Ch-6 : လုမိသားစု ရှိ သရဲများ
လုရှန်း ကိုယ်ပေါ် ကိုယ်ပျောက်ဂါထာစာရွက်ကို တင်လိုက်သည်နှင့်တပြိုက်နက် ချက်ချင်းပျောက်ကွယ်သွားသည်။
လုရှန်းကလုနိုင်း ရှိတဲ့ အခန်းကို လျှောက်သွားကာ အချိန်ကို တွက်ချက် ပြီး တံခါးကို သုံးကြိမ်ခေါက်လိုက်သည်။
"လာပြီ…။"
ချုမိသားစု က သူမကို အကောင်းမမြင်လို့ လုနိုင်း က စိတ်ဆိုးနေတုန်းပဲ။လုရှန်းရဲ့အလောင်း ပျောက်ဆုံးမှုသည် သူမ၏ညစ်ညမ်းသော စိတ်ဓာတ်ကို ပိုမိုဆိုးရွားစေတယ်။
တံခါးခေါက်သံကို ရုတ်တရက်ကြားလိုက်ရတော့ အမျိုးသမီးလျို လာသည်လို့ပဲ တွေးလိုက်မိသည်။
သို့သော် တံခါးကိုဖွင့်လိုက်ချိန် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး သူမအရှေ့ကို ဖြတ်တိုက်ခတ်သွား
၏အပြင်မှာလည်း ဘယ်သူမှ ရှိမနေပေ။
လုနိုင်း အနည်းငယ် သံသယဖြစ်လာသည်။သူမ မျက်စောင်းထိုးကာမေးသည်။"တံခါးကိုဘယ်သူခေါက်တာလဲ?"
ဘယ်သူမှ ပြန်မဖြေတော့ တံခါးကို အမြန်ပြန်ပိတ်လိုက်ပြီး သော့ခတ်လိုက်သည်။
သို့သော် သူမကိုယ်သူမ မသိလိုက်ခင် တံခါးဝမှာ ခဏတာ မှင်တက်စွာ ရပ်နေချိန် လုရှန်း သူ့ကို ဖြတ်၍ အခန်းထဲကို ဝင်သွားသည်။
လုနိုင်းသည် အခန်းထဲသို့ပြန်ဝင်လာကာ ပို၍ကြောက်လာသည်။
သူမ သည် တံခါးအပြင်ဘက် အသံကို သေချာနားထောင်ပြီး ဘာသံမှမကြားရတော့မှ သက်ပြင်းတစ်ချက်ချလိုက်သည်။
"လုနိုင်း နင် ငါ့ကို ရှာနေတာလား?"
လုရှန်းရဲ့တည်ငြိမ်တဲ့ အသံက အခန်းထဲက ရုတ်တရက် ထွက်လာသည်။
လုနိုင်းကခဏရပ်ပြီး ရုတ်တရက် ထအော်တော့သည်။
ခြောက်နှစ်ကြာ အတူနေထိုင်ခဲ့တဲ့လုနိုင်းသည် လုရှန်းရဲ့အသံကို အလွန်ရင်းနှီးသည်။
လုနိုင်း က ကြောက်လန့်တကြားနဲ့အခန်းလွတ်ကို စိုက်ကြည့်သည်။ထို့နောက် တံခါးဆီသို့ ပြေးသွားပြီး သော့ကို ဆွဲဖွင့်ကာ ကြောက်လန့်တကြား ထွက်ပြေးတော့သည်။
လုရှန်းကလုနိုင်းကိုကြည့်ရင်း နှုတ်ခမ်းစူကာ တံခါးအပြင်ကို ထွက်သွားသည်။
အမျိုးသမီးလျို က လုနိုင်းရဲ့အော်သံကိုကြားတော့ တံခါးကိုဖွင့်ပြီး အလျင်အမြန်ထွက်လာသည်။
"အားနိုင်း ဘာဖြစ်နေတာလဲ"အမျိုးသမီးလျို မျက်မှောင်ကြုံ့ရင်းဆိုသည်။
"အမေ၊အမေ!"
လုနိုင်းက တုန်ယင်သောလက်များဖြင့် အမျိုးသမီးလျိုရဲ့လက်တွေကို ဆွဲ၍ပြောသည်။"အဲဒါ။လုရှန်း ပဲ! သူပြန်လာပြီ!"
လုနိုင်း သည် စကားပြောရင်း မျက်နှာ ဖြူဖျော့နေကာ မျက်ရည်များပါးပြင်ပေါ်သို့ စီးကျလာသည်။
အမျိုးသမီးလျိုသည် အံ့အားသင့်သွား၏။အမျိုးသမီးလျိုသည် တစ်ခုခုပြောချင်ပေမဲ့ လုဒါဟွားကအနောက်မှ ထွက်လာသည်ကို သတိပြုမိတော့ ရပ်လိုက်သည်။
"ဘာမှားလို့လဲ?"လုဒါဟွားကလုနိုင်း ကို သံသယဖြင့် ကြည့်၏။
"ဘာမှမဟုတ်ပါဘူး"အမျိုးသမီးလျိုက ညင်သာစွာပြောသည်။"သူမ အိပ်မက်ဆိုးတစ်ခုမက်ပြီး ကြောက်နေတာ။"
လုဒါဟွား စကားပြန်မပြောခင် အမျိုးသမီးလျို က"ဒါဟွား ရှင် အားဂျန်၊အားရှင်းတို့နဲ့အတူအိပ်လိုက်၊ကျွန်မ အားနိုင်းနဲ့အတူအိပ်မယ်။"
လုဒါဟွားက ဘာမှပြန်မပြောပဲ သမ်းဝေရင်း သူ့အခန်းထဲမပြန်ခင် စောစောအိပ်ဖို့ ပြောခဲ့သည်။
အမျိုးသမီးလျို က လုနိုင်း ကို သူ့အိပ်ခန်းထဲ အမြန်ဆွဲ၍ ‘ဘာဖြစ်တာလဲ"လို့ တိုးတိုးလေး မေးသည်။
"လုရှန်း။ပြန်လာပြီ။အခုပဲ ခေါက်သံကြားလို့ စစ်ဆေးဖို့ ထွက်လာခဲ့ပေမဲ့ အပြင်မှာ ဘယ်သူမှ မရှိဘူး။ပြီးတော့ အခန်းထဲမှာ လုရှန်း ပြောနေတာကြားလိုက်တယ်။
"ဟင်းးးးးးးးးးးး"
လုနိုင်းကရုတ်တရက် ငိုချလိုက်ပြီး အမျိုးသမီးလျို ကို လက်မလွှတ်ဘဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
"သမီး ထင်ယောင်ထင်မှားဖြစ်နေတာများလား?"အမျိုးသမီးလျိုကရယ်မောရင်းပြောသည်။"ဒီကမ္ဘာမှာ သရဲတစ္ဆေ ဘယ်လိုလုပ်ရှိမှာလဲ?"ဒီနှစ်ရက်လုံး ကောင်းကောင်းအိပ်မပျော်လို့ အကြားမှားတာနေမယ်။"
"မဖြစ်နိုင်ဘူး!"လုနိုင်းက ခေါင်းယမ်းရင်းပြောသည်။"ရှင်းရှင်းလင်းလင်းကြားလိုက်တာ တကယ်ကို လုရှန်းရဲ့အသံပဲ။အမေ၊အမေ! သူမ။ငါတို့ကို သတ်ဖို့ ပြန်လာတာဖြစ်မယ်!"
အမျိုးသမီးလျိုကမယုံဘူးဆိုတာကို မြင်တော့ လုနိုင်းသည် အရမ်းစိုးရိမ်သွားပြီး တစ်ကိုယ်လုံး တုန်သွား၏။
အမျိုးသမီးလျိုက သူမ၏လက်ကို ပုတ်၍ပြောသည်။"မြန်မြန်အိပ်။အမေတို့အတူအိပ်ကြမယ်။မနက်ဖြန်အိပ်ယာနိုးရင် အဆင်ပြေမှာပါ"
လုနိုင်းသည်ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ဘယ်သူမှမရှိတာကို မြင်မှ ကုတင်ပေါ်တက်ပြီး စောင်ကို တင်းတင်းကြပ်ကြပ် ခြုံလိုက်သည်။
အမျိုးသမီးလျိုက ပြုံး၍သူ့သမီးနံဘေးဝင်လှဲ၏။သို့ပေမဲ့
ထိုအချိန် သော့ခတ်ထားတဲ့ တံခါးက ရုတ်တရက် ပွင့်ထွက်သွားပြီး အေးစက်သော လေပြင်းများ ဝင်ရောက်လာတာကြောင့် နှစ်ယောက်စလုံး အံ့အားသင့်သွားပြီးအမြန်ထထိုင်လိုက်ကြသည်။လုနိုင်းက အမျိုးသမီးလျိုရဲ့ခါးကိုဆွဲကိုင်ကာ အော်ဟစ်တော့သည်။
"မဟုတ်ဘူး။ဘာမှမဖြစ်ဘူး! တံခါးကို တင်းတင်းကျပ်ကျပ် မပိတ်ခဲ့တာ ဖြစ်နိုင်တယ်။လေတိုက်လို့ ပွင့်သွားတာ။”
အမျိုးသမီးလျိုသည် လုနိုင်း ကို နှစ်သိမ့်နေသလား မသိ သူ့ကိုယ်သူနှစ်သိမ့်နေသလား မသိပေ။သူ တံခါးကို သော့ခတ်ထားသည်ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။