Ch-1: သတို့သမီး ပျောက်နေတယ်။
မကြာသေးခင်က လျိုယွဲ့ရွာသည် မီးရှူးမီးပန်းများ ဖောက်၍ ပျော်ရွှင်နေကြသည်။ဆူညံသံများ တစ်ရွာလုံးကျွတ် ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။
သို့သော် လွန်ခဲ့သည့် အခိုက်အတန့် ၌ တိတ်ဆိတ်မှု ရွာတစ်ရွာလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သတို့သမီးလေး..ပျောက်နေတယ်။
လင်းဂျန်အိမ်တော် တွင်နေထိုင်သော ခရိုင်တရားသူကြီး ချုစစ်ဟန်သည် အသက် ၃၀ အောက်သာ အသက်ရှင်လိမ့်မယ်လို့ တိုင်းပြည်၏နတ်ဆရာက ကြိုတင်နိမိတ်ထုတ်ခဲ့သည်။လျိုယွဲ့ရွှာ၊လုမိသားစုရဲ့သမီးနဲ့လက်ထပ်ထိမ်းမြှားမှ သူ့ကံကြမ္မာမှ လွတ်မြောက်မယ်လို့ဆိုတယ်။
လွန်ခဲ့သောရက်အနည်းငယ်က ချုအိမ်တော်သည် လုမိသားစုထံ လက်ထပ်ထိမ်းမြားလက်ဆောင်များ ပေးပို့ခဲ့တယ်။ဒီနေ့ သတို့သမီးကို ခေါ်ဖို့ရောက်လာခဲ့ကြတယ်။
သို့သော်လုမိသားစု၏လက်ထပ်ပွဲအခမ်းအနားသို့ ရောက်သောအခါ ချုမိသားစုသည် သတို့သမီး ပျောက်ဆုံးနေကြောင်း ကြားသိခဲ့ရတယ်။
ချုမိသားစုအားလုံး ဒေါသတကြီးထွက်သွားတော့သည်။
သူတို့က လုမိသားစု၏တံခါးဝင်ပေါက်မှာ ပိတ်ဆို့ကာ သတို့ သမီး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မြင်ရဖို့ခွင့်တောင်းကြတယ်။
"အသက်ရှင်နေတဲ့လူက ဘယ်လိုလုပ်ပျောက်သွားတာလဲ?"
လျိုယွဲ့ရွာသူကြီးက မျက်မှောင်ကြုံ့၍ သတို့သမီး၏ဖခင်လုဒါဟွားကိုမေးမြန်းသည်။
လာရောက်လည်ပတ်သူများမှာ ချုမိသားစုဖြစ်တယ်
လင်းဂျန်အိမ်တော်ကိုမပြောနဲ့ချုမိသားစု ကိုစော်ကားဖို့
သတ္တိမရှိပေ။လုမိသားစုသည် အဆင့်အတန်းနိမ့်သော ရွာသားများဖြစ်တယ်။
"မသိဘူး!"လုဒါဟွားက အော်ဟစ်တယ်။
စကားနားထောင်တဲ့သမီးလေး ပျောက်ဆုံးသွားလိမ့်မယ်လို့ သူမတွေးခဲ့မိဘူး။
“ဖေဖေ၊အစ်မ ပျောက်ဆုံးသွားတာက သခင်ချု ကို လက်မထပ်ချင်လို့ ဖြစ်နေမလား?။သူမ ဘာကြောင့် ထွက်ပြေးသွားတာလဲဆိုတာနဲ့ပတ်သပ်ပြီး ရှင်းနေတာပဲ။"
မိန်းမချောလေးတစ်ယောက်က မဝံ့မရဲနဲ့ဆိုသည်။
"သူမ က ငါတို့သခင်ကို လက်မထပ်ချင်ဘူးလား?"ချုမိသားစုရဲ့အိမ်ထိန်း မျက်လုံးများ ပြူးကျယ်သွားကာ"သူမသာ သခင်နဲ့လက်ထပ်မယ်ဆိုရင် ကောင်းချီးများစွာကို ရမယ်ဆိုတာ သိသင့်တယ်။"
"အဲဒါတော့ မဟုတ်ဘူး!"
မိန်းကလေးတစ်ယောက် က အပြင်းအထန် လက်ခါပြလိုက်သည်။မိန်းကလေးက ကြောက်ရွံ့သောလေသံဖြင့် မရှင်းပြခင် နှုတ်ခမ်းသပ်လိုက်တယ်။“အိမ်ထိန်းချု၊အဖေက သတိမထားပေမဲ့ အစ်မမှာ … စေ့စပ်သူရှိတယ်။သူမ အဲဒီလူကို အရမ်းကြိုက်တယ်။”
"စေ့စပ်သူ ?"
အိမ်ထိန်းချု မျက်မှောင်ကြုံ့ကာ လုဒါဟွားကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်သည်။
လုဒါဟွားမှာ နှလုံးခုန်တက်သွား၏။
သူ့သမီးမှာ စေ့စပ်ထားသူ - သွမ့်ကျန်း ရှိသည်။သူက ရွာတွင် တစ်ဦးတည်းသော ပညာတက်တစ်ယောက်ဖြစ်သည်။
သို့သော် သွမ့်ကျန်းသည် အရင်နှစ်တွင် ပညာတော်သင်အဆင့်သို့ ရောက်ရှိပြီးကတည်းကသွမ့်မိသားစုသည် လုမိသားစုနဲ့အဆက်အသွယ်ဖြတ်ဖို့ကြိုးစားတော့သည်။
လုမိသားစု သူတို့နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ဖြန့်မှာကို စိုးတာကြောင့် သူတို့ ဆန္ဒတွေကို သွယ်ဝိုက်သည့်နည်းဖြင့်ဖော်ပြကြတယ်။
သူတို့ရဲ့ပြောဆိုချက်တွေက လုရှန်းနှင့်သွမ့်ကျန်းတို့လိုက်ဖက်မှုမရှိတာသိသာလွန်းနေတယ်။
လုဒါဟွားသည် သွမ့်မိသားစု၏ပြောစကားများစွာကို နားထောင်နေရတာကြောင့် နားလေးမလိုတောင်ဖြစ်သွားခဲ့တယ်။
တကယ်တော့ သွမ့်ကျန်းသည် ရွာတွင်ပထမဆုံးအောင်မြင်သူ၊အင်ပါယာ ပြည်နယ်အဆင့်အောင်မြင်ခဲ့တယ်။အနာဂတ်မှာ အဆင့်မြင့်အရာရှိဖြစ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ?
လုဒါဟွားက ဒီလို ကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ဘာလို့ ငြင်းပယ်ရမှာလဲ?။
သို့သော် လွန်ခဲ့သောရက်အနည်းငယ်က အိမ်ထိန်းချုက ရုတ်တရက်လာရောက်ပြီး ခရိုင်တရားသူကြီးက သူတို့ရဲ့သမီးကို လက်ထပ်လိုကြောင်း အသိပေးခဲ့သည်။
ဒီသတင်းက သွမ့်မိသားစုဆီ ရောက်ရှိသွားကာ သွမ့်မိသားစုသည် စေ့စပ်ပွဲကို ဖြတ်တောက်ခဲ့တယ်။
သွမ့်မိသားစုဘက်က ရုတ်တရက် စေ့စပ်ကြောင်းလမ်းမှု ပျက်ပြယ်သွားရတဲ့အကြောင်းရင်းကို မသိပေမယ့် ဒါဟာ သူတို့ အမြဲလိုချင်ခဲ့တဲ့ ရလဒ်လည်းဖြစ်တယ်။
ဒါကြောင့် တစ်စက္ကန့်မျှ မစဥ်းစားဘဲ သူတို့ သဘောတူခဲ့သည်။
ဒီသတင်းကိုသိရှိပြီးတဲ့နောက်မှာ လုရှန်းသည် အခန်းထဲသော့ပိတ်နေပြီး တညလုံးအဆာအငတ်ခံ ငိုယိုနေခဲ့တယ်။နောက်တနေ့မှ အခန်းထဲက ထွက်ခဲ့တယ်။
သူမ လုဒါဟွားကို ချုမိသားစုကလူနဲ့လက်ထပ်မယ်လို့ကတိပေးခဲ့တယ်။
ထို့အပြင် မနေ့ညက ညစာစားနေစဥ် သူမ ရှိနေသေးသည်။
နောက်တစ်နေ့ သူမကဘယ်လိုလုပ် ပျောက်ဆုံးနိုင်မှာလဲ ?
“အဲဒါ။အတိတ်က ကိစ္စပဲ။စေ့စပ်ထားတာ တော်တော်ကြာပါပြီ”
လုဒါဟွားသည် စကားအဆုံးသတ်ပြီးနောက် မယားပါသမီးကို လူသတ်ချင်လောက်တဲ့ အကြည့်နဲ့ကြည့်လိုက်သည်။
အမျိုးသမီးလျိုသည် လုနိုင်းကို ဘေးသို့ ဆွဲခေါ် ပြီး အပြစ်တင်တယ်။“လူကြီးတွေ စကားပြောနေတယ်၊နင့်ပါးစပ်ကို ပိတ်ထား”
လုနိုင်းသည် နှုတ်ခမ်းများကို စေ့ထားကာ စကားပင် ဆက်မပြောတော့။သို့သော် ရက်စက်ယုတ်မာမှုက သူမ၏မျက်လုံးတွင် တောက်ပနေခဲ့သည်။
လုရှန်းက ဒီဘဝမှာ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး။!