no

Font
Theme

[အကြွေး]

'မီးသီးလေး' လီလီရှိနေတာကြောင့်ဖြစ်နိုင်၏။ ရှေ့ခုံမှ နှစ်ယောက်က ခရီးဆုံးကို ရောက်သည်အထိ တစ်လမ်းလုံး စကားမပြောကြပေ။

လီလီသည် ထို "ဇစ်ကျင်းလမ်း" က အိမ်ရာဧရိယာများရှိသည့်ရပ်ကွက် လမ်းတစ်ခုဟုသာတွေးနေခဲ့ပေမဲ့ ထိုနေရာသို့ ရောက်သွားချိန်မှာ ၎င်းက အမှန်တော့ ဗီလာဝန်း တစ်ခုဖြစ်သည်ကို တွေ့လိုက်ရသည်။

ရှဲ့ယင်းယင်းက ကျေးဇူးတင်စကား ဆိုလာသည်။ ယန့်ဝမ်ကမေးလိုက်၏။

"မင်းကို အထဲထိ လိုက်ပို့ပေးရဦးမလား"

ရှဲ့ယင်းယင်းက နောက်ခုံတွင် ထိုင်နေသည့် လီလီကို တစ်ချက်ကြည့်ကာ ယဉ်ကျေးစွာပြုံးလိုက်သည်။

" မလိုပါဘူး…အားကျိရဲ့သူငယ်ချင်းကိုပဲ ကျောင်းကိုပြန်ပို့ပေးလိုက်ပါ"

"ကောင်းပြီလေ..ကောင်းကောင်းသွားပါ"

"ဘိုင့်ဘိုင်"

ရှဲယင်းယင်းက လီလီကို လက်ပြလာ၏။

"သွားပြီနော် မောင်လေး"

လီလီက မျက်ခုံးပင့်သွားကာ ချိုသာစွာပြုံးလိုက်၏။

"ဟုတ် အစ်မ …"

ကားတံခါးပိတ်သွားကာ ကားစက်ပြန်နှိုးလာသည်။ တခဏပင် မကြာလိုက်ခင်မှာ ရပ်နေသည့်အလှလေးက နောက်တွင် ကျန်ခဲ့ပြီဖြစ်ကာ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ အသံတစ်သံက ပြောလာသည်။

"ဒီအစ်မက ခင်ဗျားအပေါ် အမြင်ကောင်းရှိနေတာ နှမြောစရာပဲ"

ယန့်ဝမ်က သူ့ကို လျစ်လျူရှုထားကာ နောက်ကြည့်မှန်ကနေ တစ်ချက်တောင်မကြည့်လာပေ။ ကားကတော့ ပုံမှန်အတိုင်း အရှိန်မှန်မှန်ဖြင့်သာ သွားနေသည်။

လီလီက ရှေ့ကို မှီလိုက်သည်။ သူက ဒရိုင်ဘာခုံ၏ နောက်ခုံတွင် ထိုင်နေတာဖြစ်ရာ သူရှေ့ကိုမှီလိုက်ချိန်တွင် ယန့်ဝမ်နှင့် အလွယ်တကူ အလွန်အမင်း နီးကပ်သွား၏။ အလွန်နီးကပ်သွားသည်မှာ ကိုယ်သင်းနံ့ပင် ရလိုက်မိသည့်အထိ။

ရင်းနှီးနေသည့် အနံ့က သူ၏ထိုညကမှတ်ဉာဏ်ကို နှိုးဆွလာကာ အိပ်မက်မက်နေသကဲ့သို့ သူ့သတ္တိများတိုးလာလေသည်။

လီလီကပြောလိုက်သည်။

"ခင်ဗျားက ဂေးဖြစ်နေတာတော့ နှမြောစရာပဲ"

ယန့်ဝမ်က နောက်ဆုံးမှာ တုံ့ပြန်လာ၏။ သူ့လေသံကအေးစက်နေလျှက်။

"မင်း ဘာပြောချင်နေတာလဲ"

