Chapet35
ကော်ဇော်ပေါ်မှာ စာရွက်နဲ့ဘောပင်တို့ကပြန့်ကြဲနေပြီး စားပွဲခုံက အောက်ခြေမညီမှုကြောင့်ရံဖန်ရံခါ အက်ကွဲနေသည့်အသံထွက်ပေါ်နေသည်
ငွေရောင်ဆံပင်တွေက ကောင်းကင်မှာစီးဆင်းနေတဲ့ မြစ်တစ်စင်းလို စားပွဲပေါ်ကနေယိမ်းနွဲ့စွာကျဆင်းနေသည် ညနက်ကောင်းကင်ပေါ်ကလမင်းအလင်းရောင်ဖြာနေတာနဲ့လည်းဆင်တူသည်
လက်နှစ်ဖက်ကစားပွဲထောင့်ကိုအားသုံးပြီးဆုတ်ကိုင်ထားရသောကြောင့် ဖြူဖွေးနှဖက်နေတဲ့လက်ချောင်းတွေက အနီရောင်ပြောင်းနေတော့သည်
သူ့နှုတ်ခမ်းများကတဆက်ဆက်တုန်ကာ လည်ချောင်းက နက်နဲသောအော်ဟစ်သံနဲ့အတူ သူ့ရဲ့မျက်လုံးထောင့်ကနေ မျက်ရည်နဲ့တူသောငွေရောင်ပုလဲလုံးလေးများစီးကျလာတော့သည်
ဟွားချန်းရွှမ်းသည် ကိုယ်ကိုနိမ့်လိုက်ပြီး ရင်ခွင်ထဲမှာရှိတဲ့အိုမီဂါမျက်နှာပေါ်ကမျက်ရည်ကိုဖိနမ်းလိုက်သည် အဖြူရောင်နှင်းဆီရနံ့က သူ့ဦးနှောက်နဲ့ခံတွင်းတစ်ခုလုံးပြည့်နက်သွားတော့သည်
နှင်းထင်းရှူးသစ်သားနံ့နဲ့နှင်းဆီဖြူနံ့ကရောယှက်နေပြီး ညရဲ့မှောင်ရိပ်ရိပ်အလင်းကြောင့် နံရံပေါ်တွင် ပုံရိပ်များ ထင်ဟပ်နေသည်
ရှန်ကျီးနန်က မာကျောပြီးအေးစက်နေတဲ့စားပွဲပေါ်မှာလှဲနေရသည် သူကအတောင်ကျိုးနေတဲ့အဖြူရောင်ခိုလိုမျိုး မုဆိုးရှေ့မှာ သူ့ရဲ့အားနည်းနုနယ်တဲ့ လည်ပင်းကပေါ်ထွက်နေပြီး ယစ်ပုလင်ပေါ်တွင် သေဖို့စောင့်ဆိုင်းနေသလိုမျိုး တိတ်ဆိတ်ငြိမ်သက်နေသည်
သူခေါင်းဖရိုဖရဲဖြစ်နေချိန် သူ့မျက်စိရှေ့မှာရှိတဲ့ ရောင်စုံမီးကရပ်တန့်သွားတော့သည်
သူလေကိုပြင်းပြင်းရှူလိုက်သည် လက်ဆက်တဲ့လေအပြင်အယ်ဖာတစ်ယောက်ရဲ့ ဖယ်ရိုမုန်းလဲရှိနေသေးသည်
“ဟူး______” လေးလံတဲ့ခန္တာကိုယ်ကပိကျလာသည်
လှုပ်ရှားမှုမရှိတော့ပဲ သူ့တို့ကအချင်းချင်းပွေ့ဖက်ထားသည် အရေပြားချင်းထိကပ်နေတာကြောင့် ချွေးတွေက ရောနှောသွားပြီး ခန္ဓာကိုယ်ကအပူချိန်ကမြင့်တက်လာတော့သည်
ပူလိုက်တာ အသက်ရှူကြပ်သလိုခံစားနေရတယ်
ဖယ်ရိုမုန်းဖလှဲခြင်းက လူတွေရဲ့အရင်းနှီးဆုံးအပြုအမှုပဲ
ရှန်ကျီးနန်စဉ်းစားတာ သူနဲ့ဟွားချန်းရွှမ်းကြားထဲမှာဘာခံစားချက်မှမရှိဘဲ ခန္ဓာကိုယ်ပတ်သက်ဆက်နွယ်မှုပဲရှိတာကို ဒီတစ်ခေါက်ပူနွေးတဲ့အချိန်ပြီးတော့ စုံတွဲလိုနွေးထွေးတဲ့ခံစားချက်မျိုးရနေတယ်
ဟွားချန်းရွှမ်းနဲ့သူ့ ခဏလောက်ပူးကပ်နေပြီး သူ့ရဲ့ပခုံးနဲ့မျက်နှာပေါ်ပြင်းပြတဲ့အနမ်းတွေထပ်ရောက်လာသည်
လေထုထဲမှာအယ်ဖာဖယ်ရိုမုန်းတွေနဲ့ပြည့်နက်နေပြီး ဟွားချန်းရွှမ်းဖယ်ရိုမုန်းရဲ့ နှစ်သိမ့်မှုအောက်မှာ ရှန်ကျီးနန်တစ်ဖြည်းဖြည်းနဲ့ နူးညံ့စွာအနားယူသွားတော့သည်
သက်တောင့်သက်သာရှိလိုက်တာ စိမ့်စမ်းရေထဲမှာစိမ်နေရသလိုမျိုး
ရှန်ကျီးနန် ရုတ်တရက် သူအဖေပြောဖူးတဲ့စကားတစ်ချို့ကိုသွားသတိရသည် နောက်ကို အသက်ကြီးတဲ့လက်တွဲဖော်ရှာတွေ့လည်းမဆိုးဘူး သိတတ်ပြီး သားကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာသိတယ်
အသက်နဲ့ပြောရမယ်ဆိုရင် ဟွားချန်းရွှမ်းက အသက်တစ်ရာကျော်လောက်ရှိတဲ့ယောကျာ်းတစ်ယောက် အခြေအေနတစ်ချို့အောက်ကနေကြည့်ရင်တော့ “အိုကြီးအိုမ” တကယ်လည်း တော်တော်ဂရိုစိုက်တတ်ပါတယ်
“အရှင်မင်းကြီး” ရှန်ကျီးနန် သတိပြန်ရှိလာသောအခါ သူကစာကြည့်ခန်းကနေ ဟွားချန်းရွှမ်းအခန်းထဲက ကုတင်ပေါ်ရောက်နေပြီ
သူ့ခေါင်းကဟွားခန်းရွှမ်းခေါင်းအုံးပေါ်ရောက်နေပြီး သူ့ရဲ့အင်္ကျီနဲဘောင်းဘီဝတ်ထားရာကနေ ညဝတ်ဂါဝန်ဖြစ်သွားသည်
အဖြူရောင်ဇာဂါဝန် ပန်းပုံတောင်ပါလိုက်သေးတယ်
အိုမီဂါကသေချာပေါက် ဂါဝန်ကိုကြိုက်တာပေါ့ ဒါပေမဲ့ရှန်ကျီးနန်ကဒီလိုမျိုးတွေကို နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတွေပဲဝတ်တယ်လို့ခံစားရတာမို့ သူကညဝတ်ဘောင်းဘီနဲ့ ညဝတ်ဝတ်စုံကိုပိုသဘောကျတယ်
ဟွားချန်းရွှမ်းကတစ်ဖက်မှာထိုင်ကာ လက်ဖဝါးက ရှန်ကျီးနန် ဗိုက်ကိုပွတ်သပ်ပြီး “သန်မာလေလေ အိုမီဂါကို ကိုယ်ဝန်ရအောင်လုပ်ဖို့ခက်လေပဲတဲ့ ဒါပေမဲ့ အမှတ်အသားလုပ်ပြီးသွားရင် ကိုယ်ဝန်ရနိုင်ခြေက မြင့်တက်လာတယ်”
ဟွားချန်းရွှမ်းသူ့ကို ဒါတွေပြောနေတဲ့အကြောင်းအရင်းက ဘာလဲဆိုတာ သူ့သိပ်နားမလည်ဘူး သူခေါင်းကိုအလျင်စလိုငြိမ့်ကာ ဟွားချန်းရွှမ်းရဲ့လက်ရှိတဲ့သူ့ဗိုက်ကိုကြည့်လိုက်သည်
အဲဒီနေရာက သူနဲ့သူ့အယ်ဖာနဲ့သက်ဆိုင်တဲ့ကလေးလေး မွေးလာမဲ့နေရာပေါ့
ညနေတုန်းက ပင်ပန်းသွားတာကြောင့် ရှန်ကျီးနန် ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘူး နိုးလာတာနဲ့မိုးလင်းနေပြီး ဟိုဖက်လှည့်တုန်းပဲရှိသေးတယ် ဘေးကရင်းနှီးနေတဲ့အရာ ကပ်လာသည်
“နိုးပြီလား” ဟွားချန်းရွှမ်းက ရှန်ကျီးနန်ရဲ့ဆံပင်ကိုကိုင်လိုက်ကာ “မာဖေး အစေခံတွေကိုခေါ်ပြီး မိဖုရားကို ဆေးကြောပေးလိုက်”
ရှန်ကျီးနန်က ခုနကနိုးလာကာ ဘေးနားမှာရှိတဲ့ ဟွားချန်းရွှမ်းကို ငေးမောကြည့်နေသည်
ဟွားချန်းရွှမ်းက အလုပ်များနေတယ်မဟုတ်ဘူးလား ဘာလို့ ဒီလိုအချိန်ထိ ကုတင်ပေါ်မှာနေပြီး သူ့ကိုအဖော်လုပ်နေတာလဲ
ရှန်ကျီးနန်က ကုတင်ပေါ်ကမဆင်းဘဲ ကြောင်နေကာ အစေခံတွေကသူ့ကိုဆေးကြောပေးခဲ့သည်
မျက်နှာသစ်ပြီးတော့ နည်းနည်းနိုးနိုးကြားကြားရှိလာသည် ရှန်ကျီးနန် ဘေးနားမှာရှိတဲ့ဟွားချန်းရွှမ်းကိုခိုးကြည့်လိုက်သည် ညအိပ်ဝတ်စုံကိုဝတ်ထားတယ် သွားပြီးမှပြန်လာတဲ့ပုံလည်းမပေါ်ပါဘူး ခုခေတ်မှာတွေ့ဖို့ရှားပါတဲ့စာအုပ်ကရှိနေသည် ကြည့်ရတာ နိုးလာတာနဲ့စာအုပ်ကြည့်နေတာထင်တယ်
“ဗိုက်ဆာနေပြီလား” ဟွားချန်းရွှမ်းက အစားအသောက်ချဖို့အမိန့်ပေးလိုက်သည် စားပွဲသေးကိုကုတင်ပေါ်တင်ခိုင်းလိုက်ပြီး ရှန်းကျီးနန်ကို ကုတင်ပေါ်မှာဆေးကြောခိုင်းပြီး ကုတင်ပေါ်မှာပဲအစားစားခိုင်းမလို့လား
သူ့ကို အင်ပါယာအရှင်ရဲ့ကုတင်မှာအစားစားခိုင်းမလို့လား
“အရှင်မင်းကြီး ကျွန်တော် ဆင်းပြီးစားလို့ရပါတယ် မဟုတ်ရင် အရှင်မင်းကြီး ကုတင်ညစ်ပတ်သွားလိမ့်မယ်” ရှန်ကျီးနန် နည်းနည်းကြောက်နေသည် ဟွားချန်းရွှမ်းက သူ့အပေါ်အရမ်းကောင်းနေတာမဟုတ်ဘူးလား
“ညစ်ပတ်ချင်ညစ်ပတ်ပါစေ” ဟွားချန်းရွှမ်းက မျက်နှာအနေအထားပြောင်းလဲခြင်းမရှိဘဲ “မင်းပထမတစ်ခေါက်လာတုန်းက ဒီကုတင်ကိုမင်းညစ်ပတ်အောင်လုပ်ပြီးပြီ အဲဒီတစ်ခေါက်ကထက်တော့မညစ်ပတ်နိုင်ပါဘူး”
ရှန်ကျီးနန် ခဏစကားပြောမထွက်တော့ပါ ဟွားချန်းရွှမ်းသာ ဘုရင်မဟုတ်ရင် သူပြန်ပြောတယ်
ဘယ်သူက ကုတင်ကိုညစ်ပတ်အောင်လုပ်တာလဲ ပြီးတော့ အဲဒီတုန်းက ကုတင်ကိုညစ်ပေအောင်လုပ်တာသူတစ်ယောက်ထဲလည်းမဟုတ်
ရှန်ကျီးနန်က အောင့်သက်သက်နဲ့စကားမပြောတော့ဘဲ အစားစားနေတော့သည်
သူ့ဘေးနားမှာရှိတဲ့သက်ကြီးရွယ်အို အဖိုးကြီးဆီက ရယ်သံတစ်ချို့ထွက်လာသည် လက်ကိုမြှောက်ကာအိုမီဂါရဲ့ငွေရောင်ဆံပင်ကိုပွတ်သပ်ပြီး “စိတ်ဆိုးသွားတာလား”
“မဟုတ်ပါဘူး အရှင်မင်းကြီး” သူကျိန်ဆဲလိုက်သည် သူကဘယ်လိုဟွားချန်းရွှမ်းကိုဒေါသထွက်ရဲပါ့မလဲ
“အဲဒါဆို ညုတုတုလုပ်တာပေါ့”
ရှန်ကျီးနန် နင်တော့မလို့ ဟွားချန်းရွှမ်းဘယ်လိုမျက်လုံးနဲ့ကြည့်ပြီး သူညုတုတုလုပ်တယ်လို့ပြောတာလဲ
ဟွားချန်းရွှမ်းကိုကြည့်ရတာ သူဘယ်နားမှာနေလည်းဆိုတာလဲသိပုံမရဘူး သူ့လက်က ရှန်ကျီးနန်ရဲ့ဆံပင်ကိုဆော့ကစားနေကာ “ရှီးကဲ့စစ်ကနှစ်တိုင်း ကိုယ်ခံပညာပြိုင်ပွဲအတွက်လူရွေးပွဲကျင်းပတယ် လူမရွေးခင်အပြင်မှာ ပြိုင်ပွဲတစ်ခုကျင်းပတယ်”
“မင်းသွားချင်တယ်ဆို ငါခဏနေ မင်းအတွက်ဝတ်စုံနှစ်စုံပို့ပေးလိုက်မယ်”
ရှန်းကျီးနန် ကြက်စွပ်ပြုတ်ကိုသောက်ပြီး ဟွားချန်းရွှမ်းရဲ့ ပင်လယ်လိုနက်နဲတဲ့မျက်လုံးက စိမ်းလန်းမနက်ခင်းအလင်းရောင်ကျရောက်နေတဲ့တောအုပ်လို တည်ငြိမ်နေတဲ့ရေပြင်ပေါ်ကျောက်ခဲကျသလို ရေလှိုင်းထနေသည်
“အရှင်မင်းကြီးကိုကျေးဇူးတင်ပါတယ်”
ဟွားချန်းရွှမ်းက ရှန်ကျီးနန်ကို ယုန်ဖြူလေးနဲ့တူတယ်လို့ထင်ခဲ့ပေမဲ့ အခုကြည့်ရတာ ရှန်ကျီးနန်ရဲ့သားရဲတစ်ဝက်က ခိုဖြူလေးလို့မပြောရဘူး သူ့အိုမီဂါက တစ်ခါတလေနုံနုံအအနဲ့ တုံးအတဲ့ခိုလေးနဲ့တူတယ်
အင်း ဒီလိုလှပတဲ့ခိုလေးရဲ့အသံကလည်းနားထောင်လို့ကောင်းတယ်
စကားပြောတာပဲဖြစ်ဖြစ် ငိုတာပဲဖြစ်ဖြစ် စိတ်ခံစားရတာပဲဖြစ်ဖြစ်….
ငိုရတာကြိုက်တယ် ငိုတဲ့အချိန်တိုင်းအသက်ရှုမဝအောင်ငိုတယ်
“မင်းသီချင်းဆိုတက်လား” ဟွားချန်းရွှမ်းသိချင်စိတ်နဲ့မေးလိုက်သည်