Ch- 4 : ပထမအစည်းအဝေး
ချုစစ်ဟန်သည် ဘာမှမပြောချေ။
ချုယွမ်သည် အံ့အားတကြီး ချုစစ်ဟန် ကို စိုက်ကြည့်၍"သခင်၊သူတောင်းစားကို ပြောနေတာလား?"
ချုစစ်ဟန် တိတ်ဆိတ်နေပြန်သည်။
သို့သော် ချုယွမ်သည် ဘယ်သူကို ပြောနေတာလဲဆိုတာကို သိသည်။
ဒီလိုဆိုရင်တောင် သူသံသယ ဖြစ်မိသည်။…သခင် က"သနားခြင်း"ဆိုတာကို ဘယ်အချိန်ကနေစပြီးတော့ နားလည်သွားတာလဲ?
ချုယွမ်သည်ထပ်မမေးတော့ဘဲ ငွေဒဂါးပြားတွေကို အိတ်ထဲက ယူပြီး လုရှန်း ဆီ လျှောက်လာခဲ့တယ်။
တစ်စုံတစ်ယောက်က သူ့အနားကို လျှောက်လာသည်ကို သတိပြုမိသောအခါ လုရှန်း လှည့်ကြည့်လိုက်ရာ အိတ်တစ်လုံးကိုခြေထောက်အနားတွင်တွေ့ရသည်။
သူမ အရှေ့က လူငယ်လေးက လှည့်ထွက်သွားသည်။
သူမသည် အိတ်ကို အမြန်ကောက်လိုက်ပြီး အော်ပြောသည်။"ဆရာကြီးရဲ့ပိုက်ဆံအိတ် ကျသွားတယ်"
ချုယွမ်က"ဒါ မင်းအတွက်ပဲ"ပြောကာ လှည့်မကြည့်ဘဲ ထွက်သွားတယ်။
"ငါ အလုပ်မလုပ်ဘဲ ဘယ်အရာကို မှ လက်ခံမှာမဟုတ်ဘူး!"
အိတ်ထဲတွင် အနည်းဆုံး ငွေ ၁၀တုံး လောက်ပါတာ သူမပြောနိုင်သည်။
ငွေဆယ်ပြားဆိုရင်တောင် လက်ခံနိုင်သေးတယ်။အခုက ငွေတုံး ဆယ်တုံးဖြစ်နေတယ်။
သူမရဲ့ကိုယ်ပိုင်ဝင်ငွေကို နှစ်သက်ပေမဲ့လည်း အရင်ဘဝက ဆရာရဲ့ငွေကိုပဲ ယူသုံးခဲ့သည်။
လုရှန်းသည် ချုယွမ် ကိုကြည့်ရင်း စိတ်မရှည်တော့ဘဲ ငွေအိတ်ကို ချုယွမ် ရှေ့သို့ ပစ်ချလိုက်တယ်။
အိတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။…
ချုယွမ်ကလည်ပင်းကို ပွတ်သပ်ပြီး သွားကြိတ်နေသည်ကို မြင်တော့ လုရှန်းရဲ့နောက်ကျော အေးစက်သွား၏။
ဒီမြင်ကွင်းကို မြင်တော့ ချုစစ်ဟန် အံ့သြသွားတယ်။ထို့နောက် သူ ပြုံးလိုက်သော်လည်း အပြုံးက တခဏချင်း ပျောက်ကွယ်သွား၏။
ဒီသူတောင်းစား တွင် ဒီလောက်ကြီးကျယ်တဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။
“မင်း…”
ချုယွမ်က ဒေါသတကြီး ခေါင်းလှည့်လာပြီး သွားတင်းတင်းကြိတ်ကာ လုရှန်း စူးစူးစိုက်စိုက်ကြည့်နေသည်။
“အာ… ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူး”
သူမ မလိုချင်ဘူးလို့ ပြောထားပြီးသား၊သူမ ပြန်ယူဖို့ ငြင်းဆန်တယ်။
သူမ၏ရည်ရွယ်ချက် က ငွေတုံးများ ပြန်ပေးဖို့ဖြစ်သည်။သူမမှာ ကောင်းမွန်သော တိကျမှုရှိလိမ့်မည် လို့ မမျှော်လင့်ထားပါ။
သူမ နှာသီးဖျားကို ထိလိုက်၏။သူမ၏မျက်နှာပေါ် အပြစ်ကင်းစင်မှု ပေါ်လွင်နေသည်။
ချုယွမ်က ငွေတုံးတွေကို ကောက်ယူလိုက်ပီး ဒေါသတကြီး လှည့်ထွက်ကာ ချုစစ်ဟန်ထံ ပြန်သွားသည်။
"သခင်၊သူမ မလိုချင်ဘူး။"
သူ့လေသံက သနားဖို့ကောင်းနေ၏။
ထိုအချိန် မှ လုရှန်းသည် အဖြူရောင်ဝတ်စုံဝတ်ထားသော အခြားလူတစ်ယောက် ရှိနေတာ သိလိုက်သည်။
ထိုသူရဲ့မျက်နှာကို မြင်တော့ သူမ အံ့သြသွားတယ်။
သူမရဲ့ဘဝမှာ သူမရဲ့ဆရာပဲ၊အချောမောဆုံးမျက်နှာကို ပိုင်ဆိုင်ထားတယ်လို့ ထင်ခဲ့သည်။
သို့သော် ဆရာ လို ချောမောသော အသွင်ကို ပိုင်ဆိုင်ထားသူတစ်ဦးကို တွေ့ရမယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
သူမ၏ဆရာက အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးနှင့်တူသော အသက်ရာနှင့်ချီရှိသောအဘိုးကြီးဖြစ်သည်။
သူမရဲ့ဆရာသည် ခိုင်မာသော တွေးခေါ်တတ်သူ၊လူငယ်တစ်ယောက်မဟုတ်တာ သူမ ချက်ချင်းပြောနိုင်သည်။
သို့သော် သူမအရှေ့က လူက မတူဘူး။သူ့မျက်လုံးများက ကမ္ဘာကြီးကိုအသွင်အမျိုးမျိုးဖြင့်ကြည့်ပြီးနောက် မျက်ဝန်းထဲ ဘာမှမရှိတဲ့ပုံပေါ်သည်။
ပြီးတော့ သူက လူငယ်တစ်ယောက်ဆိုတာ ပြောနိုင်တယ်။
ထိုလူသည် ဘေးတစ်ဖက်တစ်ချက်တွင် တိတ်တဆိတ်ရပ်နေပြီး သူ၏ချောမောသောမျက်နှာပေါ် ဘာ အရိပ်အယောင်မရှိပေ။သူ့မျက်လုံးများက ဒေါသမထွက်နေဘဲ အာဏာ ထင်ဟပ်နေ၏။
သူ သူမကိုကြည့်နေပြီး တစ်ဖက်သို့ မလှည့်ခင် သူမရဲ့နှုတ်ခမ်းသည် ခပ်ပြုံးပြုံး ဖြစ်သွား၏။
"သခင်၊စောစောပြန်ကြရအောင်"ချုယွမ် က သတိပေးလာခဲ့သည်။
“ကောင်းပြီ”
ချုစစ်ဟန်ကလုရှန်း ဆီ မှ သူ့အကြည့်ကို မရုပ်သိမ်းခင် ပြန်ဖြေတယ်။
ဒီတစ်ခေါက် ဟောင်ရန်မြို့ကို အကြောင်းနှစ်ချက်ကြောင့် ပြန်လာခဲ့တာဖြစ်တယ်။ပထမအချက်မှာ လူသတ်မှုကို စုံစမ်းဖို့၊ဒုတိယအချက်မှာ သူ့မိဘများ စီစဥ်ပေးထားသည့် အိမ်ထောင်ရေးကို ရပ်တန့်ဖို့ဖြစ်တယ်။
တိုင်းပြည်ရဲ့နတ်ဆရာသည် ရွမ်ယွဲ့ တိုင်းပြည်တွင် အဆင့်အတန်းမြင့်မားပြီး ဧကရာဇ်နဲ့ထပ်တူအဆင့်အတန်းတူသည်။
ချုစစ်ဟန်သည် သဘာဝလွန်ကိစ္စများကိုမယုံကြည်ပဲ သူ့ကိုယ်သူယုံကြည်မှုရှိသူဖြစ်သည်။ဒါကြောင့်တိုင်းပြည်ရဲ့နတ်ဆရာ စကားကို မယုံကြည်ပေ။
ဒါ့အပြင် သူအရင်က မမြင်ဖူးတဲ့ မိန်းကလေးကို လက်ထပ်သည်ထက် တစ်ယောက်ထဲ နေလိုသည်။
ညနေစောင်းလာတာကိုမြင်တော့ လုရှန်းသည် လျိုယွဲ့ရွာသို့ ခရီးထွက်ဖို့ ပြင်ဆင်တယ်။
ဟောင်ရန်မြို့မှ လျိုယွဲ့ရွာသို့ နှစ်နာရီခန့် သွားရသည်။
သူမရွာရောက်ချိန် (လျိုယွဲ့ ) ရွာသားများရဲ့အိပ်ချိန် ဖြစ်နေလိမ့်မယ်။
မကြာသေးမီက ဖြစ်ပွားခဲ့သော လူသတ်မှုကြောင့် မြို့တွင်း စစ်ဆေးမှုများ တင်းကျပ်၏။
ညအချိန် ကိုးနာရီတွင် မြို့မှထွက်ခွာခြင်းမပြုသူများသည် ထိုနေရာတွင် တစ်ညလုံးနေရလိမ့်မယ်။
လူသတ်မှုကျူးလွန်သူသည် အမျိုးသားဖြစ်ကြောင်း အတည်ပြုနိုင်သောကြောင့် အမျိုးသမီးများအတွက် တင်းကျပ်သောစစ်ဆေးမှုများ နည်းသည်။
အမျိုးသမီးများအတွက် သူတို့ရဲ့အသွင်အပြင်နှင့် ကျား၊မ တို့ကိုသာ စစ်ဆေးသည်။
အမျိုးသားများအတွက်မှု သူတို့ရဲ့ရုပ်ရည်၊အရပ်၊ခြေရာတို့ကိုပင် စစ်ဆေးပြီး စစ်ဆေးမှုများသည် ပိုမိုတင်းကြပ်သည်။
"အဲဒီမိန်းကလေး ကို ငွေပြား ၁၀ပြားပေးလိုက်"
"မိန်းကလေး?"
ချုယွမ်က သခင့်ရဲ့အကြည့်တိုင်း ကြည့်ပြီး စိတ်ရူပ်ထွေးနေ၏။"ဘယ်မှာလဲ မိန်းကလေး"
တံတားပေါ်တွင် စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ထားသည့် သူတောင်းစားတစ်ဦးသာ တွေ့သော်လည်း အမျိုးသမီးမဟုတ်ပေ။