no

Font
Theme

Chapter 33


ရှန်ကျီးနန်အိမ်ပြန်တဲ့တစ်လမ်းလုံးတွေးတောနေသည်


သူ့ရဲ့ဦးနှောက်ထဲမှာ ပရိုဂျက်တာတစ်ခုလိုပဲ ခုနဖုန်းနျန်သူ့ကိုအေးစက်စက်မျက်လုံးတွေနဲ့စိုက်ကြည့်နေပြီး မကြာခင်သူ့အသက်ကိုယူသွားတော့မဲ့ပုံလိုမျိုးကိုပြသနေသည်


ဖုန်းနျန်လိုမာနကြီးတဲ့သူက သေချာပေါက်သူ့ကိုဦးထုတ်စိမ်းဆောင်းပေးတဲ့ကိစ္စကိုမုန်းသေနေတော့မှာပဲ


တကယ်လို့ကျန်းမုန့်ရှန်းတာမရှိရင် ဖုန်းနျန်တကယ်သူ့ကိုလာရိုက်လောက်တယ်


ဖုန်းနျန်သူ့ကိုဘယ်လိုလုပ်မလဲဆိုတာကိုပဲမသိတာ သူ့လက်ကောက်ဝတ်ပေါ်ကဟွားချန်းရွှမ်းပေးထားတဲ့ လက်ကောက်ကအသုံးဝင်ပါမလားမသိဘူး


ပြီးတော့ ရှန်ကျီးနန်ရဲ့ဦးနှောက်ထဲမှာ ဟွားချန်ရွှမ်းရဲ့ရုပ်ထုအကြောင်းပေါ်လာပြန်သည်


မြွေအမြီးကရှည်လျားပြီးမည်းနက်သည် တိုက်ခိုက်နိုင်စွမ်းလည်းမြင့်မားသည်


အရင်တစ်ခေါက်သူတို့အတူတူအိပ်တုန်းက ဟွားချန်းရွှမ်းကသူ့ကိုအမှတ်အသားလုပ်မိတော့မလို့ ဒါပေမဲ့မြွေအမြီးတော့မထွက်လာခဲ့ဘူး


သူဟွားချန်းရွှမ်းကိုမပျော်အောင်လုပ်မိလို့ထင်တယ်


ဟွားချန်ရွှမ်းကအင်ပါယာရဲ့အရှင်ဘုရင်ဖြစ်ပေမဲ့ အကျင့်စရိုက်ကဖုန်းနျန်ထက်အများကြီးသာသည် အဲဒီနေ့ကသူဟွားချန်ရွှမ်းကိုမပျော်အောင်လုပ်ခဲ့တယ်ဆိုတောင် ဟွားချန်းရွှမ်းကနောက်ပိုင်းမှာ သူ့ကိုတစ်ခါမှ ဆဲဆိုအပြစ်တင်ခြင်းမပြုခဲ့ဘူး ကျန်းမုန့်ရှန်းနဲ့တောင် လက်ဝတ်လက်စားနှစ်သေတ္တာပို့ပေးခဲ့သည်


သူ့ရဲ့အရင်ခင်ပွန်းဟောင်းနဲ့ဘယ်မှာတူလို့လဲ စိတ်အခြေအနေမကောင်းတာနဲ့သူ့ကိုဆဲဆိုတယ် စိတ်ပျက်စရာအကောင်းဆုံးအကျင့်စရိုက်နဲ့ နားထောင်ရခက်တဲ့စကားတွေပဲ သူ့ကိုပေးခဲ့တာ


လက်ထပ်ထားတဲ့ငါးနှစ်အတွင်းမှာ လက်ဝတ်လက်စားနဲ့တူတဲ့ပစ္စည်လေးတောင်မပေးခဲ့ဖူးဘူး


မချစ်တာခြင်းအတူတူကို ဘာလို့ဟွားချန်ရွှမ်းကဖုန်းနျန်ထက် လူကိုပိုနှစ်သိမ့်တတ်တာလဲ


ရှန်ကျီးနန်ထပ်စဉ်းစားပြန်တယ် သူကဖုန်းနျန်နဲ့ကျန်းရွဲ့ယင်းအတူတူရှိတာကိုတားဆီးနေလို့ထင်တယ်


ဒါပေမဲ့သူတို့အခု ကွာရှင်းပြီးပြီ ဖုန်းနျန် ပေါ်ပေါ်ထင်ထင် ကျန်းရွဲ့ယင်းနဲ့အတူတူနေလို့ရပြီ


ဒီလိုနဲ့ပဲနန်းတော်ထဲကိုပြန်ရောက်လာသည် ခါတိုင်းလိုပဲ ကျန်းမုန့်ရှန်းကိုကျေးဇူးတင်လိုက်သည်


သူနောက်လှည့်လိုက်တဲ့အချိန်မှာ ကျန်းမုန့်ရှန်းကရုတ်တရက်ကြီးစကားပြောလိုက်သည် သူ့ရဲ့ခပ်ဩဩအသံကညနေခင်းမှာထွက်ပေါ်လာသည် “တကယ်လို့ မင်း ရှီးကဲ့စစ်ဖိတ်ကြားထားတာကိုသွားဖို့စီစဉ်ထားရင် အချိန်မရွေးငါ့ကိုခေါ်နိုင်တယ်”


ရှန်ကျီးနန် တအံ့တဩနဲ့ နောက်ပြန်လှည့်လိုက်ပြီး “ဗိုလ်ချုပ်ကျန်းက အဲဒီလောက်အလုပ်များတာ အဲဒီလိုဆို အလုပ်ရှုပ်စေမှာမဟုတ်…”


ရာထူးမြင့်တာချင်းတူတူပဲကို ဖုန်းနျန်ပုံမှန်ဆိုလုပ်စရာမကုန်တဲ့အလုပ်တွေအများကြီးရှိတယ် ရှန်ကျီးနန်က ကျန်းမုန့်ရှန်းနဲ့သိပ်မရင်းနှီးပေမဲ့ ခန့်မှန်းချက်အရတော့ သူလည်းအလုပ်များလောက်တယ်


ကျန်းမုန့်ရှန်းအတွေးကပြောင်းလဲခြင်းမရှိပါ “အရှင်မင်းကြီးအမိန့်ပေးထားတယ် မင်းကိုကာကွယ်ရမှာက ငါ့ရဲ့ဦးစားပေးတာဝန်ပါ”


ကျန်းမုန့်ရှန်းကအင်ပါယာစစ်တပ်ထဲကဗိုလ်ချုပ်တစ်ယောက်ဖြစ်သည် နေ့တိုင်းဖြေရှင်းတာတွေအားလုံးကနိုင်ငံကိစ္စတွေပဲ ဒီလိုအကောင်ကြီးတစ်ကောင်ကိုသူ့ဘေးနားမှာကိုယ်ရဲ့လုံခြုံရေးကိုတာဝန်ယူထားတာကဘယ်လိုပဲစဉ်းစားစဉ်းစား ကိစ္စအသေးအတွက်လူတော်တစ်ယောက်ကိုအသုံးပြုနေသလိုပဲ


“ကောင်းပါပြီး အဲချိန်ကြရင်ကျွန်တော်ကြိုတင်အကြောင်းကြားပါ့မယ် ခင်ဗျားကိုအလုပ်ရှုပ်စေမိပြီ” ရှန်ကျီးနန်အလျင်စလိုဦးညွှတ်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်


လှည့်တောင်မထွက်ရသေဘူး ကျန်းမုန့်ရှန်းထပ်မံတားဆီးတာခံလိုက်ရပြီး “မင်းမှာငါ့ကိုဆက်သွယ်ဖို့အချက်အလက်မှမရှိတာ ဘယ်လိုဆက်သွယ်မှာတုန်း”


ရှန်ကျီးနန်လှည့်ကြည့်လိုက်တော့ ရှန်မုန့်ရှန်းက သ့လက်မောင်းကိုမြောက်ပြီး လက်ကောက်ဝတ်ကလက်ကောက်ကိုထုတ်ပြတာကိုမြင်လိုက်ရသည် သူ့ခြေလှမ်းသေးသေးလေးတွေနဲ့ပြေးသွားပြီး လက်ကောက်ဝတ်ကိုမြောက်ပြီး ကျန်းမုန့်ရှန်းနဲ့ ဆက်သွယ်ရေးလက်ကောက်ဝတ်ကိုဖလှယ်ခဲ့သည်


“ရပြီ အဲ အဲဒါဆို အဲဒီအချိန်မှဆက်သွယ်လိုက်မယ်နော် ဗိုလ်ချုပ်ကျန်းကိုကျေးဇူးတင်ပါတယ်” ကျန်းမုန့်ရှန်းကိုနောက်တစ်ခေါက်နှုတ်ဆက်လိုက်သည် ကျန်းမုန့ရှန်းကသူ့ကိုနောက်တစ်ခေါက်မတားလိုက်လို့တော်သေးတယ် မဟုတ်ရင် ရှန်ကျီးနန်ကိုယ့်ကိုယ်ကိုယ် တွင်းတစ်ခုတူးပြီးမြုပ်လိုက်မှရတော့တယ် နေရခက်လို့သေတော့မယ်


အကြည့်တွေကထွက်သွားတဲ့ ပိန်ပြီးအရပ်ရှည်တဲ့အိုမီဂါနောက်ကျောကိုပျောက်သွားသည်အထိကြည့်နေပြီးမှ ကျန်းမုန့်ရှန်ယာဉ်တံခါးကို ပိတ်လိုက်သည်


ရှန်ကျီးနန်ရဲ့အိပ်ခန်းကကျယ်ဝန်းလွန်ပြီး အဝတ်အစားနဲ့လက်ဝတ်ရတနာထည့်တဲ့အခန်းတောင် သူဗိုလ်ချုပ်အိမ်ကသူ့ရဲ့အိပ်ခန်းထက်ကိုကျယ်သည်


သူပြန်ရောက်လာတဲ့အချိန်မှာ ဟွားချန်းရွှမ်းသူ့ကိုပေးထားတဲ့လက်ဝတ်ရတနာတွေကို သိမ်းဆည်းလို့ပြီးပြီဖြစ်သည်


ပုလဲ,ရွှေ,စိန် စတဲ့အရောင်းအသွေးစုံလင်လှတဲ့ လက်ဝတ်ရတနာတွေကို အချိန်မရွေးချယ်နိုင်အောင်လက်ဝတ်ရတနာသေတ္တာထဲစီစီရီရီထည့်ထားသည်


ရှန်အိမ်က အင်ပါယာမှာ အချမ်းသာဆုံးဖြစ်ပြီး တန်ဖိုးကြီးပစ္စည်းများကိုအမြဲတွေ့နေကြဖြစ်သော်လည်း ဒီလက်ဝတ်လက်စားတွေက သူတို့ရှန်အိမ်ဒေဝါလီမခံရသေးခင်အချိန်ကထက်တောင်များသေးတယ်


ထိုအချိန်မှာ ရှန်ကျီးနန် ရှိတဲ့ရတနာတွေကလုံလောက်ပြီလို့ခံစားရသည် ဒါပေမဲ့ အရှင်မင်းကြီးရဲ့စည်းစိမ်တွေနဲ့ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်ပါဘူး


အခန်းထဲရှိတန်ဖိုးကြီးပစ္စည်းများကိုကြည့်ပြီး ဟွားချန်ရွှမ်းကသူ့ကိုစိတ်မဆိုးတဲ့အပြင် တန်ဖိုးကြီးလက်ဝတ်လက်စားတွေကိုပို့ပေးတဲ့အပြင် သူ့ကိုကာကွယ်ဖို့လည်း ကျန်းမုန့်ရှန်းကိုမှာထားသေးတယ်


သူကဟွားချန်းရွှမ်းကို ကိုယ်တိုင်ကျေးဇူးတင်သင့်သည်


ဟွားချန်းရွှမ်းကို လက်ဗလာနဲ့ကျေးဇူးတင်ပါတယ် လို့တစ်ခွန်းတည်းပြောလို့မရပါ


လက်ဆောင်ပစ္စည်းပို့ပေးမယ်ဆိုလည်း သူအခုစားနေတာဝတ်နေတာအားလုံးက ဟွားချန်းရွှမ်းပေးအပ်ထားတဲ့ဟာတွေ ဟွားချန်းရွှမ်းပစ္စည်းကိုယူပြီး သူ့ကိုပြန်ပိုရအောင်လဲမဟုတ်သေးဘူး


ရှန်ကျီးနန်က ယိယိနဲ့လင်လင်ကိုခေါ်ပြီး အရှင်မင်းကြီးရဲ့အကြိုက်တွေကိုမေးမြန်းနေသည်


ရှန်ကျီးနန်စဉ်းစားပြီး “မီးဖိုချောင်ဘယ်မှာလဲ” လို့မေးလိုက်သည်


ရှန်ကျီးနန်ဘာတန်ဖိုးကြီးတဲ့ပစ္စည်းမှမပေးနိုင်ဘူး ဒါပေမဲ့ ဘယ်လောက်အင်အားကြီးတဲ့အယ်ဖာပဲဖြစ်ဖြစ် ထမင်းတော့စားရတာပဲလေ


သူဟွားချန်းရွှမ်းအတွက်စားစရာတချို့လုပ်ပေးမလို့ ဟွားချန်းရွှမ်းဘာကြိုက်လဲသူမသိပေမဲ့ အရင်တုန်းက ဟွားချန်းရွှမ်းအကြောင်းကိုဖတ်တုန်းက ဟွားချန်းရွှမ်းရဲ့မွေးရပ်မြေအကောင်းကိုသိသည်


အရမ်းကိုတိုက်ဆိုင်တာက ဖုန်းနျန်ရဲ့မွေးရပ်မြေနဲ့ဟွားချန်းရွှမ်းရဲ့မွေးရပ်မြေကအတူတူပဲဖြစ်သည်


ဖုန်းနျန်ကျေနပ်စေရန်အတွက် လက်ရေမထိခဲ့ရတာကနေ ဟင်းသီးဟင်းရွက်တွေကိုကိုယ်တိုင်ဆေးကြောပြီး လှီးဖြတ်ခြင်း ချက်ပြုတ်တတ်သည်အထိစားဖိုမှူးဆီမှတစ်နှစ်ကျော်ကြာသင်ကြားကြိုးစားအားထုတ်ခဲ့သည် လက်နှစ်ဖက်လုံး အဆူးဘယ်လောက်တောင်ဆူးခံခဲ့ပြီး လက်ခဏခဏအရှခံပြီးဖုန်းနျန်မွေးရပ်မြေကအစားအစာကိုသင်ယူနိုင်ခဲ့သည်


ဒါပေမဲ့ ဖုန်းနျန်က သူချက်တဲ့ဟင်းတွေကိုတစ်ခါမှမစားခဲ့ဘူး သူနဲ့မျက်နှာချင်းဆိုင်တွေ့ရင် တစ်နေ့လုံးအပင်ပန်းခံပြီးလုပ်ထားတဲ့ဟင်းတွေကိုသူများစားဖို့ပေးပစ်သည်


အားလုံးကစားလို့ကောင်းတယ်လို့ပြောကြပေမဲ့ သူ့ရဲ့လက်ရာကအရမ်းကောင်းတယ်လို့ချီးကျူးကြပေမဲ့ ဖုန်းနျန်ကသူ့ကိုမုန်းတာကြောင့် သူလုပ်တဲ့ဟင်းတွေကိုထိတောင်မထိခဲ့ဘူး


တကယ်လို့ ဖုန်းနျန်က အစားအစားနှမြောတာကြောင့်မဟုတ်ရင် သူလုပ်ထားတာကို ချက်ချင်းသွန်ပစ်နေပြီးပြီ


ရှန်ကျီးနန် သကြား,မှိုဖြူနဲ့ငှက်သိုက်တို့ကိုရောပြီး ငှက်သိုက်ဟင်းချိုလုပ်ပြီးနောက် ရေချိုးပြီး သန့်ရှင်းသောအဝတ်အစားကိုလဲပြီး ဟွားချန်းရွှမ်းပေးတဲ့လည်ဆွဲကိုဝတ်ပြီး ဟွားချန်းရွှမ်းကိုရှာဖို့ထွက်လာခဲ့သည်


ပြောရမယ်ဆို ဒီတစ်ခေါက်ကရှန်ကျီးနန် နန်းတော်ကိုရောက်ပြီးနောက် ပထမဆုံးအကြိုမ် ဟွားချန်းရွှမ်းကိုသွားရှာခြင်းဖြစ်သည်


ရှန်ကျီးနန် ရင်းနှီးနေသောနန်းဆောင်ကိုခေါင်းမော့ပြီးကြည့်လိုက်သည် အရင်တစ်ခေါက်လာတုန်းက သူကိုယ်တိုင် စိတ်လိုလက်ရခန္ဓာကိုယ်ပေးခဲ့တာဖြစ်သည်


ရှန်ကျီးနန်မျက်မှာထက်တွင် နီးမြန်းလာတော့သည်

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment