no

Font
Theme

Ch-5 : ရွာသို့ပြန်ခြင်း။

လူသတ်မှုကိစ္စနဲ့ပတ်သက်ပြီး သတိမထားမိပေမဲ့ တခုခု လွဲနေပြီဆိုတာ သူမ ‌ပြောပြနိုင်သည်။

နေဝင်သွားချိန် မြို့ရဲ့ယင်စွမ်းအင် က ပို၍ ပြင်းထန်လာသည်။နှစ်နာရီလောက်ကြာတော့ လုရှန်းသည် လျိုယွဲ့ရွာကို ပြန်ရောက်လာ၏။

သို့သော် သူမက ရွာထဲကို အမြန်မဝင်သေးဘဲ ရွာဝင်ပေါက် ရှိ ပြိုကျနေတဲ့ တဲထဲဝင်ထိုင်နေသည်။ညဥ့်နက်တဲ့အထိ စောင့် ပြီးမှ တဲထဲက တိတ်တဆိတ်ထွက်လာပြီး လုမိသားစုဆီကို သွားမည်။

လုမိသားစုတွင် အငယ်ဆုံးကလေးတွေဖြစ်တဲ့ လုဂျန်န်နဲ့လုရှင်း ကလွဲ၍ အကုန်လုံး မအိပ်ကြသေးပေ။

လုဒါဟွားက ထွက်ပြေးသွားသည်လို့စွပ်စွဲခံထားရတဲ့ လုရှန်း ကို ဒေါသထွက်နေသည်။

အမျိုးသမီးလျိုနဲ့လုနိုင်း တို့မသက်မသာခံစားနေရသည်။

လုရှန်းရဲ့အလောင်းက ရေကန်ထဲမှာရှိသည်။ယုတ္တိရှိရှိပြောရရင် မျောနေရမည်။သို့ပေမဲ့ မမြင်ရသေး။

လုရှန်း က တကယ်သေဆုံး သွားတာကို သူတို့ အကြိမ်အနည်းငယ်အတည်ပြုခဲ့သည်။

သေတဲ့လူက ထွက်ပြေးနိုင်လို့လား??

သူတို့အတော်လေး စိတ်လှုပ်ရှားနေ၏။

အမျိုးသမီးလျို က လုနိုင်းကို ချုမိသားစုနဲ့လက်ထပ်နိုင်ဖို့အတွက် လုရှန်း ကို သေစေချင်ခဲ့သည်။

ပြီးတော့ သွမ့်ကျန်းနဲ့စေ့စပ်ကြောင်းလမ်းတာကို ဖျက်လိုက်တော့ လုရှန်းရဲ့သေဆုံးမှုဟာ သူမကိုယ်သူမ သတ်သေခဲ့တာလို့ ထင်စေခဲ့သည်။

သို့သော် အလောင်းပျောက်သွားတော့ သူမရဲ့အစီအစဥ်ကို ဆက်လက်မလုပ်ဆောင်နိုင်တော့။

ဒါအပြင် လုရှန်းကပျောက်ကွယ်သွားသော်လည်း ချုမိသားစုက လုနိုင်းကို မလိုလားပေ။

လုနိုင်း က လုမိသားစုရဲ့သမီးအရင်းမဟုတ်တာကို ချုမိသားစု ကိုအသိမပေးခဲ့ပါ။

လက်ရှိ အမျိုးသမီးလျိုတွင် မုန်းတီးစိတ်တွေနဲ့ပြည့်နေ၏။

သူနဲ့သူ့သမီးလုပ်ခဲ့တာတွေကို တခြားသူတွေ သိသွားမှာကို စိုးရိမ်နေခဲ့သည်။

သူတို့ရဲ့လုပ်ရပ်ကို ဖော်ထုတ်ရင် သူတို့ရဲ့အသက်တွေ ဆုံးရှုံးသွားလိမ့်မယ်။

ရွမ်ယွဲ့တိုင်းပြည် ဥပဒေအရ၊လူသတ်မှုအတွက် ပြစ်ဒဏ်တစ်ခုတည်းသာရှိသည်- သေဒဏ်။

အိမ်ကို ရှားရှားပါးပါး ပြန်ရောက်လာတဲ့ လုရန် သည် မျက်ရည်များစီးကျလျက် ထိုင်နေသည်။

သူ့မျက်လုံးတွေက အာရုံမစိုက်နိုင်သေး။

သူ့အမေ မသေခင် အမေက သူ့ညီမကို ကောင်းကောင်း ပြုစုစောင့်ရှောက်ဖို့ ညွှန်ကြားခဲ့သည်။

သို့သော် နှစ်များတစ်လျှောက်လုံးတွင် ဖခင်ဖြစ်သူ အမျိုးသမီးလျိုနဲ့လက်ထပ်ခဲ့သည်ဆိုတဲ့အချက်ကို ဒေါသထွက်ခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

ဒါက သူ့အိမ်ပြန်ဖို့ တွန့်ဆုတ်စေခဲ့တယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က ရွာမှာ မရှိခဲ့ပေ။ဒီနေ့ ပြန်လာချိန် သူ့ညီမ ပျောက်သွားပြီလို့ ပြောနေကြသည်။

သူ တစ်ရွာလုံးကို လိုက်ရှာခဲ့သည်။တောင်တွေကိုတောင် သွားခဲ့ပေမဲ့ သူ့ညီမကို မတွေ့သေး။

သွမ့်ကျန်း ကိုရှာရန် သူမ မြို့ထဲ ကို ထွက်ပြေးသွားသည်လို့ တစ်စုံတစ်ယောက်က ခန့်မှန်းခဲ့ပေမဲ့လည်း သွမ့်ကျန်း ဒီနေ့ ရွာကို ပြန်ရောက်သည်။

လုရန် သည် သွမ့်မိသားစုဆီ သူ့ညီမ အကြောင်း စုံစမ်းရန် သွားခဲ့ပေမဲ့ သွမ့်ကျန်း က သူမကို မတွေ့ဘူးလို့ ပြောခဲ့သည်။

သွမ့်ကျန်းသည် မာနကြီးသူဖြစ်သည်။လုရှန်း ကို မကြိုက်ပေမဲ့ လိမ်ရန် အကြောင်းမရှိပေ။

ခဏထိုင်ပြီးနောက် လုရန်က ရုတ်တရက် ထရပ်လိုက်သည်။အပြင်ထွက်ပြီး သူမကိုရှာဖို့ ဆုံးဖြတ်လိုက်သည်။

လုရှန်းသည် တံခါးဖွင့်သံကို ကြားသောအခါ လုမိသားစုရဲ့ခြံဝင်းထဲ မီးဖိုခန်းနောက်ဘက်သို့ အမြန်ပုန်းနေလိုက်သည်။

ပိန်ပိန်ပါးပါး ပုံသဏ္ဌန်တစ်ခု ထွက်လာတာကို သူမတွေ့လိုက်သည်။ထိုပုံရိပသည် ခြံဝင်းထဲက ထွက်လာပြီး တံခါးပေါက်ဆီ ကို လျှောက်သွားသည်။

ပိုင်ရှင်ရဲ့မှတ်ဥာဏ်အရ လုရှန်းရဲ့အခန်းက သူမရဲ့အစ်ကို လုရန် ပိုင်ကြောင်းသိလိုက်သည်။

ဒါကြောင့် အနက်ရောင်ပုံရိပ်က လုရန်ဖြစ်သည်။

ဒီအချိန်ကြီး သူဘယ်သွားမလို့လဲ?

သူမ မျက်မှောင်ကြုတ်ကာ သူ့နောက်လိုက်သွားရမလား လို့ စဥ်းစားမိသည်။သို့ပေမဲ့ သူမ အရေးကြီးတဲ့အလုပ်တစ်ခုရှိတာ သတိရသွားသည်။

လုမိသားစုက မချမ်းသာဘူး။ဆင်းရဲသည်လို့တောင် ပြောလို့ရသည်။

အမျိုးသမီးလျိုနဲ့လုဒါဟွား က အခန်းတစ်ခန်းထဲ အတူနေထိုင်ပြီး လုဂျန်နဲ့လုရှင်း ကတော့ အခြားအခန်း မှာ နေသည်။လုရန် မှာ သူ့ကိုယ်ပိုင်အခန်းရှိပြီး မူလပိုင်ရှင်နဲ့လုနိုင်း ကတော့ တစ်ခန်းတည်းသုံးသည်။

အိမ်သည် ရွှံ့နွံနှင့် မြက်ခင်းများနဲ့ပြုလုပ်ထားသော သာမာန်အိမ်ဖြစ်သည်။

တောင်ပေါ်ရှိ သူ့ဆရာ၏ဝါးအိမ်ထက် ပိုဆိုးသည်။

လုရန်က ခပ်ဝေးဝေးတွင် ရှိနေပြီး လုရှန်းကကိုယ်ပျောက် ဂါထာစာရွက်ကို ထုတ်ပြီး သူ့ကိုယ်သူ ကပ်လိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment