"ရှောင်းနျန်က ဒီလောက်လူကောင်းတစ်ယောက်ကို ရှင် ဘာကြောင့် သစ္စာဖောက်ရတာလဲ။" ကျန်းယွဲ့ယင်၏ မျက်နှာတွင် မယုံနိုင်ခြင်းတို့ ထင်ဟပ်နေသည်။
ထိုစကားကို ကျန်းယွဲ့ယင်မှလွဲ၍ မည်သူမဆို ပြောခွင့်ပေးနိုင်သည်။
"သူက မင်းကိုတော့ ကောင်းကောင်းဆက်ဆံတယ်လေ။ ဒါပေါ့ သူ လူကောင်းလို့ မင်းထင်သင့်ပါတယ်။ ဒါပေမဲ့ ငါ့အပေါ်တော့ မကောင်းဘူး။" ရှန်ကျီးနန် သူ၏ ဒေါသကို မြိုသိပ်ထားရသည်။ သူ့တွင် အရှုံးမပေးတတ်သော စိတ်ရှိသဖြင့် ကျန်းယွဲ့ယင်အား ပြန်မပြောဘဲ မနေနိုင်ချေ။ "မင်းယောက်ျားက တခြားမိန်းမတစ်ယောက်ကို မင်းပိုင်တဲ့အိမ်ပေါ် ခေါ်တင်လာရင်ရော သည်းခံနိုင်လား။"
ယခုထိ စိတ်မပြေသေး၍ ရှန်ကျီးနန် ရန်လိုစွာ မေးလိုက်သည်။ "သည်းခံနိုင်လား။ ပြောတာတော့လွယ်လိုက်တာ။ ဘာလို့ဆို မင်းက အကျိုးခံစားရသူဖြစ်နေလို့လေ။ နာကျင်စွတ်စွဲခံရတဲ့လူက မင်းသာဆို ဒီလောက် စိတ်အေးနေမှာမဟုတ်ဘူး။"
ထိုအခါ ကျန်းယွဲ့ယင်က လေတွင်ယိမ်းနေသော ပန်းပွင့်လေးလို အားနည်းဖျော့တော့ယောင်ဆောင်လျက် "ငါ... ငါပြောတာ အဲဒီလိုမဟုတ်ဘူး။ ရှင်ကမှ ရှင့်အိမ်ထောင်ရေးကို ဖောက်ပြားတဲ့လူ။ ဒါကို ဘာကြောင့် ရှောင်းနျန်အပေါ် ပုံကျနေတာလဲ။"
"ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုကျတော့ ဖောက်ပြန်မှုဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုကတော့ ဖောက်ပြန်မှုမဟုတ်ဘူးပေါ့ ။" ရှန်ကျီးနန် ကျန်းယွဲ့ယင်နှင့် များများစားစား မငြင်းခုံချင်ပေ။
မည်သို့ပင်ဖြစ်စေ သူနှင့် ဖုန်းနျန်လည်း ကွာရှင်းရတော့မည်။ နောက်နောင် ဖုန်းနျန်ဘက်က ကျန်းယွဲ့ယင်မကလို့ ဘယ်သူ့ကိုပဲရွေးပါစေ သူ့ကိစ္စမဟုတ်တော့ချေ။
ယခု ကျန်းယွဲ့ယင်နှင့် ထိပ်တိုက်တွေ့နေခြင်းက သူမ၏ ကြောင်သူတော်ဟန်ဆောင်ခြင်းကို သည်းမခံနိုင်၍ဖြစ်သည်။
"မင်း အဓိပ္ပါယ်မရှိတာတွေ လုပ်ကြံပြောနေတာပဲ။ မင်းကိုယူမိတဲ့ ငါ့သားကတော့ မျိုးဆက်ဆယ့်ရှစ်ဆက်အထိ ကံဆိုးတာပဲ။ အရှက်မရှိတဲ့ေကာင်---" ဖုန်းနျန်၏ အဖေက ဒေါသဖြင့် ကျိန်ဆဲသည်။
"တော်လောက်ပြီ!" အေးစက်စက်အော်သံက ကို့ရို့ကားရားရန်ပွဲကို ရပ်တန့်ပစ်လိုက်သည်။
ဩဇာညောင်းသောအယ်ဖာဖယ်ရိုမုန်းတို့သည် ဒီရေလို ပျံ့နှံ့ပြီး ရှိနေသည့်လူတိုင်းအား အားကြီးသော ဖိအားအောက် သိမ်းသွင်းလိုက်သည်။
အယ်ဖာဖြစ်စေ အိုမီဂါဖြစ်စေ ခွန်အားကြီးလေလေ တခြားသူများအပေါ် ၎င်းတို့ဖယ်ရိုမုန်းများ၏ ဖိနှိပ်နိုင်စွမ်းလည်း ပိုကြီးမားလေဖြစ်သည်။
ဖုန်းနျန်သည် ဖြုံလောက်သော အယ်ဖာလူငယ်ဖြစ်၍ သူ၏ဖယ်ရိုမုန်းတို့သည် လူတိုင်းအပေါ် ကြီးစွာ ဖိအားသက်ရောက်မည်မှာ မလွဲ။ သို့သော်လည်း ထိုဖိအားကို ရှန်ကျီးနန် သိပ် မခံစားရချေ။
ဟွားချန်းရွှမ်၏ ဖယ်ရိုမုန်းက ဖုန်းနျန်၏ ဖယ်ရိုမုန်းကို ခံနိုင်ရည်ရှိနေသည်များလား။
ရှန်ကျီးနန် ထပ်မစဉ်းစားနိုင်သေးခင် မြင့်မားသောပုံရိပ်သည် သုံးလေးလှမ်းဖြင့် သူ့ရှေ့ရောက်လာ၏။
သူ ခေါင်းမော့ပြီး ဖုန်းနျန်ကို ပြန်ကြည့်လိုက်သည်။ ရွှေရောင်ဖျော့ဖျော့မျက်ဝန်းတို့သည် အလွန်စိမ်းသက်နေသော်လည်း ၎င်းတို့ထဲတွင် ဖိနှိပ်ဖုံးကွယ်ထားသော ခံစားချက်တချို့ရှိနေဟန်တူသည်။
သူ ဖုန်းနျန်အား စိတ်ဆိုးအောင်လုပ်လိုက်မိပြီဟု ရှန်ကျီးနန် ထင်သည်။
ထိုအခါ ကျေနပ်သွား၏။ သည်လိုဆိုတော့ ဖုန်းနျန် လုံးဝ မတုံ့ပြန်သည်တော့မဟုတ်ပေ။
"အားလုံးပြန်ကြပါ။ ရှန်ကျီးနန်နဲ့ ကျွန်တော့်ကိစ္စကို ကျွန်တော်ကိုယ်တိုင် ရှင်းမယ်။"
ထိုသို့ပြောခဲပြီး ဖုန်းနျန်လည်း ရှန်ကျီးနန်၏ လက်ကိုဆွဲကာ အခန်းထဲသို့ ဆွဲခေါ်သွားလေသည်။
သူ့လက်အား ဆုပ်ကိုင်ထားသော ကြီးမားသည့်လက်ကို ရှန်ကျီးနန် ငုံ့ကြည့်မိသည်။
ငါးနှစ်တာအတွင်း ဒါဟာ သူတို့နှစ်ယောက် နီးကပ်လွန်းသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ဖုန်းနျန်၏ နောက်မှ ယိမ်းထိုးစွာ လိုက်လာရင်း မနေ့ညက ပုံရိပ်များဟာ သူ့စိတ်ထဲ ထင်ဟပ်လာသည်။
အုပ်ချုပ်သူသည် သူ့အား ကောင်းမွန်သော နှစ်သိမ့်မှု ပေးခဲ့သော်လည်း ခန္ဓာကိုယ်ရှိ ထုံထိုင်းထိုင်း နာကျင်မှုကတော့ အရှင်းမပျောက်သေးချေ။
ဖုန်းနျန်ကို နှေးပေးရန် သူ ပြောချင်သည်။ သို့သော် လမ်းလျှောက်မြန်လွန်းသော ဖုန်းနျန်ကြောင့် သူ လိုက်မမီနိုင်။
ဖုန်းနျန်က ရုတ်တရက်ရပ်ပြီး ရှန်ကျီးနန်၏ တုန်ယင်နေသော ခြေထောက်တို့ကို ငုံ့ကြည့်သည်။ ထိုအခါ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ အေးစက်မှုက ပို၍ နက်ရှိုင်းလာ၏။
ထိုခဏ၌ မဖော်ပြနိုင်သော အရှက်တရားကို ရှန်ကျီးနန် ခံစားရသည်။
ဖုန်းနျန်အား တမင်သက်သက်ရန်စသလိုနှင့် သူ ခနိုးခနဲ့ရယ်လိုက်ရင်း "မနေ့ညက အဲဒီအယ်ဖာ အားသုံးတာ လွန်သွားလို့လေ။"
ပြောပြီးသည်နှင့် ရှန်ကျီးနန်၏လက် လွှတ်ကျခံရကာ သူ၏ကိုယ်လည်း လေပေါ်မြောက်တတ်သွားသည်။ အံ့ဩသော အာမေဋိတ်သံနှင့်အတူ သူ့အား ဖုန်းနျန် မချီလိုက်လေသည်။
Clara
1 year ago
Obrigada pela tradução!!🥰