ထိုအထဲတွင် အမှန်တော့ သတိပေးသံ အရိပ်အယောင်ပါဝင်နေ၏။

လီလီက အမြန်ပြောလိုက်သည်။

"ကော.. ကျွန်တော်က ခင်ဗျားကို ခြိမ်း‌ခြောက်ချင်တဲ့အဓိပ္ပါယ် မဟုတ်ပါဘူး။ ခင်ဗျားရဲ့မိသားစုက ဒီအကြောင်း သေချာပေါက် မသိလောက်ဘူး ဆိုပေမဲ့လည်း ကျွန်တော်က ကျွန်တော်တို့ရဲ့ သဘောတူညီချက်အကြောင်း ပြောချင်လောက်မလားလို့ ထင်မိလို့ပါ"

ယန့်ဝမ်က အေးစက်စက်မျက်နှာနှင့် သူ့ကို လျစ်လျူရှုထား၏။

လီလီက ဆက်ပြောသည်။

"ကျွန်တော်က ခင်ဗျားရဲ့ လျှို့ဝှက်ချစ်သူ ဒါမှမဟုတ် ခင်ဗျားရဲ့ အိပ်ဖော်ဖြစ်ဖြစ် လုပ်ပေးမယ်လေ။ ဘာပဲဖြစ်ဖြစ်ပါ ခင်ဗျားရဲ့ စိတ်ဆန္ဒတွေ ပြေလျှော့စေဖို့ ကျွန်တော် ကူညီပေးနိုင်တယ်"

ဖခင်ဖြစ်သူ မတော်တဆမှု ဖြစ်ပြီးနောက် အကြွေးတချို့ ကျန်ခဲ့သလို ထိုအချိန်က ခွဲစိတ်မှုစရိတ် ကြီးမြင့်တာပါ ပေါင်းလိုက်သော် တစ်ခုတည်းသော အိမ်ကို ထိုးရောင်းလိုက်ရတာတောင် ကြွေးမကြေသေးချေ။ အခု သူတို့က ဆွေမျိုးတွေကို ယွမ်သုံးသိန်းနီးပါး ကြွေးကျန်နေသေးသည်။

သုံးသိန်းဆိုသည်က လူချမ်းသာများအတွက် ပုံးထဲမှ ရေတစ်စက်လောက်သာရှိပြီး ထည့်ပြောဖို့ရန်ပင် တန်ကြေးမရှိပေမဲ့ သူတို့မိသားစုအတွက်တော့ လေးလံလှသည့် ဖိစီးမှုတစ်ခုဖြစ်သည်။

လီလီသည် မူလက တစ်ဖက်ကလူတွေနှင့် အရစ်ကျ ပြန်ဆပ်ဖို့ သဘောတူထားကာ ဘွဲ့ရပြီး သုံးနှစ်အတွင်း အကြေပြန်ဆပ်မည်ဟု သဘောတူထားပေမဲ့ ဟိုဘက်မိသားစုက သူ့တို့ဆီကို ထပ်လာခဲ့ကြပုံအရ နောက်ထပ် ရွှေ့ဆိုင်းဖို့ နည်းလမ်းမရှိတော့တာ ထင်ရှားသည်။

ယန့်ဝမ်က ငြင်းလာသည်။

"ငါမလိုအပ်ဘူး"

လီလီ မူလက အတော်လေး တည်ငြိမ်နေခဲ့ပေမဲ့ သူ့စကားကိုကြားပြီးနောက် အနည်းငယ် စိုးရိမ်လာသည်။

"ကျွန်တော့်ရဲ့ ဈေးနှုန်းက သင့်ပါတယ်။ နှစ်နှစ်အတွက် ယွမ်သုံးသိန်းလေ။ ဒီနှစ်နှစ်အတွင်းမှာ အထူးအခြေအနေ မရှိသရွေ့ ခင်ဗျားလိုအပ်ချိန်တိုင်း ရှိနေစေရမယ်လို့ ကတိပေးတယ်"

"မလိုအပ်ဘူး"

"အရင်တစ်ခေါက်တုန်းက ကျွန်တော်တို့ အတွေ့အကြုံကောင်းလေး ရှိခဲ့တာပဲ မဟုတ်ဘူးလား"

ထိုအချိန်က တစ်ဖက်လူမှာ အတော်လေး စိတ်လှုပ်ရှားကာ ပိုင်ဆိုင်လိုစိတ်ပြင်းပြခဲ့သည်ကို လီလီပြောနိုင်၏။ မဟုတ်ပါက ထိုသူက သူ့ကို နမ်းခဲ့လိမ့်မည်မဟုတ်ပေ။

သို့ပေမဲ့ ယန့်ဝမ်၏အဖြေက ဟင့်အင်းသာဖြစ်နေဆဲဖြစ်ကာ ၎င်းက အတော်လေး ခိုင်မာလှသည့် အငြင်းစကားဖြစ်နေခဲ့၏။

အပေးအယူကိစ္စကျရှုံးသွားကာ သူ့ကားပေါ်မှဆင်း‌ပြီးနောက် လီလီ့တွင် စိတ်ပူနေရန် အချိန်မရှိတော့ပေ။ သူက သူ့ခရီးဆောင်အိတ်ကို အမြန်ယူထုတ်၍ ဘူတာသို့အလျင်စလိုသွားလိုက်ရ၏။ သူက ရထားလက်မှန်အချိန်ကို ပြန်ပြောင်းရန် အချိန်အကန့်အသက် ကျော်သွားလုနီးပါးပင်။

နောက်ဆုံးချိန်ကိုကပ်၍ လက်မှတ်ပြောင်းလိုက်ခြင်းကြောင့် မူလက သူဝယ်ထားသည့် ခုံပါသည့်လက်မှတ်မှာ ယခုတော့ ခုံမရတော့ချေ။ သူက သုံးနာရီကျော်ကြာအောင် မတ်တပ်ရပ်လျှက် မဟုတ်လျှင် ဆောင့်ကြောင့်ထိုင်လျှက် စီးရတော့မှာဖြစ်၏။ သူရထားပေါ် မှဆင်းလိုက်ချိန်တွင် ဆယ့်နှစ်နာရီတွင် ထိုးနေပြီဖြစ်သည်။

အတော်လေး နောက်ကျနေပြီဖြစ်ရာ ဘတ်စ်ကားများ မရှိတော့ပေ။ ထို့ကြောင့် တစ်ခုတည်းသော ရွေးချယ်စရာက တက္ကစီသာဖြစ်ပေမဲ့ မည်သူကမှ မီတာကို မသုံးချင်ကြပေ။ ခရီးက မဝေးသည်ကိုကြားတော့ မပျော်ရွှင်ဖြစ်သွားကြပုံရ၏။

ကားသမားတော်တော်များများက စိတ်သဘောမကောင်းကြရာ

လီလီမှာ စိတ်မရှည်ဖြစ်လာရင်း ထိုသူတို့နှင့် စကားများတော့များတော့မလို ဖြစ်လာသည်။ နောက်ဆုံး တခဏအကြာ၌ ပုံမှန်ဈေးနှင့်သာ ယူသည့် ကြင်နာတတ်သည့် ဒရိုင်ဘာတစ်ယောက်နှင့် ဆုံလိုက်ရကာ သူ့အားဦးတည်ရာသို့ ခေါ်သွားပေးလေသည်။

သူ့မိသားစုနေထိုင်သည့်မြို့က အတော်လေးသေးကာ အိုဟောင်းနေပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ အခြေခံအဆောက်အဦးများလည်း ပြောင်းလဲခြင်း မရှိခဲ့ပေ။

ယခင်တစ်ခေါက်သူပြန်လာချိန်က ပျက်နေသည့် လမ်းမီးမှာ ဤတစ်ကြိမ်တွင်လည်း မလုပ်မလုပ်သေးပေ။ လီလီမှာ ဖလက်ရှ်မီးကိုသာဖွင့်ကာ အိမ်တံခါးရှိရာဆီ လျှောက်သွားလိုက်ရသည်။

အိမ်ဟုခေါ်ပေမဲ့ အမှန်တော့ ငှားထားသည့်အိမ်သာဖြစ်၏။

ပထမထပ်က လမ်းကြားကို မျက်နှာမူထားကာ အမှိုက်ပုံးများက အိမ်တံခါးနှင့် သိပ်မဝေးတော့ပေ။ နွေရာသီ၌ အိမ်မှ ထူးဆန်းသည့်အနံ့များကိုပင် ထုတ်လွှတ်နိုင်၏။

သို့ပေမဲ့ သူတို့မှာ ရွေးချယ်စရာမရှိပေ။ ပထမအချက်အနေနှင့်ပထမထပ်ကို ငှားသည်က ဈေးသက်သာသည်။ ဒုတိယအချက်အနေနှင့်က သူ့ဖခင်က အိပ်ယာထဲလဲနေသည့် အကြောသေနေသူဖြစ်ရာ ပထမထပ်တွင် နေသည်က သူနှင့်ပိုသင့်တော်၍ဖြစ်သည်။

သူက သော့ကိုထုတ်ကာ တံခါးဖွင့်လိုက်သည်။ သူ မီးမဖွင့်လိုက်နိုင်ခင်၌ မိခင်ဖြစ်သူ၏ ကြောက်လန့်တကြားအသံကိုကြားလိုက်ရလေသည်။

"ဘယ်သူလဲ!”

လီလီ အမြန်ပြန်ဖြေလိုက်သည်။

"မေမေ..ကျွန်တော် ပြန်လာပြီ"

သံတံခါးကို ပိတ်လိုက်ပြီး မီးဖွင့်လိုက်တော့ လီလီ သူ့အမေ၏ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ကျောက်ချိုးက ငယ်စဉ်က အတော်လေးလှသူဖြစ်သည်။ သေချာပေါက် သူမက ယခုထိ မအိုသေးပါချေ။ အသက်လေးဆယ်အစောပိုင်းတွင်ဖြစ်ပေမဲ့ ခန္ဓာကိုယ်က လုံးဝကို မပြောင်းလဲသေး‌။ သူမ၏ ရင်သားများက တင်းပြည့်ဆဲဖြစ်ကာ ခြေတံရှည်များနှင့်အတူ ခါးသည်လည်း အလွန်သွယ်လျနေဆဲဖြစ်၏။

လီလီက မိခင်ဖြစ်သူ၏မျက်နှာပုံကို အမွေဆက်ခံထားပေမဲ့ ကျောက်ချိုးက သူ့ထက်ပို၍ကြည့်ကောင်းသည်။ အနည်းဆုံးတော့ သူ့မျက်နှာပုံသဏ္ဍာန်က စွဲမက်ဖွယ် မကောင်းပေမဲ့ ဖြူစင်ကာ အပြစ်ကင်းလေ၏။

သူမ၏ ရုပ်ရည်ကြောင့် ဘဝအစပိုင်းတွင် ပျားရည်အိုးလေးလို ပျိုးထောင်ခံခဲ့ရ၏။ သူမ၏ မိဘများက သူမကို အလိုလိုက်ခဲ့ကြကာ သူမ၏ချစ်သူကလည်း ချောမော ချမ်းသာပြီး သူတို့လက်ထပ်ခဲ့ကြသည်။

လက်ထပ်ပြီးနောက် ထိုသူကလည်း သူမကို သမီးတစ်ယောက်လို အလိုလိုက်ထားခဲ့၏။ ခင်ပွန်းဖြစ်သူ ဒုက္ခမရောက်ခင်အထိ သူမကတကယ်ကို အိမ်အလုပ် တစ်ခါမှ မလုပ်ခဲ့ဖူးကာ ထမင်း တစ်နပ်တောင်မှ မချက်ခဲ့ဖူးချေ။

သို့ပေမဲ့ ကံကြမ္မာဆိုသည်က ခန့်မှန်းရန် ခက်၏။ နှစ်အနည်းငယ်အတွင်းမှာပဲ သူမက အမျိုးစုံသော ဒုက္ခများ ခံစားခဲ့ရပြီးဖြစ်သည်။

ပထမဆုံး သူမ၏ဖခင် နေမကောင်းဖြစ်ကာကွယ်လွန်ခဲ့ပြီး မိခင်ဖြစ်သူက အပြင်းအထန် နာမကျန်းဖြစ်လာသည်။ ခင်ပွန်းဖြစ်သူကလည်း စီးပွားရေး အရှုံးပေါ်သွားခဲ့ပြီး ရင်းနှီးမြုပ်နှံမှုများ ဒေဝါလီခံခဲ့ရကာ အရက်သောက်ပြီးကားမောင်းတာကြောင့် မတော်တဆဖြစ်ခဲ့ကာ အရံတားကို တိုက်မိ၍ အကြောသေသွားခဲ့ရပြန်လေသည်...။

ဆက်တိုက် ထိုးနှက်ချက်တွေနှင့်အတူ ဒုက္ခတွေက နှစ်အနည်းငယ်အတွင်းမှာ သူ့မမျက်နှာပေါ်၌ နက်ရှိုင်းသည့် အမှတ်အသားတွေကို ချန်ထားရစ်ခဲ့သည်။

သူမ အသားအရေက တောက်ပမှု မရှိတော့ဘဲ အမြဲတမ်း ဖြူဖျော့နေပြီး မျက်လုံးထောင့်မှာ အရေးအကြောင်းတွေ ပိုများလာ၏။ သူမမျက်လုံးတို့က သက်ဝင်လှုပ်ရှားမှုနှင့် စွမ်းအင်တို့ မကျန်တော့ပါချေ။

လူများကိုကြည့်ချိန်တွင် မျက်လုံးထဲ၌ အချိန်မရွေးငိုချတော့မလို နာကျင်မှုအရိပ်အယောင်လေး ရှိနေတတ်လေ၏။

ထို့ပြင် သူမ၏လက်တို့က ဖြူဖွေးနူးညံ့မနေတော့ပေ။ ထိုလက်တို့ကို ထိမိချိန်မှာ လီလီသည် ကြမ်းတမ်းမှုများကို ခံစားနိုင်ကာ သူမလက်ဖဝါးထက် အသားမာများပင်ရှိနေခဲ့ပြီဖြစ်၏။

ကျောက်ချိုးက ကြောက်သွားပုံပေါ်သည်။ သူမသားကိုမြင်ပါမှ မထိန်းနိုင်စွာ ငိုချမိတော့မလို ဖြစ်သွား၏။

မျက်ရည်များ လျှံထွက်လာကာ သူမက ထိန်းထားချင်ပေမဲ့လည်း မထိန်းနိုင်ခဲ့ပါချေ။ နောက်ဆုံးတော့ သူမက သားဖြစ်သူ၏ပုခုံးကို ပွတ်ကာ ဖက်ထားလိုက်မိ၏။ သူမခေါင်း‌ပြန်မော့လာချိန်တွင် ပြုံးနေခဲ့ပြီဖြစ်သည်။

"ဘာလို့ အချိန်မတော်ကြီး ပြန်လာတာလဲ။လက်မှတ်ဝယ်လို့ ရလိုက်တာလား?"

လိလီကပြောသည်။

"ကြိုဝယ်ထားတဲ့လက်မှတ်ကို ပြောင်းတဲ့အချိန် ခရီးစဉ်မှာ တိုက်တိုက်ဆိုင်တိုင် ခုံနှစ်လုံးကျန်နေတာလေ"

ကျောက်ချိုးက ပို၍စိတ်ဖိစီးသွား၏။

"သားမတ်တပ်ရပ်လာခဲ့ရဝာာလား?"

"ကျွန်တော်က ငယ်ပါသေးတယ်။ နာရီလေးနည်းနည်းလောက်ရပ်ရတာက ဘာမှ မဟုတ်ပါဘူး"

လီလီက သူမလက်ကို ဆုပ်ကိုင်ကာ အိမ်ကိုဝေ့ကြည့်လိုက်သည်။

အိမ်ငှားခသက်သာစေရန်အလို့ငှာ သူတို့က အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းသာပါသော အခန်းသေးတစ်ခန်းကို ငှားခဲ့၏။

အခန်းထဲမှာ အိပ်ရာ နှစ်လုံး ထားရတာကြောင့် ပစ္စည်းအများစုကို ဧည့်ခန်းကို ရွှေ့ထားရသည်။ ထို့အပြင် လီလီ အိပ်ဖို့အတွက် ရိုးရှင်းသည့် ကုတင်တစ်လုံးကို ထားရတာကြောင့် ကျောက်ချိုးက ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ် အိမ်က ရှုပ်ပွနေတုန်းပင်။

"သား ဗိုက်ဆာပြီလား ။ မေမေ ခေါက်ဆွဲလုပ်ပေးရမလား"

"ကျွန်တော် ဗိုက်မဆာပါဘူး။ ဖေဖေ့ကိုသွားကြည့်လိုက်ဦးမယ်"

လီလီက သူ့ခရီးဆောင်အိတ်ကိုချကာ အိမ်ထဲ ဝင်သွားလိုက်သည်။

ကျောက်ချိုးက သူ့နောက်မှလိုက်လာကာ တီးတိုးပြောလာ၏။

"သားအဖေက အိပ်ပျော်နေတာ။အသာလုပ်နော်"

လီဟဲဖဥ်က တကယ်ကို အိပ်ပျော်နေခဲ့ကာ မီးဖွင့်လိုက်တာတောင်မှ နိုးမလာခဲ့ပေ။ လီလီ အနားကပ်သွားကြည့်လိုက်တော့ ဖခင်ဖြစ်သူက အသက်မှန်မှန်ရှူ၍ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။

လီလီ ဘာမှ ထပ်ပြောခဲ့ပေ။ သူက အတွင်းထဲနေခဲ့ပြီးမှ အပြင်ထွက်လာကာ တံခါးကို အသာပိတ်လိုက်သည်။

ကျောက်ချိုးက သူ့အတွက် ခေါက်ဆွဲတစ်ပွဲလုပ်ပေးချင်နေပေမဲ့ လီလီက သူမကိုတားကာ ပြောလိုက်၏။

"ကျွန်တော် တကယ် ဗိုက်မဆာပါဘူး။ အတန်းဖော်ရဲ့ သူ့အိမ်မှာလုပ်တဲ့ မွေးနေ့ပွဲမှာ စားသောက်ခဲ့ပြီးပြီ။ ကြက်ဥကိတ်တောင် စားခဲ့သေးတယ်"

ကျောက်ချိုးက ရယ်လိုက်ကာ သူ့ကိုမေးလာသည်

"စားကောင်းရဲ့လား”

လီလီကပြောသည်။

"စားကောင်းတယ်…စတော်ဘယ်ရီအရသာနဲ့လေ"

သူက ခဏတန့်နေပြီးမှ အဓိကအချက်ကို မေးလိုက်သည်။

"ဘာလို့ သူတို့မိသားစုက အကြွေးလာတောင်းတာလဲ။ ဘယ်သူတွေ လာတောင်းတာလဲ။ အရင်က သဘောတူထားတာ မဟုတ်ဘူးလား"

အခန်းထဲမှာ ထိုင်စရာနေရာကနည်းသည်။ ပုံမှန်လို ကုလားထိုင်တွေ သို့မဟုတ် ခုံတွေ မရှိဘဲ ခုံပုသေးသေးလေးတွေသာ ရှိ၏။

ကျောက်ချိုးက ခုံပေါ်မှာ ထိုင်ပြီး ညင်ညင်သာသာ ပြောလာသည်။

"သားအဒေါ်နဲ့ ဝမ်းကွဲ လာကြတာ"

လီလီ၏မျက်နှာ မဲမှောင်သွားသည်။

"ကျွန်တော့်မှာ အဲ့လ်ိုဆွေမျိုးတွေ မရှိဘူး"

ကျောက်ချိုးက တစ်ကိုယ်လုံးတုန်နေကာ လက်ဆန့်၍ သူ့ဆံပင်တို့ကို ဖွဖွသပ်ပေးလာပြီး အသံတိုးတိုးဖြင့် ဆိုသည်။

"သူပြောတာက...သူ့သားကလက်ထပ်တော့မှာမို့ တစ်ဖက်က မြို့တော်ခရိုင်ထဲမှာ အိမ်တစ်လုံးဝယ်ပေးစေချင်နေတယ်တဲ့။ ဒါပေမဲ့ သူ့မှာ ပိုက်ဆံလုံလုံလောက်လောက်မရှိဘဲ ယွမ်နှစ်‌သိန်းလောက် လိုနေတယ်လို့ပြောတယ်။ သူမဝယ်ပေးနိုင်ရင် လက်ထပ်ပွဲက ဖျက်သိမ်းလိုက်ရမှာမို့ အမေတို့ဆီလာပြီး ပိုက်ဆံလာတောင်းတာ...."

လီလီက အေးစက်စက်ပြောလိုက်၏။

"ဒါပေမဲ့ အစကတည်းက လတိုင်း ယွမ်နှစ်ထောင်နဲ့ နှစ်နှစ်ကြာတဲ့အထိပေးမယ်လို့ သဘောတူထားပြီးသားပဲမဟုတ်ဘူးလား။ ပြီးတော့ ကျန်တာတွေကို ကျွန်တော် ဘွဲ့ရပြီး သုံးနှစ်အတွင်းပေးမယ်ဆ်ိုပြီးလေ! အမေတို့အရင်က အချင်းချင်းကတိပေးထား‌ပြီးသားပဲမဟုတ်ဘူးလား။ ဘာလို့အခုမှ သူတို့က ကတိဖျက်ချင်ရတာလဲ?"

ကျောက်ချိုးတွင် ပြောစရာမဲ့နေ၏။ သူမမျက်လုံးတို့က စိုစွတ်လာပြန်ကာ ငိုချင်လာပေမဲ့ အတတ်နိုင်ဆုံးမငိုမိအောင် ထိန်းထားနေ၏။

အတော်အတန်ကြာပြီးနောက် သူမကထရပ်ကာပြောလိုက်သည်။

"မေမေ သားအတွက် ခေါက်ဆွဲတစ်ပွဲချက်လိုက်ဦးမယ်"

လီလီကပြောလိုက်သည်။

"မလိုပါဘူး မေမေ… မေမေ အရင် အိပ်လိုက်ပါ၊l။ ကျွန်တော်လည်း အိပ်တော့မယ်၊ ပြီးတော့ မနက်မှ အဲဒီအကြောင်း ပြောကြတာပေါ့"

ပိုကောင်းသည့် နည်းလမ်း မရှိတော့တာကြောင့် ကျောက်ချိုးက အိမ်အထဲကို ဝင်သွားကာ လီလီသည်လည်း ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပြီး ဧည့်ခန်းထဲက ရိုးရိုးရှင်းရှင်း အိပ်ရာပေါ်မှာ လှဲချလိုက်သည်။

လီလီသည် ငွေချစ်သူတစ်ယောက်ဖြစ်ရာ သူ့အိတ်ထဲတွင် ငွေမည်မျှရှိသလဲ သူသိ၏။ သူက သူ့ကိုယ်သူ ယွမ်ငါးသောင်းဖြင့် ရောင်းချခဲ့ပြီး အများစုကို သူ့အဖေ၏ ဆေးကတ်ထဲကို ထည့်လိုက်ရာ သူ့မှာ သိပ်မကျန်တော့ချေ။ သူ ဘယ်လိုပဲ တွက်တွက် မိသားစု၏ အကြွေးကို တစ်ခါတည်း ဆပ်ဖို့ မလုံလောက်။

သူက တစ်ညလုံးနီးပါး မအိပ်ဘဲ နေခဲ့ပြီး ကျောက်ချိုးက မနက် ခုနစ်နာရီလောက်မှာ ထလာချိန်မှ ခဏလောက် အိပ်ချင်ယောင်ဆောင်လိုက်သည်။ သို့ပေသိ နာရီဝက် မပြည့်ခင်မှာပင် တစ်ယောက်ယောက်က သံတံခါးကို ထုလာခဲ့လေသည်။

မိုးခြိမ်းသံလိုအသံက သားအမိနှစ်ယောက်စလုံးကို လန့်သွားစေ၏။ ကျောက်ချိုးက အထိတ်တလန့်အမူအယာ ပြလာသည်။ လီလီက တစ်ခဏလောက် ကြောင်အမ်းနေပြီး ခဏတွင်းမှာပင် မျက်နှာက အေးစက်စက်အသွင်ပြောင်းသွားလေ၏။

သူက စောင်ကိုအမြန်မကာ တံခါးသွားဖွင့်လိုက်သည်။ ကျောက်ချိုးက သူ့ကိုအမြန်သွားတားလိုက်၏။

"လီလီ..စိတ်မြန်လက်မြန်မလုပ်နဲ့…ကောင်းကောင်းဆွေးနွေးနော်"

လီလီက ခနဲ့လိုက်သည်။

"မနက်အစောကြီး တံခါးလာခေါက်နေတာမျိုးက ကောင်းကောင်းလာဆွေးနွေးချင်တာလို့ မေမေထင်ဝာာလား”

သူက တံခါးကို အမြန်သော့ဖြုတ်၍ အားနှင့်ဖွင့်လိုက်၏။ လက်သီးတစ်ချက်က သူ့ရင်ဘတ်ကို ထိမိလုနီးပါးပင်။

လီလီက အေးခဲစွာ ကာလိုက်ကာ အေးစက်စက်မေးလိုက်သည် ။

"မနက်အစောကြီး ဘာလာလုပ်တာလဲ"

ရောက်လာသူက အသက်ငါးဆယ်ပတ်ဝန်းကျင် သက်လတ်ပိုင်းအမျိုးသမီးနှင့် အရပ်ရှည်ရှည် ပိန်ပါးပြီး ထင်ရှားပေါ်လွင်ခြင်းမရှိသည့်အမျိုးသားတစ်ယောက်ဖြစ်သည်။ အမျိုးသမီးက သူ့ကိုမြင်တော့ အလိုလို ခြေလှမ်းနောက်ဆုတ်မိသွားပေမဲ့ ပြန်တိုးလာကာ

"နင်ပြန်လာပြီပေါ့။ ပြန်လာတာနဲ့အတော်ပဲ။ နင့်အမေကိုငါ မနေ့ကပြောထားတယ်။ နင့်အမေ နင့်ကိုမပြောဘူးလား။ နင့်ဝမ်းကွဲက မင်္ဂလာဆောင်တော့မှာလေ။

အခု မြို့တော်ပြည်နယ်မှာ အိမ်ဝယ်ဖို့ပေမဲ့ ယွမ်နှစ်သိန်းလိုနေတာ။ ကျေးဇူးပြုပြီး ငါ့ကိုတင်ထားတဲ့အကြွေးတွေ အခုပဲ ပြန်ဆပ်ပေးလိုက်တော့"

သူမ၏ အသံက အတော်ကျယ်ပြီး စောစောက ရန်လိုစွာ တံခါးကို ထုတာက အိမ်နီးချင်းတွေကို သတိပေးသလိုဖြစ်ကာ လူတော်တော်များများက ဒီဘက်ကို ကြည့်နေကြပြီ ဖြစ်သည်။

လီလီက လူများ၏အကြည့်တို့ကို လျစ်လျူရှုထားကာ သူ့ရှေ့ရှိအမျိုးသမီးကို အေးစက်စက်စိုက်ကြည့်နေလိုက်သည်။

"အရင်က ကျွန်တော်တို့သဘောတူထားတာက ခင်ဗျားကို လတိုင်း ယွမ်နှစ်ထောင်လွှဲပေးမယ်။ပြီးရင် ကျန်တဲ့အကြွေးတွေကို ကျွန်တော် ဘွဲ့ရပြီး သုံးနှစ်အတွင်း ပြန်ဆပ်မယ်ဆိုပြီးလေ။ အခုက အချိန်မှ မကျသေးတာ။ဘာလို့ အလျင်လာလိုနေတာလဲ"

ရုတ်တရက်အမျိုးသမီး၏အသံက မြင့်လာ၏။

"အကြွေးပြန်ဆပ်ရမယ်ဆိုတာက သဘာဝပဲမဟုတ်ဘူးလား။ ပြီးတော့ ဘယ်သူက နင်နဲ့ ဆွေးနွေးခဲ့လို့လဲ ! နင့်ဦးလေး နင့်ကို အချိန်ရွှေ့ပေးတယ်ဆိုတာက နင်တို့မိသားစုက သနားစရာကောင်းတယ်လို့မြင်လို့လေ။ ခု ငါတို့မိသားစုလည်း ငွေလိုနေတယ်။

နင်တို့ဆီမလာလို့ ဘယ်သူဆီသွားတောင်းရမှာလဲ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment