no

Font
Theme

Ch-15 : အရာရှိတွေနဲ့အတူရှိနေတယ်။

"ဒုတိယအစ်မ၊သူတို့.. သူတို့က အမေနဲ့တတိယအစ်မကို ကြိမ်းမောင်းတယ်"

လုရှင်းနှုတ်ခမ်းစူကာ ညည်းညူရင်း မျက်နှာပေါ် မကျေနပ်ချက်တွေနဲ့ပြည့်နေ၏။

အမျိုးသမီးလျိုနဲ့လုနိုင်း တို့ မနာလိုမှုနဲ့ရက်စက်ကြမ်းကြုတ်တဲ့ ခံစားချက်တွေ ရှိပေမဲ့လည်း ဒီကလေး နှစ်ယောက်က အပြစ်ကင်းသည်… သူတို့ဘာမှ မသိကြဘူး။

လုရှန်း တစ်ဖက်သားရဲ့ခံစားချက်တွေကို အမြဲစဥ်းစားပေးသူဖြစ်သည်။သူမကို ကောင်းကောင်း ဆက်ဆံရင် သူမ လည်း ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံသည်။

သူမ နဖူးကို ညင်သာစွာ ပွတ်သပ်ပြီး သူတို့ကို ပြုံးပြသည်။“သူတို့ကို လျစ်လျူရှုလိုက်"

"အားရှန်း!"

လုရန် သူ့အခန်းထဲကနေ လှမ်းအော်၏။

လုရှန်းခေါင်းလှည့်ကြည့်တော့ လုရန်ကိုမြင်ပြီး ပြုံးပြလိုက်သည်။

"အစ်ကိုကြီး"

လုရှန်းရဲ့အပြုံး ကြောင့် လုရန်အံ့သြသွား၏။

အမေဆုံးပြီးကတည်းက သူ့ညီမ အပြုံးကို တစ်ခါမှ မမြင်ဖူးဘူး။ဒီလိုမျိုး ရှစ်နှစ်ကျော်သွားခဲ့သည်။

လုရှန်းရဲ့မျက်လုံးများနဲ့မျက်ခုံးများက အမျိုးသမီးဟဲနဲ့တူသည်။နူးညံ့သိမ်မွေ့သည်။

သို့သော် လုရှန်းရဲ့မျက်နှာ က အမျိုးသမီးဟဲ ထက် ပို၍ ဆွဲဆောင်မှုရှိသည်။သူမ ပြုံးလိုက်တဲ့အခါ တစ်ယောက်ယောက်ရဲ့နှလုံးသားကို သူ့အပြုံးနဲ့နှစ်သိမ့်ပေးနိုင်သလို နွေးထွေးမှုလည်း ခံစားရသည်။

အရင်ကတော့ လုရှန်းက ခေါင်းငုံ့ပြီး ပျော့ညံ့တဲ့အမူအရာ ဖော်ပြခဲ့သည်။ထို့ကြောင့် လူတိုင်းက သူမရဲ့အသွင်အပြင်ကို လစ်လျူရှုစေတယ်။

သူ့အစ်ကို လုရန်တောင် သူ့ညီမက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆိုတာကို ဒီနေ့မှ သိလိုက်ရသည်။

လုရန်ကပြုံးပြီး"ညီမလေး ပြန်လာတာ ကောင်းတယ်"

လုရန်ကိုမြင်တော့ လုရှန်း မူလပိုင်ရှင်ရဲ့ဆန္ဒကို တွေးမိသည်။

သူမရဲ့အပြုံးက ပျောက်ကွယ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။"အစ်ကိုစန်းဟူနဲ့ပေါင်းနေတာ ရပ်ပါ"

စန်းဟူသည် လျိုယွဲ့ရွာ တွင် ကြီးကြီးကျယ်ကျယ် အလုပ်မလုပ်ဘဲ ပျင်းရိသူဖြစ်ပြီး နာမည်ဆိုးနဲ့ကြီးပြင်းသူဖြစ်သသည်။သူက နေ့ဘက်မှာ ဈေးဝယ်ထွက်ပြီး ညဘက်တွင် ခိုးသည်။

ရွာကလူတိုင်း တစ်ခုခု ဆုံးရှုံးသွားတဲ့အခါ တရားခံကို သိကြသည်။သို့သော် သက်သေအထောက်အထားမရှိတာမို့ သူတို့ရဲ့ဒေါသတွေကို တခြားနည်းနဲ့ပဲ ဖော်ထုတ်ကြသည်။

လုရန် တိတ်ဆိတ်နေတာမြင်တော့ လုရှန်းက"မနေ့ညက အမေ့ကို အိပ်မက်မက်တယ်။ကျောင်းပြန်တက်ပြီး စာကျက်ဖို့ ပြောတယ်။အမေက အကို ကို ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခုမှာ လုပ်ဖို့ မမျှော်လင့်ဘူး၊ဒါပေမယ့် အကို က အသုံးမကျတဲ့လူတစ်ယောက်မဖြစ်လာဖို့မျှော်လင့်နေတယ်"

လုရန်က အမျိုးသမီးဟဲ အပေါ် နာခံမှုအရှိဆုံးဖြစ်သည်။

တကယ်ပဲ သူမ ပြောပြတော့ လုရန် တုန်လှုပ်ပြီး မေးမြန်း၏။“နင်… အမေ့ကို တကယ်အိပ်မက်မက်ခဲ့တာလား”

“ဟုတ်တယ်။”

လုရှန်း ခေါင်းညိတ်လိုက်ပြီး လုဂျန် ကို လုရှင်းကို သူတို့အခန်းထဲပြန်ခိုင်းသည်။

လုရှန်း လုရန်ကို ပြန်ကြည့်၍ တစ်စိတ်တစ်ပိုင်း ဖြစ်ရပ်မှန်ကို ဖန်တီးပြောဆိုသည်။“ရေကန်ထဲ ပစ်ချခံရတော့ သေတော့မယ်လို့ ထင်ခဲ့တာ။ဒါပေမယ့် ညီမလေး အမေ့ကိုတွေ့တယ်။အဲဒီနောက် မူးလဲသွားခဲ့တယ်။အိပ်ရာက နိုးလာတော့ ကမ်းစပ်မှာ ဖြစ်နေတယ်"

"အမျိုးသမီးလျိုနဲ့လုနိုင်း နင့်ကို သတ်ဖို့ကြိုးစားကြတယ် လို့ ပြောတာလား?"

လုရန်ရဲ့ဒေါသကြောင့် သူ့နဖူးရှိ သွေးကြောများ ပေါက်ကွဲမတက်ဖြစ်နေ၏။

လုရန် လက်သီးကို တင်းတင်းဆုပ်ပြီး အေးစက်တဲ့လေသံနဲ့မေးမြန်းတယ်။"သူတို့နှစ်ယောက် ဘယ်မှာလဲ?"

“ငါသူတို့ကိုသတ်မယ်!"

"သူတို့?"လုရှန်း ပြုံး၍"သူတို့ အခု အရာရှိတွေနဲ့အတူ ရှိနေတယ်"

လုရန် မျက်မှောင်ကြုတ်၍မေးသည်။"ညီမလေး ဘာကိုဆိုလိုတာလဲ?"

လုရှန်း ထိုင်ခုံလေး ယူလာပြီးဝင်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ရင်းပြုံး၏။

“သူတို့ရဲ့လုပ်ရပ်ကို ဖော်ထုတ်လိုက်တာမို့ တာဝန်ရှိသူတွေက ဖမ်းသွားပြီ”

အမျိုးသမီးလျို သည် တစ်စုံတစ်ယောက်ရဲ့ဇနီးအဖြစ်လျိုယွဲ့ရွာသို့ ရောင်းစားခံရပြီး ခင်ပွန်းဖြစ်သူ က လုနိုင်း ကိုမွေးဖွားပြီး မကြာမီပင် သေဆုံးသွားခဲ့သည်။

လွန်ခဲ့သော ရှစ်နှစ်…… အမျိုးသမီးလျိုသည် လုဒါဟွားနဲ့ပေါင်းပြီး အမျိုးသမီးဟဲ ကို အန္တရာယ်ဖြစ်အောင် လှည့်စားခဲ့သည်။ထို့နောက် လုဒါဟွားနဲ့လက်ထပ်သည်။

အမျိုးသမီးလျို မှာ မိသားစုမရှိတဲ့အပြင် လုဒါဟွား က လည်း ကယ်တင်ဖို့ ရည်ရွယ်ချက်မရှိ။

ဒါကြောင့်လုနိုင်းနဲ့ထွက်လာနိုင်ဖို့က မဖြစ်နိုင်ပါပေ။

သို့သော် အမျိုးသမီးလျိုရဲ့စရိုက် ကို သူမ လွယ်လွယ်နှင့် အရှုံးပေးမှာမဟုတ်ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment