Ch-3 :လက်ဆောင်ပေးသူတောင်းစား
အခုလေးတင်မီးလောင်သွားတဲ့ အရာက က သူမကိုယ်တိုင်ရေးဆွဲထားတဲ့ လူတစ်ယောက်ရဲ့ကမ္ပည်းဖြစ်တယ်။
သူမရဲ့ဆရာ က ကျင့်ကြံသူတစ်ယောက်။အရာအားလုံးကို မှတ်မိနိုင်တဲ့ အချိန်ကစ၍ သူမ ဆရာနဲ့အတူ ကျင့်ကြံခဲ့သည်။
သူမသည် ဆရာရဲ့အဆင့်ကိုမမှီသော်လည်း သူမရဲ့ဆရာ က ကျင့်ကြံခြင်းတွင် သူမရဲ့အရည်အချင်းကို အသိအမှတ်ပြုခဲ့သည်။
သင့်လျော်သောအရာများကို သင်ယူဖို့ ငြင်းဆိုတိုင်း သူမရဲ့ဆရာက သိမ်ဖျင်းသောသဘောထား မှတ်ချက်အမြဲပေးတက်သည်။သူမ ရိုးစင်းသော အကျင့်ဆိုးများနှင့် ယုတ်မာသောလှည့်ကွက်များကို အမြဲလေ့လာရန် ကြိုးစားတက်သေးသည်။
ဟား!
တကယ်လို့ သူမ ဆရာရဲ့စကားကို နားထောင်ပြီး ထမင်းစားရန်တစ်ယောက်တည်း အပြင်မထွက်ခဲ့ရင် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် နောက်ဆုံးသေဆုံးမှုကို ရှောင်ရှားနိုင်လိမ့်မည်။
ကျေးဇူးတင်ရမှာ က ဘုရားသခင်သည် သူမအား အခြားအသက်တစ်ခုကို ကောင်းချီးပေးခဲ့တယ်။
သူမရဲ့ကြင်နာတတ်တဲ့ စရိုက်ကြောင့် ဖြစ်မယ်။
လျိုယွဲ့ရွာတွင် လုရှန်း ကို ရှာဖွေနေဆဲဖြစ်တယ်။
သို့သော် လုရှန်းသည်ခေါက်ဆွဲဆိုင်ရှေ့ မုန့်ထုပ်ကိုင်ထားပြီး လက်ဖဝါးပေါ် ရှိကြေးပြားနှစ်ပြားကို ကြည့်နေတယ်။
သူမ လမ်းဘေး နံရံဘေးမှာ ထိုင်ကာအနားယူချိန် အမျိုးသမီးတစ်ယောက်က သူမ ဆီကြေးပြား ၆ ပြားပစ်ချပေးခဲ့သည်။
အိမ်က အမြန်ထွက်လာတာမို့ ကြေးပြားအလုံအလောက်မပါသောကြောင့် နောက်တစ်ကြိမ် ပြန်ဆုံကြရင် ထပ်ပေးမယ်လို့လည်းပြောခဲ့သည်။
ဒါ့အပြင် ထိုအမျိုးသမီးက သူ့အစေခံ ကို လုရှန်း ကို ပန်းသီးတစ်လုံးပေးခိုင်းခဲ့တယ်။စောစောက သူမ စားခဲ့တဲ့ ပန်းသီးဖြစ်တယ်။
သူ့ဆရာ က"လူသည် အလွန်လောဘမကြီးသင့်"လို့ တစ်ခါကပြောဖူးတယ်။လုရှန်းက သူမမှာ မုန့်တွေရှိပြီးသားမို့ မုန့် မတောင်းသင့်သည်ကိုသိသည်။
သူမကိုယ်သူမယုံကြည်၍ သက်ပြင်းချလိုက်ကာ ကျန်ကြေးပြား နှစ်ပြားကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်တယ်။
ဘဝက ခက်ခဲလွန်းတယ်!
လုရှန်းသည် ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်တယ်။စောသေးသည်။မှောင်တော့မှ လျိုယွဲ့ရွာ ကို ပြန်တော့မယ်။
နောက်ပိုင်း လေပြင်းများတိုက်ခတ်လာမယ်လို့ ခန့်မှန်းမိသည်။ညဘက်တွင် သူမအလိုရှိရာကို လွယ်ကူစွာလုပ်ဆောင်နိုင်သည်။
"သခင်မလေး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ထမင်းကျွေးပါ!"
လုရှန်း ဖြတ်သွားစဥ် လူတစ်ယောက်က ရုတ်တရက် သူမခြေထောက်ကို ပွေ့ဖက်တယ်။
အဘွားအိုတစ်ဦးသည် သူမ၏အသားမုန့်ကို ဆာလောင်စိတ်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အဘွားကြီးဘေးတွင် ကောင်လေးတစ်ယောက် ရပ်နေတယ်။သူ့မျက်နှာက ညစ်ပတ်နေပေမယ့် သူ့မျက်လုံးတွေက ကြည်လင်တောက်ပ၏။
ကောင်လေးက လုရှန်း ကို ကြည့်၍ပြောသည်။"အဘွား လူမှားပြီး။တောင်းနေတယ်။သူမကလည်း သူတောင်းစားပဲ။"
လုရှန်းမှာ စကားမပြောနိုင်အောင်ဖြစ်သွား၏။
ထိုစကားကိုကြားသောအခါ အဘွားကြီးသည် လုရှန်း ကို စိုက်ကြည့်ပြီးနောက် လွှတ်ပေးလိုက်တယ်။
အဘွားအိုက ရှက်ရွံ့သောအမူအရာဖြင့်ပြောသည်။"အဖွားကမျက်စိမှုန်တဲ့အတွက် အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။သမီးလည်း အဖွာတို့လို သနားစရာကောင်းတဲ့လူဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။"
စကားလုံးများကြောင့် လုရှန်းသည် နှုတ်ဆိတ်သွားပြန်တယ်။
“ယူပါ။”
တခဏမျှတုံ့ဆိုင်းသွားပြီးနောက် လုရှန်းသည် အဘွားအိုအား သူမမှာ ရှိတဲ့ မုန့်၂ ခု ကို တွန့်ဆုတ်စွာ ပေးလိုက်သည်။
လုရှန်း သက်ပြင်းချမိသည်။
‘ငါတကယ်ကို ကြင်နာလွန်းတယ်။’
သူမနှင့်ဆန့်ကျင်ဘက် စားသောက်ဆိုင်တွင် အဖြူရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးသည် ဒုတိယထပ် တွင် ထိုင်နေသည်။ထိုမြင်ကွင်းကို မြင်တွေ့ခဲ့တယ်။သူရဲ့နဂိုက ငြိမ်သက်နေသော မျက်လုံးများ စိတ်ဝင်စားမှုနဲ့ပြည့်နှက်နေ၏။
"သခင် ဘာကြည့်နေတာလဲ?"
ခရိုင်တရားသူကြီးဝတ်စုံ ဝတ်ဆင်ထားသော အဆင့်မြင့်အရာရှိတစ်ဦးသည် သာမန်အားဖြင့် ငြိမ်သက်စွာရှိသူဆိုပေမဲ့ ရယ်မောနေသည်ကိုမြင်တော့ သူရဲ့သိချင်စိတ်ကို ထိန်းမနိုင်တော့ပေ။
အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ လူငယ်ရဲ့နောက်လိုက်ကမတက်နိုင်ပဲအောက်ငုံ့ကြည့်သည်။
သို့ပေမဲ့ ငယ်ရွယ်သောသူတောင်းစား မုန့်စားနေတာကို မြင်ရသည်။ဘာမှ မထူးခြားပေ။
“ဘာမှမဟုတ်ဘူး။”
အဖြူရောင်ဝတ်စုံဝတ်ထားသည့်လူငယ်ကတည်တည်ငြိမ်ငြိမ်ပြန်ကြည့်တယ်။ထို့နောက် မတ်တပ်ထရပ်ကာပြောလာသည်။"နောက်ကျနေပြီ။ငါသွားဖို့ကိစ္စရှိတယ်။ငါ အခု သွားတော့မယ်။"
“ကောင်းပြီ!”
ထိုလူ၏စကားကိုကြားသောအခါ သူ အလျင်အမြန်ထရပ်ကာ အနောက်သို့လိုက်လာခဲ့သည်။
ချုစစ်ဟန် ထွက်လာသောအခါတွင် အခြားသူတောင်းစားအား အစာကျွေးပေးသော ကြင်နာတတ်သော သူတောင်းစားကို တွေ့လိုက်ရသည်။သူမသည် ခေါင်းစောင်းနေပြီး ပါးစပ်ထဲမှာ မိုးမခသစ်ရွက်ကိုက်ကာ တံတားပေါ်မှာ ရပ်နေ၏။သူမ ဘာတွေးနေသလဲ မသိပေ။