no

Font
Theme

[အချိန်ပိုင်းအလုပ်]

သူ အချိန်ပိုင်း အလုပ်လုပ်သည့် နေရာက မြေအောက်ဘားတစ်ခုဖြစ်ပြီး နိုင်ငံခြားသားတွေအတွက် သီးသန့်နီးပါး ဖွင့်ထားသည့် နေရာပင်။ လီလီက ဘာသာစကားတွင် ပါရမီကောင်းပါသည်မို့ အင်္ဂလိပ်ဘာသာဖြင့်ဆက်သွယ်ပြောဆိုရာတွင် ပြဿနာမရှိပေ။ ထို့ကြောင့် ချန်းကောက တခြားအလုပ်တစ်ခုတွင် အချိန်ပိုင်းလုပ်နေသော လီလီကို သဘောကျပြီး ဤနေရာတွင် အချိန်ပိုင်းလုပ်ရန် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

လီလီက အရက်စပ်သူအဖြစ် အလုပ်လုပ်တာဖြစ်၏။

သူက အချိန်ပိုင်းလုပ်နေရင်းဖြင့် ကော့တေးစပ်နည်းလည်း သင်ယူခဲ့တာပင်။ အမြဲတမ်း ငွေပိုရှာချင်တာကြောင့် အခကြေးငွေပိုရနိုင်သည့် အရည်အချင်းသစ်များသင်ယူရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့တာ ဖြစ်သည်။

အရက်စပ်ခြင်းက ထိုထဲမှတစ်ခုပင်။ သူ့တွင် အသိအမှတ်ပြုလိုင်စင် မရှိပေမဲ့လည်း သူက အချိန်ပိုင်းနှင့် လက်ထောက် သဘောမျိုးသာ လုပ်တာဖြစ်၍ ၄က ပြဿနာတော့ မရှိလှ။

သို့ပေမဲ့ မိတ်ကပ်လိမ်းပြီး ဝတ်စားပြင်ဆင်တတ်ဖို့တော့ လိုအပ်ပေသည်။

လီလီ ဤနေရာသို့ရောက်သည်မှာ အချိန်တချို့ကြာခဲ့ပြီဖြစ်ရာ ပတ်ဝန်းကျင်နှင့် ရင်းနှီးနေပြီပင်။ သူက ရောက်သည်နှင့် အဝတ်အစားလဲခန်းကို သွားလိုက်သည်။ နိုင်ငံခြားသားတွေက မိတ်ကပ်ထူထူကို ပိုကြိုက်ကြ၏။ မိတ်ကပ်လိမ်းနေသော စားပွဲထိုးမလေးတွေက သူတို့၏မိတ်ကပ်ကို ဥရောပနှင့် အမေရိကန်ပုံစံ ပေါက်အောင် ကြိုးစားနေကြပြီး ချဲ့ကားထားသည့် မျက်တောင်တုတွေ တပ်၍ အရောင်တောက်တောက် နှုတ်ခမ်းနီတွေ ဆိုးနေကြလေသည်။

လီလီကလည်း သူ့ကျောပိုးအိတ်ထဲမှာ အလှကုန်ပစ္စည်းတွေ ယူလာသည်။ အွန်လိုင်းက ဝယ်တာတွေက ဈေးပေါပေါတွေ ဖြစ်ပေမဲ့ သူ့ အသားအရေက ကောင်းရာ မိတ်ကပ်အာနိသင်ကလည်း ကောင်းပေသည်။ သူ့လက်တွေကလည်း တည်ငြိမ်၏။ အိုင်းလိုင်နာဆွဲချိန်မှာတောင် လက်တုန်တာ မရှိချေ။ နာရီဝက်အကြာမှာတော့ သူ မိတ်ကပ်လိမ်းတာ ပြီးသွားလေသည်။

သူက ဆံပင်ရှည်ကို လက်ဖြင့် စုစည်းကာ ရာဘာကွင်းဖြင့် ခေါင်းနောက်တွင် အထုံးသေးသေးလေးစည်းနှောင်လိုက်ပြီး မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားလိုက်၏။

နောက်ဆုံးမှာတော့ လုံခြုံသော်လည်း အလင်းဖောက်သည့် အဖြူရောင်ရှပ်နှင့် အနက်ရောင် ဘောင်းဘီရှည်တို့ဖြင့် သဘာဝအလှကို ပြီးပြည့်စုံသွားစေလိုက်သည်။

"လီလီ(Lily) နင် အရမ်းလှတာပဲ"

အဖျော်ဆရာ ခေါင်းဆောင် အန်ဒီက ဝင်လာရာ တိုက်တိုက်ဆိုင်ဆိုင် သူ့ကို မြင်သွားသည်။ သူမမျက်လုံးတို့က တောက်ပသွားကာ တုံ့ဆိုင်းခြင်းမရှိ ချီးကျူးလာလေသည်။

အန်ဒီက အမျိုးသမီးတစ်ယောက်ဖြစ်သည်။ မိတ်ကပ်ထူထူအောက်မှာ သူမအသက်ကို ပြောဖို့ခက်လှ၏။

သူမက အတော်လေး ခပ်ဟော့ဟော့ဝတ်စားထားတာပင်။ အပေါ်ပိုင်းက ချက်ပေါ်ကိုယ်ကြပ်အင်္ကျီနှင့် အောက်ပိုင်းတွင် တင်ပါးသာဖုံးသည့် ခပ်ဟော့ဟော့ ဘောင်းဘီတစ်ဝတ်ထားလေကာ အလွန် တောက်ပနေသည်။

"လီလီ(Lily)" ဆိုသည်ကတော့ ဤနေရာတွင် လီလီ(Li Li) သုံးသည့် အစားထိုးနာမည်ဖြစ်သည်။

လီလီက သူမကိုကျေးဇူးတင်လိုက်တော့ အန်ဒီက သူ့ကိုကြည့်ကာ အပြုံးနှင့်ဆို၏။

"နင် ဒီနေ့ ဖြူဖြူစင်စင်စတိုင်လေးနဲ့ သွားမှာလား? အဲ့ဒီ နိုင်ငံခြားသားတွေကို သေလောက်အောင် ဆွဲဆောင်နိုင်တော့မှာပဲ"

လီလီက ပြုံးလိုက်ကာ သွားဖြူဖြူတို့ကိုဖော်ပြလျှက်

" ကျွန်တော့်ကို ဘောက်ဆူးကြီးကြီးပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ"

ဤနေရာ၏ အချိန်ပိုင်းဝန်ထမ်းလုပ်ခက မမြင့်ပေမဲ့ သူတို့က ဘောက်ဆူးနှင့် အရက်ရောင်းရခြင်းမှ ကော်မရှင်များရနိုင်၏။ ဧည့်သည်က ရက်ရောလျှင် လီလီအဖို့တစ်ညတည်းဖြင့် တစ်လစာနေထိုင်စားရိတ် ရှာနိုင်ပြီပင်။

ထို့ကြောင့်ပင် ​ငွေပြတ်ချိန်မှာ သူက ဤနေရာကိုသာ တွေးမိတာ ဖြစ်သည်။

ဘားက တကယ်ဆိုလျှင် ‌အတော်လေး ပုံမှန်ဖြစ်ကာ နေရာများစွာ ခွဲထား၏။ လူများ စကားပြောနိုင်သည့်နေရာ၊ တစ်ယောက်တည်း သောက်နိုင်သည့်နေရာနှင့် "ပန်းဝိုင်" ဟူ၍ဖြစ်သည်။

လီလီနှင့် သူ့လုပ်ဖော်ကိုင်ဖက်တွေ လုပ်သောနေရာက ဘားတစ်ခုလုံး၏ အစည်ကားဆုံးနှင့် အဆူညံဆုံးနေရာဖြစ်၏။ ထိုနေရာဖွင့်သည့်အချိန်တိုင်း လူများစွာစုံပြုံနေတတ်သည်။

လာရောက်သူ ဧည့်သည်အများစုက လူဖြူနှင့် လူမဲများဖြစ်ကာ တခြားနိုင်ငံများမှ အာရှလူမျိုးများလည်း ပါသေး၏။ လူမဲများသည်ကား အရေအတွက် အများဆုံးပင်။ ထိုနေရာက အရက်နံ့နှင့် ရေမွှေးနံ့ စီးကရက်နံ့တို့ အတူ ရောယှက်နေတတ်၏။လူအများစုက ထိုနှယ် ပတ်ဝန်းကျင်မှာ ပျော်ရွှင်ပြီး သူတို့၏ စိတ်ခံစားချက်တွေကို ထုတ်ဖော်တတ်ကြလေသည်။

အန်ဒီက ဧည့်သည်များနှင့် ပရောပရည်လုပ်နေလျှင်လုပ် မဟုတ်လျှင် အရက်စပ်နေခြင်းဖြင့် အလုပ်များနေတတ်ကာ ရံဖန်ရံခါ ဧည့်သည်များရှေ့ သူမ၏ ခပ်ကြီးကြီးရင်သားကြီးကို ပင့်ပြတတ်၏။ သူမပြန်ရောက်လာချိန်မျိုးတွင် ရင်ဘတ်ထဲ ငွေစက္ကူများစွာပါလာတတ်ပေသည်။

သူမက ငွေစာက္ကူများကို မထုတ်ပါဘဲ သူမ၏ နှင်းဖြူရောင် ရင်သားဖြင့် ဧည့်သည်များကို ဆက်လက်ဧည့်ခံကာ တစ်ခါတစ်ရံ ဘားအတွင်းမှ ထွက်ကာ ဧည့်သည်များနှင့် သွားကတတ်သေး၏။

လီလီက အရက်ဖျော်စပ်သည့်အလုပ်ကို လက်လွှဲယူလိုက်လေသည်။

သူက ချောမောကာ ဤသို့သောနေရာမျိုးတွင် သူ့အလှကို မည်သို့အသုံးချရမည်ကို သိသူပင်။

ယနေ့တွင် သူက တမင်သက်သက် ခပ်မိုက်မိုက်ပုံစံမျိုး ဝတ်စားဆင်ယင်ထားခဲ့ကာ အဝတ်အစားကို လုံလုံလုံခြုံ ဝတ်ဆင်ထားပေမဲ့ ထွင်းဖောက်မြင်ရသည်မို့

အမျိုးသား အမျိုးသမီးများစွာကို ဆွဲဆောင်ထားနိုင်ခဲ့လေသည်။

အမျိုးသမီးတစ်ယောက်က လာထိုင်ရင်း သူ့လက်ကောက်ဝတ်ကို ဆွဲကာ လက်ထဲ ငွေစက္ကူတချို့ ထိုးထည့်၍ ချိတ်တိတ်တိတ်မျက်လုံးမျိုးဖြင့် စိုက်ကြည့်လျှက်

"ဟေး မင်းက ယောကျာ်းလေးဟုတ်တယ်မလား? ငါ မြင်နေရတာက မှန်ပါတယ်နော်?"

လီလီ ပြန်မဖြေနိုင်ခင်မှာ အဖြူတစ်ယောက်က သူမဘေးတွင် လာဝင်ထိုင်၍ ပြုံးလျှက်ဆိုလာ၏။

"မင်း မမှားပါဘူး။ သူက ယောကျာ်းတစ်ယောက် အမှန်ပဲ။ ဒါပေမဲ့ သူက ယောကျာ်းတွေကိုလည်း ကြိုက်တယ်"

လီလီ၏ အကြည့်နှင့် ဆုံသောအခါ သူက ဂုဏ်သရေရှိ အပြုံးမျိုးဖြင့်

"ဟိုင်း မင်းကို ဒီမှာ အလုပ်လုပ်တာ မမြင်မိတာကြာပြီ။ ကိုယ့်အကြိုက်ကို မင်း မှတ်မိသေးရဲ့လား?"

လီလီက သူ့ကိုယ်ပိုင် သေတ္တာထဲ ပိုက်ဆံထည့်လိုက်ကာပြောလိုက်၏။

"မှတ်မိပါတယ်။ ခင်ဗျားက Blue Danube သောက်ရတာကြိုက်တယ်လေ"

"ဟုတ်ပ။မင်းမှတ်မိနေတာ ကိုယ့်အ‌တွက် ကံကောင်းခြင်းပဲ။ ဒါဆို ကိုယ် ဝိုင်တစ်ခွက်ပိုပြီး မှာဖြစ်တော့မှာပဲ။ မဟုတ်ဘူး နောက်ထပ် နှစ်ခွက်"

အမျိုးသမီးက သူ့ကို ကြားဖြတ်လိုက်သည်။

"ဒီကို ကျွန်မအရင်ရောက်တာ။ကျွန်မလည်း Blue Danube ပဲ မှာမယ်"

သူမက လီလီကို စိတ်တိုစွာ စိုက်ကြည့်လျှက် လက်လျှော့ရန် ဆန္ဒမရှိပါချေ။

"မင်း အဲ့ဒါကို တကယ်ကြိုက်တာလား? အမျိုးသားကိုလေ?"

လီလီက တည်ငြိမ်စွာသာ ပြန်ဖြေသည်။

"ကျွန်တော် မသိဘူး။ အထူးအခြေအနေအောက်မှာဆို အမျိုးသမီးတွေကိုလည်း လုပ်နိုင်လောက်ပါတယ်"

"အိုး...."

ဧည့်သည်များက ပိုပိုစုလာခဲ့၏။ လီလီက ကျွမ်းကျင်စွာဖြင့်သောက်စရာများ ရောစပ်ကာ ဧည့်သည်တို့၏ မေးခွန်းကိုလည်း ပြန်ဖြေနေလျှက် သူရသည့် ဘောက်ဆူးများကိုလည်း သေတ္တာထဲ ထည့်နေခဲ့၏။ ဤအတော်အတွင်း

သူ့လက်ကို လာထိသည့်အပြင် မျက်နှာကိုပါ လာထိတာမျိုးလည်း ရှိသည်။

သူမကြိုက်ပေမဲ့လည်း လီလီက လုံးဝ မခုခံခဲ့ပေ။

ဒီညအတွက် သတ်မှတ်ထားသည့် ဇာတ်ကောင်နှင့် လိုက်ဖက်အောင် သူက သိပ်မပြုံးပေ။ သို့ပေမဲ့ သူက တခြား စားပွဲထိုးတွေထက် အများကြီး ပိုပြီး ဆွဲဆောင်မှုရှိပုံပေါ်နေသည်။ နှစ်နာရီသာကြာသေးပေမဲ့ သေတ္တာတစ်ဝက်အပြည့် ဘောက်ဆူးများ ရရှိထားပြီးဖြစ်ကာ ဒါဇင်နှင့်ချီသည့် ဝိုင်ခွက်ပေါင်းများစွာလည်း ရောင်းချခဲ့ပြီး ဖြစ်လေသည်။

အန်ဒီပြန်လာချိန်တွင် သူမက အမြန်တစ်ချက်ကြည့်ကာ ခပ်တိုးတိုးရယ်လာသည်။

"ဈေးကွက်က ကောင်းနေတာပဲ မောင်ငယ်လေးရေ"

လီလီက တီးတိုးဆိုလိုက်၏။

"အစ်မရဲ့ ဂရုစိုက်မှုအပေါ်မှာ မှီခိုနေရတာပါဗျာ"

သူက စိတ်ရင်းနှင့်ပြောနေတာဖြစ်သည်။ အန်ဒီက အမှန်ပင် သူ့ကို ဂရုစိုက်၏။ တကယ်တော့ ဆိုင်၏ စည်းမျဉ်းအရ အရက်ဖျော်စပ်သည့် မည်သူမဆို ကော်မရှင် ရမှာဖြစ်သည်။ အန်ဒီက သူ့ကို ကော်မရှင် များများရစေရန် ဧည့်သည်များနှင့် အဖော်ပြုပြီး တမင် ထွက်သွားခဲ့တာပင်။

အန်ဒီ ပြန်လာပြီးနောက် သူမက ဧည့်သည်တချို့ကို ပြန်ခေါ်သွားခဲ့ပေမဲ့ လီလီဘေးတွင် ဧည့်သည်တချို့ ဝန်းရံနေဆဲဖြစ်၏။ မတိုင်ခင်က အမျိုးသမီးနှင့် လူဖြူက ထွက်သွားပြီဖြစ်ကာ ယခု လီလီရှေ့တွင် ရပ်နေသူက လူမဲ အမျိုးသားတစ်ယောက်ပင်။

ထိုသူက အရပ်ရှည်ချောမောသည့် လူမဲအမျိုးသားတစ်ယောက်ဖြစ်၏။ ကြယ်သီးနှစ်လုံးသာ တပ်ထားသည့် ပွင့်ရိုက်ရှပ်ကို ဝတ်ထားကာ ကော်လာကို ဖွင့်ထားလျှက် တောင့်တင်းသည့်ရင်ဘက်ကို ဖော်ပြထားလေ၏။

ထိုသူ့၏ ဝမ်းဗိုက်ကြွက်သားများကိုပင် ဝေဝေဝါးဝါး မြင်နေရသေးသည်။ လက်ချောင်းများ အားလုံးနီးပါးမှာတော့ လက်စွပ်များ အပြည့်ဝတ်ထားကာ ရွှေရောင် တလက်လက်ဖြင့် ကိုယ်ပေါ်မှ ရေမွှေးနံ့ကတော့ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှလေ၏။

လီလီက ထိုသူ့အား မနှစ်မြို့ခြင်းမျိုး မဖြစ်မိပေ။ တကယ်တော့ ထိုသူက ဘောက်ဆူးပေးရာတွင် ရက်ရောလွန်း၏။ အမေရိကန်‌နှစ်ဒေါ်လာနှင့်အတူ ယွမ်ခုနှစ်ရာ ရှစ်ရာလောက်ကို ထိုးပေးခဲ့ပြီးပြီပင်။

"အရင်က မင်းကို ဘာလို့ မမြင်ဖူးတာလဲ?"

အမျိုးသား၏မျက်လုံးတွေက တောက်ပပြီး ကာမဆန္ဒတွေ ပြည့်နှက်နေသည်။ သူက စကားတစ်ခွန်း ပြောလိုက်တိုင်း လျှာနှင့် နှုတ်ခမ်းကို သပ်ရင်း အင်မတန်သိသာသည့် အထာကို ပေးနေလျှက်ပင်။

လီလီက ပြောလိုက်သည်။

"ကျွန်တော်က ဒီကို အချိန်ပိုင်း ဝန်ထမ်းအနေနဲ့ပဲ တစ်ခါတစ်လေ လာတာပါ”

အမျိုးသား၏ မျက်လုံးတို့က ပို၍တောက်ပသွား၏။

"မင်းမှာ တခြားအလုပ်တွေ ရှိသေးတာလား?"

လီလီကဖြေလိုက်ပြန်သည်။

"မရှိပါဘူး။ ကျွန်တော်က ကျောင်းတက်နေတုန်းပါ"

ဤသို့သော နေရာမျိုးများတွင် နှစ်ပေါင်းများစွာ လှည့်လည်လာပြီးနောက် သူက တခြားသူများ၏ စာနာမှုကို မည်သို့ နှိုးဆွရမည်အား သိပြီးသားပင်။

ငွေရှာရန်အတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လီလီက သူ့၏ ဆင်းရဲမွဲတေမှုကို ဘယ်တော့မှ ဖုံးကွယ်လိမ့်မည်မဟုတ်။

နေ့တိုင်းတက်တက်ကြွကြွ လူသိရှင်ကြားကြေညာနေမှာ မဟုတ်ပေမဲ့လည်း သူ့‌အကြောင်း တခြားသူများမေးလာချိန်မှာတော့ အမှန်အတိုင်းသာပြောရန် ရွေးချယ်လိမ့်မှာပင်။

အမျိုးသားက နှုတ်ခမ်းသပ်လိုက်ပြန်ကာ

" မင်း တကယ် ​ငွေပြတ်နေတာလား။ ဒါကြောင့်မို့ မင်း ဒီမှာ အချိန်ပိုင်းလာလုပ်တာပေါ့လေ”

"ဟုတ်တယ်။ ကျွန်တော် ငွေလိုတယ်။ ဒါကြောင့်ဗျို့ ဆရာရေ၊ ခင်ဗျား နောက်ထပ် ဝိုင်တစ်ခွက်လောက် ထပ်မှာချင်သေးလား?"

အမျိုးသား၏ မျက်လုံးတို့က သူ့ကိုယ်အပေါ်ဖြတ်ကာ မီနူးပေါ် ရောက်သွား၏။

" ဒါဆိုလည်း ‘To Alice’ တစ်ခွက်လောက် ထပ်သောက်တာပေါ့"

အမှာစာကြောင့် လီလီက အနည်းငယ်ပြုံးလိုက်၏။

"ကောင်းပါပြီ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦး"

သူက အတော်လေးမြန်ကာ သူ့၏အဖျော်စွမ်းရည်က ကျွမ်းကျင်သူများကဲ့သို့ မကောင်းပေမဲ့လည်း ကောင်းမွန်သည့် ကိုယ်နေဟန်ထားကြောင့် အထင်ကြီးဖွယ်ပုံပေါ်နေဆဲဖြစ်ကာ သူဖျော်စပ်ပေးသည့် အရက်ကလည်း အရသာ အတော်လေး ကောင်းမွန်သည်။

သိပ်မကြာခင်မှာပင် အစိမ်းဖျော့ရောင် အရည်များပါသည့် ခွက်တစ်ခွက်ကို လူမဲအမျိုးသား၏ ရှေ့သို့ ဖြည်းဖြည်းချင်း တိုးပို့ပေးလိုက်သည်။ တွန်းပို့ပေးသည့် လီလီ၏ လက်ကို ပြန်မရုတ်လိုက်ရသေးခင်မှာပင် ထိုအမျိုးသားထံမှ ဖမ်းဆုပ်ခံလိုက်ရလေ၏။

လီလီက မရုန်းပါချေ။

ဤသို့သော နေရာမျိုးတွင် ထိကိုင်ခြင်းမျိုး ခံရနိုင်ကြောင်း သူသိပြီးသားဖြစ်ကာ ငွေဘယ်လောက် ရတတ်သလဲကိုလည်း သိပြီးသားဖြစ်တာကြောင့် သေချာပေါက်ကို မငြင်းဆန်ပါချေ။

သူတို့နှစ်ယောက်အကြား ဘားကောင်တာ ခံနေကာ သူ မလိုချင်သရွှေ့ တစ်ဖက်လူကအများဆုံး သူ့လက်ကိုကိုင်ကာ သူမျက်နှာကို ပွတ်ရုံသာ လုပ်နိုင်မှာဖြစ်သည်။

“မင်းရဲ့လက်ချောင်းတွေက လှတာပဲ"

အမျိုးသားက ချီးမွမ်းလာသည်။

"ရိုးရိုးသားသားပြောရရင် ငါအရင်က ယောကျာ်းတွေကို စိတ်ဝင်စားမိလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဒါပေမဲ့ မင်းကို မြင်ပြီးနောက်ပိုင်း ငါ့နှလုံးသားက လှုပ်ရှားသွားပြီ"

လီလီက ဂရုတစိုက်နားထောင်ကာ ပြန်ဖြေလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

အမျိုးသား၏ တိုက်ခိုက်မှုက အတော်လေး တည့်တိုးဆန်၏။

"ငါတို့ နောက်တစ်ဆင့် တက်နိုင်လောက်မယ်မလား။မင်းမှာ အခက်အခဲတစ်စုံတစ်ရာရှိရင် ငါမင်းကို သေချာပေါက် ကူညီမယ်။ လိမ်ပြောမှာအတွက်ကို စိုးရိမ်စရာမလိုဘူး။ ဒီည မင်း ငါ့ကို အဖော်ပြုပေးဖို့ ဆန္ဒရှိနေသရွှေ့အခု ငါ့မှာ ပါသမျှပိုက်ဆံအားလုံး မင်းကိုပေးလိုက်နိုင်တယ်”

သူက နှုတ်ခမ်းသပ်လိုက်ပြန်ကာ

"ပြီးတော့ ဒီညက လုံးဝကို အံ့အားသင့်ဖွယ်ကောင်းစေရမယ်လို့ ငါကတိပေးတယ်။ ငါ့မှာ ယုံကြည့်မှု အပြည့်ပဲ"

သူက လီလီ့ နားအနားတိုးလာကာ အသံတိုးတိုးဖြင့်

"မင်းကို ပျော်ရွှင်ရအောင် လုပ်ပေးမယ်"

လီလီက တုံ့ဆိုင်းခြင်းမရှိစွာဖြင့် "တောင်းပန်ပါတယ်" ဟု ပြောလိုက်ပြီးနောက်မှာတောင် အမျိုးသားက လက်မလျှော့သေးလေဘဲ ဘောင်းဘီအိပ်ကပ်ထဲမှ သူ့ပိုက်ဆံအိတ်ကို ထုတ်လာ၏။

ပိုက်ဆံအိတ်က ဘဏ်ကဒ်များ၊ အနီရောင် ငွေစက္ကူ၊ အမေရိကန်ဒေါ်လာ အပါအဝင် ငွေစက္ကူများဖြင့် ဖောင်းကားနေကာ အထဲတွင် ဒေါ်လာ သောင်းချီ ရှိနေပုံပင်။

ပိုက်ဆံကိုမြင်ချိန်မှာ လီလီ လောဘတက်မိပေမဲ့လည်း ငွေပမာဏအနည်းငယ်လေးဖြင့် သူ့ကိုယ်သူ ရောင်းစားမှာတော့ မဟုတ်ပေ။ ထို့ထက်ပိုသည်က တစ်ဖက်လူအပေါ် မည်သည့်ခံစားချက်မှ မရှိတာကြောင့် သူက ခေါင်းခါကာ ငြင်းဆန်လိုက်ဆဲသာ။

အမျိုးသားက အနည်းငယ် စိတ်ပျက်သွားကာ ထပ်မေးလာ၏။

"တကယ်ကြီး မဖြစ်နိုင်ဘူးလား"

"ကျွန်တော်တောင်းပန်ပါတယ်"

လီလီက ဝိုင်ဖျော်စပ်ရန် သွားကာ ပြန်လာ၏။ အမျိုးသားက ထွက်မသွားသေးပေ။ ထိုသူက သူ့အား အနည်းငယ် နီရဲသည့် မျက်လုံးအစုံဖြင့် စိုက်ကြည့်နေ၏။ လီလီ့ကို မြင်တော့ ခံစားချက်များက အနည်းငယ် စိတ်လှုပ်ရှားမိဆဲဖြစ်နေကာ

"ဒါပေမဲ့ ဒီည ငါ မင်းအပေါ် ငွေတွေအများကြီး သုံးပြီးပြီလေ။ မင်း ငါ့ကို ဒီလို ဆက်ဆံလို့မရဘူး!"

သူ့အသံက အနည်းငယ် ကျယ်လေကာ ပတ်ဝန်းကျင်က ဆူညံနေပေမဲ့လည်း လူအတော်များများ က ပျော်စရာကောင်းတာလေးအတွက် လှမ်းကြည့်လာကြသည်။

လီလီက ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

"ဆရာ အဲ့ဒါက ခင်ဗျားရဲ့ ကိုယ်ပိုင်ဆန္ဒပါ၊ ကျွန်တော် ခင်ဗျားကို ဖိအားမပေးခဲ့ဘူးလေ!"

အမျိုးသားက ဒါကို ရှင်းရှင်းလင်းလင်းသိပြီးသားပေမဲ့ သူက လက်ခံဖို့ ဆန္ဒမရှိဆဲသာ။

"မင်းက ငါ့ကို အရင်ဆွဲဆောင်ခဲ့ပြီးတော့ အခုတော့ ဝတ်ကျေတမ်းကျေဖြစ်သွားပြီပေါ့။ မင်းရဲ့ ဝန်ဆောင်မှုက စံချိန်မမီလောက်ဘူးလို့ ငါခံစားရတယ်”

ဤသို့သော အခြေအနေမျိုးကို လီလီ ပထမဆုံးကြုံရခြင်းမဟုတ်‌တာကြောင့် သူက ထိတ်လန့်တကြား ဖြစ်မသွားခဲ့ပေ။

"ဆိုတော့ ကျွန်တော် ဘာလုပ်ပေးရမလဲ"

လူမဲအမျိုးသားက တခဏလောက် တုံ့ဆိုင်းသွားကာ နောက်ဆုံးမှာ ပြောလာသည်။

"မင်းငါနဲ့ ဝိုင်တစ်ခွက် အတူသောက်ပေးပြီး ပြန်တောင်းပန်ပေး"

သူက လီလီ ခုလေးတင်ဖျော်စပ်ပေးထားသည့် ခွက်ကို ညွှန်ပြလာသည်။

"အဲ့ဒီခွက်ကို"

လီလီက အရူးမဟုတ်ပေ။ သည်လိုနေရာမှာ ကိုယ်မမြင်လိုက်ရသည့်အရက်ခွက်အား မသောက်သင့်မှန်း သူသေချာသိသည်။ သူက ပြုံးကာ​ပြောလိုက်၏။

"ပြန်တောင်းပန်တဲ့အနေနဲ့ သောက်ပေးပါမယ်။ကျွန်တော် နောက်တစ်ခွက် စပ်လိုက်မယ် ခဏစောင့်ပါ"

သူက ခွက်ကိုယူလိုက်ကာ အလျှင်အမြန်တစ်ခွက်စပ်ပြီး ထိုအမျိုးသားနှင့် ခွက်ချင်းတိုက်ဖို့ ဟန်ပြင်လိုက်ပေမဲ့ အမျိုးသားက တခြားခွက်မှ အရက်ကိုသောက်ဖို့သာ တောင်းဆိုလာ၏။

ဆူညံသံက အနည်းငယ် ကျယ်လောင်လွန်းကာ အကြာကြီး ဖြစ်နေလျှင် လုပ်ငန်းစွမ်းဆောင်ရည်ကို အလွယ်တကူ သက်ရောက်နိုင်၏။ လီလီက တစ်ညလောက်သာ အချိန်ပိုင်းလုပ်ချင်ခဲ့တာဖြစ်ကာ ပြဿနာမတက်ချင်တာကြောင့် သူက သဘောတူလိုက်တော့သည်။

လက်မောင်းချင်းချိတ်သောက်ရသော ဝိုင်ခွက်က သူ့နှုတ်ခမ်းနားအရောက်၌

လီလီသည် တစ်ဖက်ရှိ တိတ်ဆိတ်နေသည့် ဧရိယာကို မသိလိုက်စွာ တစ်ချက်ကြည့်လိုက်မိရာ ရင်းနှီးနေသည့် အကြည့်ဖြင့် ဆုံသွားရလေသည်။

လီလီ၏ အမြင်က အလွန်ကောင်းမွန်သည်။ အလှမ်းကွာပြီး

ထွင်းဖောက်မြင်ရသည့် မှန်ဖြင့် ခြားထားပေမဲ့လည်း ထိုအမျိုးသားကို သူ မှတ်မိနေဆဲ ဖြစ်သည်။

အနှီသူကား ယန့်ဝမ်ပင် ဖြစ်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment