no

Font
Theme

Ch-13 : မိခင်အကြောင်း

ရွာသားများလူစုခွဲသွားတော့ လုမိသားစုနဲ့ငိုနေတဲ့ လုဂျန်နဲ့လုရှင်း က လွဲ၍ တိတ်ဆိတ်သွားခဲ့သည်။

လုရှန်း လုဒါဟွားကို လျစ်လျူရှုပြီး ရေတွင်းထဲက ရေတစ်ချို့ကို ယူလာကာ သူမရဲ့အခန်းဆီ သယ်သွားသည်။ရေမိုးချိုး အဝတ်အစားလဲပြီးမှ အခန်းထဲမှ ထွက်လာသည်။

ခြံဝင်းထဲတွင် လုဒါဟွားက လုဂျန်နဲ့လုရှင်း ကို နှစ်သိမ့်ပေးနေသည်။ကလေးနှစ်ယောက်လုံးသည် ငုတ်တုတ်ထိုင်ကာ ပေါင်းပင်များကို ဆွဲနေကြသည်။

လုဒါဟွားကတော့ သူမ ထွက်လာတာကို စောင့်နေသလိုနဲ့ဝင်းထဲ ထိုင်နေသည်။

လုရှန်းသည် သူမရဲ့နေရာလွတ်လက်ကောက်မှ သိမ်းဆည်းထားတဲ့ မျက်နှာသုတ်ပဝါကို အသုံးပြုပြီး ဆံပင်ခြောက်အောင်သုတ်ရင်း ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ဘေးတွင် ဝင်ထိုင်သည်။

လုဒါဟွားက ဒီလို အပြုအမူကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်လို့ သံသယဖြစ်စရာကောင်းသည်လို့ ခံစားနေရသည်။

အရင်တုန်းကတော့ လုရှန်း က သူပြောသမျှကို နာခံသည်။သို့သော် သူမ ဒီနေ့ အနည်းငယ်ထူးဆန်းနေသည်။

လုရှန်းကဘာမှမသိနားမလည်စွာပြောလိုက်သည်။"ရေကန်ထဲ ရေကူးခဲ့တာ အနီးနားရွာက တဲလေးတစ်လုံးမှာနေခဲ့တယ်။မနေ့ညက အမေ့အကြောင်း အိပ်မက်မက်တယ်။"

လုဒါဟွားသည် အံ့ဩသွားသည်။ဒီနေ့ ယဇ်ပုရောဟိတ်နဲ့စုန်းမ ပြောတာ သတိရသွားပြီး ချက်ချင်း အပြစ်ရှိသည်လို့ ခံစားလိုက်ရသည်။

"မင်းအမေအကြောင်း အိပ်မက်မက်ခဲ့တယ် ? မင်းအမေ ဘာပြောလဲ?"

လုရှန်း ခေါင်းလှည့်ပြီး လုဒါဟွား ကို တိတ်တဆိတ် စိုက်ကြည့်သည်။

လုဒါဟွား,မှာ ချက်ချင်း စိုးရိမ်လာသည်။

ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေ၏။လုရှန်း က"အမေက အဲဒီနှစ်အအေးမိတယ်လို့ တိုးတိုးလေးပြောတယ်။သို့သော် အဖေနဲ့အမျိုးသမီးလျို က သူ့ဆေးထဲကို အာဆင်းနစ်ထပ်ထည့်ခဲ့တယ်။"

လုဒါဟွားရဲ့စိတ်က ချက်ချင်းပင် လွတ်ထွက်သွားတော့သည်။

ဒီနှစ်အတွင်း အမျိုးသမီးဟဲ က လုရန်နဲ့လုရှန်း တို့ကို ကြာပန်းအစေ့များရိတ်သိမ်းရာတွင် ကူညီရန်အတွက် သူ့မိသားစုထံ ပြန်ခေါ်သွားခဲ့သည်။သူသည်အထီးကျန်မှုကိုသည်းမခံနိုင်တော့ဘဲ အမျိုးသမီးလျိုနဲ့ရင်းနှီးခဲ့သည်။

ပညာရှိစကားအတိုင်း ပထမအကြိမ်ပြီးရင် ဒုတိယအကြိမ်ဖြစ်မှာ သေချာသည်။

အမျိုးသမီးဟဲသည် ရိုးသားတဲ့ အမျိုးသမီးဖြစ်သည်။သူက စည်းမျဥ်းစည်းကမ်းများကို လိုက်နာတာမို့ လူအများနှစ်သက်ပြီး အမျိုးသမီးလျို လောက် မတော်ပါ။

လုဒါဟွားသည် အမျိုးသမီးလျိုနဲ့အချိန်ပိုကြာလေလေ အမျိုးသမီးဟဲ ကို မနှစ်သက်လေလေဖြစ်လာသည်။

အမျိုးသမီးဟဲ အအေးမိနေသည် ဟု အမျိုးသမီးလျို ကြားတော့ အမျိုးသမီးဟဲ ကို အဆိပ်ခတ်ဖို့ စည်းရုံးခဲ့သည်။

တစ်နည်းနည်းနဲ့တော့ အာဆင်းနစ်ကို အမျိုးသမီးဟဲရဲ့ဆေးထဲကို နေ့တိုင်းထည့်ဖို့ ညွှန်ကြားခဲ့သည်။

ဒီအရာက နှစ်ပေါင်းများစွာထဲက သူ့နှလုံးသားထဲ အကြီးမားဆုံးသော တွင်းဖြစ်သည်။

သူ့သမီးရဲ့စကားကြားတော့ မနေ့ညက အိမ်မှာ သရဲတစ္ဆေနဲ့တွေ့သည်လို့ အမျိုးသမီးလျို ပြောတာကို ရုတ်တရက် သတိရသွားသည်။အအေးဓာတ်က သူ့ကျောရိုးကို ပြေးဆင်းသွားလေသည်။

လုဒါဟွားကသူ့ကိုယ်သူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားကာ အချိန်အတော်ကြာပြီးနောက်"မင်းအမေ ဘာပြောသေးလဲ"လို့ တိုးတိုးလေးမေးလိုက်၏။

"ကိုယ့်ကိုကိုယ် မလှည့်စားရင် နေ့တိုင်းပြန်လာပြီး မိသားစုကို မငြိမ်မသက်ဖြစ်အောင်လုပ်မယ်လို့ပြောတယ်။အဖေနဲ့အမျိုးသမီးလျို ဆီက အသက်စွမ်းအင်တွေကိုတောင် စုပ်ယူလိုက်တဲ့အတွက် အဖေရဲ့သက်တမ်းက လျော့ကျသွားပြီးနှစ်ယောက်စလုံး ငရဲကို စောစောစီးစီးသွားရလိမ့်မယ်တဲ့”

သူမရဲ့အသံက အလွန်ငြိမ်သက်နေပေမဲ့ လုဒါဟွားက အန္တရာယ်ရှိသောအရာတစ်ခုကို ခံစားနိုင်သည်။

ခြံဝင်းထဲ ရုတ်တရက် လေအေးတွေ တိုက်သွား၏။လုဒါဟွားမှာကြောက်လန့်တကြား တုန်လှုပ်သွား၏။

လုရှန်း က ဘာမှမပြောဘူးဆိုရင် သူသိပ်ဂရုစိုက်မိမည်မဟုတ်ပါ။သို့သော် သူမနှင့်စကားပြောပြီးနောက် အမျိုးသမီးဟဲ သူ့နောက်တွင်ရပ်နေပြီး ဆိုးသွမ်းသောအကြည့်နဲ့သူ့ကိုစိုက်ကြည့်နေသလိုမျိုးခံစားရသည်။

လုဒါဟွားက တံတွေးမျိုချ၍ပြောလာသည်။ဒါ အိပ်မက်တစ်ခုပဲလေ။ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ ဘယ်လိုရှိနိုင်မလဲ။"

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"လုရှန်း ပြုံးလိုက်ပြီး သူမ ခေါင်းကို နောက်ပြန်လှည့်ကာ တိတ်ဆိတ်ထွက်သွားသည်။

သို့သော် လုဒါဟွားသည် ဒီအကြောင်းကို ပိုတွေးလေလေ၊ပိုစိုးရိမ်လာသည်။သူ့နောက်ကျောက အေးစက်လာသလို ခံစားရသည်။

လုရှန်း သည် လျစ်လျူရှုထား၏။

နောက်တစ်ခုက ကြောက်စရာအကောင်းဆုံး ညှဥ်းပန်းနှိပ်စက်မှုမှာ မိမိကိုယ်ကို နှိပ်စက်ညှဥ်းပန်းခြင်း ဖြစ်သည်။

ဒါကြောင့် မနေ့ညက အိမ်မှာ သရဲခြောက်ပြီး ဒီနေ့ ယဇ်ပုရောဟိတ်နဲ့စုန်းမကြီး ပြောသောစကားကြောင့် လုရှန်းသည် လုဒါဟွားက နောက်ထပ် ရက်အနည်းငယ်သာ ထိန်းထားနိုင်မယ်လို့ ယုံကြည်သည်။

"ရှန်ရှန်း အဖေနဲ့အတူ ချုမျိုးရိုး ဆီ သွားဖို့ ဘာလို့အဝတ်အစားအသစ်မလဲတာလဲ?"

လုဒါဟွားသည် ငွေငါးရာထက် ဘာမှ အရေးမကြီးဘူးလို့ ခံစားရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment