အပိုင်း(၄၀)
ရှန်ကျီးနန်သည် ယခင်ကလူမှုရေးပွဲများတွင် မကြာခဏဧည့်သည်အဖြစ်ဖိတ်ကြားခြင်းခံခဲ့ရသည်။
တော်ဝင်မြို့တော်ရှိပွဲလမ်းသဘင်များတွင် ပေါ်လာတိုင်း လူတိုင်း၏အာရုံကိုစွဲဆောင်နိုင်ခဲ့ကာ အဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာတစ်ခုကဲ့သို့ပင် ကြိုဆိုလေ့ရှိကြသည်။လူတိုင်းကသူ့ကို သဘောကျခဲ့ကြသလိုသူ၏ အရည်အချင်းကိုချီးကျူးကြပြီး သူ၏အလှကို သဘောကျခဲ့ကြပါသည်။သို့သော်အတိတ်ကအတိတ်သာလျှင်ဖြစ်သည်။
အိမ်ထောင်ကျပြီးသည့်နောက်ပိုင်းတွင် ဖုန်းနျန်သည်စစ်မြေပြင်၌သာနေနေသောကြောင့် ရှန်ကျီးနန်သည် အခြားသူများသူ့အကြောင်း ပြောနေပြီး ရယ်မောလှောင်ပြောင်နေခဲ့သည်ကိုကြားခဲ့ရသည်။။
“အရင်ကသူမာနကြီးခဲ့ပေမဲ့အခုခင်ပွန်း၏လျစ်လျူရှုခြင်းကိုခံနေရတယ်”ဟုပြောကြသည်ကိုပင်ကြားခဲ့ရသေးသည်။
ရှန်ကျီးနန်သူတို့ကို တကယ်ကိုမေးချင်ခဲ့မိသည်၊ သူဘယ်တုန်းက မာနကြီးခဲ့လို့လဲ။ထိုအချိန်တွင် လူတိုင်းက သူ့ကို နူးညံ့သိမ်မွေ့ပြီးဖော်ရွေတတ်သူဟု ချီးကျူးခဲ့ကြသည်။ နောက်ပိုင်းတွင် ရှန်မိသားစု ဒေဝါလီခံသွားသောအခါတွင် အခြားသူများ၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားသော မနာလိုမှုနှင့် နာကြည်းမှုများသည် ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော ပင်လယ်ဘီလူးများအဖြစ်သို့ ပြောင်းလဲသွားကာ သူဆီသိုပြေးလာပြီး သူ့ကို အရှင်လတ်လတ် စားပစ်ချင်သလိုပင်။
ထိုအချိန်မှစ၍ရှန်ကျီးနန် သည် မည်သည့်လှုပ်ရှားမှု သိုမဟုတ် စုဝေးပွဲများကိုမျှ မတက်ရောက်ခဲ့ပေ။
မြေကြီးပေါ်ကျတဲ့ ဖီးနစ်တစ်ကောင်ဟာ ကြက်လောက်ပင်မကောင်းဟူသောအကြောင်းကြောင့်ဖြစ်နိုင်သည်။
ယခုသူ၏အဆင့်အတန်းမှာကွာခြားနေလေပြီ။သူ့ထံ၌သူတို့တစ်သက်တာတွင်ဘယ်လိုမှမတက်နိုင်သည့်ဇိမ်ခံလေယာဉ်တစ်စင်းရှိပြီး သူဝတ်ဆင်ထားသော အဝတ်အစားများနှင့်လက်ဝတ်ရတနာများမှာလည်းအဖိုးမဖြတ်နိုင်ပေ။
မကြာသေးမီက ကောလဟာလများကြောင့် စိတ်ရှုပ်ခဲ့ရသော်လည်း ယခု သူပေါ်လာသည့် ပုံမှန်မဟုတ်သော အသွင်အပြင်ကြောင့်သူ့ရှေ့တွင် သူ့ကို လှောင်ပြောင်ခဲ့ဖူးသော လူများကသူ့နောက်ကွယ်တွင် စကားအနည်းငယ်ဖြင့်သာတီးတိုးပြောဝံ့ကြသည်။
ရှန်ကျီးနန် နှင့် ဟွားချန်းရှန်း တို့၏ဆက်ဆံရေးကို လူသိရှင်ကြားထုတ်ပြပြီးနောက်တွင်သူ့အား ဒုက္ခပေးခဲ့သောသူများသည် သူ့အားခစားနိုင်ရန်အတွက် ချော့မော့သောမျက်နှာဖုံးများ ၀တ်ဆင်ကြမည်ကို ရှန်ကျီးနန် တွေးကြည့်ရုံနှင့်ပင်မြင်နိုင်သည်။
ပွဲ၏အလယ်မှထွက်ခွာပြီးနောက် ရှန်းကျီးနန်သည် ရှီးကဲ့စစ်စံအိမ်ရှိ ရေကန်ဘေးတွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့သည်။ သူသန့်စင်ခန်းသို့သွားမည်ဟု ကျန်းမုန့်ရှန်းကိုလိမ်ပြောခဲ့သည်၊အမှန်တကယ်တွင် လူတော်တော်များများက သူ့အားစိုက်ကြည့်နေသဖြင့် သူနေရတာအဆင်မပြေသောကြောင့်ဖြစ်သည်။
မနာလိုဝန်တိုပြီး သူ့အားဖယ်ထုတ်လိုသည့် အိုမီဂါတချို့ရှိပြီးအာရုံစူးစိုက်မှုလွန်ကဲပြီး တခြားစိတ်ကူးစိတ်သန်းရှိတဲ့ အယ်လ်ဖာတချို့လည်းရှိသည်။ ရှန်ကျီးနန် သည် နောင်တွင် ဤကဲ့သို့ပွဲများအားထပ်မံ၍အလွယ်တကူတက်ရောက်တော့မည်မဟုတ်ဟု တွေးနေခဲ့သည်။
သို့သော်သူရောက်လာပြီဆိုကတည်းက လမ်းခုလတ်မှ ထွက်ခွာရန် ရည်ရွယ်ချက်မရှိခဲ့ပေ မဟုတ်ပါကရိုင်းရာကျပေလိမ့်မည်။ထိုအပြင်ရှန်ကျီးနန်သည် ညနေခင်းတွင်ကျင်းပမည့်ကိုယ်ခံပညာစစ်ဆေးမှုပြိုင်ပွဲကို အလွန်စိတ်ဝင်စားနေသေးသည်။ ကံကောင်းထောက်မစွာ၊ ဗိုလ်ချုပ်ရှီးကဲစစ်၏အိမ်ခြံမြေသည်အခြားလူများကို ရှောင်ရန်မခက်ခဲလေအောင် လုံလောက်စွာကြီးမားသည်။
"သခင်လေးရှန်ကျီးနန်"
လူငယ်တစ်ယောက်သည်အချက်မပေးဘဲ သစ်ပင်ပေါ်မှ ခုန်ဆင်းလာခဲ့သည်၊ သူ၏ဆံပင်သည်မီးလောင်နေသကဲ့သိုနီရဲနေသော်လည်းထူးဆန်းသည်မှာ ထိုလူ၏ မျက်ခုံးများမှာ အနက်ရောင်ဖြစ်သည်။
"ဟဲလို၊ ငါ့နဲ့ဘာကိစ္စရှိလို့လဲ"
ဆံပင်အနီရောင်နှင့်လူငယ်သည်အရပ်ရှည်ပြီးကာအယ်လ်ဖာတစ်ဦးဖြစ်ပုံရသည်။
သူ၏မျက်လုံးများထောင့်သည်အနည်းငယ်မြင့်သောကြောင့် မြေခွေးတစ်ကောင်လို လိမ္မာပါးနပ်သော အလင်းရောင်ကို ပေးစွမ်းနေသည်။
ရှန်ကျီးနန်သည် တော်ဝင်မြို့တော်တွင် လူများစွာနှင့် တွေ့ဆုံခဲ့ပြီး သူ၏မှတ်ဉာဏ်သည် အလွန်ကောင်းမွန်သည်ဟု ထင်ခဲ့သော်လည်း သူသည်ယခင်က ဆံပင်အနီရောင်နှင့် ဤထူးဆန်းသောလူကို သူမြင်ဖူးခဲ့ခြင်းမရှိပေ။
"ဘာမှမဟုတ်ပါဘူး၊ ရေကန်ဘေးမှာ တစ်ယောက်တည်း လမ်းလျှောက်နေတဲ့ အလှလေးကို မြင်လိုက်ရလို့အနီးကပ်ကြည့်ချင်ရုံတင် " ဟုဆံပင်နီနှင့်လူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ထို့နောက်သူကရေကန်ဘေး ပန်းတစ်ပွင့်ခူးပြီး ကိုယ်ကိုကိုင်းကာ ရှန်ကျီးနန်အားပေးလိုက်သည်၊ "ပန်းတွေက အလှတရားနဲ့လိုက်ဖက်တယ်" ဟုပြောလိုက်သည်။
"ငါမင်းကိုမသိဘူး" ရှန်ကျီးနန် မျက်မှောင်ကြုတ်ပြီး ဆံပင်အနီရောင်နှင့်လူထံမှပန်းကိုမယူဘဲ လူထူထပ်တဲ့နေရာဆီ လျှောက်သွားသည်။
ဆံပင်အနီရောင်နှင့်လူသည် လက်လွှတ်မခံဘဲ ပန်းကိုဘေးသို့ပစ်ချလိုက်ပြီး ရှန်ကျီးနန်နောက်သို့ပျော်ရွှင်စွာလိုက်ကာ စိတ်အားထက်သန်သောအသံဖြင့် “အဲ့ဒါဆိုရင်ငါ့ကိုယ်ငါမိတ်ဆက်ပါရစေ ငါ့နာမည်က လီတင်း ၊အာရုံတက်ရဲ့လီနဲ့ အလင်းရောင်ရဲ့တင်း"
"မင်းနာမည်က ရှန်ကျီးနန်ဆိုတာငါသိတယ်၊ ပြီးတော့အခု မင်းကလူလွတ်ဖြစ်နေပြီ၊တိုက်ဆိုင်ချင်တော့ငါလည်း လူလွတ်ပဲ ကံကြမ္မာဖန်လာမှတော့က ငါတို့အတူရှိကြရင်ကော"လီတင်းဟုခေါ်သော အယ်လ်ဖာကရှန်ကျီးနန်၏ နောက်တွင်တတွတ်တွတ်ပြောနေသည်
"မင်းကအရမ်းလှပပြီး ငါကအရမ်းချောတာ ငါတို့ကလေးကတော့သေချာပေါက်ကြည့်ကောင်းနေမှာ သေချာတယ်"
"ထွက်သွား!ငါမင်းနဲ့စကားမပြောချင်ဘူး၊ယဉ်ကျေးမှုမရှိတဲ့လူ!"ရှန်ကျီးနန်နောက်ဆုံးတော့သည်းမခံနိုင်တော့ပေ။
သူ့ပတ်ပတ်လည်ကိုကြည့်လိုက်သောအခါမည်သူ့ကိုမှမတွေ့ရပဲခုနကအနီးအနားတွင်ပျံဝဲနေသောယာဉ်ပျံများလည်းမမြင်ရတော့ချေ။
ရှန်ကျီးနန်သည်တစ်ခုခုမှားနေတာကိုသတိပြုမိပြီး ချက်ချင်းပင်သူ့ခေါင်းကိုငုံ့ပြီး ဆက်သွယ်ရေးလက်ကောက်ကိုဖွင့်လိုက်ပေမယ့် လက်ကောက်က တုံပြန်မှုမရှိချေ။
ဤနေရာသည်မှာ ဗိုလ်ချုပ်ကြီး ရှီးကဲ့စစ်၏ အိမ်တော်ဖြစ်ပြီး ရှန်ကျီးနန်သည် ထူးဆန်းသောစကားများကိုပြောသည့်သူ့ဘေးနားရှိ အယ်လ်ဖာများနှင့်မပတ်သက်လိုပေ၊ သူကြောက်ရွံနေခဲ့သည်။
လီတင်း က "ဒါကဘယ်လိုဖြစ်ပြီးတော့ရိုင်းစိုင်းတာဖြစ်မှာလဲ၊ငါ့ရဲ့ ရိုးသားပြီး စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို လက်ခံသင့်တယ်၊ ငါ့ရဲ့လှပတဲ့ အိုမီဂါလေး။မင်းတစ်သက်လုံး ဒီညစ်ပတ်တဲ့ နေရာမှာပဲနေပြီးတော့အပြင်ဘက်လောကကြီးကိုထွက်မကြည့်ချင်ဘူးလား၊ လာလိုက်စမ်းပါ ကလေးလေးရာ၊ ငါ့ရဲ့အိုမီဂါ ငါ့ဇနီးဖြစ်လာပါ ငါမင်းကို ကောင်းကောင်းဆက်ဆံပေးမယ်လို့ ကတိပေးတယ်။ ငါ့ နန်နန်လေး!"
"အရူး!"
ရှန်ကျီးနန်ပြေးထွက်သွားပြီး အကူအညီတောင်းရင်း "ကယ်ပါအုံး! ကယ်ပါအုံး! ကယ်ပါအုံး!"
"ဒီနားမှာ မင်းကို ကယ်နိုင်တဲ့သူ မရှိဘူး။ပြေးမနေနဲ့တော့ အချစ်လေး မင်းလဲကျမှာငါကြောက်တယ်"
ပြေးလွှားနေသောနှင်းဖြူရောင်ပုံရိပ်လေးအား ပြုံးပြုံးလေးကြည့်ရင်းလီတင်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သောအခါ အနီရောင် မြေခွေးလေးတစ်ကောင်သည် သူ၏နံဘေးမှထွက်လာကာ လေထုထဲတွင် အရွယ်အစား တဖြည်းဖြည်းကြီးထွားလာပြီး ၎င်း၏အမြီးသည်လည်း တစ်ခုမှကိုးခုသို့ ပြောင်းလဲသွားသည်။
၄င်းဆင်းသက်လာသောအခါတွင်အနီရောင်အမြီးကိုးလုံး မြေခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှန်ကျီးနန်၏လမ်းကြောင်းကိုပိတ်ဆို့လိုက်သည်။
"ခွင့်လွှတ်ပါ၊ နန်နန်ကလေး၊ ဒီနေ့ မင်းနဲ့ တူတူပုန်းတမ်းကစားဖို့ အချိန်သိပ်မရှိဘူး၊ ဒါပေမဲ့ငါတို့ အိမ်ပြန်ပြီး ဆက်ကစားလို့ရပါတယ်" ဟု လီတင်းက သူ၏လှပပြီးစိတ်ကူးယဉ်ဆန်သည့် အနာဂါတ်ကလေးအားပြောပြခဲ့သည်၊
"ဂိမ်းရဲ့စည်းမျဉ်းကတော့ ငါမင်းကိုဖမ်းမိရင် မင်းကိုချစ်ပြီးငါ့ကလေးကိုမွေးခိုင်းမယ်"
အမွှေးနီနှင့်အမြီးကိုးချောင်းရှိသော မြေခွေးသည် ကြမ်းပြင်မှခေါင်မိုးထိရှည်သောသောအရပ်ရှိကာ ၎င်းပေါ်ထွက်လာသောအခါ ရှန်ကျီးနန်ကရုတ်တရက် အံ့အားသင့်သွားခဲ့ပြီး မြေခွေး၏ အသွင်အပြင်ကို မော့ကြည့်လိုက်ရာ၊ ဤသည်မှာ လီတင်းဟုခေါ်သော အယ်လ်ဖာ၏ သားရဲဖြစ်မှန်း ရုတ်တရက် သိလိုက်ရသည်၊ ထိုသည်သာမကဆင့်ကဲသားရဲလည်းဖြစ်သည်။
"သွားရအောင်၊ နန်နန်ကလေးမင်းမြေခွေးစီးချင်လို့လား၊ လာ ငါမင်းကိုခေါ်သွားမယ်" ဟုပြောပြီး ရှန်းကျီးနန်း၏နံဘေးကိုခြေလှမ်းနှစ်လှမ်းသုံးလှမ်းလောက်ဖြင့်အလွယ်တကူရောက်လာသည်၊
သူရှန်ကျီးနန်ကိုထိမိတော့မည့်အချိန်တွင် ရုတ်တရက်ရှန်ကျီးနန် ၏ လက်ကောက်ဝတ်မှအနက်ရောင် မြွေတစ်ကောင်ကို တွေ့လိုက်ရသည်။
သူ့မျက်လုံးများတွင် လေးနက်မှုအရိပ်အယောင်များ လျင်မြန်စွာ တောက်ပလာပြီး ရှန်ကျီးနန်ကို ထိလုနီးပါးရှိသောသူ့လက်ကို အမြန်ပြန်ရုတ်ကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ သက်ပြင်းချလိုက်သည်။
"ငါ့နှလုံးသားကို ခုန်လှုပ်စေတဲ့ အလှလေးနဲ့ တွေ့ဖို့ကအလွန်ရှားပါးတယ်။ ဘာလို့ လူတချို့ကငါ့ဆီကနေ လာလုယူချင်ရတာလဲ?"
"နန်နန်လေး၊ ငါတိုပြန်တွေ့ကြမယ်၊ ငါ့ကိုမမေ့နဲ့နော်၊ နှုတ်ဆက်ပါတယ်!" သူက ရှန်ကျီးနန်ကို မျက်လုံးမှိတ်ပြလိုက်ပြီး သူ၏ အမြီးကိုးချောင်းမြေခွေးနီနှင်အတူအနီးနားရှိ ချုံနွယ်များကြား ပျောက်ကွယ်သွားခဲ့သည်။
လီတင်း၏ ရုတ်တရတ်ချဉ်းကပ်လာမှုနှင့် ထွက်ခွာသွားမှုသည် ရှန်ကျီးနန်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေခဲ့ကာ သူသည်နောက်လှည့်ကာအမြန်ပြန်ပြေးသွားခဲ့သည်။
ဒီထူးဆန်းတဲ့ကောင်က တကယ်ထွက်သွားတာလား၊ ဟန်ဆောင်နေတာလားဆိုတာကို မည်သူမှမသိနိုင်ပေ။ဆက်သွယ်ရေးစက်ကို အသုံးမပြုဘဲ ရှန်ကျီးနန်က ကျန်းမုန့်ရှန်းကို တတ်နိုင်သမျှ အမြန်ဆုံးရှာတွေ့နိုင်မည်ဟုသာ မျှော်လင့်ခဲ့သည်။
သို့ပေမယ့် ကျန်းမုန့်ရှန်းကို မတွေ့ခဲ့ရဘဲ လမ်းတစ်ဝက်တွင်မဆုံချင်တဲ့သူတစ်ယောက်နဲ့ တွေ့ခဲ့ပါသည်။
ဖုန်းနျန် ရုတ်တရက်ပေါ်လာသောအခါ၊ ရှန်ကျီးနန် သည် တစ်ဖက်လူဘယ်သူလဲဆိုတာ မသိလိုက်မီ တစ်ခဏလောက်ကြက်သေသေသွားသည်။
အရောင်ဖျော့ဖျော့၊ အထူးသဖြင့် အဖြူရောင်ကို နှစ်သက်သောသူနှင့်မတူဘဲ ဖုန်းနျန်သည် သူ၏မှတ်ဉာဏ်များထဲတွင် အနက်ရောင်အ၀တ်အစားများကိုသာ အမြဲဝတ်ဆင်လေ့ရှိသည်။
ထိုကြောင့် ဖုန်းနျန်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ရုတ်တရက် ပေါ်လာသောအခါ၊ ရှန်ကျီးနန်သည် သူမည်သူဖြစ်သည်ကို ချက်ချင်းမသိလိုက်ပေ။
ခုနက ဖြစ်ပျက်ခဲ့တာတွေကို ဖုန်းနျန်ပြောပြသင့်လားဟု ရှန်ကျီးနန်က တစ်စက္ကန့်လောက်သာ စဉ်းစားပြီးနောက်မပြောပြရန်ဆုံးဖြတ်လိုက်သည်။ သူသည်ဖုန်းနျန်နှင့် ဘာမှမပတ်သက်လိုတော့ချေ။
ရှန်ကျီးနန် သည် ဖုန်းနျန်ကို လေကဲ့သို့ ဆက်ဆံရန် ကြိုးစားခဲ့သော်လည်း သူခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက်ဖုန်းနျဉ်၏ရပ်တန့်ခြင်းကိုခံရသည်။
"ဒီမှာ ထူးဆန်းတဲ့အယ်လ်ဖာ ဖယ်ရိုမုန်းရှိတယ်။ မင်းအခု ဘယ်သူနဲ့ တွေ့ခဲ့တာလဲ" ဖုန်းနျန်က အရင်လိုပင်အေးစက်သည့် မျက်နှာနှင့် မသိလျင်သူ့ထံသန်းရာနဲ့ချီ အကြွေးတင်နေသလိုပင်။
ရှန်ကျီးနန် သည် မကြားချင်ယောင်ဆောင်ကာ ရှေ့သို ဆက်လျှောက်သွားသည်။
ဖုန်းနျန်ကအနည်းငယ် မျက်မှောင်ကြုတ်ကာ၊ ရှေ့ကို လှည့်ကာလျှောက်သွားရင်း ရှန်ကျီးနန်၏ လမ်းကြောင်းကိုတိုက်ရိုက် ပိတ်ဆို့လိုက်သည်"ငါမင်းကို မေးနေတယ်လေ"
"မင်းမေးတိုင်းငါကဖြေရမှာလား။" ရှန်ကျီးနန်သည် ရွံရှာစွာဖြင့် ဖုန်းနျန်အားစိုက်ကြည့်ကာ ရှေ့ကိုဆက်လျှောက်သွားလိုက်သည်။
" ရှန်ကျီးနန် ၊ သူကမင်းနဲ့ဖောက်ပြန်ခဲ့တဲ့အယ်လ်ဖာလား " ဖုန်းနျန်က အေးစက်စွာမေးသည်။
ရှန်ကျီးနန်၏ခြေလှမ်းများ ရပ်တန့်သွားကာ ဖုန်းနျန်က ဆက်လက်ပြောခဲ့သည် "သူ့မှာ လူရှေ့သူရှေ့ထွက်ဖို သတ္တိတောင် မရှိဘူး၊ တောထဲမှာ မင်းနဲ့ စမ်းကြည့်ဖို့ပဲ သတ္တိရှိတာ။ ဒါကမင်းကို ကာကွယ်ဖို့မင်းရွေးချယ်ခဲ့တဲ့ အယ်လ်ဖာလား။ “
"ငါဘယ်သူ့ကိုရွေးချယ်ခဲ့တာလဲဆိုတာမင်းနဲ့ဘာမှမဆိုင်ဘူး"
ရှန်ကျီးနန်လှည့်ပြီး "ငါတို့ ကွာရှင်းလိုက်ပြီဆိုတာ မမေ့နဲ့။ မင်းကကွာရှင်းပြီးသားဇနီးနဲ့စကားလာပြောနေတာ ကျန်းယွဲ့ယင်းသိခဲ့ရင် သူမစိတ်မကောင်းဖြစ်နေအုံးမယ်၊ ဖုန်းနျန်မင်ဘေးနားမှာရှိတဲ့အိုမီဂါတိုင်းကိုဝမ်းနည်းအောင်လုပ်မနေနဲ့"
"မင်း သူမကို စိတ်ပူနေတာလား" သူ့မျက်လုံးတွေမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပေါ်လာပြီး ဖုန်းနျန်က သူ၏အကြည့်များကို အနည်းငယ်လျှော့ပြီး အကြောင်းအရာပြောင်းကာ "ငါနဲ့ ကျန်းယွဲယင်း ကြားမှာ အပြစ်ကင်းစင်တယ်လို့ ငါမင်းကိုပြောခဲ့ဖူးတယ်။ ငါမင်းကို ကွာရှင်းလိုက်ရင်တောင်ငါက သူနဲ့ တွဲဖြစ်မှာ မဟုတ်ဘူး"
"အိုး မင်းနဲ့သူမ ဆက်ဆံရေးက ငါနဲ့ ဘယ်လိုဆိုင်လို့လဲ"
ရှန်ကျီးနျန်က ကျန်းယွဲ့ယင်းနှင့်သူ့၏ဆက်ဆံရေးအကြောင်းပြောတာကို နားထောင်ဖို့ စိတ်မဝင်စားပေ။
ဖုန်းနျန်သည် များသောအားဖြင့် စကားအနည်းငယ်သာပြောတတ်သော်လည်း ယနေ့တွင် ရှန်ကျီးနန်မကြားချင်သောအရာများကို မရပ်မနားပြောဆိုနေသည်။
"မင်း တခြား အယ်လ်ဖာကို ရှာရမယ်ဆိုရင်တောင်အနည်းဆုံးတော့ သူ့မျက်နှာကို ပြရဲတဲ့ သူကို ရှာရမယ်။ မဟုတ်ရင်တခြား အယ်လ်ဖာတွေက မင်းလူလွတ်ဖြစ်နေသေးတယ်လို ထင်ပြီးမင်းနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အတွေးတွေ ရှိနေလိမ့်မယ်။"
ရှန်ကျီးနန်သည် ဖုန်းနျန်ကို ပိုပိုပြီး နားမလည်နိုင်ပေ။ လမ်းခွဲပြီးနောက် သူ့အတွက် ရုတ်တရက် အပြစ်ရှိသလို ခံစားလာရခြင်းက ဖြစ်နိုင်လား။
သူ့ကို ဂရုစိုက်ပုံပေါ်စေဖို့ ထူးဆန်းသေစကားလုံးတွေများကို ပြောတာ...
ဒါပေမယ့် သူ့အတွက် အဆိုးဆုံး အယ်လ်ဖာကတော့ ဖုန်းနျန်ကိုယ်တိုင်ပဲဆိုတာ ရှင်းပါသည်။
"လူတိုင်းက ငါ့ကို ဒီလိုစကားတွေပြောဖို့ အရည်အချင်းရှိပေမယ့် မင်းက မဟုတ်ဘူး၊ ငါတိုကွာရှင်းပြီးရင် သေသွားတဲ့လူလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရမှာမဟုတ်လား" ရှန်ကျီးနန်က အံကြိတ်ပြီး "လူကောင်းတစ်ယောက်လို ဟန်ဆောင်တာကို ရပ်လိုက်တော့။ မင်း ငါ့ကို မုန်းနေတာ ငါသိတယ်။ မင်းငါ့ကိုသေလောက်အောင်မုန်းတာကိုအခုငါ့ကိုစကားကောင်းတွေလာပြောနေတာ အရမ်းရွံဖိုကောင်းတယ်။’’
စက်ဆုပ်ခြင်း...
ရွံရှာခြင်း...
"ရှောင်နန်" ကျန်းမုန့်ရှန်းကအနီးအနားမှထွက်လာပြီး ဖုန်းနျန်အားထူးမခြားနားစွာကြည့်ပြီးခေါင်းငြိမ့်လိုက်သည်။
"ဝန်ကြီးကျန်း!" ရှန်ကျီးနန်သည် ကျန်းမုန့်ရှန်းဆီသို့ ပြေးသွားပြီး ဖုန်းနျန်ကို နောက်တစ်ကြိမ် မကြည့်ဘဲ အသက်ကယ်သည့် ကောက်ရိုးတစ်စကို တွေ့လိုက်ရကဲ့သို့ပြေးသည်။
လူနှစ်ယောက် ထွက်သွားတာကို ကြည့်လိုက်ပြီးဖုန်းနျန်ရဲ့ မျက်နှာကမည်သည့်ခံစားချက်မျှ မပြပေမယ့် သူ့နံဘေးမှာ တွဲထားတဲ့ လက်ချောင်းများက အနည်းငယ် တုန်ခါသွားသည်။
Piscean
3 months ago
Star ဝယ်ထားပါတယ် ဖတ်ချင်နေပြီမို့ အမြန်လေးဖြည့်ပေးကြပါလို့ 🥹