no

Font
Theme

Ch2 : သူတောင်းစားအပေါ် အမှားကျုးလွန်ခြင်း။

ဒီလိုအချိန်တွင်ပျောက်ဆုံးသွားပြီလို့ ထင်နေတဲ့ လုရှန်းသည် ဟောင်ရန်မြို့ထဲ ပန်သီးစားရင်း ပေါ့ပေါ့ပါးပါး ဈေးဝယ်ထွက်နေ၏။

ရေကန်ထဲ ရေကူးပြီး ရွာရှေ့က ပျက်စီးနေတဲ့ အိမ်တစ်လုံးထဲဝင်ကာ မီးပုံရှေ့ ၌တညကုန်ဆုံးခဲ့သည်။မနက်မိုးလင်းမှ လျိုယွဲ့ရွာမှ ထွက်ခွာလာခဲ့သည်။

ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဥာဏ်အရ လူသတ်သမားရဲ့လုပ်ရပ်ကြောင့် သေဆုံးသွားတယ်ဆိုသည့်အကြောင်းအရင်း ပေးခဲ့တယ်။

ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ညီမ၊လုနိုင်းသည် သူမနဲ့အစားထိုးပြီး ခရိုင်တရားသူကြီးနဲ့လက်ထပ်ချင်လို၏။

ဒါကြောင့် ခန္ဓာကိုယ် ပိုင်ရှင်ရဲ့မိထွေးဖြစ်သူ အမျိုးသမီးလျိုနှင့်ပူးပေါင်းခဲ့တယ်။ညသန်းခေါင် ခန္ဓာကိုယ်ပိုင်ရှင် အိပ်ပျော်သွားချိန် သူတို့နှစ်ယောက်က အသက်ရူကြပ်အောင်လုပ်ခဲ့သည်။ထို့နောက် သူမကို ရေကန်ထဲသို့ ပစ်ချခဲ့သည်။

ကျေးဇူးတင်ရမှာက သူမက ဒီနေရာကို အမြန်ရောက်ရှိခဲ့လို့ မဟုတ်ရင် ခန္ဓာကိုယ် ပြိုလဲသွားလိမ့်မည်။

သူမ သည် ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစားနေချိန် ဓာတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်မှာ သူမ ကူးပြောင်းလာသည်ကိုသိခဲ့သည်။

သူမ ရေကန်ဘေးတွင် အကြာကြီးထိုင်နေခဲ့ပြီး ဖြစ်ပျက်ခဲ့သည်များကို လက်ခံခဲ့တယ်။

လောလောဆယ် လျိုယွဲ့ရွာ ကို မပြန်ချင်သေးပါ။ခန္ဓာကိုယ် ပိုင်ရှင်ဟာ အဲဒီမှာ အချည်းအနှီးသေဆုံးသွားခဲ့သည်။

အမျိုးသမီးလျိုနဲ့လုနိုင်းတို့ သူတို့ရဲ့ရာဇ၀တ်မှုကို စိတ်လိုလက်ရ ဝန်ခံခွင့်မှ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့စိတ်ဝိညာဥ်ကို အေးချမ်းမှု ပေးနိုင်မှာဖြစ်တယ်။

"ဒီအသားထုပ်က ဘယ်လောက်လဲ?"

လုရှန်းသည် ပေါင်မုန့်ဆိုင်တစ်ဆိုင်ရှေ့ကို ဖြတ်သွားချိန် စားချင်စိတ်တွေ မထိန်းနိုင်ဖြစ်ပြီး သရေကျလာမိသည်။

သူမရဲ့ဆရာ သူမကိုပေးခဲ့တဲ့ နေရာလွတ်လက်ကောက်ထဲ ဟင်းသီးဟင်းရွက်များ၊ငါးအရှင်များ၊ပုစွန်အရှင်များရှိသည်။

သူမ သည် မနေ့ညက ငါးကင်စားခဲ့ပြီး ဒီနေ့ အသားမုန့်ကို အနံ့ခံမိပြီး သူမ၏ဗိုက်ကျယ်လောင်လာသည်။

သူမသည် ဆရာနဲ့ကုန်စုံဆိုင်သွားတုန်းက ဝက်သားကို ဗိုက်သားများများဝယ်ပြီး လက်ကောက်ထဲ ထည့်ထားသင့်တယ်လို့တွေးမိသည်။

“ဒီသူတောင်းစားက ဘယ်ကရောက်လာတာလဲ။ကျေးဇူးပြုပြီး ချထားပါ။"

ပိုင်ရှင်က စိတ်မရှည်စွာ ကြည့်နေသည်။သူ့အမူအရာက စိတ်အနှောက်အယှက်ဖြစ်စေသော ယင်ကောင်တစ်ကောင်ကို လိုက်ဖမ်းနေသည့် လူနှင့်တူ၏။

လုရှန်း ခေတ္တရပ်လိုက်ပြီး ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်တယ်။

ထိုပုံစံကိုကြည့်ရင်း သူမကိုယ်တိုင်က ဘာပြောရမှန်းမသိ ဖြစ်သွား၏။

သူမရဲ့အဝတ်အစားတွေက စုတ်ပြဲနေပြီး ဖိနပ်တစ်ဖက် လည်း ပျောက်ဆုံးနေ၏။

ထို့နောက် သူမ မှန်သေးသေးလေးကို ထုတ်ကာ သူ့ကိုယ်သူ ကြည့်လိုက်သည်။

သူမ၏မျက်နှာငယ်လေးသည် ညစ်ပေနေပြီး နှစ်ပေါင်းများစွာ မျက်နှာမသစ် ခေါင်းမဖြီးထားသလို စုတ်ပြတ်နေ၏။

သူမကမှန်ကို တိတ်တိတ်လေး ပြန်သိမ်းပြီး အမဲသားပေါင်မုန့်ကို ကြည့်ရင်း နောက်တဆိုင်သို့သွားသည်။

နောက်တစ်ဆိုင်မှာလည်း အသားမုန့်တွေ ရောင်းတယ်။သို့သော် ဒီဆိုင်ပိုင်ရှင်က သူမကို မနှင်ထုတ်ခဲ့ပဲ စက္ကူအိတ်ထဲကို အသားမုန့်နှစ် ခုတောင် ထည့်ပေးခဲ့လိုက်တယ်။

“သမီး။ဗိုက်ဆာနေတာဖြစ်မယ်။ဒါသမီး အတွက်ပါ။"

"ကျေးဇူးတင်ပါတယ်!"

လုရှန်း စားနေတဲ့ ပန်းသီးက အစေ့တစ်စေ့လောက်အရွယ်သာ ကျန်တော့တယ်။သူမသည် ပန်းသီးအားအမှိုက်များပြည့်နေပြီး ဝါးနဲ့ပြုလုပ်ထားတဲ့ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်၏။

ထို့နောက် သူမ ပြုံး၍ အသားပေါက်စီ ကိုယူရန် လက်ကိုဆန့်လိုက်တယ်။ထို့နောက် အိတ်ကပ်အတွင်းမှ ကြေးပြား ထုတ်ကာ ဆိုင်ပိုင်ရှင်ကိုပေးလိုက်တယ်။

ဈေးဆိုင်ပိုင်ရှင် အံ့အားသင့်သွားတယ်။

“သမီး။အသားမုန့်တစ်ခုကို ကြေးပြားတစ်ခု"

"တကယ်လား?"လုရှန်းသည်သူမ၏ခြေလှမ်းများ ကို နောက်ပြန်ဆုတ်လိုက်ပြီး ဆိုင်ပိုင်ရှင်ကို ပြုံးပြသည်။"ဒါဆို သမီး အတွက် နောက်ထပ် အသားမုန့် ၂ ခု ထုပ်ပေးပါ"

“ကောင်းပြီ!”

ငွေသိမ်းပြီးနောက် ဈေးဆိုင်ပိုင်ရှင်က သူမအတွက် နောက်ထပ် အသားမုန့်နှစ်ခု ကို ပျော်ရွှင်စွာထုပ်ပိုးပေးခဲ့တယ်။

လုရှန်းသည် ပထမ အသားဆိုင်မှ ပိုင်ရှင်၏ငိုကြွေးသံကြားရတယ်။“သူတောင်းစားတောင်မှ အခုအသားပေါင်မုန့်ကို စားနိုင်နေပြီ။ဘယ်လောက်ကံမကောင်းလိုက်တာလဲ!"

လုရှန်းသည် ထိုစကားကြားသောအခါ မျက်ခုံးပင့်လိုက်သည်။

ထို့နောက် သူမ အဝါရောင်ဂါထာစာရွတ် ကို ဆွဲထုတ်ကာ စကားလုံးအချို့ကို တီးတိုးရွတ်ဆိုလိုက်သည်။

လမ်းသွားလမ်းလာတွေက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။

ခဏကြာတော့ သူ့လက်ထဲက အဝါရောင်စက္ကူ ဟာ ရုတ်တရက် မီးလောင်သွာပြီး ပြာအဖြစ်ပြောင်းလဲသွားပေမဲ့ ဘယ်သူမှ သတိမထားမိလိုက်ပေ။

အဝါရောင်ပြာများ လောင်ကျွမ်းသွားသောအခါ သူမ၏နှုတ်ခမ်းတွင် မကောင်းသော အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

သူ့ဆရာက လူတိုင်းမှာ သူတို့ရဲ့နေထိုင်မှုပုံစံရှိတယ်လို့ တစ်ခါက ပြောဖူးတယ်။အခြားသူများတွင် သဘောထားကွဲလွဲခွင့်ရှိသော်လည်း လေးစားလိုက်နာရဆဲဖြစ်သည်။

ပထမဆိုင်ပိုင်ရှင်သည် အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံ့သည်။ဒုတိယဆိုင်ပိုင်ရှင်က ကြင်နာတတ်ပြီး မကောင်းမှုကို ကြောက်သည်။

လုရှန်း ထွက်သွားပြီးနောက် ပထမဆိုင်ကအသားမုန့်တွေမရောင်းရဘဲ ဒုတိယဆိုင်က မကြာခင်အသားမုန့် အားလုံး ရောင်းထွက်သွားခဲ့တယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment