Ch-17 : လုဒါဟွား၏ဝန်ခံချက်
မူလ လုရှန်းသည် စာမတတ်သူဖြစ်ပြီး လုရန်က နှစ်ရက်သုံးရက်အတွင်း သူမ စာဖတ် သင်ယူနိုင်လိမ့်မယ်လို့ ထင်စရာအကြောင်းမရှိပေ။
စာလုံးပေါ်"လုဒါဟွား"ဆိုတဲ့ စကားလုံးကို မြင်တဲ့အခါ ဒီစာက သူ့အတွက်လို့ ထင်မိသည်။
ခဏလောက်စဥ်းစားပြီးမှ စာကိုဖွင့်ပြီး အကြောင်းအရာတွေကို စဖတ်လိုက်သည်။
သူတို့အတွက် တရားခံရှာရန် အမျိုးသမီးလျို ကိုယ်တိုင်တိုင် ရေးသားထားသည့် အသနားခံစာဖြစ်သည်။
ငြင်းဆန်ရင် လုဒါဟွားရဲ့အတိတ်က လုပ်ရပ်ကို ဖော်ထုတ်ပစ်မယ်လို့ ခြောက်လှန့်ဖို့ ကြိုးစားထားသေးသည်။
အမျိုးသမီးလျိုရဲ့လေသံ အရ သူ့အဖေအပေါ် ရန်လိုမှုမှန်သမျှကို ဖော်ထုတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပေါ်ကြောင်း လုရန်ပြောပြနိုင်သည်။
အမျိုးသမီးလျို သူ့အဖေကိုထောင်ချပစ်မယ်လို့ခြိမ်းခြောက်ရလောက်အောင် သူ့အဖေ ဘာလုပ်ခဲ့သလဲဆိုတော့ လုရန်နားမလည်ပါ။
"ဒါဘယ်သူ့စာလဲ?"
လုရှန်း ပေးပို့သူရဲ့နာမည်ကို ခန့်မှန်းခဲ့ပေမဲ့ မေးရန် ဆုံးဖြတ်သေးသည်။
လုရန်က လုဂျန်နဲ့လုရှင်းကို စိုက်ကြည့်၍"လျိုချင်း"လို့ လေသံတိုးတိုးလေးနဲ့ပြန်ဖြေ၏။
လုဂျန်နဲ့လုရှင်းတို့က အမျိုးသမီးလျိုရဲ့နာမည်ကို သတိမထားမိကြပဲ စကားလုံးနှစ်လုံးကို ကြားလိုက်တော့ သူတို့ရဲ့စိတ်ခံစားချက်ကင်းမဲ့လျက်ရှိ၏။
လုရှန်းက မျက်ခုံးပင့်၍"ဘာပြောထားသလဲ?"
“အဖေက သူ့အတွက် တရားလိုရှေ့နေ မငှားရင် အဖေ့ လုပ်ရပ်ကိုဖော်ထုတ်မယ်တဲ့။"
“အိုး၊"
"သူမ လွတ်ချင်တာလား? မဖြစ်နိုင်ဘူး!"
“နေဦး!”
လုရန် စာကို စုတ်ဖြဲချင်နေတာကို မြင်လိုက်ရတော့ လုရှန်းက တားမြစ်၏။
“အဖေ့ဆီကို စာလွှဲပေးမယ်။"
"ဘာလို့?"လုရန်သံသယဖြစ်လာ၏။"သူမက ညီမလေးကို သတ်ချင်နေတာ။ညီမလေး သူ့ကိုမမုန်းဘူးလား?"
"အင်း ညီမလေး သူ့ကိုမုန်းတယ်"လုရှန်းကအပြုံးဖြင့်"မပြီးသေးတဲ့ အလုပ်ကို ဂရုစိုက်ဖို့လိုတယ်"
လုရန် သူမ တွေးနေတာကို နားမလည်နိုင်ဘဲ စာကို မပျက်စီးဘဲ စာအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
စားပွဲပေါ်က ဟင်းသီး ဟင်းရွက်နှစ်ပန်းကန်ကို မြင်တော့ လုရှန်း အနည်းငယ်စဥ်းစားပြီး သူမရဲ့ပန်းကန်လုံးများကို ချလိုက်သည်။
အသီးအရွက်မွှေကြော် တစ်ပန်းကန်က အရသာနည်းနည်း ခါးသည်။တောရိုင်းဟင်းသီးဟင်းရွက်များဖြင့်ချက်ထားသည့် စွပ်ပြုတ်ပါရှိပြီး ဆီလုံးဝမပါဝင်ပေ။
လုရှန်းသည် နေရာလွတ်လက်ကောက်ထဲမှ အရသာရှိတဲ့ အစားအသောက်တွေရှိပေမဲ့ ထုတ်လို့မရပေ။
ရုတ်တရက် သူမမျက်လုံးများက ကျယ်ဝန်းသော ခြံဝင်းကို ကြည့်လိုက်သည်။ထိုနေရာတွင် ဥယျာဥ်တစ်ခုကို ဖန်တီးနိုင်သည်လို့ ချက်ချင်း တွေးမိသည်။
ဒါပေမယ့် ပိုက်ဆံမရှာခင် ဗိုက်ပြည့်အောင် လုပ်ရမည်။
လုဒါဟွား ပြန်ရောက်တော့ လုရန်ပေးပို့တဲ့ စာကိုမြင်ပြီး သူ့မျက်နှာက ညှိုးငယ်သွား၏။ညဘက်တွင်
လုရှန်းသည် အမျိုးသမီးဟဲ၏ဝိညာဥ်ကိုလွှတ်ပေးပြီး လုဒါဟွားရဲ့အခန်းစီကို စေလွှတ်ခဲ့သည်။
နောက်တစ်နေ့တွင်၊လုမိသားစုရဲ့သရဲခြောက်သောသတင်း လျိုယွဲ့ရွာတစ်ရွာလုံး၌ တောမီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။
နောက်တစ်နေ့တွင် လုဒါဟွား ကိုမြင်ချိန် သူ့မျက်နှာက ထိတ်လန့်ခြင်းနဲ့ပြည့်နှက်နေကာ မျက်လုံးများက အာရုံမစိုက်နိုင်တော့ပေ။
သူမ စိတ်ပူဟန်ဆောင်ကာ ပြုံးပြသည်။"အဖေ ဘာကိစ္စရှိလို့လဲ"
လုဒါဟွား လုရှန်းကိုမြင်တော့ အမျိုးသမီးဟဲ မနေ့ညကရောက်ရှိနေခြင်းကို အမှတ်ရမိကာ သူ့နှလုံးသား ခုန်ပေါက်နေတော့သည်။
"ငါ..ငါ့မှာ အရေးတကြီးလုပ်စရာရှိတယ်!"သူ့အိတ်ကို ကောက်ကိုင်လိုက်ပြီး လုရှန်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
"အထဲမှာ ငွေနှစ်ဆယ်ရှိသည်။ယူလိုက်။”
လုဒါဟွား စိုးရိမ်ထိတ်လန့်စွာ ထွက်ခွာသွားတာကို မြင်တော့ လုရှန်းရဲ့စိုးရိမ်သောကအမူအရာ ပျောက်ကွယ်သွား၏။သူမလက်ထဲက အိတ်ကို မျက်ဝါးထင်ထင် စိုက်ကြည့်နေခဲ့သည်။
လုဒါဟွား လက်နက်ချခဲ့ပြီး ခဏအကြာတွင် သူ၏ရာဇ၀တ်မှုများ ပြန့်နှံ့သွားတော့သည်။
အမျိုးသမီးဟဲရဲ့အကူအညီနဲ့အမျိုးသမီးဟဲ ကို ထိခိုက်စေသောပြစ်မှု ပွင့်လင်းမြင်သာစွာထွက်ပေါ်လာပြီး လျိုယွဲ့ရွာတစ်ခုလုံးသို့ပျံ့နှံ့သွားကာ လူတိုင်းကို ထိတ်လန့်စေခဲ့တယ်။
လုရန် လည်း အံ့အားသင့်နေခဲ့သည်။
သူ့အမေ ရောဂါတစ်ခုနဲ့ဆုံးတာလို့ လို့သူအမြဲတွေးခဲ့သည်။အခြားအပြင်လူတစ်ယောက်နဲ့အတူ သူ့အဖေရဲ့လက်ထဲ သေဆုံးသွားလိမ့်မည်လို့ သူအနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။
လုရန် အခန်းထဲတွင် တစ်နေကုန်နေပြီး လုရှန်းကလည်း အပြင်ထွက်ရန် မတောင်းဆိုခဲ့။
တချို့အရာတွေကို သူကိုယ်တိုင်ချေဖျက်ရမယ်။
လုဂျန်နဲ့လုရှင်းတို့ ဘာဖြစ်သွားသည်ကိုမသိခဲ့ကြပေ။သူတို့ လုရှန်းပြောတာကို နားထောင်ပြီး မြက်ပင်တွေကို နှုတ်နေကြသည်။
တစ်ချိန်တည်းမှာပင် ချုအိမ်တော်၌။
“ဒါကြီးက အတော်ကိုမမျှော်လင့်ထားဘူး မိန်းကလေးလုမှာဒီလို ခါးသီးတဲ့ဘဝမျိုးရှိနေတာပဲ။"ချုယွမ်ရဲ့မျက်နှာထက် စာနာစိတ်အပြည့်ရှိနေ၏။
သူ့သခင် ပြန်ရောက်ပြီးတဲ့နောက် သခင်သည် မိန်းကလေး လုဟာ သာမန်မိန်းကလေးမဟုတ်ဘူးလို့ ပြောခဲ့သည်။ချုယွမ်ကို စုံစမ်းစေချင်ခဲ့သည်။
သူ့ရလဒ်တွေက ရွာသူကြီးနဲ့ဆင်တူပြီး သူ့ရဲ့စုံစမ်းစစ်ဆေးမှုက အချည်းနှီးဆိုတာ ဘယ်သူသိမှာလဲ?
လုရှန်းရဲ့နောက်ခံသမိုင်းကြောင်းနဲ့ပတ်သက်လို့ သူ့ကြိုးပမ်းမှု အချည်းနှီးဖြစ်ခဲ့ပေမဲ့ လုဒါဟွား က အမျိုးသမီးဟဲ ကိုသတ်ရန် အမျိုးသမီးလျိုနဲ့ပူးပေါင်းခဲ့တာကို မတော်တဆသိခဲ့ရသည်။