no

Font
Theme

Chapter 36


ရှန်ကျီးနန်ခေါင်းငြိမ့်လိုက်ပြီး  “တတ်ပါတယ် အရှင်မင်းကြီး”


သူ့မိသားစုက သူ့ကိုငယ်ငယ်ကတည်းကလွတ်လပ်မှုကိုပေးပေမဲ့ သူ့ကို မျိုးရိုးမြင့်တစ်ယောက်လို ပျိုးထောင်ဖို့ကိုလည်းမမေ့ခဲ့ပေ


ရှန်ကျီးနန်က သီချင်းဆိုတတ်ရုံသာမက ကလည်းကတတ်သည် တူရိယာတွေအများကြီးကိုလည်းတီးတတ်သည် မြင်းလည်းစီးတတ်တယ် မြားလည်းပစ်တတ်သည် ..သူတတ်တာတွေအရမ်းများလွန်းတယ်


သူကအင်ပါယာတစ်ခုလုံးမှာအလှဆုံးအိုမီဂါသာမက စွယ်စုံရတဲ့အိုမီဂါတစ်ယောက်လည်းဖြစ်သည်


ဟွားချန်းရွှမ်းသည်ချောမောလှပလွန်းတဲ့အိုမီဂါကို စိုက်ကြည့်နေသည် သူ့ရဲ့လက်ချောင်းက ရှန်ကျီးနန်ရဲ့ လည်စလုတ်ကိုပွတ်ဆွဲကာ ညင်သာစွာပြုံးရင်း “နောက်တစ်ခေါက်မင်းလည်ပင်းမနာတော့တဲ့အချိန်ကြရင် ကိုယ့်ကိုသီချင်းဆိုပြ”


အဲဒီတော့ သူ့အသံအက်ကွဲနေတာ ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ


မနက်စာစားပြီး ရှန်ကျီးနန်က ဝတ်စုံအသစ်တစ်စုံကိုလဲလိုက်သည်


ဝတ်စုံကသူ့ကြိုက်တဲ့အဖြူရောင်ဖြစ်ပြီး အပေါ်မှာ ဖောက်မြင်နိုင်တဲ့ငွေရောင်သလင်းကျောက်တွေနဲ့သီထားပြီး လက်ပတ်နဲ့ကောလံနေရာနားမှာကျောက်စိမ်းတွေနဲ့စီထားတာက ရှန်ကျီးနန်မျက်လုံးအရောင်နှင့်အလွန်လိုက်ဖက်နေသည်


ဟွားချန်းရွှမ်းသူ့ကိုပေးတဲ့ဝတ်စုံတိုင်းက အင်ပါယာမှာရှိတဲ့အကောင်းဆုံး အချုပ်သမားထက်ပိုပြီးလက်ရာမြောက်သည်


ရှန်ကျီးနန် ပြင်ဆင်ထားတဲ့ပုံစံကို ဟွားချန်းရွှမ်းအရမ်းကိုစိတ်ကျေနပ်သွားပြီး အစိမ်းရောင်ကြိုးကိုယူကာ ရှန်ကျီးနန်၏ လကဲ့သို့နှင်းဖြူရောင်ဆံပင်ကိုချည်နှောင်ကာ ရှန်ကျီးနန်ကို ခေါင်းအစခြေအဆုံးသူကိုယ်တိုင်ပြင်ဆင်ပေးခဲ့သည်


ဟွားချန်းရွှမ်းက ဝတ်စားဆင်ယင်ခြင်းကိုကြိုက်နှစ်သက်လားမကြိုက်လားဆိုတာ သူသေချာမသိပေမဲ့ ဟွားချန်းရွှမ်းက အရမ်းကိုကြော့ရှင်းလှပတယ်ဆိုတာတော့ မဝန်ခံလို့မရပေ


“ညကြကိုယ်ကိစ္စရှိတယ် ညစာစားဖို့မမေ့နဲ့နော်” ကိုယ်တိုင်ပြင်ဆင်ပေးထားတဲ့လှပလွန်းတဲ့အိုမီဂါကိုထပ်ခါတလဲလဲကြည့်ပြီး ဟွားချန်းရွှမ်းက ခေါင်းငုံ့ပြီး ရှန်ကျီးနန်ရဲ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်လိုက်သည်


အိုမီဂါရဲ့လက်ကောက်ဝတ် သေးသွယ်ပြီးလှပသည် အချောသပ်ထားတဲ့ကျောက်စိမ်းဖြူကဲ့သို့သောလက်ကောက်ဝတ်တွင် သေချာသွန်းလုပ်ထားတဲ့အမဲရောင်မြွေပုံစံလက်ကောက်က ထင်ရှားနေသည်


သူ့ရဲ့အိုမီဂါမှာ မွေးကင်းစကလေးလိုနူးညံ့ချောမွေ့တဲ့အသားအရေ၊ နေရောင်အောက်မှာ မှုန်ဝါးဝါးဖြစ်‌နေသော နှင်းဖြူရောင်ဆံနွယ်၊ ရေစိမ်းရောင်လိုမျိုး မျက်လုံးတွေက သူတွေ့ဖူးသမျှထဲမှာအလှပဆုံးမျက်လုံးဖြစ်သည်


လွန်ခဲ့တဲ့ငါးနှစ် ရှန်ကျီးနန်ကိုပထမဆုံးတွေ့တဲ့အချိန်ကိုသတိရသွားသည် ခုမှဆယ်ရှစ်နှစ်ပြည့်ထားတဲ့အိုမီဂါက ရေကန်ဘေးမှာရပ်နေပြီး  လေက အိုမီဂါရဲ့နှင်းဖြူရောင်ဆံနွယ်တွေကို တိုက်ခပ်နေသည်


မျက်နှာပေါ်တွင်ဖြူစင်သောအပြုံးနှင့် ဆယ်ရှစ်နှစ်အရွယ် ရှန်ကျီးနန်သည် သူ့ရဲ့လက်ကိုလေထဲမြောက်ကာ ကောင်းကင်ကိုမော့ကြည့်နေသည် လေးဘက်လေးလုံး အိုမီဂါအနားမှာ အဖြူရောင်ခိုတွေက အနားမှာပျံဝဲနေသည်


အရှင်မင်းကြီးရဲ့ တည်ငြိမ်နေတဲ့နှလုံးသား ရေကန်ပေါ်ကို ငှက်မွှေးဆင်းသက်လာသလိုမျိုး


ဖြည်းဖြည်းချင်း ရေမျက်နှာပြင်ကလှုပ်ခပ်လာသည်


အဲဒီကစပြီး 


အေးစက်တဲ့နှလုံးသားက အဖြူရောင်ခို ခိုနားဖို့နေရာချန်ထားပေးခဲ့သည်


ဟွားချန်းရွှမ်းထွက်သွားပြီးတော့ မာဖေးက ဝတ်စုံအသစ်နှစ်စုံယူဝင်လာခဲ့သည်


တစ်စုံက အမဲရောင်ဖြစ်သည် ကိုယ်ခံပညာ လူရွေးပွဲကိုပါဝင်ဖို့ဖြစ်သည်


နောက်တစ်စုံက ရှန်ကျီးနန်ကြိုက်တဲ့အဖြူရောင်ဖြစ်သည် ဒါပေမဲ့ အင်္ကျီနှင့်ဘောင်းဘီအပြင်တွင်လှပသော အလွှာတစ်ခုရှိသည် အဖိုးတန်ကျောက်မြတ်ရတနာတွေကိုလည်း ထည့်တွင်းဆီခြယ်ထားသည်


အဆင့်မြင့်အင်္ကျီ 


“မာဖေး ဒီအင်္ကျီကိုလုပ်တာ ပိုက်ဆံဘယ်လောက်ကုန်လဲ” သူမနေနိုင်တော့ပဲမေးလိုက်သည်


အင်ပါယာရဲ့အရှင်သခင်နဲ့ မိဖုရားရဲ့သစ္စာရှိသောအိမ်တော်ထိန်းမာဖေး၏ အပြာရောင်မျက်လုံးများတောက်ပလာကာ နံပါတ်တစ်ခုအားပြောခဲ့သည်


သူမိသားစုကအလွန်ချမ်းသာသိတိုင်အောင် ဒီလောက်‌ဈေးကြီးတဲ့ဝတ်စုံကို သူတစ်ခါမှမဝတ်ဖူးပါ


ဒီအဝတ်အစားတန်ဖိုးက အင်ပါယာမှာရှိတဲ့ အဓိကနေရာမှာရှိတဲ့အိမ်ကိုတောင်ဝယ်လို့ရတယ်


မော့ဖေးကဆက်ပြောသည် “ မိဖုရားရဲ့ဝတ်စုံတိုင်းက တစ်လလောက်ချုပ်လုပ်မှပြီးပြီး အကုန်လုံးကို လက်နဲ့ချုပ်လုပ်ထားတာပါ”


ရှန်ကျီးနန်က အဝတ်ဝတ်ကာ သံသယဝင်စွာဖြင့် “ငါနန်းတွင်းရောက်တာ တစ်လမရှိသေးပါဘူး”


မော့ဖေးက ကင်မရာကိုမှိတ်တုတ်မှိတ်တုတ်လုပ်ကာ “အရှင်မင်းကြီးက လွန်ခဲ့တဲ့ငါးနှစ်ကတည်းက မိဖုရားအတွက်ချုပ်လုပ်ပေးထားတာပါ”


လွန်ခဲ့တဲ့ငါးနှစ် ဟွားချန်းရွှမ်းနဲ့ပထမဆုံးစတွေ့တဲ့အချိန်


အဲဒီအချိန်တုန်းက သူဟွားချန်းရွှမ်းကိုငြင်းပယ်ခဲ့တယ် ဟွားချန်းရွှမ်းက သူ့တစ်နေ့နေမှာနောင်တရပြီး သူ့ဆီပြန်လှည့်လာမယ်လို့ယုံကြည်နေတာလား


ဟွားချန်းရွှမ်းကကပ်တယ်လို့ဆိုရမလား ယုံကြည်ချက်ရှိတယ်လို့ဆိုရမလား


ဒါမှမဟုတ် ရူးမိုက်တယ်လို့ဆိုရမလား


အဲဒီတုန်းကဖုန်းနျန်သူ့ကိုမချစ်ဘူးဆိုတာ အပြင်ကလူတွေအကုန်သိတယ် ဒါပေမဲ့ သူ့တုံးတုံးအအနဲ့ ဖုန်းနျန်ကသူတို့ငယ်ငယ်ကအကြောင်းတွေကိုမှတ်မိသေးတယ်လို့တွေးနေခဲ့တယ်


ရှန်ကျီးနန် တော်ဝင်မြို့တော်ကိုထပ်မသွားချင်တာကြောင့် ဟွားချန်းရွှမ်းရဲ့နန်းတော်ကိုလှည့်ပတ်နေသည်


ဟွားချန်းရွှမ်းရဲ့နန်းတော်မှာ အလွန်ကြီးမားတဲ့ဉယာဉ်ရှိသည် အဲဒီဉယျာဉ်က သစ်တောလိုကြီးမားတယ်လို့ခံစားရသည်


သူ့နန်းဆောင်က ပန်းတွေပွင့်နေတဲ့ဉယျာဉ်နဲ့မတူဘဲ ဟွားချန်းရွှမ်းရဲ့နန်းဆောင်ရှိဉယျာဉ်က ကြီးကျယ်ခမ်းနားပြီးမူလတောအုပ်နဲ့တူသည်


မြက်ပင်နှင့် သစ်ပင်များဖြင့်ကြီးထွားနေတာမို့ မူလတောအုပ် အစွမ်းရှိတာတော့အမှန်ပဲ


ရှန်ကျီးနန် အဝေးကြီးမသွားတော့ဘဲ ကျူခင်းထဲက ရေကန်ကိုတွေ့လိုက်သည် ခန္ဓာကိုယ်က နန်းဆောင်မှာရောက်နေတာပေမဲ့ ကျူခင်းထဲမှာထိုင်ပြီး ကျောက်တုံးပေါ်နေရောင်ကျရောက်‌နေတဲ့အချိန် သူ့ခန္ဓာကိုယ်က လွတ်လပ်သွားတဲ့ခံစားချက်မျိုး


လေတောင်လွတ်လပ်နေတဲ့အရသာလေး


လွတ်လပ်မှုက ခန္ဓာကိုယ်ဘယ်ရောက်နေလည်းနဲ့မသက်ဆိုင်ဘဲ စိတ်အတွင်းထဲမှာပဲရှိတာထင်တယ်


တစ်ယောက်တည်း ခဏလောက်နေချင်သည် 


ကျူပင်တစ်ခုကိုဆွဲနှုတ်ကာဆော့ကစားရင်း ရေကန်ပေါ် ကြိုးတို့ကြဲတဲကျရောက်နေတဲ့နေရောင်ခြည်ကိုကြည့်နေသည်


ဖုန်းနျန်နဲ့ ကျန်းယွဲ့ယင်းက ငယ်ကျွမ်းဆွေများဖြစ်ကြသည် ဒါပေမဲ့ သူဖုန်းနျန်တွေ့တာကပိုစောတယ်


အဲဒီတုန်းက ဖုန်းနျန်ကသူ့အပေါ်အရမ်းကောင်းတယ် အသက်ဆယ့်တစ်ပဲရှိသေးတဲ့အယ်ဖာက သစ်ပင်ပေါ်တက်ပြီး အနီရောင်အသီးကိုခူးစားတယ် သူ့ကိုကြ ရေထဲဆင်းပြီးငါးဖမ်းပေးခဲ့သည်


နီရဲနေသောမျက်နှာ တစ်လက်လက်တောက်ပနေသောမျက်လုံးဖြင့်သူ့ကိုကြည့်နေကာ နူးနူးညံ့ညံ့ဖြင့် “နန်နန် မင်းအရမ်းလှတာပဲ နောက်ကြရင် ငါ့အိုမီဂါလုပ်ပါလား မင်းသစ်ပင်ပေါ်ကအသီးကိုလိုချင်ရင် ငါမင်းအတွက်သွားခူးပေးမယ် မြစ်ထဲကငါးကိုလိုချင်ရင် မင်းအတွက်သွားဖမ်းပေးမယ်”


ကြည့်လေ တကယ်တော့ ဖုန်းနျန်လည်း ချိုသာတဲ့စကားတွေပြောတတ်ပါတယ်


ဘာလို့နောက်ပိုင်းကြပြောင်းလဲသွားတာလဲ


သူကဖုန်းနျန်ရဲ့အိုမီဂါဖြစ်လာပေမဲ့   ဖုန်းနျန်ကတော့ ငယ်ငယ်တုန်းကလို သူ့ကိုမရယ်ပြတော့ဘူး သူ့အတွက်နဲ့သစ်ပင်ပေါ်မတက် မြစ်ထဲမဆင်းတော့ဘူး သူ့ကိုပိုးစုန်းကြူးမဖမ်းပေးတော့ဘူး


သူ့ကိုကြယ်တွေလတွေခူးပေးရမှာ နှလုံးသားကိုသူ့ကိုပေးရမှာကို သေမတတ်မုန်းနေခဲ့တယ်


ဆယ်တစ်နှစ်ဖုန်းနျန်က ဘယ်လောက်ကောင်းလိုက်လဲ နှစ်ဆယ့်တစ်နှစ်ဖုန်းနျန်ကဘယ်လောက်ဆိုးလိုက်လဲ


လက်ထပ်ထားတဲ့နှစ်တွေမှာ ရှန်ကျီးနန်က သူ့ကိုကာကွယ်ပေးမဲ့ သူ့ကိုတစ်ဘဝလုံးချစ်ပေးမဲ့ သူ့ကို နည်းနည်းလေးမှအထိခိုက်မခံတဲ့ ကောင်လေးအကြောင်းကို ကြောင်တောင်တောင်တွေးနေခဲ့တယ်


အဲဒါတွေကဘယ်ရောက်သွားတာလဲ


ကျူပင်ကြားထဲကနေ အနက်ရောင်မြွေတစ်ကောင်ရဲ့ဦးခေါင်းကိုတွေ့လိုက်သည်


ရှန်ကျီးနန် မြွေနက်ကြီးနဲ့မျက်နှာချင်းဆိုင်ပြီးကြည့်နေမိသည်


“အားးးးးး မြွေရှိတယ်”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment