Ch-8 : ဝိညာဥ်
ယဇ်ပရော်ဟိတ်ရဲ့ပြင်းထန်သောပြောင်းလဲမှုကလုဒါဟွားနဲ့အမျိုးသမီးလျို ကို အံ့အားသင့်စေခဲ့တယ်။အပြင်မှကြည့်နေသော ရွာသားများပင် ထိတ်လန့်သွားကြသည်။
လုရှန်းသည်အိမ်ဝင်းအတွင်းရှိ အဖြူအမည်းများကို မြင်သောအခါ သူမရဲ့အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမရဲ့အမူအရာ ရှုပ်ထွေးလာသည်။
အနက်ရောင်သည် မူလ လုရှန်းရဲ့မိခင် အမျိုးသမီးဟဲ၏ဝိညာဥ်ဖြစ်သည်။အတွင်း၌ ပြင်းထန်သော နာကြည်းမှုများကြောင့် အမျိုးသမီးဟဲ၏ဝိညာဥ်သည် မည်းမှောင်နေ၏။
အဖြူရောင်သည် မူလ လုရှန်း၏ဝိညာဥ်ဖြစ်သည်။
အမျိုးသမီးဟဲ၏ဝိညာဥ်သည် လုဒါဟွားနဲ့အမျိုးသမီးလျိုရဲ့နောက်တွင် ရပ်နေပြီး သူတို့ကို စိုက်ကြည့်နေ၏။
တစ်ဖက်၌ မူလလုရှန်းရဲ့ဝိညာဥ်ကဘေးမှာရပ်နေသည်။ခေါင်းငုံ့နေကာ အနည်းငယ် လမ်းပျောက်နေပုံပေါ်သည်။
သုံးရက်သာရှိသေးတာကြောင့် သေသွားမှန်းတောင် မသိသေး။
"ကံကြောင့် မင်းလုပ်ခဲ့သမျှ ပေါ်လာလိမ့်မယ်။မင်းရဲ့ကျောကိုကြည့်။"
ထိုစကားပြောပြီးနောက် ယဇ်ပုရောဟိတ်က ဒေါသတကြီး ထွက်သွားသည်။
လုရှန်း ယဇ်ပုရောဟိတ် ကို စိုက်ကြည့်၍ ရှုပ်ထွေးတဲ့အမူအရာနဲ့စိတ်ဝိညာဥ်နှစ်ခုကို ကြည့်လိုက်သည်။
သူမ ဂါထာစာရွက်တစ်ခုကို ထုတ်ယူကာ မျက်လုံးကိုမှိတ်၍ပြောလိုက်သည်။"ဒီနေ့ ပျံ့လွင့်နေတဲ့ ဝိညာဥ်နှစ်ယောက်ကို တွေ့ခဲ့တယ်။နတ်ဘုရားတွေက ငါ့ရဲ့ဝိညာဥ်တွေကို ရွေးနုတ်ပြီး ငြိမ်သက်စွာအနားယူပါစေ။"
သူမရွတ်ဆိုနေစဥ်တွင် စိတ်ဝိညာဥ်နှစ်ခု အဖြူအမည်းအမြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး လုရှန်းကိုင်ဆောင်ထားသော ဂါထာစာရွက် ဆီသို့ ပျံသန်းရောက်ရှိလာသည်။
မူလလုရှန်းရဲ့စိတ်ဝိညာဥ် ရှုပ်ထွေးသွားပြီး ချက်ချင်းပင် မှိုထဲသို့ စုပ်ယူခံလိုက်ရသည်။
သို့သော် အမျိုးသမီးဟဲရဲ့ဝိညာဥ်က ဆက်လက်ခုခံ၏။ဆန္ဒမရှိပေ။သနားစရာကောင်းသော အော်ဟစ်သံများ ဒေါသသံများနှင့်ပြည့်နှက်နေသည်။
သူမ မျက်လုံးဖွင့်ကြည့်လိုက်ချိန် လုရှန်းကိုတွေ့တော့ သူမ အံ့ဩသွားသည်။
လုရှန်း အမျိုးသမီးဟဲနဲ့မူလလုရှန်းကို ပြုံးပြ၍ပြောလိုက်သည်။"စိတ်မပူနဲ့သွားကြ။မင်းအတွက် ငါလက်စားချေမယ်။"
အမျိုးသမီးဟဲ၏အနက်ရောင်မျက်လုံးတွေက အရောင်ပြန်ပြောင်းသွားပြီး ပတ်ဝန်းကျင်က အနက်ရောင်ရောင်ဝါတွေ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
အမျိုးသမီးဟဲ ဂါထာစာရွက်ထဲကို ဝင်သွားတော့ လုရှန်းသည် ဂါထာစာရွက်ကို သူမရဲ့နေရာလွတ် လက်ကောက်ထဲ ပြန်ထည့်လိုက်သည်။
သူတို့အတွင်းစိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူ၍ သူတို့တွေကို ပြန်လည်မွေးဖွားဖို့အတွက် ပို့ပေးရမည်။
ယဇ်ပုရောဟိတ် ထွက်သွားပြီးနောက် လုဒါဟွား၊အမျိုးသမီးလျိုနဲ့လုနိုင်း တို့ရဲ့မျက်နှာတွေ ဖြူတော့သွားသည်။
အပြင်က ရွာသူရွာသားတွေ အားလုံး အံ့သြသွားကြသည်။
ယဇ်ပုရောဟိတ် ဘာကိုဆိုလိုသည်ကို သူတို့မသိပေ။
သို့သော် ခဏအကြာတွင် လူစုခွဲသွားကြသည်။သူတို့ဆီ ကို ကံမကောင်းတာတွေ ကူးလာမှာ ကြောက်ကြသည်။
"အမေ၊အမေ သမီး တို့ ဘာလုပ်သင့်လဲ?"
လုနိုင်းကတခြားဘာကိုမှ ဂရုမစိုက်နိုင်ဘဲ လက်တွေကို ဆုပ်ကိုင်ရင်း အမျိုးသမီးလျို ကို မေးမြန်း၏။
လုဒါဟွား၏အကြည့်များ မှောင်သွားကာ သူဘာတွေတွေးနေမှန်း ဘယ်သူမှမသိချေ။
လုဂျန်နဲ့လုရှင်းတို့သည် ငယ်ရွယ်ပြီး တစ်ယောက်က အသက်ငါးနှစ်၊နောက်တစ်ယောက်မှာ ၃ နှစ်ရှိသေးသည်။သူတို့ ဘာမှမသိ။
သူတို့နံဘေးတွင် ငုတ်တုတ်ထိုင်ကာ ဘာကိုကြောက်မှန်းမသိဘဲ ပဟေဠိဆန်သော လူကြီးသုံးယောက်ကို စိုက်ကြည့်နေ၏။
ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အမျိုးသမီးလျိုက လုဒါဟွား ကို ကြည့်၍မေးသည်။"ဒါဟွား အဲဒါ အမျိုးသမီးဟဲ ဖြစ်နိုင်လား။?"
လုရှန်း မနေ့ညက ရောက်လာတာ သူမ သိသည်။သူမ ခေါင်းကို လှည့်ကြည့်လိုက်ချိန် လုရှန်းကို မြင်ခဲ့သည်။
အခုအချိန်မှာတောင် စိမ်းပြာနေတဲ့ မျက်နှာလေးကို မေ့ထားလို့ မရပေ။
သို့သော် သူမ လုဒါဟွား ကို မပြောဝံ့ပေ။
လုဒါဟွားက လုရှန်းကို မကြိုက်သော်လည်း လုရှန်းက ငွေတုံးငါးရာတန်သည်။
သူနဲ့သူ့သမီးက လုရှန်း ပျောက်ကွယ်သွားအောင်လုပ်တဲ့သူမှန်း သိရင် သတ်ပစ်လိမ့်မယ်။
လုဒါဟွားကမျက်မှောင်ကြုတ်၍ အသံနက်ကြီးနဲ့ပြော၏"ဘေးချင်းကပ်လျက်ရွာမှာ စုန်းမတစ်ကောင်ရှိတယ်လို့ ကြားတယ်၊လာကြည့်ဖို့ ပင့်လိုက်မယ်။"
လုရှန်း ထွက်မသွားပဲ ထို့အစား ခြံဝင်းထဲမှာ ရပ်ပြီး စုန်းမရောက်လာတာကို စောင့်နေခဲ့သည်။
လုဒါဟွား ထွက်သွားပြီး မကြာခင် ချုမိသားစုရဲ့အိမ်ထိန်းနဲ့အစိုးရအရာရှိအချို့ ရောက်လာသည်။
သူတို့ကြားထဲမှာ ရင်းနှီးနေတဲ့ ပုံရိပ်နှစ်ခုတောင် ရှိနေသေးသည်။
"သူတို့ဘာလို့ဒီကိုရောက်နေတာလဲ"လုရှန်းအံ့အားသင့်စွာဖြင့် မျက်ခုံးပင့်ကာ တိုးတိုးလေးရေရွတ်၏။