no

Font
Theme

Chapter 38


ကိုယ်ခံပညာလူရွေးပွဲကိုတစ်လတိတိကျင်းပမည်


ပထမလူရွေးပွဲကတော့ ကိုယ်ခံပညာဖွင့်ပွဲဖြစ်သည်


ပထမဆုံးလူရွေးပွဲဝင်ပြိုင်တဲ့သူသည် အင်ပါယာရဲ့အရေးပါတဲ့တည်ရှိမှုရှိသူတွေဖြစ်သည်


ဒီနှစ်ကိုယ်ခံပညာလူရွေးပွဲက ရှီးကဲ့စစ်ခေါင်းပေါ်ရောက်လာသည် ညနေပိုင်းမှာလက်ဖက်ရည်သောက်ပွဲကျင်းပမည်ဖြစ်ပြီး အင်ပါယာတစ်ခုလုံးရဲ့ နာမည်ကျော်ကြားတဲ့သူတွေအားလုံးအဲဒီပွဲတွင်စုစည်းနေမည်ဖြစ်သည်


ည၇နာရီမှာ ကိုယ်ခံပညာစစ်ဆေးပွဲတရားဝင်စတင်မည်ဖြစ်သည်


ဧည့်သည်များက ပြိုင်ပွဲကို ကြည့်ရှုရန်အတွက် ကွင်းပြင်ကိုရောက်လာသည်


လှပတဲ့မျိုးရိုးမြင့်အိုမီဂါတွေက စားပွဲငယ်ဘေးမှာဝိုင်းပြီးထိုင်နေသည် စားပွဲပေါ်မှာ ကောင်းမွန်လှသောလက်ဖက်ရည်ကိုတည်ခင်းထားသည် အဲဒီထဲကအိုမီဂါတစ်ယောက်က တန်ဖိုးကြီးလက်စွပ်ကိုဝတ်ဆင်ထားတဲ့လက်ချောင်းဖြင့် လက်ဖက်ရည်ခွက်ကိုကိုင်လိုက်ကာ “ဒီနှစ်အရှင်မင်းကြီးက လာကြည့်မယ်လို့နင်တို့ထင်လား”


တခြားအိုမီဂါက သူ့လက်ကောက်ဝတ်မှာဝတ်ဆင်ထားသည့် စိန်ဟန်းချိန်းကို လှုပ်ခါပြီး သက်ပြင်းချကာ “ငါ့အဖေပြောတာ အရှင်မင်းကြီး ပြိုင်ပွဲကိုလူကိုယ်တိုင်မလာတာ ဆယ်နှစ်ကျော်နေပြီတဲ့ ဒီတစ်ခေါက် မိဖုရားနဲ့အတူတူ ဆုပေးပွဲကိုလာမယ်ဆိုတော့ ငါတကယ်အံ့ဩသွားတယ် အရှင်မင်းကြီးရွေးချယ်တဲ့အိုမီဂါကို တစ်ခါမှမကြားဖူးဘူး”


“ငါတို့ရဲ့မြင့်မြတ်လှတဲ့အရှင်မင်းကြီးက အင်ပါယာတည်ထောင်တဲ့အချိန်ကစပြီးခုထိ နှစ်တစ်ရာကျော်အောင် ဘယ်အိုမီဂါနဲ့မှပွဲအတူတူမတက်ဖူးဘူး ဒီကမ္ဘာမှာ အရှင်မင်းကြီးနဲ့ထိုက်တန်တဲ့အိုမီဂါမရှိတော့ဘူးလို့တောင်ငါထင်နေတာ” သွယ်လျလှပသော အိုမီဂါက နှုတ်ခမ်းစူကာ ဝမ်းနည်းမှုများဖြင့်ပြည့်နက်သွားသည်


“ပြောရရင် အရှင်မင်းကြီးကိုယ်တိုင်တက်ရောက်ရင်တောင် ဖိုင်နယ်မှပဲတက်ရောက်လိမ့်မယ် လူရွေးပွဲလေးပဲကို အရှင်မင်းကြီးလို မြင့်မြတ်တဲ့သူက လာပါ့မလား” အိုမီဂါက လက်ဖက်ရည်ခွက်ကိုကိုင်ကာ ချက်ချင်းမသောက်လိုက်ပဲ တုံ့ဆိုင်းနေကာ “ငါတို့အင်ပါယာအရှင်မင်းကြီးမှာ မိဖုရားရှိနေပြီဆိုတာကစဉ်းစာဖို့ခက်တယ် ဒါပေမဲ့ ဘယ်လောက်တောင် တော်တဲ့အိုမီဂါမို့ငါတို့အရှင်မင်းကြီးဘေးမှာရပ်နိုင်တာလဲ”ဝမ်းနည်တဲ့အသံနဲ့ပြောလိုက်သည်


ကွင်းပြင်မှာရှိနေတဲ့ အိုမီဂါတွေသည် အရှင်မင်းကြီးနဲ့မိဖုရားကိုမထီမျက်မြင်မလုပ်ရဲပေမဲ့ အင်ပါယာမှာအင်အားအကြီးဆုံးအယ်ဖာအကြောင်းစဉ်းစားလိုက်ရင် သူတို့နတ်ဘုရားလိုကိုးကွယ်တဲ့သူဆီမှာ တခြားတစ်ယောက်ရှိနေတော့ စိတ်ထဲမှာမနာလိုဖြစ်တာကိုရှောင်လွဲဖို့ခက်သည်


ငြူစူခြင်း၊ရှုံးနိမ့်ခြင်း၊မနာလိုခြင်းနဲ့အတူ အားလုံးက အရှင်မင်းကြီးရဲ့နှလုံးသားကိုဖမ်းစားနိုင်တဲ့အိုမီဂါကိုမှန်းဆနေကြသည် 


“ကြည့်ကြည့် အဲဒါ ဗိုလ်ချုပ်ဖုန်းနျန်ထင်တယ် ဘုရားရေ သူအရမ်းချောတာပဲ ဗိုလ်ချုပ်ဖုန်းနဲ့ရှန်ကျီးနန်ကွာရှင်းလိုက်တာ ငါအရမ်းဝမ်းသာတယ် ရှန်ကျီးနန် ဗိုလ်ချုပ်ဖုန်းနဲ့လုံးဝမတန်ဘူး” အိုမီဂါက သူ့နေရာနေထမိဖို့နည်းနည်းပဲလိုတော့သည် သူအဆင့်အတန်းကိုစဉ်းစားမိမှ သူ့နေရာသူပြန်ထိုင်လိုက်ပြီး ခေါင်းမော့ပြီးကြည့်နေသည်


အနက်ရောင်အဝတ်များကို ကြိုက်နှစ်သက်သူဖုန်းနျန်က ဒီနေ့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည် သူရဲ့မျက်လုံးများက အေးစက်မှုများကိုထုတ်လွင့်နေသည် 


တစ်ကိုယ်တည်းပြန်ဖြစ်သွားတော့ အိုမိဂါများရဲ့စိတ်ကူးထဲက လက်တွဲဖော်ကောင်းတစ်ဦးဖြစ်လာသည် ဖုန်းနျန်မှာ ခန့်ညားချောမောလှပသောအသွင်အပြင်တင်မက အင်ပါယာမှာ ရာထူးအမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ပါပိုင်ဆိုင်ထားသည်


ဖုန်းနျန်က ဗိုလ်ချုပ်တစ်ယောက်သာဖြစ်ပေမဲ့ သူအသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်ဆိုတာ မင်းသိထားရမယ်


နောက်နှစ်အနည်းငယ်နေရင် ဖုန်းနျန်က အင်ပါယာတစ်ခုလုံးရဲ့ မျိုးရိုးမြင့်သူတစ်ဦးဖြစ်လာလိမ့်မည်


အိုမီဂါတွေက ဖုန်းနျန်ကို အထင်ကြီးလေးစားသောမျက်လုံးများဖြင့်ကြည့်နေသည် “ဗိုလ်ချုပ်ဖုန်း ချောမောပြီးထက်မြက်တယ် ရှန်ကျီးနန်က ဘာမို့လို့လဲ နည်းနည်းပိုလှတဲ့အိုမီဂါတစ်ယောက်ပဲဟာ အိမ်တောင် ဒေဝါလီခံသွားရပြီ  သူကဖုန်းနျန်နဲ့မထိုက်တန်ဘူးဆိုတာ အစကတည်းကသိသင့်တယ် သူ့ကိုယူရဲ့တဲ့အယ်ဖာကတော့ ရူးနေပြီ”


သူတို့ ပါးစပ်ဖျားက “အနည်းငယ်ပိုလှတဲ့အိုမီဂါ” က လွန်ခဲ့တဲ့နှစ်အနည်းငယ်က လှပတဲ့အိုမီဂါတွေကိုကျော်ပြီး အင်ပါယာတစ်ခုလုံးရဲ့အလှပဆုံးအိုမီဂါဖြစ်သည်


သူတို့ထဲကတော်တော်များများကအရင်တုန်းက ရှန်ကျီးနန်ရဲ့သူငယ်ချင်းများဖြစ်သည် အဲဒီတော့ရောဘာဖြစ်လဲ


အဲဒီတုန်းက ရှန်ကျီးနန်နောက်မှာ ရှန်အိမ်ရဲ့အင်အားရှိတယ် အခုတော့ ရှန်အိမ်က ဒေဝါလီခံသွားရပြီလေ


တချို့အိုမီဂါတွေက ရှန်ကျီးနန်ကိုအမြင့်ဆွဲချပြီး ရွံ့ထဲကိုနစ်ချင်ခဲ့တာ အရင်တုန်းက ဗိုလ်ချုပ်ဖုန်းဇနီးဆိုတဲ့ဂုဏ်ပုဒ်ရှိနေတာမို့ဘာမှမလုပ်နိုင်ခဲ့ဘူး အခုတော့ သူတို့ဘာကြောက်စရာလိုသေးလို့လဲ


ရှန်ကျီးနန်က ဗိုလ်ချုပ်အိမ်တော်က နှင်ထုတ်ခံရပြီးပြီး နောက်ခံမရှိတဲ့ အားနွဲ့တဲ့အိုမီဂါတစ်ယောက်ပဲဟာ 


ရှီးကဲ့စစ်ရဲ့လက်ဖက်ရည်သောက်ပွဲမှာ ရှန်ကျီးနန်ပေါ်လာမယ်လို့ကြားသည် သူတို့ထဲကတချို့သည် ရှန်ကျီးနန်နဲ့ ဘာပဋိပက္ခမှမရှိသူတွေဖြစ်သည်


မကောင်းတဲ့စိတ်နဲ့ အကြောင်းအရင်းမရှိပဲအတင်းပြောခြင်းပင်ဖြစ်သည်


“ဗိုလ်ချုပ်အိမ်တော်ကထွက်သွားပြီး ဘာမှမဟုတ်တော့ဘူး ကျန်းမုန့်ရှန်းကို မြူစွယ်နေတယ် လို့ပြောသံကြားတယ် ဒါပေမဲ့ ဗိုလ်ချုပ်ကျန်းက တစ်ခါမှကျန်းအိမ်တော်ကိုမခေါ်သွားဘူးတဲ့”


“တခြားအယ်ဖာကို မြူစွယ်ဖို့ ရှီးကဲ့စစ်ရဲ့လက်ဖက်ရည်သောက်ပွဲကို တက်တယ်လို့ နင်ထင်လား”


“ဖြစ်နိုင်တယ် ရှန်အိမ်ကအခုဒေဝါလီခံသွားရပြီ သူဆက်အသက်ရှင်ချင်ရင် တခြားအယ်ဖာကိုမှီခိုမှပဲရမယ် သူရဲ့ဗီဇကိုငါအစကတည်းက သတိထားမိတယ် ဗိုလ်ချုပ်ဖုန်းနျန်ပဲသနားဖို့ကောင်းတယ် အဲဒီလိုလူမျိုးနဲ့လက်ထပ်လိုက်ရတယ်တယ်လို့”


“ဒေဝါလီခံဆိုလို့.. ရှန်ကျီးနန် အရင်တုန်းက ပွဲတတ်ရင်ဝတ်ခဲ့တဲ့လက်ဝတ်လက်စားတွေကို သူတို့အိမ်ဒေဝါလီခံတော့ အကုန်ရောင်းလိုက်တယ်တဲ့ ခဏနေလာတဲ့အချိန်ကြရင် ကိုယ်ပေါ်မှာ လက်ဝတ်လက်စားတစ်ခုတောင်ရှိပါ့မလား”


“ဟား အဲဒါအရမ်းကိုမိုက်တာပဲ ငါအဲဒီမြင်ကွင်းကို ဓာတ်ပုံရိုက်ဖို့အဆင်သင့်ဖြစ်နေပြီ”


အတိတ်က အင်ပါယာရဲ့နှင်းဆီဖြူက ထမင်းဖြစ်သွားတော့ လူတိုင်းရဲ့စကားတွေကထိန်းသိမ်းလို့မရပဲ ကြည့်နူးမှုနဲ့ ပြည့်နှက်နေသည်


အင်အားကြီးတဲ့ အယ်ဖာရဲ့အာရုံခံစွမ်းကကောင်းသည် အိုမီဂါအုပ်စုပြောနေတဲ့စကားကို အနီးနားက ဖုန်းနျန်ကကြားသည် သူအမူအရာက သူနဲ့ဘာမှမဆိုင်သလို့ ခြေတစ်လှမ်းမှမရွေ့ပဲရပ်မြဲတိုင်းရပ်နေခဲ့သည်


လေထဲမှ ဇိမ်ခံယာဉ်ပျံတစ်စင်း ချဉ်းကပ်လာသည် 


“ဒါဘယ်သူယာဉ်ပျံလဲ အဆင့်တန်းမြင့်လွန်းတယ်” အိုမီဂါတစ်ယောက်က မနာလိုတဲ့အသံဖြင့် “ ဒါသန်းရာချီပြီးတန်တယ်မဟုတ်လား”


အိုမီဂါနောက်တစ်ယောက်က “သန်းရာချီလဲ ဘီလီယံနဲ့ချီလို့ ရှန်အိမ်တောင်မစီးဘူး”


“မင်းတို့ ဒီလို ဇိမ်ခံယာဉ်ကိုတွေဖူးကြလား”


“မတွေ့ဖူးဘူး တခြားဂြိုလ်ကလာတဲ့သူများလား”


“အရမ်းလှတာပဲ ငါဘယ်တော့မှ ဒီလိုယာဉ်ပျံမျိုးစီးရမှာလဲ ငါတစ်ခါလောက်သွားကြည့်လို့ရရင်ရပြီ”


လက်ဖက်ရည်သောက်ပွဲတော်မှာ ဒီယာဉ်ပျံက လူတော်တော်များများကိုဆွဲဆောင်ခဲ့သည် ရှီးကဲ့စစ် ကိုယ်တိုင်တောင် ယာဉ်ပျံဆင်းတက်တဲ့နားသွားရသည်


ယာဉ်ပျံကလေထဲတွင်ရပ်သွားကာ အလင်းတန်းတစ်ခု ယာဉ်ပျံပေါ်မှကျလာသည်


အလင်းတန်းပျောက်ကွယ်သွားသည်နှင့် သွယ်လျလှပသော ပုံရိပ်ပေါ်လာသည်


နှင်းနဲ့တူသောမျက်လုံး၊ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့ အလွန်ရှားပါးသော အစိမ်းရောင်မျက်လုံး

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
CSS

1 year ago

နောက်တပိုင်းတင်ပီလား တင်ပီလား ဝင်ဝင်ကြည့်ရတာလဲမောပါတယ် တင်မဲ့အချိန်အတိအကျလေး တပတ်ဘနှပိုင်း အဲ့လိုလေး လုပ်ပေးပါလားဟင်