Ch-14: သူမ ပြန်လာပြီ။
လုဒါဟွားကငွေအကြောင်း ပဲ စဥ်းစားနေခဲ့သည်။
ကွယ်လွန်သူအမျိုးသမီးဟဲ ပဲဖြစ်ဖြစ် လုဒါဟွားကို လက်ထပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တဲ့ အမျိုးသမီးလျို ပဲဖြစ်ဖြစ်၊သူတို့ထဲက တစ်ယောက်ကိုမှ လုဒါဟွား ဂရုမစိုက်တာကို လုရှန်းရှာတွေ့ခဲ့သည်။
"သမီး ချုအိမ်တော် ကို မသွားဘူး၊နည်းနည်းပင်ပန်းနေလို့"
ခရိုင်တရားသူကြီးက မငယ်တော့ပါ၊တောရွာက မိန်းကလေး ကိုဘာလို့ရုတ်တရက်လိုချင်တာလဲ။ပြသာနာရှိလို့ဖြစ်ရမည်။
စတုတ္ထအဆင့် အရာရှိတစ်ဦးက ဇနီးသည် တစ်ယောက် ရှာမတွေ့ပဲ ဘယ်နေမှာလဲ? ထိုရာထူးက မြို့တော်မှာ လူတွေအများကြီးရဲ့လိုချင်စရာကောင်းလောက်တဲ့ အနေအထားတစ်ခုဖြစ်တယ်။
လုရှန်း သည် သမ်းဝေကာ အခန်းထဲသို့သွားပြီး လုဒါဟွား ကို ဘာမှပြန်မပြောဘဲ တံခါးကိုပိတ်လိုက်သည်။
"ဖေဖေ၊မေမေနဲ့တတိယအစ်မကဘယ်တော့ပြန်လာမှာလဲ"လုဂျန်ကတက်လာပြီး မေးသည်။
သူက အသက်ငါးနှစ်သာရှိသေးပေမဲ့ ဥာဏ်မမှီတဲ့ကလေးမဟုတ်ပေ။
သူ့အမေနဲ့တတိယအစ်မ ပြန်မလာတော့ဘူးဆိုတဲ့ ခံစားချက်ကို သူခံစားရသည်။
လုဒါဟွားသည် လုရှန်းကိုချုအိမ်တော် သို့ သွားရန် ဆန္ဒမရှိခြင်းအပေါ် ဒေါသထွက်နေခဲ့သည်။
သူ့သားက အမျိုးသမီးလျိုနဲ့လုနိုင်း တို့အကြောင်းပြောတော့ သူ ပိုလို့တောင် စိတ်တိုသွားသည်။
လုဒါဟွား စိတ်မရှည်စွာ လက်ကိုဝှေ့ယမ်းပြသည်။"သွား! သွားပြီးကစား။မင်းဒီမှာရှိနေတာကြောင့် ငါ့ကိုစိတ်မပျက်စေနဲ့။"
လုရန် သည်အိမ်ထဲဝင်လာချိန် တစ်ခုခု လွဲချော်နေတာကို ခံစားလိုက်ရသည်။
ပူဇော်ပွဲ စားပွဲကိုမြင်တော့ စိတ်အေးသွား၏။
သူ အရုဏ်မတက်မီ မြို့သို့သွားပြီး လုရှန်းကိုရှာဖို့ လမ်းများအားလုံးကို ဖြတ်ပြေးခဲ့ပေမဲ့ သူရဲ့ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်ခဲ့သည်။
နောက်ဆုံးတော့ သူပြန်လာဖို့ ဆုံးဖြတ်ခဲ့သည်။
သို့သော် သူအိမ်ထဲ ကိုဝင်တော့ လုဒါဟွားက သူ့ချစ်တဲ့ကလေးနှစ်ယောက်အပေါ် ဘယ်တော့မှအသုံးမကျသည့် သဘောထားကိုတွေ့မြင်ခဲ့သည်။
"အကိုကြီး၊အမေ ဘယ်တော့ပြန်လာမှာလဲ?"
လုရန် ပြန်လာတာကိုမြင်တော့ လုဂျန် က သူ့ကိုမေးဖို့ အမြန်ရောက်လာသည်။
"မင်းအမေ ဘယ်သွားလဲ ငါဘယ်လိုသိမှာလဲ"
လုရန် က မူလကအမျိုးသမီးလျို ကို မကြိုက်ပါ။လုဂျန်ရဲ့အမေးကိုကြားတော့ သူ့စိတ်မကျေနပ်မှုက ပိုလို့ကြီးထွားလာ၏။
လုဂျန် လျှောက်လာတော့ လုရန်ရဲ့မျက်နှာအေးစက်သွား၏။လုရန်သည် လုဒါဟွား ကို လျစ်လျူရှုပြီး သူ့အခန်းထဲကို တန်းတန်းမတ်မတ်သွားသည်။
လုဂျန်က လုရန် ကို အမြဲကြောက်ရသည်။လုရန် စိတ်ဆိုးနေတာမြင်တော့ လုရှင်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားဆက်မပြောရဲဘဲ ဘေးမှာ ရပ်နေ၏။
"ပြန်လာပြီလား?"လုဒါဟွားက အဝေးကို လျှောက်သွားနေသည့် လုရန်ကိုမြင်တော့ အလျင်စလိုဆွဲခေါ်၏။“အခုပြန်လာတာ ကောင်းပါတယ်။မင်းညီမကို ငါနဲ့ချုအိမ်တော်ဆီ လိုက်ခဲ့ပေးဖို့ စည်းရုံးပေးစမ်းပါ။”
လုရန် ဒီစကားကြားတော့ ရပ်တန့်သွား၏။"ညီမ?”
လုဒါဟွားက"ဟုတ်တယ်။ရှောင်ရှန်း ပြန်လာပြီ။”
"သူမဘယ်မှာလဲ?"
"သူ့အခန်းထဲမှာ။ပင်ပန်းနေပြီလို့ ပြောတယ်"
လုဒါဟွားရဲ့စကားကြောင့် တံခါးခေါက်ရန် ကြံရွယ်နေသော လုရန်သည် ရပ်တန့်သွား၏။
“ကျွန်တော်လည်း ပင်ပန်းနေလို့ အခန်းထဲပြန်လိုက်ဦးမယ်။”
လွန်ခဲ့သည့်နှစ်ရက်က သူ ကောင်းကောင်းမအိပ်ပဲ လုရှန်းကို ရှာဖွေခဲ့သည်။အခု သူမ ပြန်လာတာ ကြားလိုက်ချိန် သက်ပြင်းချမိသည်။နောက်ဆက်တွဲဖြစ်လာတာကတော့ အိပ်ငိုက်လာတာပဲ။
"မင်းတို့နှစ်ယောက်က ငါ့ကို စိတ်ငြိမ်သက်မှုမပေးဘူး"
လုဒါဟွားသည် တုန်တုန်ယင်ယင်နဲ့လုရှန်းရဲ့အခန်းတံခါးကို စိုက်ကြည့်နေခဲ့သည်။နောက်တော့ ခြံဝင်းထဲက ထွက်လာခဲ့သည်။
လုဂျန်နဲ့လုရှင်း တို့ ခြံဝင်းကိုကြည့်လိုက်သည်။သူတို့ ကစားဖော်တွေကို ရှာဖို့ မသွားခင် ခဏလောက် စဥ်းစားကြည့်သည်။
ခဏကြာတော့ လုဂျန် က ငိုနေတဲ့လုရှင်း ကို ပြန်ခေါ်လာမယ်လို့ ဘယ်သူသိမှာလဲ?
လုရှန်း သည် နားထင်ကြောပွတ်ကာ အကြောင်းရင်းကို ရှာဖွေဖို့ အမြန်ထွက်လာ၏။
လုဂျန်ကလုရှန်းကိုမြင်တော့ ရိူက်နင့်နေ၏။လုဂျန်၏မျက်ဝန်းမှ မျက်ရည်ကျများစီးကျ၏။“ဒုတိယအစ်မ၊ငါ့အမေနဲ့အစ်မ က အစ်မကို သတ်ဖို့ ကြိုးစားတယ်လို့ပြောတယ်။အခု သူတို့ကို တာဝန်ရှိသူများက ဖမ်းဆီးထားတဲ့။နောက်တစ်ခါ ပြန်မလာတော့ဘူးဆိုတာ။အမှန်လား?"
အမျိုးသမီးလျိုက လုနိုင်း ကို အများဆုံး အာရုံစိုက်ခဲ့ပြီး ကလေးနှစ်ယောက်ကို အလွန်အမင်း ဂရုမစိုက်ခဲ့ပေ။
လုရှန်းရဲ့တိတ်ဆိတ်ခြင်းကို သူမြင်လိုက်တော့ လုဂျန်ရဲ့မျက်နှာ ရဲတက်သွား၏။
သူ့အမေနဲ့တတိယအစ်မ က သူရဲ့ဒုတိယအစ်မ ကို ပုံမှန်ဆက်ဆံပုံကို သူမြင်သည်။
သူ့အမေက လုရှန်းကို အမြဲနှိပ်စက်သည်။လုရှန်းရဲ့အမှားအယွင်းပေါ်မူတည်ပြီး ဆူပူကြိမ်းမောင်းပြီး ရိုက်သည်။အများဆုံးကတော့ ထမင်းငတ်အောင်ထားသည်။
"ဒုတိယအစ်မ၊အမေနဲ့တတိယအစ်မက အစ်မကိုသတ်ဖို့ တကယ်ကြိုးစားခဲ့တာလား"
လုရှန်းကပြုံးငပြောသည်။"အခုကစပြီး ဒီအကြောင်းကို မပြောနဲ့တော့။ဒီကာလအတွင်း မင်းနဲ့အားရှင်း အိမ်မှာပဲ နေသင့်တယ်။မကြာခင် ပြီးသွားလိမ့်မယ်။”
ကလေးနှစ်ယောက်က နာခံမှုရှိပြီး အသနားခံသည့်မျက်ဝန်းတွေနဲ့သူမကို ကြည့်နေခဲ့ကြသည်။