Ch-20 : ဝိညာဉ်များကိုပို့ဆောင်ခြင်း။
တကယ့်ကို ထူးဆန်းတယ်။
အမျိုးသမီးလျို သည် သူ့သား လုဂျန် ကို သိပ်စိတ်မပူပဲ လုနိုင်း ကို ပိုဂရုစိုက်သည်။
ဒါ့အပြင် လုနိုင်း က အိမ်မှုကိစ္စတွေကို လုပ်စရာမလိုဘူး။သူတို့ မူလ လုရှန်းကိုခိုင်းသည်။
အသက်ငါးနှစ်အရွယ်သာရှိသေးတဲ့ လုဂျန် သည် ရွာရှိ အခြားကလေးများနဲ့အတူ တောထဲမှထင်းများကို စုဆောင်းရသည်။
လုဂျန်နဲ့လုရှင်း အပေါ် အမျိုးသမီးလျို ရဲ့ သဘောထားကို သူမ ပြန်သတိရမိသည်။သူတို့နှစ်ယောက်ကအမျိုးသမီးလျို ရဲ့ သားသမီးအရင်းများ မဟုတ်ဘူးဟု လုရှန်း သံသယဖြစ်မိသည်။ ။
"ဒီနေ့ မင်းအတွက်ပဲ မြန်မြန်စားလိုက်။ အေးလာရင် အရသာရှိတော့မှာ မဟုတ်ဘူး။"
"ညီမလေး အရင်စား!"
လုဂျန် က ကြက်ဥအကာတစ်စိတ်တစ်ပိုင်းကို ဖြတ်ပြီး လုရှင်း ကိုကျွေးသည် ။
ဆန်ပြုတ် က ပူနေတုန်းပဲ၊ လုရှင်း ဒါကို စားရတာ သဘောကျသည်။
လုရှန်း စားတာကိုမြင်ပြီးနောက် လုဂျန် လည်း ဂရုတစိုက်ကိုက်သည်။
"စားစရာ!"
"ဒါက စားဖူးသမျှ အရသာအရှိဆုံးပဲ"
လုရှန်းရယ်မောရင်း"ပေါင်းမြက်ရှင်းဖို့ ကြိုးကြိုးစားစားလုပ် အရသာရှိတဲ့ အစားအစာတွေက အနာဂတ်မှာလာလိမ့်မယ်။”
ဗိုက်ဖြည့်ပြီးနောက် သုံးယောက်သား မြက်ပင်များကို ဆက်ပြီး ပေါင်းသင်ကြသည်။
လုရှန်း ကောင်းသောနေ့လည်ခင်းတစ်ခုလုံး အလုပ်ပြီးအောင်လုပ်ရင်း ကုန်ဆုံးနေခဲ့သည်။
နေရာလွတ်လက်ကောက်တွင် အစားအသောက်များစွာပါရှိသည်။ အာလူးအနည်းငယ်ကိုထုတ်ပြီး အတုံးလေးတွေဖြစ်အောင်လှီးသည်။ ခရမ်းချဥ်သီးအချို့ကို အစေ့တွေကိုယူပြီး စိုက်ပျိုးရန်ပြင်ဆင်သည်။
"ဒုတိယအစ်မ၊ ဒါဘာတွေလဲ"
မြက်ပင်များကို ပေါင်းသတ်ပြီးနောက် မောပန်းနွမ်းနယ်နေသော နေ့လယ်ခင်းအချိန် တွင် လုဂျန် အမျိုးသမီးလျို နဲ့ လုနိုင်း တို့အကြောင်းကိုမေ့သွားသည်။ သူ လုရှန်းရဲ့ လက်ပေါ်က ပစ္စည်းများကို စူးစမ်းချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။
လုရှန်း ပြုံးပြီး ပြန်ပြော၏။"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထူးဆန်းတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ဒီပစ္စည်းတွေက စားလို့ရတယ်တဲ့ ။ သူက စိုက်ဖို့ အစေ့တချို့ ပေးခဲ့တာ"
"ဒါပေမယ့်။ ဒါတွေကို ခွဲလိုက်ပြီလေ။ သူတို့ အသက်ရှင်နေသေးလား"
လုဂျန် စိုးရိမ်သောကဖြင့်ကြည့်နေ၏။
"စိုက်လို့ရသေးတယ်တဲ့"
လုရှန်း စကားပြောရင်းနဲ့ မောင်နှမ ကို ခရမ်းချဥ်သီးတစ်ဝက် ဝေငှလိုက်သည်။
"ရှင်းရှင်းက ဒီဟာရမယ်"
လုရှင်း က သုံးနှစ်အရွယ်သာရှိသေးပြီး ထိုအစားအစာအမျိုးအစားများကို တခါမှမစားဖူးပါ။ လုရှင်း ယူလိုက်ပြီး ဆုပ်ကိုင်ကာ ခေါင်းငုံ့ စားသည်။
သို့သော်လုရှင်း ချက်ချင်းမျက်မှောင်ကြုံ့ကာ လုရှန်းကို"ဒုတိယအစ်မ ဒါ ချဥ်တယ်"
လုရှန်း နဲ့လုဂျန် လည်း မထိန်းနိုင်ပဲ ရယ်မောတယ်။
လုရန် ရုတ်တရက် တံခါးကိုဖွင့်လိုက်ချိန် နှ စ်ယောက်သား ရယ်မောသံများ ချက်ချင်းရပ်သွားသည်။
လုရှန်း ချောင်းဟန့်ပြီးပြုံးတယ်။"အစ်ကို နိုးပြီလား ? အစ်ကို့အတွက် အစားအစာ မီးဖိုချောင်မှာရှိတယ် ။”
"ကောင်းပြီ။"
လုရန် မီးဖိုချောင်ကို လျှောက်မသွားမီ တိုးညှင်းသော အသံဖြင့် ပြန်ဖြေသည်။
သူတကယ် ဆာလောင်နေ၏။သူ့အခန်းထဲ တနေကုန်နေခဲ့သည်လေ။
ညစာစားချိန် လုရှန်း အာလူးအခွံခွာပြီး အအေးခံထားတဲ့ အာလူးကို ရမ်းချဥ်သီး၊ ကြက်ဥနဲ့မွှေသည်။
လုရန် သံသယဖြစ်နေပေမဲ့ သူမကိုမမေးပါ။
လုမောင်နှမတွေရဲ့ ပထမဦးဆုံး အကြိမ် ဒီလိုအစားအစာကို စားဖူးတာဖြစ်သည်။
ညဘက်တွင် လုရှင်း အမျိုးသမီးလျို ကို တပြီး အော်ဟစ်ငိုကြွေးခဲ့ပေမဲ့ မကြာခင် အိပ်ပျော်သွားခဲ့သည်။
လုဂျန် က အမြဲတမ်း ဥာဏ်ရည်ထက်မြက်သော ကောင်လေးတစ်ယောက်ဖြစ်သည်။ ရွာသားတွေရဲ့ သဘောထားကို မြင်တော့ တစ်ခုခုကို အနည်းနဲ့အများ နားလည်သည်။ ထို့ကြောင့် သူ အော်ဟစ်တာတွေ ဝုန်းဒိုင်းကြဲတာတွေ မလုပ်။
လေထန်သောည။
လုရှန်းက သူမရဲ့ အခန်းထဲတွင်မအိပ်သေးပေ။သူမသည်အမျိုးသမီးဟဲ နဲ့ မူလပိုင်ရှင်ရဲ့ ဝိညာဥ်များကို အမျိုးသမီးလျို စီလွှတ်ဖို့ ပြင်ဆင် ထားသည်။
သူမ အဝါရောင် ဂါထာစာရွက်ကိုထုတ်ပြီး လက်ညှိုးကိုကိုက်သည်။ ထို့နောက် သူမရဲ့ သွေးတွေနဲ့ အဝါရောင် ဂါထာစာရွက်ပေါ်ကို ရှုပ်ထွေးတဲ့ အက္ခရာတစ်ခု ရေးဆွဲလိုက်သည်။
ပြီးတော့ သူမ မြေပြင်ပေါ်က အဝါရောင်ဂါထာစာရွက်ချထားပြီး မျက်လုံးမှိတ်ကာ"သွေးကိုလမ်းပြ အဖြစ် သင်္ကေတများဖြင့် လမ်းခင်းပါ။ဟောင်ချန် အမြန်ဖွင့်ပြီး ဝိညာဥ်များကို အိမ်တော်ဆီ ပြန်ပို့ပေးပါ!"
အဝါရောင်ဂါထာစာရွက်ပေါ် ထူးဆန်းတဲ့ အနီရောင် အလင်းတန်းကို ထွက်ပေါ်လာပြီး မြေပြင်ပေါ်မှာ မှောင်မိုက်တဲ့ တွင်းပေါက်တစ်ခု ပေါ်လာ၏။
ထိုတွင်းပေါက်သည် အဆုံးမရှိသလို ပြင်းထန်သော သရဲတစ္ဆေအော်သံများဖြင့် နစ်မွန်းနေသည်။
လုရှန်းက သူတို့နှစ်ယောက်ကရဲ့ ဝိညာဥ်များပါတဲ့ ကမ္ပည်းပြားကို ထုတ်ပြီး တွင်းပေါက်ဝတွင် ကပ်လိုက်သည်။ ဂါထာစာရွက် ချက်ချင်း ပျက်စီးသွား၏။
အမှောင်တွင်းရဲ့စုပ်ယူခြင်းခံရပြီး ဝိညာဥ်နှစ်ကောင် နှင့် တွင်းပေါက်သည်လည်းပျောက်ကွယ်သွား၏။ နောက်ဆုံးတော့ အခန်း သည် အရင်ပုံစံအတိုင်း ပြန်ဖြစ်သွား၏။
ဝိညာဥ်များကို လွှတ်ပြီးနောက် လုရှန်း အခန်းထဲအိပ်ဖို့ပြင်သည်။