာ၏။

"မင်္ဂလာပါ"

လီလီက ပြန်ခေါင်းညိတ်ပြလိုက်သည်။

"မေးစရာ တစ်ခုလောက်ရှိလို့ပါ။ အဆင်ပြေပါ့မလား မသိဘူး"

"မေးလို့ရပါတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ ပြန်ဖြေဖြစ်မှာ မဟုတ်ဘူး"

သူဟာ အပြင်လူတွေရှေ့မှာဆို အမြဲတမ်း အေးစက်စက် အမူအရာဖြင့် ပြုမူလေ့ရှိသည်။ အထူးသဖြင့် သူ့ကို အကျိုးအမြတ် မပေးနိုင်သော လူတွေရှေ့မှာဆို "စကားပြောဖို့တောင် ပျင်းတယ်" ဟူသော ခံစားချက်ကို ပေါ်တင်ကြီး ပြထားတတ်ပေ၏။

ယဲ့ကောက အနည်းငယ် ရှက်သွားသည်။

"ယန့်ကျိအကြောင်းပါ... သူက အရင်က ကျွန်မကို လိုက်နေတာ။ ရှင် သိတယ်မလား?"

သူမက ဝဲကျလာသော ဆံပင်ကို သပ်တင်လိုက်သည်။

"ဒါပေမဲ့ သူဘာကို စိတ်ဆိုးသွားလဲဆိုတာကျွန်မ မသိဘူး။ သူက ကျွန်မကို လျစ်လျူရှုတယ်။ကျွန်မရဲ့ မက်ဆေ့တွေကို မပြန်ဘူး။ ကျွန်မ အရမ်းကို စိတ်မသက်မသာ ဖြစ်ရတယ်။ တကယ်တော့လေ... အတူတူ နေခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတင် ကျွန်မ... ကျွန်မ သူ့ကို နည်းနည်းလေး သဘောကျသွားတယ် ထင်တယ်"

"ပြီးတော့ရော....ကျွန်တော့်ဆီကနေ မင်း ဘာသိချင်လို့လဲ"

ယဲ့ကောက ခဏမျှတွေဝေနေပြီးမှ ဆက်ပြောသည်။

"သိချင်ရုံလေးပါပဲ....သူနဲ့ ရှင်နဲ့...ကြားမှာ ဘာအထူးတလည်ဆက်ဆံရေးမှ မရှိပါဘူးနော်...ဟုတ်လား"

လီလီမျက်မှောင်ကြုတ်သွားရင်း အတော်လေး မပျော်မရွှင်ဖြစ်သွားတော့သည်။

"ဘာကို အထူးတလည်ဆက်ဆံရေးလဲ...မင်း ဘာကို သံသယရှိနေတာလဲ"

ယဲ့ကောက သူမမေးခွန်းဟာ အတော်ရိုင်းသွားပြီဟု ခံစားသွားပုံရကာ အမြန်ပြောလာသည်။

"ဒီတိုင်း မေးရုံပါ။ဘာလို့လဲဆိုတော့ ယန့်ကျိက ရှင့်ကို အရမ်း အရေးပေးတယ်လို့ ခံစားရလို့ပါ.. ဟိုးအရင်တစ်ခေါက်တုန်းက

ကျွန်မက ရှင့်ကို ရှောင်နန်နဲ့ ချိတ်ပေးမလို့။ဒါပေမဲ့ သူ့မျက်နှာအမူအရာက ပြောင်းသွားရော။ ရှောင်နန်က ရှင်နဲ့ မတန်ဘူးလို့ သူထင်နေတဲ့ပုံပဲ။ သူက ကျွန်မနဲ့တောင် စကားကတောက်ကဆဖြစ်သွားသေးတယ်။ အရမ်းထူးဆန်းတယ်လို့ ခံစားမိလို့ပါ"

သူမက တဲ့တိုးမေးလာသည်။

"ဒါဆို ယန့်ကျိက တကယ်ပဲ... အဖြောင့်စစ်စစ်ပေါ့နော် ဟုတ်တယ်မလား?"

လီလီက တုံးတိတိဖြေလိုက်၏:

"သေချာတာပေါ့။သူတွဲခဲ့တဲ့ မိန်းကလေးတွေက ဒီကနေ တံခါးအထိ တန်းစီလို့ရတယ်။ သူမှ အဖြောင့်စစ်စစ် မဟုတ်ရင် ဘယ်သူက အဖြောင့်စစ်စစ် ဖြစ်ဦးမှာလဲ"

ယဲ့ကောက ခဏလောက် ကြောင်သွားပြီးမှ ခါးသီးသည့်အပြုံးဖြင့် ပြောလာလေသည်။

" ကြည့်ရတာ ကျွန်မက သိပ်ပြီး ဆွဲဆောင်မှုမရှိလို့ ထင်ပါရဲ့။ အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"

မိန်းကလေးက အမြန်ထွက်သွားပေမဲ့ လီလီ စိတ်ကတော့ ရှုပ်ထွေးသွားရတော့သည်။

တကယ်တော့ သူ နိုးလာပြီးသည့်နောက်မှာ ယန့်ဝမ်နှင့် အတူရှိခဲ့သော ထိုညကအဖြစ်အပျက်အကြောင်းအား သိပ်အရေးတယူ သတိရနေခဲ့တာ မရှိပေ။ ထိုအချိန်ကမူ သံသယတွေကို သိပ်မစဉ်းစားခဲ့။ ဒါသို့သော်လည်း အခုတော့ ယဲ့ကော စကားတွေက

သူ့ကို သံသယဝင်လာစေလေသည်။

ယန့်ဝမ်က ဘာလို့များ သူ့နှင့် ယန့်ကျိ နီးစပ်မှာကို အတော်လေး သတိထားနေရပါသလဲလေ။ သူ့ညီကို ယောက်ျားတစ်ယောက်က အမြတ်ထုတ်တာသွားကို ရွံရှာလို့ပဲလား?

ထို့ပြင် ထိုညက အနှီသူ၏ရွေးချယ်မှုက...

လီလီစိတ်ထဲမှာ ခန့်မှန်းချက်တစ်ခု ပေါ်လာ၏။ သူ ဖုန်းကို အလျင်အမြန် ထုတ်လိုက်ကာ ယန့်ဝမ်နှင့် ချတ်စာမျက်နှာကို ဖွင့်လိုက်၍ စကားအနည်းငယ်ကို အမြန်ရိုက်ပြီး ပို့လိုက်သည်။

အနီရောင် “ ! ” အမှတ်အသားကို မြင်လိုက်ရချိန်မှာတော့ လီလီ ကြက်သေသေသွား၏။ အတော်ကြာမှပင် တစ်ဖက်လူက သူ့အား အရင်ကတည်းက ဘလော့ထားကြောင်း သဘောပေါက်သွားရလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment