[ကြားဖြတ်နှောင့်ယှက်ခံရခြင်း]
လူအများစုက လီလီမှာ လိင်အတွေ့အကြုံ အတော်များမည်ဟု ထင်ကြပေသည်။
သူ့အား အလုပ်မိတ်ဆက်ပေးပါသော ချန်ကော၊ ဘားက ခတ္တခဏလုပ်ဖော်ကိုင်ဖက်များ၊ အန်ဒီအပါအဝင် သူနှင့် နီးစပ်ချင်သော ဧည့်သည်တိုင်းပင်။
ယင်းက လီလီရုပ်ရည်နှင့်လည်း သက်ဆိုင်ပေသည်။
တချို့လူတွေက ဖြူစင်သည့် အဖြူရောင်ပန်းလေးတွေလိုမျိုး ကြည့်လိုက်တာနှင့် စိတ်ထားဖြူစင်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်သူတွေဟု ထင်မိစေကာ တချို့ကျတော့လည်း ညို့အားပြင်းသည့်ပုံပေါက်၍ ကြည့်လိုက်တာနှင့် ပေါ့ပျက်ပျက်နိုင်သလို အလိုလို ထင်မိလာစေသည်။
လီလီကမူ အနည်းငယ် ပေါ့ပျက်ပျက်နိုင်သည့် မျက်နှာထားမျိုး ရှိပေသည်။
မိန်းကလေးမဟုတ်၍ တော်သေးသည်။ မိန်းကလေးသာဆိုပါက မနှစ်မြို့ဖွယ် ခန့်မှန်းချက်တွေနှင့် ဝေဖန်မှုတွေကို ပိုပြီး ခံစားရနိုင်ချေ ရှိပေသည်။
အန်ဒီက သူ့ကို တစ်ခါက မေးဖူးသည်။
“နင် ယောက်ျား ဘယ်နှစ်ယောက်နဲ့ အိပ်ပြီးပြီလဲ” ဟု။
“မအိပ်ဖူးဘူး။ တစ်ယောက်တောင် မရှိဘူး”
အန်ဒီက သေချာပေါက်ကို မယုံကြည်ကာ သူ့ကို ထိဖို့ ဟန်ပြင်လာသည်။ လီလီက မရှောင်ခဲ့။ အန်ဒီကလည်း သူ့ကို အတော်ကြာ ကိုင်တွယ်ကြည့်ပြီးနောက် ယုံကြည်သွားလေသည်။
“နင့်ရဲ့ တုံ့ပြန်ပုံက တော်တော်လေး ထူးဆန်းတာပဲ။ တကယ့်ကို အတွေ့အကြုံမရှိသေးဘူး”
အန်ဒီက သူ့ကို ပြုံးပြီး ပြောလာသည်။ သူ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားပုံလည်း ရ၏။
“နင့်ရဲ့ မျက်နှာနဲ့ နေပုံထိုင်ပုံက အထင်လွဲဖို့ အရမ်းလွယ်တယ်။ ငါတောင် နင့်ကို အထင်လွဲခဲ့သေးတယ်။ မောင်လေး နင်က နင့်ရဲ့ ပုံစံကြောင့် အကျိုးယုတ်နေပြီ။နောင်တစ်ချိန် ချစ်သူရရင်တောင် နင့်ပုံစံကြောင့် ဘယ်လောက်ပဲ စိတ်ရင်းမှန်နဲ့ ဆက်ဆံပေးပါစေ တစ်ဖက်လူက ဟန်ဆောင်နေတာလို့ပဲ ထင်လိမ့်မယ်”
လီလီက ဂရုမထားစွာ ဆိုလာသည်။
“ကျွန်တော်က ဘယ်သူ့အပေါ်မှ စိတ်ရင်းမှန်ပေးမှာ မဟုတ်ဘူးလေ”
ခုချိန်ထိတိုင် ဖြစ်သည်။ ယန့်ဝမ်က မေးခွန်းထုတ်လာချိန်မှာတော့ သူသည် မကျေမချမ်းဖြစ်သွားရသည်။ သူ နှုတ်ခမ်းကိုကိုက်ရင်း မျက်နှာက နီရဲနေလျက်
“ကျွန်တော့်မှာ အတွေ့အကြုံမရှိလို့သာ ထိလွယ်ရှလွယ် ဖြစ်နေတာပေါ့”
ယန့်ဝမ်က သူပစ်လွှတ်မိသောအရာများကို မကြိုက်ဟု တွေးမိတာကြောင့် အကြည့်က ကုတင်ဘေးစားပွဲပေါ်က တီရှုးဘောက်စ်ပေါ် ရောက်သွားရသည်။ တစ်ရွက်လောက် ထုတ်ယူဖို့ ကိုယ်ကိုင်းလိုက်စဥ်မှာပင် ယန့်ဝမ်က သူ့တင်ပါးကို ထပ်ထိလာပြန်လေသည်။
စိတ်ကြွသလို၊ ရွံတွံ့တွံ့ဖြစ်သလို ကပျက်ကချော် ထိခြင်းမျိုး မဟုတ်ပါဘဲ တည်ငြိမ်ကာ သက်သောင့်သက်သာရှိစေသော ထိတွေ့မှုပင်။
ပန်းပွင်အနားနှစ်ဖက်နားသို့ လက်ချောင်းတို့ ထိကပ်လာချိန်မှာ လီလီတစ်ယောက် မီးတွေပင် တောက်လာရသည်။ တကယ့်နေရာကို ထိလာချိန်မှာတော့ သူ တောင့်မထားနိုင်တော့။ လည်ချောင်းထဲက အသံတချို့ ထွက်သွားရင်း ပင့်သက်ရှိုက်၍ အမျိုးသား၏ ရင်ခွင်ထဲ ပြိုလဲကျသွားရသည်။
ယန့်ဝမ်က သူ့အား ပွေ့ဖက်လာလေသည်။
လက်ချောင်းထိပ်များက ထိုနေရာသို့ဆက်တိုက်ပွတ်နေရာ လီလီမှာ မခံစားနိုင်တော့လောက်အောင်ပင်။ လည်ချောင်းထဲက ညည်းသံတွေကို သူ ချုပ်တီးမရတော့သလို ပေါင်အတွင်းသားတွေကလည်း တဆတ်ဆတ်တုန်လာသည်။ အတော်ကြာပြီးနောက် အက်ကွဲကွဲအသံဖြင့် သူပြောလိုက်၏။
“အဲ့နေရာက ….မရ”
သူ့ထံ၌ ရှေ့ပိုင်းက ကျောက်စိမ်းချောင်းထက်တောင် အများကြီးထိလွယ်ရှလွယ်သော အစေ့လေးရှိသည်။ ရံဖန်ရံခါဆိုသလို မတော်တဆ ပွတ်တိုက်သွားချိန်မျိုးဆို တောင့်မခံနိုင်အောင်ပင်။ လီလီမှာ မျက်ရည်များ ပြိုကျတော့မလိုပင် ဖြစ်လာရသည်။ သူ့ပါးစပ်ကသာ ငြင်းနေပေမဲ့ ခန္ဓာကိုယ်ကမူ လောဘကြီးနေဆဲဖြစ်ကာ ပန်းပွင့်လေးက ကျုံ့သွားပြီး အရည်များ ဖြန်းခနဲ ထွက်လာသည့်အထိ ရှောင်ချင်စိတ်ပင် မရှိချေ။
သည်တစ်ခေါက်တော့ အရည်များက စောင်ပေါ် စင်သွားကာ သိသာသည့်အကွက်ကြီး ထင်သွားသည်။ လီလီမှာတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းမရတော့။ တင်ပါးတစ်ခုလုံးက အမျိုးသားပေါင်ပေါ် ထိုင်ချမိသွားကာ ရင်ခွင်ထဲ ပြိုလဲသွားရသည်။
သူ ပင့်သက်ပြင်းပြင်းရှိုက်နေတုန်းမှာပင် ယန့်ဝမ်က သူ့အား နမ်းလာလေသည်။
ဒါက ကုလို့ ပျောက်သွားပြီများလား….
ယင်းက ထက်သန်သောအနမ်းများကြားကနေ လီလီတွေးမိသော အတွေးပင်။ သူ့နှုတ်ခမ်းကမူ ပွင့်ဟနေရာ တစ်ဖက်လူ၏ လျှာက တိုးဝင်လာတော့သည်။ လီလီကတော့ မငြင်းပါဘဲ နာနာခံခံဖြင့် ပါးစပ်ဟပေးထားလျက် တစ်ဖက်လူအား ကြိုဆိုကာ ကိုးယို့ကားယားဖြင့် လျှာချင်း ရစ်ပတ်လိုက်တော့သည်။
လက်ချောင်းများက သူ့တင်ပါးကြားထဲ ကလိလာပြန်သည်။ သည်တစ်ခါတော့ ပန်းပွင့်၏ ပွင့်ချပ်များကို မဟုတ်ဘဲ အသားတွင်းပေါက်လေးဆီ ဖြဲလာ၏။ မူလက ခြောက်သွေ့ကာ ကျဥ်းမြောင်းနေသော်လည်း ရှေ့ပေါက်လေးဆီက စီးကျလာသော အရည်များဖြင့် ရွှဲနေပြီဖြစ်ရာ ပိုပိုပြီး နူးညံ့နေတော့သည်။
ပုံမှန်ထက် နူးညံ့ကာ ရွှဲစိုနေပါသော်ငြား လက်တစ်ချောင်း ဝင်လာချိန်မှာတော့ အနည်းငယ် မသက်မသာရှိဆဲပင်။
လက်ချောင်းက အထဲမှာ ပွတ်တိုက်သွားကာ သေသပ်စွာညှပ်ထားသော လက်သည်းများက အသားနံရံကို ကုတ်ခြစ်လာချိန်မှာတော့ အရည်အများကြီး စိမ့်ထွက်လာပြန်၍ မူလကခြောက်သွေ့နေသော လက်ချောင်းအား ရွှဲရွှဲစိုသွားစေလေသည်။
ထိုအခိုက် ယန့်ဝမ်ဖုန်းက မြည်ဟီးလာသည်။
ရစ်တွယ်နေသော နှုတ်ခမ်းနှင့်လျှာက ကွဲကွာသွားကာ ယန့်ဝမ်က အမြန်ပြန်ဆုတ်သွားသည်။ လီလီ အသိမဝင်ခင်မှာပင် အနည်းငယ်အားပါစွာ တွန်းထုတ်ခံလိုက်ရတော့သည်။ လက်ချောင်းဆွဲထုတ်သွားသည်နှင့် အတွင်းက မသက်မသာဖြစ်နေမှုကလည်း ကွယ်ပျောက်သွား၏။
သူ့နှုတ်ခမ်းထောင့်မှာတော့ အနမ်းကြောင့် တံတွေးရည်တို့ ရှိနေဆဲဖြစ်ကာ မျက်နှာက ရဲတွတ်၍ အသက်ရှုနှုန်းက မြန်နေသည်။ ကျောက်စိမ်းချောင်းကလည်း ပေါက်ထွက်မတတ် ထောင်မတ်နေလျက်သားပင်။
သို့ပေသိ ယန့်ဝမ်ကတော့ ဖုန်းဖြေဖို့သာ စိတ်အားထက်သန်နေလေသည်။
ringtone က သီးသန့်သီချင်းဖြစ်ကာ အင်္ဂလိပ်သီချင်း၏ အမြင့်သံပိုင်းဖြစ်သည်။
လီလီက ယန့်ကျိအကြောင်း ကောင်းစွာသိသလို ထိုသီချင်းကို အမြဲကြိုက်တတ်မှန်းသိနေရာ ဖုန်းခေါ်သူက ယန့်ကျိမှန်း ချက်ချင်း သဘောပေါက်သွားတော့သည်။
ယန့်ဝမ်က လက်ချောင်းအဖျားမှာ စိုနေသောအရည်တွေကို တီရှုးဖြင့် အမြန်သုတ်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ခဏလေးအတွင်းမှာပင် ယန့်ဝမ်၏ မျက်နှာပေါ်က ရမ္မက်စိတ်က ၇၀% ၈၀% လောက် ပျောက်ကွယ်သွားပြီဖြစ်ကာ စကားပြန်ပြောချိန်မှာ သူ့လေသံက တည်ငြိမ်ကာ အေးဆေးနေ၏။ မသိလျှင်
လွန်ခဲ့သည့် စက္ကန့်သုံးဆယ်လောက်က လုပ်ခဲ့သော လူကြီးတွေကြားကကိစ္စက သူလုပ်ခဲ့တာ မဟုတ်သည့်အလား။
“အားကျိ ဘာကိစ္စရှိလို့လဲ”
သူ့လေသံက အလွန်ညင်သာကာ စိတ်ရှည်လက်ရှည် ရှိသည်။ မသိပါက တစ်ဖက်လူက သူ့ရည်းစားဟုပင် ထင်မိလောက်မည် ဖြစ်၏။
လီလီကတော့ စိတ်ပျက်မသွားပေမဲ့
သည်လောက်မြန်မြန် အေးဆေးတည်ငြိမ်သွားဖို့ မဖြစ်နိုင်သေးရာ အသက်ရှူသံက မငြိမ်သေးပေ။ အသံကို ဖုံးကွယ်ဖို့အတွက် သူ့ရင်ဘတ်က ပုံမှန်ထက် နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။
အိပ်ခန်းက အလွန်တိတ်ဆိတ်နေပြီး ယန့်ကျိအသံက ကျယ်လောင်စွာပြောလာရာ လီလီပင် သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားရသည်။
“ချောင်အာ ဘယ်မှာလဲ။ သူ ကောနဲ့အတူ ရှိနေသေးလား။ ရောက်ပြီလား။ သူ့ကို ဖုန်းခေါ်တော့ ဘာလို့ ဖုန်းပိတ်ထားတာလဲ”
ယန့်ဝမ်က လီလီကို ကြည့်ပြီး တိုက်ရိုက်မေးလာသည်။
“မင်းဖုန်း ဘာလို့ ပိတ်ထားတာတဲ့လဲ”
လီလီသည် အသက်ပြင်းပြင်းရှူကာ ငြိမ်အောင်ထိန်းပြီးမှ ဖြေလိုက်၏။
“ဘက်ထရီကုန်သွားလို့”
ယန့်ကျိသည်လည်း လီလီ အသံကို ကြားလိုက်ရာ သူ့အသံကလည်း ပိုကျယ်လာသည်။
"ဘာလို့ အားမသွင်းထားတာလဲ။ ငါ စိတ်ပူနေတာ။ မင်းတို့ ရောက်ပြီလား။ ကော ဘယ်နေရာကို ပြန်လိုက်တာလဲ"
"မင်ယွဲ့လမ်းက အိမ်"
"ဪ… ဒါဆို ခဏလောက် စောင့်ဦး.. ကျွန်တော် ချောင်အာကို လာကြိုလိုက်မယ်"
ယန့်ဝမ်: "မလိုဘူး။မနက်ကျရင် အလုပ်သွားရင်း သူ့ကို ကျောင်းလိုက်ပို့ပေးမယ်။ အခုက အရမ်းနောက်ကျနေပြီ"
"အဲ့လိုတော့ မဖြစ်ဘူးလေ။ ကော အလုပ်က ကျောင်းနဲ့ ဆန့်ကျင်ဘက်ကြီးမှာကို။ သူ အချိန်နောက်ကျသွားရင် ဘယ်လိုလုပ်မလဲ။ မနက်ဖြန် မနက်အတန်းရှိသေးတယ်”
ယန့်ဝမ်မှာ ဒေါသထွက်လွန်း၍ ရယ်ချလုနီးပါး…။
"ကောင်စုတ်လေး…ငါနောက်ကျမှာကို မစိုးရိမ်ဘူး။ သူနောက်ကျမှာကို စိုးရိမ်နေတယ်ပေါ့”
"ကောက ကောတို့ကုမ္ပဏီရဲ့ ရှယ်ယာရှင်လေ။ နောက်ကျသွားတော့ရော ဘာဖြစ်မှာမလို့လဲ။ ကျွန်တော်တို့ရဲ့ မနက်ဖြန်မနက်အတန်းကို ဝင်မဲ့ဆရာက တအားစည်းကမ်းကြပ်တာ။ မျက်နှာတွေကိုလည်း မှတ်မိနေပြီ။ နောက်ကျရင် အဆင်မပြေဘူး"
ယန့်ကျိက အလျင်အမြန် ပြောလိုက်လျက်
"အခု ကားမောင်းလာခဲ့မယ်"
ကျသွားသောဖုန်းကို ကြည့်ရင်း ယန့်ဝမ်က ခဏမျှ တိတ်ဆိတ်သွားပြီးကာမှပြောလာသည်။
" အစမ်းလုပ်တဲ့ကိစ္စကို ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့"
သူ ဖုန်းဖြေနေအချိန်မှာကတည်းက လီလီ့ပစ္စည်းလေးသည်လည်း ပြန်ပျော့သွားပြီဖြစ်ရာ
ခေါင်းညိတ်ပြရင်း အိပ်ရာပေါ်ကနေ ထရင်း ဘောင်းဘီကို ဝတ်လိုက်သည်။ သူ လှည့်ပြီး ယန့်ဝမ်ကို စကားပြောဖို့ ဟန်ပြင်လိုက်ပေမဲ့ ခုနက သူလုပ်ခဲ့မိသော အစိုကွက်ကို မတော်တဆမြင်မိသွားရာ မျက်နှာက ပြန်နီလာရတော့သည်။
"စောင် လျှော်ပေးရမလားဟင်"
ယန့်ဝမ်က အိပ်ရာပေါ်က ဆင်းလိုက်တော့ လီလီသည် မနေနိုင်စွာဖြင့် သူ့ ခွကြားကို လှမ်းကြည့်လိုက်မိ၏။
တစ်ဝက်တစ်ပျက်မာနေတုန်းပင်။ အတော်လေးကြီးသော်ငြား မာနေတုန်းကလောက်တော့ ကြီးသည့်ပုံမရ။
နည်းနည်းလောက် အာနိသင်ရှိသွားတာများလား…။
ယန့်ဝမ်က အဝတ်အစားလဲရင်း စကားဆိုလာသည်။
"နောက်မှ မင်းကို ဆက်သွယ်ပြီး တန်းချိန်းလိုက်မယ်။ အားရင် စာမပြန်နဲ့။ မအားရင်တော့ ငြင်းလို့ရတယ်"
"ဟုတ်ကဲ့"
ယန့်ဝမ်တစ်ယောက် ယန့်ကျိကို ပြောသည့် လိပ်စာကမူ ဒီဗီလာ၏ လိပ်စာမဟုတ်ဘဲ သုံးလမ်းအကွာက တိုက်ခန်းတစ်ခု၏ လိပ်စာဖြစ်နေမည်ဟုတော့ လီလီ မမျှော်လင့်ထားချေ။ ယန့်ဝမ်က သူ့ကို ထိုနေရာထိ ကားဖြင့် လိုက်ပို့ပေးသည်။
ယန့်ကျိရောက်လာချိန်မှာတော့ သူတို့နှစ်ယောက်သားက အောက်ထပ်မှာ ရပ်နေပြီးသား ဖြစ်သည်။ လီလီက ခရီးဆောင်အိတ်ကို ကိုင်ထားသည်မှာ မသိလျှင် အောက်ထပ်ကို အရင်ဆင်းပြီး စောင့်နေသည့်အလား။
ဒီလူဟာ သိပ်ကို စေ့စပ်သေချာလှသည်ပင်။
လီလီ မတွေးဘဲကို မနေနိုင်တော့။
"အရောင်းအဝယ်" က အနှောင့်အယှက်ခံလိုက်ရပေမဲ့ ယန့်ဝမ်ကမူ သူ့ညီအပြုအမူကို အပြစ်မမြင်ပါပေ။ လီလီကမူ ယန့်ကျိအပေါ် ပထမလောက် အမြင်မကြည်ပါလေတော့။
ကားပေါ်ရောက်၍ ခတ္တခဏ စကားစမြည်ပြောပြီးသည့်အချိန်မှ သူ့စိတ်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။
ယန့်ကျိက လီလီပါးစပ်ထောင့်မှာ အနည်းငယ်ကွဲနေတာကို သတိထားမိသွားကာ အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် မေးလာ၏။
“မင်း ပါးစပ်က ဘာဖြစ်တာလဲ”
မင်းအစ်ကိုရဲ့ ကြက်ဖကြီးကို စားလိုက်လို့လေ။
ဒါပေါ့။ သူဒီလိုတော့ ဘယ်ပြောပါ့မလဲ။
လီလီက တည်ငြိမ်စွာ ဖြေလိုက်သည်။
“အပူကန်တာ”
ယန့်ကျိက ချက်ချင်းယုံသွားလေသည်။
"အမေက ညစာစားဖို့ ဆွဲခေါ်နေတာကြောင့်သာ မဟုတ်ရင် ငါ မင်းကို စောစောလာကြိုလို့ရတယ်"
ယန့်ကျိက ပြုံးပြီး ပြောလာသည်။
" ငါ့အစ်ကိုနဲ့ ဒီလောက်ကြာကြာ နှစ်ယောက်တည်းနေရတာ မင်းတော့ တကယ် ခက်ခဲမှာပဲ။ ငါ့အစ်ကိုက မိသားစုဝင်တွေကလွဲရင် ကျန်တဲ့လူတွေအားလုံးအပေါ် ရေခဲတုံးလို အေးစက်တာလေ။ ငါဖြင့် ပေါ်ကော ကိုတောင်သနားလို့ ငါ့အစ်ကိုက သူ့ကို လစာပိုပေးသင့်တယ်လို့တောင် တွေးသေးတယ်။ မဟုတ်ရင် အလုပ်လုပ်ဖို့ မပြောနဲ့။ သူ့အနားမှာနေရုံနဲ့တင် စိတ်ဖိစီးမှု အရမ်းများနေပြီလေ"
လီလီက သူ့စကားကြောင့် ရယ်မောမိသွားရင်း စူးစမ်းလိုစိတ်နှင့် မေးလိုက်သည်။
"ဦးလေးရော အန်တီရောက သဘောကောင်းပြီး ပျူငှာကြပါရဲ့နဲ့ ဘာလို့ မင်းအစ်ကိုက အဲ့လောက် အေးစက်နေရတာလဲ"
ထိုစကားကြားတော့ ယန့်ကျိအပြုံးက တန့်သွားကာ အမူအရာက အနည်းငယ် ဖြေရခက်ဟန် ပေါက်သွားသည်။
လီလီက အလျင်အမြန် ပြောလိုက်၏။
"ကိုယ်ရေးကိုယ်တာကိစ္စပါရင် မပြောလည်းရတယ်။ ငါ မမေးတော့ဘူး"
“အဲ့လောက်တော့ မဟုတ်ပါဘူး။အကုန်လုံးက အတိတ်ကအရာတွေပဲလေ။ ဖုံးကွယ်စရာတော့ မရှိဘူးရယ်”
ယန့်ကျိမျက်နှာက ပြန်ပြီးတည်သွားသည်။
"ငါ့အစ်ကို ငယ်ငယ်တုန်းက ပြန်ပေးဆွဲခံရတယ်။ ပြန်ပေးဆွဲတဲ့သူက ငါ့အဖေရဲ့ ယာဉ်မောင်းပဲ။ အဲ့လူက ရိုးသားပြီး လူကောင်းနဲ့တူတယ်။ ငါ့အစ်ကိုကိုလည်း အရမ်းချစ်ပြီး ကြင်နာတယ်။ငါ့အစ်ကိုက အဲ့တုန်းကဆိုရင် သူ့ကို ဦးဦးလို့ ခေါ်ပြီး အရမ်းယုံကြည်အားကိုးခဲ့တာ”
ယုံကြည်ရသူဆီက ပြန်ပေးဆွဲခံရသည်ဖြစ်ရာ ကမ္ဘာကြီးကို မြင်သည့်အမြင်တွေ ပြိုလဲသွားပြီး စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားတာ မဆန်းပါချေ။
"ပြန်ပေးဆွဲခံရတဲ့အချိန်ကနေ ကယ်တင်ခံရတဲ့အချိန်အထိ စုစုပေါင်း ငါးရက် ကြာတယ်။ အမေပြောတာအရဆိုရင် ငါ့အစ်ကိုက အကယ်ခံရပြီးတော့ စိတ်က လုံးဝ မတူတော့ဘူးတဲ့။ သံသယတွေများလာပြီး လူတွေကို ကြောက်လာတယ်။ တစ်လကြာပြီးမှ သူပြန်ကောင်းလာတာ။
ဒါပေမဲ့ အမေကတော့ သူ အဲ့ဒီအချိန်တုန်းက အပြည့်အဝ ပြန်မကောင်းသေးဘဲနဲ့ ဟန်ဆောင်ဖုံးကွယ်ထားတာလို့ပဲ ခဏ ခဏ ပြောတယ်။ ငါ့ကို မွေးပြီးမှ တကယ် ပြန်ကောင်းလာတာ"
ယန့်ကျိက ထပ်မံရယ်လိုက်ပြန်ကာ
"ကြည့်ရတာ ကလေးတွေက ခြိမ်းခြောက်မှုအနည်းဆုံးနဲ့ မလိမ်တတ်ဆုံးလို့ ငါ့အစ်ကိုက ထင်တာ ဖြစ်လိမ့်မယ်။အဲ့ဒါကြောင့် ငယ်ငယ်လေးကတည်းက သူက ငါ့ဆို တအားချစ်ပြီး အလိုလိုက်တယ်။
ငါ့အစ်ကိုက နောက်ဆုံးတော့ အဲ့ဒီအဖြစ်အပျက်ရဲ့ အရိပ်ဆိုးကနေ လွတ်မြောက်လာပါရဲ့။ ဒါပေမဲ့ အဲ့ဒီအချိန်ကစပြီး လူတွေကို အလွယ်တကူ မယုံကြည်တော့ဘူး။ သူစိမ်းတွေနဲ့ဆိုရင် သတိအမြဲရှိတယ်။ အဲ့ဒီအကြောင်းကြောင့်ပဲ သူမှာ ရည်းစား မရှိတာလားတော့ မသိဘူး။ ငယ်ငယ်လေးကနေ ကြီးတဲ့အထိ သူ့ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းဆိုလို့ တစ်ယောက်ပဲ တွေ့ဖူးတယ်"
လီလီက ခဏမျှတွေးကာ သံသယဖြင့် မေးလိုက်သည်။
"နိုင်ငံခြားသားလား?"
သူ မှတ်မိသေးသည်။ ဘားမှာ ယန့်ဝမ်ကို နောက်ဆုံးတစ်ခေါက်တွေ့တုန်းက ထိုသူဟာ နိုင်ငံခြားသားတစ်ယောက်နှင့် အရက်သောက်နေတာဖြစ်ပြီး မပြန်ခင်မှာ တစ်ဖက်လူအား နှုတ်ဆက်သွားသေးပေ၏။
ယန့်ကျိက ဖြေသည်။
"မဟုတ်ဘူး… သူတက္ကသိုလ်တက်တုန်းက သူငယ်ချင်း။ ငါမှတ်မိသလောက်တော့ အတော်ချောတဲ့လူ။ မင်း ငါ့ကို တအားကပ်သလို ငါ့အစ်ကို့ကို အရမ်းကပ်တာ။ မင်းပြောတဲ့ နိုင်ငံခြားသားက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်မှာပေါ့။ သူတို့နှစ်ယောက် ရုံးခန်းတစ်ခု အတူဖွင့်ထားတယ်"
လီလီက သူ့၏ဒုတိယစကားကို လျစ်လျူရှုပြီး ပထမစကားကိုပဲ အာရုံစိုက်လိုက်သည်။
အတော်ချောတဲ့လူ ? ယန့်ဝမ်ကို ကပ်ရတာ ကြိုက်တယ်?
မဟုတ်မှ အဲ့ချိန်တုန်းက သူတွဲနေတဲ့လူ ဖြစ်မှာပေါ့ ဟုတ်တယ်မလား ….။
ယန့်ကျိကမူ သူစကားပြန်မှာကို စောင့်နေသလိုမျိုး ပြုံးနေ၏။ လီလီသည် နောက်ကျမှ သတိထားမိသွားကာ ပက်ခနဲ ပြန်ပြောလိုက်သည်။
"ဘယ်သူက မင်းကို ကပ်နေလို့လဲ”
ယန့်ကျိက ခပ်မြူးမြူး ရယ်လာသည်။
"မင်းကို ကပ်နေတာ ငါပါကွာ။ အိုကေလား? ညဉ့်နက်တဲ့အထိ မင်းကို လာကြိုပြီး မင်းကို မခွဲနိုင်တာလည်း ငါပါ ဟုတ်ပြီလား?"
ဒီစကားက ဘော်ဒါနှစ်ယောက်ကြားမှာ ဟိုလိုလိုသည်လိုလိုပုံပေါက်သွားစေကာ ယန့်ကျိအပြုအမူကလည်း တမင် ဒွိဟဖြစ်အောင်လုပ်နေသည်နှင့်တူသည်။
လီလီသည် အရင်က အသားကျနေပြီဖြစ်သော်ငြား ဒီကာလအတွင်း ယန့်ဝမ်က အမြဲသတိပေးနေတာကြောင့် အနည်းငယ် အနေရခက်သွားရကာ အလျင်အမြန် ပြောလိုက်၏။
“အစ်ကိုကြီးရေ ကြင်နာပေးလို့ကျေးဇူးနော်။ မင်း အိပ်မပျော်တာ ပစ်မှတ်အသစ်မတွေ့သေးလို့မလား”
“ဘယ်သူပြောတုန်း မတွေ့ဘူးလို့”
ယန့်ကျိနှုတ်ခမ်းက ကော့တက်သွားလျက်
“မင်းအစ်ကိုကြီးက ဒီတစ်ခါ နယ်ခြားအချစ်လေး တွေ့ထားတယ်”
“အိုး…အရမ်း အရမ်းကို မိုက်တာပဲကွာ!”