Ch-7 : လုမိသားစု က သရဲ။- (2)
အမျိုးသမီးလျို ထကာ တံခါးဆီကို လျှောက်သွားပြီး ထပ်မံသော့ခတ်လိုက်သည်။
တံခါးသော့ခတ်ထားကြောင်း အတည်ပြုပြီးနောက် ထပ်လှည့်ကြည့်လိုက်သည်။သို့ပေမဲ့ သူမ
လှည့်ကြည့်လိုက်ချိန် လုံလုံခြုံခြုံသော့ခတ်ထားတဲ့ တံခါးက ရုတ်တရက်ပွင့်သွားပြန်သည်။
လုနိုင်းကနောက်တစ်ကြိမ် ထပ်အော်ဟစ်သောကြောင့် အမျိုးသမီးလျို ချက်ချင်းမေ့လဲချင်သွား၏။
အမျိုးသမီးလျိုသည် ကျောပြင်ပေါ် ချွေးအေးထွက်နေသည်ကို ခံစားလိုက်ရပြီး နောက်ထပ်ခြေတစ်လှမ်းတောင် မလှမ်းနိုင်တော့။
လုနိုင်းက ကုတင်ပေါ် မောက်မာစွာ ဆို၏။"သူမ ပြန်လာပြီ!"
ဒီအချိန်တွင် အမျိုးသမီးလျိုရဲ့နောက်တွင် ရပ်နေတဲ့ လုရှန်းကကိုယ်ပျောက်ဂါထာစာရွက် ကို ရုတ်တရက် ဆွဲခွာ လိုက်ပြီး လုနိုင်း ကို ပြုံးပြ၏။
"အား!"
သူမရဲ့အော်သံ လျိုယွဲ့ရွာတစ်ခုလုံးကို ဖုံးသွားတော့သည်။အားလုံးသည် အသံကိုကြားတော့ ကြည့်ဖို့ တံခါးဖွင့်လာကြသည်။
လုရှန်းသည် ကိုယ်ပျောက်ဂါထာစာရွက် ကို သူ့ကိုယ်ပေါ်ပြန်တင်လိုက်ပြီး လုမိသားစု ဆီမှ တိတ်တဆိတ်ထွက်လာခဲ့သည်။
သူမက အမျိုးသမီးလျိုနဲ့လုနိုင်း ကို အကြိမ်အနည်းငယ် ကြောက်ရွံ့အောင်ခြောက်လန့်ခဲ့သည်။
လုဒါဟွားသည်စိတ်ဆိုးနေ၏။သူသည် လုနိုင်း၏ဆက်တိုက်အော်သံကြားတိုင်း ပို၍ စိတ်တိုလာ၏။
"ဒါ။ဒါဟွား၊ကျွန်မတို့ အိမ်မှာသရဲရှိတယ်!"အမျိုးသမီးလျိုသည် လုဒါဟွား ထွက်လာသည်ကိုမြင်တော့ ဆွဲခေါ်၍အမြန်ပြော၏။
လုဒါဟွား သံသယဖြစ်မည်ကို စိုးပြီး 'သရဲ ' က လုရှန်း လို့ မပြောရဲပေ။
"သရဲ?"
လုရန်သည်ခြံဝင်းထဲ ကနေ ဝင်လာ၏။သူက အေးစက်စက်ပြုံး၏။"သရဲ တစ္ဆေတွေက ခင်ဗျားရဲ့နှလုံးသားထဲရှိတာ"
လုဒါဟွားကသားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး အမျိုးသမီးလျို ကို ဘာဖြစ်နေတာလဲ မေးမြန်း၏။
အမျိုးသမီးလျိုကဖြစ်စဥ်တစ်ခုလုံးကို ပြန်ပြောပြသည်။
သို့ပေမဲ့ တစ်လျှောက်လုံး သရဲမ ဖြစ်ကြောင်းသာ ဖော်ပြခဲ့ပြီး လုရှန်း ဆိုတာကို လုံးဝ မပြောခဲ့ပေ။
ထိုနှစ်တွင် လုဒါဟွားနဲ့အမျိုးသမီးလျို က လုရှန်းရဲ့မိခင် အမျိုးသမီးဟဲ ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။
အမျိုးသမီးဟဲကအနည်းငယ် အအေးမိပေမဲ့ သူတို့ကဆေးထဲ အာဆင်းနစ်ကို တိတ်တဆိတ်ထည့်ခဲ့သည်။နောက်ဆုံးတွင် အမျိုးသမီးဟဲ ဟာ သူမရဲ့ရောဂါကို မကုသနိုင်တာကြောင့် သေဆုံးသွားခဲ့သည်။
အမျိုးသမီးလျိုနဲ့လုနိုင်း တို့ သရဲမ ကိုမြင်ခဲ့တာပြောပြတော့ လုဒါဟွားတွေးခဲ့တဲ့ ပထမဆုံးလူက အမျိုးသမီးဟဲ ဖြစ်သည်။
သူ ခဏလောက် တုံ့ဆိုင်းသွားနေစဥ် အမျိုးသမီးလျို က"ပိုင်မားဘုန်းကြီးကျောင်းက နတ်ဆရာကို လာကြည့်ပေးဖို့ အိမ်ကို ဖိတ်မယ်"
လုရန် သည်ဒီစကားကိုကြားသောအခါ အေးစက်စွာရယ်မောပြီး သူ့အခန်းထဲသူပြန်ဝင်သွား၏။
နောက်နေ့ သူ မြို့ထဲ လုရှန်း ကို ရှာဖွေမှာဖြစ်လို့ သူတို့ကိုအနှောက်အယှက်မပေးတော့ဘူး။
နံနက်မိုးလင်းသောအခါ အမျိုးသမီးလျိုနဲ့လုနိုင်းတို့ နတ်ဆရာဘုန်းကြီး တစ်ပါးကို ဖိတ်ကြားရန် ပိုင်မားဘုန်းကြီးကျောင်းသို့ အမြန်ထွက်သွားကြသည်။
မနေ့ညက ရွာသားတွေအားလုံး လုနိုင်းရဲ့အော်သံကို ကြားခဲ့သည်။လုမိသားစုကဘုန်းကြီးတစ်ပါး သွားပင့်တာ ကြားတော့ လုမိသားစု ထဲ သရဲရှိနေသလားလို့ခန့်မှန်းကြသည်။
သရဲတစ္ဆေများက လုရှန်းကိုဝှက်ထားလို့ လုရှန်း ပျောက်သွားလို့ အချို့ကဆိုကြသည်။မဟုတ်ရင် သူမ ဘယ်လို လွယ်လွယ်နဲ့ပျောက်ကွယ်သွားနိုင်မှာလဲ?
လျိုယွဲ့ရွာရှိလူတိုင်းက လုရှန်း ရှက်တက်တာကို သိကြသည်။
တခြားသူတွေနဲ့စကားပြောတဲ့အခါ ခေါင်းမမော့ဝံ့ဘူး။သူမလိုတစ်ယောက်ယောက်က သူ့အိမ်ကနေ ထွက်သွားဖို့ ဘယ်လိုသတ္တိရှိနိုင်မှာလဲ။
ဒါကြောင့် မြို့ထဲက သွမ့်ကျန်း ကို ရှာဖို့ သူမ အိမ်က ထွက်သွားတာကို ရွာမှာရှိတဲ့ ဘယ်သူကမှ မယုံကြပေ။
မွန်းလွဲပိုင်းရောက်တဲ့အခါ အမျိုးသမီးလျိုနဲ့လုနိုင်း တို့ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ယဇ်ပုရောဟိတ်ဘုန်းကြီးတစ်ပါးကို အိမ်သို့ပင့်ဆောင်လာသည်။
ယဇ်ပုရောဟိတ် က လုမိသားစုရဲ့ခြံဝင်းကို လှည့်ပတ်၍ လုဒါဟွား ကို သူ့ရဲ့စာလုံးများ အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ခိုင်းသည်။
ရွာကလူတိုင်း ဝင်ပေါက်ကို ဝိုင်းထားကြ၏။လုမိသားစုတွင် ကြောက်စရာကောင်းတာတစ်ခုခု တကယ် ဖြစ်လာနိုင်သည်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုကြသည်။
လုရှန်းက သူ့ကိုယ်သူ ကိုယ်ပျောက်ဂါထာစာရွက် အဝါရောင်စက္ကူကို ကပ်ထားပြီး လူအုပ်ထဲ ထိုမြင်ကွင်းကိုပြုံးပြုံးကြီးကြည့်နေ၏။
လုဒါဟွားက ခြံဝင်းထဲတွင် ယဇ်ပလ္လင်တစ်ခုကို ချထားသည်။အမွှေးတိုင်မီးဖိုငယ်နှင့် စာလုံးပေါင်းရန် လိုအပ်သော အခြားပစ္စည်းများကို ထိပ်တွင်တင်ထားသည်။
ခဏကြာတော့ ယဇ်ပုရောဟိတ်က ယဇ်ပလ္လင်ရှေ့မှာ ရပ်နေပြီး သစ်သားဓားတစ်ချောင်းကို ကိုင်ထားရင်း မျက်လုံးကိုမှိတ်ပြီး တီးတိုးရွတ်ဆိုနေ၏။
သူကတော်တော်စွမ်းပုံပေါ်သည်။
လုရှန်းသည် ဒီမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေ၏။
ယဇ်ပုရောဟိတ်ကအနည်းငယ် ကျွမ်းကျင်ကြောင်း သူမ ပြောပြနိုင်ပေမဲ့ သူမက သူ့ထက် များစွာသာလွန်သည်။
ယဇ်ပုရောဟိတ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အမျိုးသမီးလျို ၊လုဒါဟွားနဲ့လုနိုင်း ကို ကြည့်သည်။
ယဇ်ပုရောဟိတ် ဒေါသတကြီးအကြည့်ဖြင့် ယဇ်ပလ္လင်ပေါ်မှ အရာအားလုံးကို ရုတ်တရက် တွန်းချလိုက်တော့သည်။