Chapter32
ရှီးဗိုလ်မှုးက ရှန်ကျီးနန်နှင့်ရင်းနှီးပြီး အထက်တန်းလွှာမှာရေပန်းစားတဲ့အယ်ဖာဖြစ်သည်
ချောမောသောမျက်နှာ,တောင့်တင်းသောခန္ဓာကိုယ်,ယဉ်ကျေးသိမ်မွေ့ပြီး ရယ်မောနေတဲ့ပုံစံက ဘယ်အချိန်ဘယ်နေရာမှာမဆို သူ့ရဲ့ ဆွဲဆောင်မှုကိုပြသနေသည်
ဘေးနားမှာပရည်ပရာလုပ်တဲ့ဒေါင်းလို့ပဲ သူမင်းအပေါ်အထူးတလည်ဆက်ဆံပေးနေတာမျိုးမဟုတ်ဘဲ ငါးဖမ်းဖို့အတွက်ပိုက်ခွန်ချထားတာပါ
ဒီလိုအရေခွံခြုံထားတဲ့သူက တကယ်တော့ လူအများကြိုဆိုနှစ်သက်ခြင်းကိုခံရတယ် ကြည့်လို့လည်းကောင်းတယ် စကားပြောလည်းပြေပြစ်တယ် ရာထူးကလည်းကြီးသေးတယ် အဲဒါဆိုလုံလောက်ပြီ
ဒါပေမဲ့ တကယ်လို့စိတ်လှုပ်ရှားပြီးချစ်မိသွားရင် ဒီလိုနွေဦးနဲ့တူတဲ့နွေးထွေးတဲ့အပြုံးတွေက ခဏလေးနဲ့ အေးစက်တဲ့ဆောင်းလေညှင်းအဖြစ်ပြောင်းလဲသွားလိမ့်မယ်
အစတုန်းကနွေးထွေးသလောက် နောက်ပိုင်းမှာ ခံစားချက်မဲ့လွန်းတယ်
ရှန်ကျီးနန် ရှီးကဲ့စစ်ဗိုလ်ချုပ်နဲ့မိတ်ဆွေဖွဲ့ဖို့ မစဉ်းစားပေမဲ့တစ်ဘက်လူက အရင်ကမ်းလှမ်းလာတော့ သူငြင်းဆန်ဖို့ခက်တယ်
ရှီးကဲ့စစ်ကိုမျက်နှာသာပေးတာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ အင်ပါယာမြို့တော်မှာအင်အားချဲထွင်ဖို့ သူ့ရဲ့ဖိတ်ခေါ်တာကိုလက်ခံလိုက်တာက သူ့အတွက်အကျိုးရှိတယ်
ရှန်ကျီးနန် သူ့ရဲ့ဖိတ်ခေါ်မှုကိုလက်ခံလိုက်တော့ ရှီးကဲ့စစ်အရမ်းပျော်သွားသည် နှမြောဖို့ကောင်းတာက သူ့တခြားသူနဲ့ချိန်းဆိုထားတာရှိတာမို့ ရှန်ကျီးနန်နဲ့ကျန်းမုန့်ရှန်းကိုနှုတ်ဆက်လိုက်ရတယ်
အလျင်စလိုထွက်သွားတဲ့ ရှီးကဲ့စစ်ကိုကြည့်ပြီး ရှန်ကျီးနန် ဘေးကကျန်းမုန့်ရှန်းကိုမေးလိုက်တယ် “ငါဒီလိုလုပ်တာ အရှင်မင်းကြီးကပျော်ပါ့မလား”
ဟွားချန်းရွှမ်းအရင်တုန်းက သူ့ကိုလွတ်လပ်မှုပေးမယ် သူငယ်ချင်းတော့ဖွဲ့ခွင့်မပေးဘူး သူ့တစ်ယောက်ထဲအပြင်မှာအပျော်ရှာတာကို လည်းစိတ်ထားမထားဘူးလို့ပြောတာမှတ်မိသေးတယ်
ရှန်ကျီးနန်အထင် ဟွားချန်းရွှမ်းက သူ့ကိုစိတ်ဖောက်ပြန်တာကရတယ် ဒါပေမဲ့ ခန္ဓာကိုယ်ဖော်ပြန်တာတော့မရဘူး လို့တိုက်ရိုက်မပြောရုံတမယ်ပဲ
ဘယ်လောက်တောင်စိတ်ဝင်စားဖို့ကောင်းလိုက်လဲ သူ့ခန္ဓာက ဖုန်းနျန်နဲ့မကွဲခင်ကတည်းက ဟွားချန်းရွှမ်းနဲ့ဖောက်ပြန်ပြီးပြီ
အခု ဟွားချန်းရွှမ်းနဲ့အတူတူနေတော့ ဟွားချန်းရွှမ်းကသူ့ကို စိတ်ကဖောက်ပြန်လို့ရတယ်လို့ပြောတယ်
ရှန်ကျီးနန် သူ့လို့ ချမ်းသာသု့ခနဲ့ပြည့်စုံတဲ့အိုမိဂါက တစ်နေ့မှာ ဖောက်ပြန်ဆိုတဲ့စကားလုံးနဲ့အတူတူဖြစ်နေမယ်လို့မထင်ထားခဲ့ဘူး စဉ်းစားရင်းစဉ်းစားရင်းနဲ့အရမ်းရယ်ချင်တာပဲ
“အရှင်မင်းကြီး ဘယ်လို့စဉ်းစားလဲဆိုတာ ကျွန်တော်မသိနိုင်ဘူး တကယ်လို့ မင်းစိတ်ပူနေရင် ကိုယ်တိုင်အရှင်မင်းကြီးကိုမေးလိုက်ပါ”
ရှန်ကျီးနန်ကရယ်လိုက်ပြီး “ကျွန်တော်တို့ပြန်ကြတာပေါ့ ဗိုလ်ချုပ်မုန့်”
ရှီးကဲ့စစ် သွားပြီးဘယ်လောက်မှမဝေးသေးဘူး ရှန်ကျီးနန်နဲ့ကျန်းမုန့်ရှန်းကို လှည့်ပြီးကြည့်လိုက်သည်
အရင်တစ်ခေါ်ကတုန်းက ဖုန်းနျန်နဲ့ ရှန်ကျီးနန် ကွာရှင်းတာ ဆူဆူညံညံဖြစ်သွားသေးတယ် ကောလဟာလအရတော့ ရှန်ကျီးနန်က တခြားအယ်ဖာနဲ့ဖောက်ပြန်လို့ ဖုန်းနျန်ကသူ့ကိုအိမ်ကမောင်းထုတ်လိုက်တာတဲ့
နောက်ကြားရတာက ဖုန်းနျန်ကကိုယ်ဝန်ရှိနေတဲ့အိုမီဂါတစ်ယောက်ကို ဗိုလ်ချုပ်အိမ်တော်ခေါ်လာလို့ ရှန်ကျီးနန်က သူ့အေးစက်လှတဲ့ယောကျာ်းကို လက်စားချေဖို့အတွက်တခြားအယ်ဖာနဲ့ဖောက်ပြန်ခဲ့တာတဲ့
ဒီလိုရှုပ်ရှက်ခက်နေတဲ့ကောလဟာလတွေက တစ်ညထဲနဲ့ရှင်းလင်းခံလိုက်တယ် ပြည်သူတွေအားလုံးကတော့ ရာထူးကြီးတဲ့သူတစ်ယောက်က ဒီလိုကောလဟာလတွေကိုဖယ်ရှားလိုက်တယ်ဆိုတာသိသည်
ကျန်းမုန့်ရှန်းနဲ့ရှန်ကျီးနန် ပူးပူးတွဲတွဲနဲ့အတူတူသွားနေတဲ့အချိန်တုန်းက ရှီးကဲ့စစ်နည်းနည်းအံ့ဩသွားတယ် ဒါပေမဲ့လည်းခဏပါပဲ
ဖုန်းနျန်ရဲ့အိုမီဂါတောင်ထိရဲတဲ့သူကသာမန်လူတော့မဖြစ်နိုင်ဘူး သတင်းတွေကိုရှင်းပစ်လိုက်တာတွေကိုဆက်စပ်ကြည့်လိုက်ရင် တကယ်လို့ ကျန်းမုန့်ရှန်းတာဆိုဖြစ်နိုင်တယ်
ကျန်းမုန့်ရှန်းလို အေးစက်စက်ခံစားချက်မရှိတဲ့သူက တခြားသူရဲ့ဇနီးဖြစ်သူကိုလုယူလိမ့်မယ်လို့ ရှီးကဲ့စစ်မထင်ထားတာဖြစ်တယ်
ရှီးကဲ့စစ်အတွေးထဲကထွက်တာတဲ့အချိန်မှာတံခါးထဲကိုဝင်နေပြီး အစည်းအဝေးခန်းထဲမှာ သူ့ကိုစောင့်နေတဲ့သူတွေကိုတွေ့လိုက်ရသည်
တိုက်ဆိုင်လိုက်တာ ဒီနေ့သူတွေ့ရမဲ့သူက ရှန်ကျီးနန်ရဲ့ခင်ပွန်းဟောင်း ဖုန်းနျန်ဗိုလ်ချုပ်ဖြစ်သည်
အခုဖုန်းနျန်ရဲ့အဆင့်အတန်းကသူ့လောက်မမြင့်,အိမ်နောက်ထောက်ခံကလည်းသူ့ကိုမမှီပေမဲ့ သူကဖုန်းနျန်ကိုနှိမ့်ချပြီးမဆက်ဆံရဲဘူး ဖုန်းနျန်ကအင်ပါယာရဲ့အနာဂတ်အင်အားဆိုတာလူတိုင်းသိတယ်
“ဗိုလ်ချုပ်ဖုန်း စောင့်ရတာကြာသွားပြီလား” ရှီးကဲ့စစ်က ပြတင်းပေါက်နားရပ်နေတဲ့ဖုန်းနျန်ကိုတိတ်ဆိတ်စွာကြည့်နေပြီး ဖုန်းနျန်က အင်ပါယာတစ်ခုလုံးမှာရှိတဲ့အိုမီဂါအသိုင်းအဝိုင်းမှာကျော်ကြားခဲ့သည် ကွာရှင်းလိုက်တာတောင် ဖုန်းနျန်ရဲ့ကျော်ကြားမှုကိုထိခိုက်ခြင်းမရှိဘူး
ရှေ့တန်းမှာဒီကောင်အောင်မြင်ရတဲ့အကြောင်းအရင်းက ဒီချောမောလှတဲ့မျက်နှာကြောင့်ဖြစ်လိမ့်မယ်
“ဗိုလ်ချုပ်ရှီးကဲ့စစ် အလုပ်များနေတဲ့ထဲက ကျွန်တော်နဲ့တွေ့ဖို့သဘောတူပေးလို့ကျေးဇူးတင်ပါတယ် ကိစ္စတစ်ခုလောက်မေးချင်လို့ ကျန်းမုန့်ယင်းလို့ခေါ်တဲ့အိုမီဂါကိုသိလား”
ကျန်းမုန့်ယင်း ရှီးကဲ့စစ်က ဆွဲဆောင်မှုရှိတဲ့မက်မွန်ပွင့်မျက်လုံးလေးတွေကိုမြှေးနေအောင်ရယ်ကာ ဖြည်းညှင်းစွာခေါင်းငြိမ့်ပြီး “အာ ကျန်းအိမ်က အိုမီဂါလား”
ဖုန်းနျန်ကငြိမ်သက်နေသော်လည်း ဘေးနှစ်ဖက်မှာလက်သီးဆုတ်ထားတဲ့လက်တွေကိုဖြည်လိုက်ပြီး “ခင်ဗျားသူ့ကိုသိတယ်”
ဖန်လုံးလေးလို့လင်းလက်နေတဲ့မျက်လုံးကနေ အံ့ဩတဲ့အကြည့်တွေပေါ်ထွက်လာပြီး ရှီးကဲ့စစ်က ဝိုင်ထားတဲ့နေရာနားသွားကာ ဖန်ခွက်နှစ်ခွက်ယူကာ ဝိုင်များကိုငှဲ့ချလိုက်ပြီး စိတ်ပေါ့လက်ပေါ့နဲ့ပြောလိုက်သည်”သူအရင်တုန်းက ကျွန်တော်ချစ်သူဖြစ်ဖူးတယ် သူကအဲဒီလောက်မလှပေမဲ့ စာနာစိတ်ရှိပြီးနွေးထွေးတဲ့သူပါ”
ရှီးကဲ့စစ်က ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ဝိုင်ခွက်ကိုမြှောက်ကာတစ်ငုံသောက်လိုက်သည် အကြည့်တွေကဝိုင်ခွက်ကိုဖောက်ပြီး တည်ငြိမ်နေတဲ့ ဖုန်းနျန်ရဲ့မျက်နှာပေါ်ရောက်သွားသည်
“ဗိုလ်ချုပ်ဖုန်းနျန်လည်း တစ်ခွက်လောက်သောက်ပါလား” ဝိုင်ထည့်ထားတဲ့တခြားတစ်ခွက်ကိုလှမ်းပေးလိုက်သည် “အဲဒီအိုမီဂါက အခုမင်းအိမ်မှာလို့ကြားတယ် မင်းကသူ့အတွက် ငါ့ကိုအပြစ်လာတင်တာလား”
ဖုန်းနျန်ကရှီးကဲ့စစ်လှမ်းပေးလိုက်တဲ့ဝိုင်ခွက်ကိုတစ်ချက်ကြည့်လိုက်ပြီး လက်မခံခဲ့ဘူး
ရှီးကဲ့စစ်က ဖုန်းနျန်ရဲ့ရိုင်းစိုင်းမှုနဲ့ရန်လို့မှုကိုဂရုစိုက်ပဲ ရယ်ပြီး ဝိုင်ခွက်ကိုဘေးမှာတင်ထားလိုက်သည် ဖန်ခွက်နဲ့စားပွဲနဲ့ထိတွေ့ပြီး ပြတ်သားတဲ့အသံထွက်ပေါ်လာသည်
“ငါ့ကိုအိုမီဂါတစ်ယောက်ကိုအနိုင်ကျင့်တဲ့မကောင်းတဲ့ကောင်လိုကြည့်မနေနဲ့ ငါကပရောပရည်လုပ်ပေမဲ့ ဘယ်သူ့ကိုမှအတင်းမကြပ်မလုပ်ခဲ့ဘူး ပြီးတော့ ကျန်းမုန့်ယင်းက ငါရဲ့ပထမရွေးချယ်မှုမဟုတ်ခဲ့ဘူး တကယ်လို့ သူသာခန္ဓာကိုယ်ကိုအပ်နှင်းပြီးခဏခဏကပ်မလာရင် သူ့ကိုငါ့ရည်းစားလုပ်ခိုင်းမှာမဟုတ်ဘူး” ရှီးကဲ့စစ်က ဝိုင်ခွက်ကိုလှည့်လိုက်ပြီး ပြောလိုက်သည်” အဲဒီထဲက”
အယ်ဖာတွေရဲ့အချစ်ရေး ချစ်သူထဲမှာ ကျန်းမုန့်ယင်းက အားလုံးထဲမှာမထင်ရှားဆုံးပဲ
ရှီးကဲ့စစ်က ဖုန်းနျန်ဒေါသထွက်သွားတဲ့ပုံစံကိုကြည့်ချင်ပေမဲ့ အနည်းငယ်စိတ်ပျက်သွားသည် ဖုန်းနျန်ကမျက်မှောင်ကြုံပြီး “သူနောက်ပိုင်းမင်းကိုယ်ဝန်ရသွားတာလား”
ရှီးကဲ့စစ်ကစားပွဲအစွန်းမှာမှီနေပြီး ခေါင်းစောင်းကာစဉ်းစားနေသည် ရယ်စရာတစ်ခုကိုကြာလိုက်ရသလိုမျိုး “မင်းနဲ့ငါနှစ်ယော်ကလုံးကကအဆင့်မြင့်အယ်ဖာတွေပဲ အဲဒါဆိုသိလောက်ပြီထင်တယ် အဆင့်မြင့်အယ်ဖာဖြစ်လေ အိုမီဂါကိုယ်ဝန်ဆောင်ဖို့ခက်ခဲလေလေပဲ မင်းအထင်သူ့ဗိုက်ထဲကလေးက ငါနဲ့သက်ဆိုင်တယ်လို့ထင်နေတာလား”
“ဗိုလ်ချုပ်ဖုန်းနျန်က ကျန်းမုန့်ယင်းအတွက်တရားမျှတမှုပြန်ယူပေးမလို့လား” ရှီးကဲ့စစ်က ရယ်လိုက်ပြီး “ ဗိုလ်ချုပ်ဖုန်းနျန်ကကျွန်တော်ကိုမေးခွန်းအများကြီးမေးခဲ့ပြီး ကျွန်တော်လည်းအမှန်တိုင်းဖြေခဲ့တယ် ကျွန်တော်မှာလည်းမေးစရာမေးခွန်းတစ်ခုရှိတယ်”
“မေးပါ”
“မင်းနဲ့မင်းရဲ့အရင်ဇနီးကွာရှင်းလိုက်တာ သူဖောက်ပြန်လို့လား ဒါမှမဟုတ် ကျန်းမုန့်ယင်းကြောင့်လား”