လင်ချောင်သည် ဖုန်းနျန်၏ အတွင်းရေးမှူးဖြစ်၏။ မကြာသေးခင်ကမှ ဖုန်းနျန်နှင့်ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေသည်ကို သူသိပေမဲ့ ဘာဖြစ်နေမှန်းတော့ အတိအကျ မပြောတတ်ချေ။
ဖုန်းနျန်နှင့် ရှန်ကျီးနန်တို့ကွာရှင်းသည့်ကိစ္စသည် အတော်လေး ဟိုးလေးတကျော်ဖြစ်သွား၏။ တစ်ယောက်က မြို့တော်တွင် အလှပဆုံးအိုမီဂါဖြစ်၍ ကျန်တစ်ယောက်မှာ အင်ပါယာ၏ အလားအလာအရှိဆုံး အယ်ဖာစစ်သူကြီးဖြစ်သည်။ သူတို့နှစ်ယောက်နှင့် ပတ်သက်သော ကိစ္စစိုးစဉ်းလေးသည်ပင် သူများတွေအတွက်တော့ အတင်းပြောစရာဖြစ်လာခဲ့သည်။
ဖုန်းနျန်သည် ဂုဏ်ရှိန်ဝါတောက်ပြောင်နေပြီး သူ၏အာဏာလွှမ်းမိုးနေစဉ်တွင် မည်သူမျှ သူ့အား စိန်မခေါ်ရဲပေ။
ဖုန်းနျန်၏အကြောင်းကို တိုက်ရိုက်မဆွေးနွေးရဲကြသော်လည်း ဖုန်းနျန် ဖောက်ပြန်ခံရအောင်လုပ်သည့် အယ်ဖာဟာ မည်သူဖြစ်မှန်း ခန့်မှန်းရန် စိတ်အားထက်သန်နေကြသည်။ ထို့အပြင် ရှန်ကျီးနန်နှင့် အချစ်ဇာတ်ခင်းခဲ့သည့် အယ်ဖာဟာ အစမှအဆုံးထိ ပေါ်မလာသေး။
ရှန်ကျီးနန် ဤလှပသောအိုမီဂါသည် စစ်သူကြီး အိမ်တော်မှ ထွက်လာပြီးနောက် ပျောက်ချင်းမလှပျောက်သွား၏။ နောက်ပိုင်းမှ အင်ပါဟာဈေးဝယ်စင်တာတွင်ပေါ်လာပြီး ဖုန်းညီအစ်ကိုနှင့် ပြဿနာဖြစ်ခဲ့သည်။ ဖုန်းညီအစ်ကိုတို့ အရိုက်ခံရသည်ဆိုပေမဲ့ ထူးဆန်းစွာ ဖုန်းအိမ်တော်က ငြိမ်ခံနေသည်။
ဖုန်းအိမ်တော် ငြိမ်နေရသည့်အကြောင်းအရင်းကို လင်ချောင် သိသလိုပင်။ ဥပမာ ဖုန်းအိမ်တော်ဆီ ပါးစပ်ပိတ်ထားဖို့ အကြောင်းကြားစာပို့၍ အမိန့်ပေးခံထားရသကဲ့သို့။
တော်ဝင်မြို့တော်ရှိ ကုန်သည်များကြား၌ ဖုန်းမိသားစုသည် ရာထူးမြင့်မြင့်တစ်ခု ယူထားသည်ဟု ပြောနိုင်၏။ သို့သော် ဒါက တစ်ကြောင်း။ စစ်သူကြီးဖုန်းနျန်၏ရှေ့မှာတော့ သူတို့တွေ ဦးချိုးနေရသည်။
အကြောင်းကြားစာပို့ပြီးနောက် ဖုန်းမိသားစုသည် တလေးတစားဦးညွှတ်၍ ဖုန်းညီအစ်ကိုအား ကျိန်းသေ သင်ခန်းစာပေးမည်ဟု ပြောသည်ကို လင်ချောင် မှတ်မိသည်။ နောက်တော့ ဖုန်းညီအစ်ကိုအား မြို့တော်အပြင်ဘက် ပို့လိုက်သည်ဟု ကြားသိရ၏။
ဖုန်းအိမ်တော်၏ တုံ့ပြန်ချက်သည် အတော်လေး ပုံကြီးချဲ့သလိုရှိသော်ငြား လင်ချောင် ခန့်မှန်းသည်မှာ ဒါဟာ သူတို့တွေ ရှန်ကျီးနန်ကို စော်ကားခဲ့သောကြောင့်ဟူ၍။ ရှန်ကျီးနန်၏နောက်ကွယ်က အယ်ဖာကို ရန်စမိမည်ကိုကြောက်ပြီး ဖုန်းနျန် လက်တုံ့ပြန်မည်ကိုလည်း စိုးသောကြောင့် ဒုက္ခပေးသည့်ညီအစ်ကိုအား မြို့တော်အပြင်ဘက် ပို့ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်မည်။
ရှန်ကျီးနန်၏နောက်ကွယ်မှ အယ်ဖာဟာ မည်သူဖြစ်နိုင်သနည်း။ ကျန်းမုန့်ရှန် များလား။
ဆင်တူသော ကောလာဟလမျိုး လင်ချောင် ကြားဖူးသည်။
ဖုန်းနျန်သည် စစ်ရေးအောင်မြင်မှုများစွာနှင့် တောက်ပသောအနာဂတ်ရှိသူ အင်ပါယာစစ်သူကြီးဖြစ်၏။ ကျန်းမုန့်ရှန်ကတော့ ဧကရာဇ်နှင့်အနီးဆုံး တော်ဝင်ကိုယ်ရံတော်များ၏ ခေါင်းဆောင် စစ်ရေး ဝန်ကြီးချုပ်ဖြစ်သည်။
မိသားစုအဆင့်အတန်းအရမူ ကျန်းမုန့်ရှန်က ဖုန်းနျန်ထက် အဆင့်တစ်ခု ပိုမြင့်၏။
သို့သော် ကျန်းမုန့်ရှန်လိုလူမျိုးသည် အမြဲလိုလို ခံစားချက်မရှိသည့် စက်ရုပ်လိုမျိုး အေးစက်သည့်မျက်နှာထားရှိသောကြောင့် တခြားအယ်ဖာပိုင်သော အိုမီဂါကို လုယူလိမ့်မည်ဟု စိတ်ကူးကြည့်၍မရပေ။
ဒါပေမဲ့ အကယ်လို့များ ဖုန်းနျန်အား စော်ကားနိုင်လောက်သည့် အတင့်ရဲသော အယ်ဖာကိုပြပါဆို ကျန်းမုန့်ရှန်က အဖြစ်နိုင်ဆုံးပင်။
ကျန်းမုန့်ရှန်အား လင်ချောင် သံသယဝင်ရသည့်အကြောင်းအရင်းမှာ ဖုန်းနျန်၏ မကြာသေးခင်က ထူးဆန်းလာသော အပြုအမူကြောင့်ဖြစ်သည်။ ဥပမာ ဖုန်းနျန်နှင့် ကျန်းမုန့်ရှန်သည် အရင်က သိပ်မရင်းနှီးကြ။ မေးထူးခေါ်ပြောအဆင့်လောက်နှင့် သာမန် လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်သည်။ သို့သော် ဒီတစ်ပတ် ကျန်းမုန့်ရှန်နှင့် လက္ဘက်ရည်သောက်ရန် စစ်ဌာနချုပ်သို့ ဖုန်းနျန် လာသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။
ထိုပုံမှန်မဟုတ်သည့်တွေ့ဆုံမှုကို လင်ချောင် သတိပြုမိသလို ကျန်းမုန့်ရှန်လည်း သတိမထားမိဘဲမနေ။
"လိုရင်းကိုပြောကြတာပေါ့ တပ်မှူးဖုန်း" အရင်တစ်ခါက လက္ဘက်ရည်ဝိုင်းဟာ ရိုးရိုးအလုပ်ကိစ္စဆိုလျှင် တစ်ပတ်အတွင်း ဒုတိယအကြိမ် ဖုန်းနျန်၏ဖိတ်ခေါ်ခြင်းခံရသည်က ကျန်းမုန့်ရှန် ဉာဏ်နည်းလျှင်တောင် တစ်ခုခုပြောစရာရှိမှန်း သဘောပေါက်သည်။
ဖုန်းနျန် ပြောတော့မည့် လူဟာ လှပ၍သနားစရာ အိုမီဂါဖြစ်လိမ့်မည်ဟု ကျန်းမုန့်ရှန် ထင်လိုက်သည်။ တကယ်လည်း အိုမီဂါတစ်ယောက်၏အမည်ကို ဖုန်းနျန် ထည့်ပြောလာပေမဲ့ သူထင်သည့်လူ ဟုတ်မနေချေ။
"ကျန်းယွဲ့ယင်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကျန်းမှာ အစီအစဉ်များရှိသလား သိချင်မိပါတယ်။ ကျန်းယွဲ့ယင်က ကျန်းမိသားစုရဲ့ ပင်မမိသားစုခွဲမဟုတ်တာ သိပါတယ်။ သူ့မိဘတွေလည်း ကွယ်လွန်သွားတာကြာပြီ။ အဲဒီလိုဆိုရင်တောင် သူက ကျန်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတုန်းပါပဲ။" ဖုန်းနျန်သည် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ လက်ချောင်းတို့က လက္ဘက်ရည်ခွက်အနားဝန်းကို လျှောက်ပြေးနေသည်။
"သူက ခင်ဗျားအတွက် တော်တ်ောအရေးပါတာလား" ဟု ကျန်းမုန့်ရှန်က မေး၏။
လက္ဘက်ရည်ခွက်ကိုင်ထားသော ဖုန်းနျန်၏လက်က ခဏတန့်သွားကာ အေးဆေးသောလေသံဖြင့် "ငယ်ငယ်ကတည်းက ကျွန်တော်တို့တွေ အတူကြီးပြင်းလာကြတာ။ ဝန်ကြီးချုပ်ကျန်း သိမယ်ထင်...."
"ဟင့်အင်း။ ကျွန်တော်မသိဘူး။ သူများအကြောင်း စိတ်မဝင်စားဘူး။ ကျန်းယွဲ့ယင်ကို ကျန်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စဉ်းစားထားလို့ သူနေစရာမရှိရင် ကျန်းအိမ်တော်က သူ့ကို ခေါ်ထားပေးနိုင်ပါတယ်။" ကျန်းမုန့်ရှန်က ဖြတ်ပြောလာသည်။ ဖုန်းနျန်နှင့် ကျန်းယွဲ့ယင်၏ ဆက်ဆံရေးအကြောင်းကို သူတကယ် ဂရုမစိုက်ပါ။
ရှေ့ရှိ လက္ဘက်ရည်ခွက်ကို ကျန်းမုန့်ရှန် တစ်စက်ကလေးမျှ မထိ။ မျက်နှာအမူအရာမှာ အေးစက်တည်ငြိမ်လျက် ဖုန်းနျန် ပြောနေသည့် ကျန်းယွဲ့ယင်အကြောင်းကို သူ စိတ်မဝင်စားချေ။
သို့ပေမဲ့ ဖုန်းနျန်က ဆက်ပြော၏။ "အခု သူ့မှာ မိသားစုမရှိတော့ဘူး။ ယောက်ျားကလည်း ဆုံးသွားပြီ။ ကိုယ်ဝန်နဲ့ တစ်ယောက်တည်း။ တော်ဝင်မြို့တော်မှာ တစ်ယောက်တည်းရုန်းကန်ဖို့ အိုမီဂါတစ်ယောက်အတွက် မလွယ်ကူဘူး။ ကျွန်တော်နဲ့ ရှန်ကျီးနန်ရဲ့ ဆက်ဆံရေးကြောင့်သာမဟုတ်ရင် ရပ်ဝေးအိမ်ထောင်ပြုဖို့ သူ တွန်းအားပေးခံရမှာမဟုတ်ဘူး။"
"ခင်ဗျားနဲ့ ကျန်းယွဲ့ယင်ရဲ့အချစ်ကို ရှန်ကျီးနန် ဖျက်လိုဖျက်ဆီးလုပ်ခဲ့တယ်လို့ တကယ်ပဲထင်နေတာလား တပ်မှူးဖုန်း။ လေးစားသမှုနဲ့ ပြောပါရစေ။ ခင်ဗျားတို့ကြားက ချစ်တာ၊ မုန်းတာတွေ ကျုပ်မသိဘူး။ ဒါပေမဲ့ အခု ခင်ဗျား တစ်ယောက်တည်းဖြစ်သွားပြီ၊ ကျန်းယွဲ့ယင်လည်း တစ်ယောက်တည်းပဲ။ ခင်ဗျားတို့နှစ်ယောက် ချစ်နေကြသေးရင် ပြန်ပေါင်းထုပ်လို့ ရတာပဲ။" ကျန်းမုန့်ရှန်က ထရပ်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဖုန်းနျန်အား ငုံ့ကြည့်သည်။ "ဒါပေမဲ့ ဒီကိစ္စတွေကို ကျွန်တော်နဲ့ဆွေးနွေးချင်တာဆိုရင်တော့ ခွင့်လွှတ်ပါ။ ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်လို့။"
ထိုအခါ ဖုန်းနျန်လည်း ထရပ်ပြီး ကျယ်လောင်စွာ ပြန်ပြောလေသည်။ "ကျုပ်ရဲ့အပြစ်ရှိတဲ့စိတ်နဲ့ အတိတ်က ဆက်ဆံရေးကြောင့် ကျန်းယွဲ့ယင်ကို ခေါ်ထားတာ။"
"ဟမ်" အဲဒါ ငါနဲ့ဘာဆိုင်လဲဟူသည့် အကြည့်မျိုးဖြင့် ကျန်းမုန့်ရှန်က ပြန်ကြည့်သည်။
လက်ချောင်းတို့ အနည်းငယ် ကွေးကောက်သွားကာ ဖုန်းနျန်က ကျန်းမုန့်ရှန်ရှေ့ ဖြတ်ကာသည်။ "ခင်ဗျားကျတော့ရော? ဝန်ကြီးချုပ်ကျန်းက ရှန်ကျီးနန်ကို ဘာကြောင့် ခေါ်ထားရသလဲ။"
ဝေ့လည်ချောင်ပတ်လုပ်ပြီးနောက်ဆုံး ထိုသနားစရာ လှပသော အိုမီဂါဆီပဲ စကားဘူတာဆိုက်သည်။
ကျန်းမုန့်ရှန်က ဘာမျှမပြော။ ထိုနေ့က ကြေကွဲဖွယ် အပြုံးတစ်ခုနှင့်အတူ လေသင်္ဘောပေါ်မှ ဆင်းသွားသည့် ရှန်ကျီးနန်၏ပုံရိပ်ကို သူ မှတ်မိသေးသည်။
"ကျုပ်သိသလောက်တော့ စစ်သူကြီးအိမ်တော်ကနေထွက်သွားပြီး ရှန်ကျီးနန် ခင်ဗျားရဲ့ လေသင်္ဘောကို စီးခဲ့တာပဲ။ " ထို့နောက် ရှန်ကျီးနန် ပျောက်သွားခဲ့သည်။ ဖုန်းနျန်က ကျန်းမုန့်ရှန်အား စူးရဲရဲကြည့်၏။ "ရပ်ကွက်ထဲမှာတုန်းက ဝန်ကြီးချုပ်ကျန်းပဲ သူ ကျွန်တော့်ကိုရှာတွေ့အောင် ကူညီပေးခဲ့တာလေ။ အရာရာတိုင်းကို အေးတိအေးစက် ဆက်ဆံတဲ့ ဝန်ကြီးချုပ်ကျန်းက တခြားအယ်ဖာပိုင်တဲ့ အိုမီဂါကို လုယူဖို့ စိတ်အားထက်သန်နေမှန်း မသိခဲ့ဘူး။"
စကားအသွားအလာက မသိလျှင် ကျန်းမုန့်ရှန်ကပဲ သူ၏အိုမီဂါအား မလိုမုန်းထားစွာ သွေးဆောင်ဖြားယောင်းပါသည်ဟု စောင်းပြောနေသလို။
"စစ်သူကြီးဖုန်းက ကျန်းယွဲ့ယင်ကို သနားစရာအိုမီဂါလို့တွေးပြီး ခေါ်ထားခဲ့တာမဟုတ်လား" ကျန်းမုန့်ရှန်၏ လေသံက ယနေ့မိုးလေဝသသတင်းကြေငြာနေသလို အေးစက်လို့။ "ကျုပ်လည်း ရှန်ကျီးနန်ကို သနားစရာအိုမီဂါလို့ ထင်တယ်လေ။ ရပ်ကွက်ထဲမှာ သူ့အယ်ဖာကို ရှာမတွေ့နိုင်တဲ့ သနားစရာ အိုမီဂါပေါ့။ ဒီလိုနဲ့ ကူညီဖြစ်သွားတာ။"
ဖုန်းနျန် သူ့အား တွေ့ချင်သည့်အကြောင်းအရင်းကို ကျန်းမုန့်ရှန် ခန့်မှန်းလို့ရသည်။ ရှန်ကျီးနန်အား သူ အတင်းအဓမ္မခေါ်ထားသည်ဟု ဖုန်းနျန် ထင်နေခြင်း။
"ခင်ဗျားက သနားစရာကောင်းတယ်ထင်တဲ့ အိုမီဂါကို ကူညီသလို ကျုပ်ကလည်း ကျုပ်သနားစရာကောင်းတယ်ထင်တဲ့ အိုမီဂါကို ကူညီတာပဲ။ " ဖုန်းနျန်၏ အကျည်းတန်လှသောအမူအရာကို ကျန်းမုန့်ရှန် လျစ်လျူရှုထားရင်း "တစ်ခု ပြောပြလိုက်ဦးမယ်-- ကျန်းယွဲ့ယင် အိမ်ထောင်ပြုတဲ့ကိစ္စက ဖိအားပေးခံရတာ မဟုတ်ဘူး။ ဘယ်သူကမှ သူ့ကို ရပ်ဝေးအိမ်ထောင်ပြုဖို့ မတိုက်တွန်းခဲ့ဘူး။"
သည်အခါ ဖုန်းနျန် မျက်မှောင်ကြုတ်သွား၏။ "ဘာကိုဆိုလိုတာလဲ"
ကျန်းမုန့်ရှန်က ခြေတစ်လှမ်းတိုး၍ ဖုန်းနျန်ဘေး သွားရပ်ကာ "အဲဒီတုန်းက အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ရဲ့ ကလေးကို သူလွယ်ထားရတာလေ။ လက်ထပ်ပြီး ကလေးမွေးဖို့ မြို့ပြင်က အယ်ဖာတစ်ယောက်ကို ရှာယူလိုက်တာက သူရော ခုနက အယ်ဖာရောရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်အောင်လို့။"
Lin Chao was Feng Nian's secretary. He had always felt that there was something strange about Feng Nian recently, but he couldn't describe what was wrong.
The divorce between Shen Zhinan and Feng Nian caused quite a stir recently. One of the parties involved was the most beautiful omega in the imperial capital. The other was the most promising Alpha general in the empire. Any slight movement or rumours surrounding them became the hottest gossip for others.
When Feng Nian was at the height of his fame, his power was overwhelming, and no one dared to challenge him.
They didn't dare to touch on the topic of Feng Nian directly, yet they were extremely eager to guess which alpha had cuckolded Feng Nian by wearing the green hat. After all, from beginning to end, the identity of the alpha with whom Shen ZhiNan had an affair was never revealed.
As for Shen Zhinan, this beautiful omega disappeared for a while after leaving the General's Mansion. Later, he appeared at the Empire's shopping mall and had a conflict with the Feng brothers. It was said that both Feng brothers were beaten, but strangely, afterwards, the Feng family remained silent.
Lin Chao knew some of the reasons for the Feng family's silence, such as being ordered to pass on a message to the Feng family, telling them to keep their mouths shut.
The Feng family was considered to have a bit of status and position among the merchants in the imperial capital, but that's about it. In front of General Feng Nian, the Feng family could only bow their heads and keep silent.
Lin Chao remembered that after the message was passed, the Feng family bowed their heads respectfully and said they would definitely discipline the Feng brothers. Later he heard that the brothers were sent out of the imperial capital soon.
The Feng family's reaction was somewhat excessive, but Lin Chao speculated that it might be because they had offended Shen ZhiNan. Fearing to provoke the alpha behind Shen ZhiNan and worried about retaliation from Feng Nian, they simply decided to send the two brothers who had caused trouble out of the imperial capital to take refuge.
Who could be the alpha behind Shen Zhinan? Could it be Jiang Mengshan?
Lin Chao had indeed heard similar rumors.
Feng Nian was an imperial major general with great military exploits and a bright future. Jiang Mengshan was the military minister and the commander of the Imperial Guards closest to the Emperor.
In terms of family status, Jiang Mengshan was undoubtedly one level higher than Feng Nian.
However, someone like Jiang Mengshan always wore a cold face like a cyborg without emotions, and it was unimaginable that he would take action against other Alpha's Omega.
But if there was such an alpha bold enough to offend Feng Nian, Jiang Mengshan was the most likely.
The reason why Lin Chao suspected Jiang Mengshan was actually because of Feng Nian's recent strange behavior. For example, Feng Nian and Jiang Mengshan didn't have many interactions in the past. The two of them were just ordinary colleagues who were acquaintances, not even friends. However, this week marked the second time Feng Nian came to the military headquarters to have tea with Jiang Mengshan.
Lin Chao noticed this unusual occurrence, but Jiang Mengshan himself couldn't possibly be unaware of it.
"Let's get straight to the point, General Feng." If the last tea session was just a simple work-related courtesy, being invited by Feng Nian for tea a second time within a short week made Jiang Mengshan realize, even if he is slow on the uptake, that Feng Nian must be seeking him out for a matter.
Jiang Mengshan thought that the person Feng Nian was going to mention was the beautiful and pitiful omega. Feng Nian did mention the name of an omega, but it was not the person Jiang Mengshan thought.
"Regarding Jiang Yueying, I wonder if Minister Jiang has any plans? I know that Yueying is not from the main branch of the Jiang family, and her parents have passed away for a long time. But after all, she is still part of the Jiang family." Feng Nian sat opposite Jiang Mengshan, his fingers gently pinching the rim of the teacup.
"She is very important to you?" Jiang Mengshan asked.
Feng Nian paused slightly as he held the teacup, his tone calm: "She grew up with me since we were young; I presume Minister Jiang is somewhat aware of this…"
"No, I'm not aware. I don't care about other people's affairs. Considering that Jiang Yueying is from the Jiang family, if she doesn't have a place to stay, the Jiang family can take her in." Jiang Mengshan interrupted Feng Nian's words. He really didn't care about the relationship between Feng Nian and Jiang Yueying.
Jiang Mengshan never touched the tea cup in front of him. His face was calm and indifferent, and he showed no interest in Jiang Yueying that Feng Nian was talking about.
Feng Nian, however, continued on his own accord, "She is now without family, and her husband has also passed away. Pregnant and alone, it's not easy for an omega without support to make a living in the imperial capital. She could have had a better life. If it weren't for my relationship with Shen Zhinan, she wouldn't have been forced into a distant marriage."
"General Feng, do you think it was Shen Zhinan who ruined the love between you and Jiang Yueying? With all due respect, I don't know the love and hatred between you. But now you are single, and Jiang Yueying is also single. If you two are still in love, you can get back together." Jiang Mengshan stood up and looked down at Feng Nian, who was sitting opposite. "But if you want to discuss these matters with me, I'm sorry, I can't indulge you. These matters have nothing to do with me."
Feng Nian stood up almost immediately and retorted loudly: "I only took Yueying in because of my guilt and past friendship."
"Hmm." Jiang Mengshan seemed to convey with his eyes to Feng Nian, what does that have to do with me?
With his fingers curled slightly, Feng Nian took a step forward and blocked Jiang Mengshan's path: "What about you? Why did Minister Jiang take Shen Zhinan in?"
After beating around the bush, the conversation eventually came back to that poor and beautiful omega.
Jiang Mengshan said nothing. His mind recalled Shen Zhinan's expression when he stepped off the aircraft that day, a broken smile.
"As far as I know, Shen Zhinan boarded your aircraft after leaving the General's Mansion." Then Shen Zhinan disappeared, and Feng Nian continued to stare at Jiang Mengshan intently. "When we were in the slums, it was Minister Jiang who helped him find me. I never knew that Minister Jiang, who was indifferent to everything, would be so enthusiastic about other Alpha's Omega."
Between the lines, there was an insinuation of Jiang Mengshan's intention to maliciously lure away the omega.
"General Feng thinks Jiang Yueying is a poor omega, so you took her in." Jiang Mengshan's tone was cold, as if he were describing today's weather. "I also think Shen Zhinan is a poor omega, a poor omega who couldn't find his alpha in the slums, and I just happened to lend him a hand."
Jiang Mengshan probably guessed the reason why Feng Nian was looking for him. He thought he had abducted Shen Zhinan.
"You can help the omega you think is pitiful, and I can also help the omega I think is pitiful," Jiang Mengshan turned a blind eye to Feng Nian's increasingly ugly expression. He corrected, "I need to remind you of one thing—that Jiang Yueying's marriage was not under duress; no one forced her into a distant marriage."
Feng Nian frowned: "What do you mean?"
Jiang Mengshan took a step forward, standing beside Feng Nian, and said: "At that time, she was pregnant with a married alpha's child. By finding an alpha outside the imperial capital to marry and have the child, it could preserve both her reputation and that of the alpha."
CSS
1 year ago
updateလေး တဂ်ဆပးပါဦးလို့