Ch-19: ငါဒါကိုလုပ်ခဲ့တယ်။
လုဒါဟွားရဲ့ဝန်ခံချက်ကြောင့် လျိုယွဲ့ရွာတစ်ခုလုံးကို ဒေါသနဲ့မယုံကြည်မှုများ ကျန်ရစ်ခဲ့သည်။
အများစုက လုရန်နဲ့လုရှန်းကို စာနာကြသည်။
သူတို့နှစ်ယောက် ကြီးပြင်းလာတဲ့ချိန် မိခင်မေတ္တာကို ခံယူသင့်ပေမဲ့ သူတို့ရဲ့မိုက်မဲတဲ့ ဖခင်နဲ့မိထွေးကြောင့် မခံစားခဲ့။
ရွာသူကြီးနဲ့နီးစပ်တဲ့ ရွာသားတစ်ချို့ လုညီအစ်ကို မောင်နှမများထံ သွားရောက်ပြီး ဝမ်းနည်းကြောင်း ပြောဆိုသည်။
ကံအဆိုးဆုံးက လုရှန်းလို့ အားလုံးက ထင်နေကြသည်။သို့ပေမဲ့ သူတို့ရောက်လာချိန် သူမ ကောင်းကောင်းနေပုံပေါ်သည်။သူမ လုဂျန်နဲ့လုရှင်းတို့နဲ့အတူ ခြံဝင်းအတွင်း မြက်ခင်းများကို အေးအေးဆေးဆေး ပေါင်းသင်နေသည်။
ရွာသူရွာသားအားလုံးက သူမကို ဝမ်းနည်းလွန်းပြီး အလုပ်နဲ့အာရုံပြောင်းဖို့ဆုံးဖြတ်ပေါ် ပုံသည်ဟု ထင်နေခဲ့သည်။
ဒါကြောင့် လူတိုင်းက စကားနဲနဲပဲပြောပြီး ထွက်သွားကြသည်။
"အားရှန်း၊မင်း ဒီအကြောင်းကို သိပြီးပြီလား"
လုရန် ထွက်လာချိန် လုရန်ရဲ့မျက်နှာအလွန်ဖျော့နေပြီး မျက်လုံးအောက်တွင် မျက်ကွင်းညိုညိုများရှိနေသည်။သူ့မျက်နှာ ချောမောမောပန်းနွမ်းနယ်နေပုံရသည်။
လုရန်ကမျက်ရည်များနဲ့သူမကိုကြည့်လာသည်။
“မကြာသေးဘူး။"
လုရှန်း ပေါက်ပြားကို ချ၍ပြောလိုက်သည်။"လွန်ခဲ့တဲ့ နှစ်ရက်တည်းက ဒီအကြောင်းကိုသိတာ"
လုနိုင်းက ခရိုင်တရားသူကြီးကို လက်ထပ်ချင်တယ်လို့ ပြောခဲ့ပေမဲ့ လုနိုင်းသည် လုမိသားစုရဲ့သမီးအရင်းမဟုတ်ပေ။ဒါကြောင့် မူလ လုရှန်းကို သတ်ဖို့ အမျိုးသမီးလျို ကို ကူညီခဲ့သည်။
သို့ပေမဲ့ အမျိုးသမီးလျိုသည် အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံ့သည်။သူမ လုဒါဟွား အား အမျိုးသမီးဟဲ ကို အဆိပ်ခတ်ရန် သတ္တိရှိရှိ ဆွဲဆောင်ခဲ့ပေမဲ့ ခရိုင်တရားသူကြီးကို မစော်ကားဝံ့ပေ။ဒါကြောင့် သူမ လုနိုင်းရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။
သို့သော် လုနိုင်းသည် ခြိမ်းခြောက်ဖို့ ဒီကိစ္စကို အသုံးပြုခဲ့သည်။အမျိုးသမီးလျို လုနိုင်း ကို မကူညီခဲ့ပါက လုနိုင်း က အမျိုးသမီးဟဲ ကို အဆိပ်သင့်စေရန် လုဒါဟွား ကို အတင်းအကြပ် ခိုင်းစေတဲ့ လုပ်ရပ်ကို ထုတ်ဖော်လိမ့်မယ်။
အမျိုးသမီးလျိုသည် သမီးဖြစ်သူရဲ့ကိုယ်ရည်ကိုယ်သွေးကို ကောင်းစွာသိသည်။
အခြားနည်းလမ်းမရှိဘဲ၊ အမျိုးသမီးလျို ကလုနိုင်း ကို မူလ လုရှန်းကို ဖယ်ရှားဖို့ ကူညီရန် သဘောတူခဲ့သည်။
ထိုအချိန် မူလလုရှန်းသည် ရေချိုးခန်းမှ ပြန်ရောက်လာသည်ကို မသိလိုက်ပေ။ဒီစကားဝိုင်းတစ်ခုလုံးကို ကြားသွားခဲ့သည်။
အမျိုးသမီးလျိုသည် မူလ လုရှန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်မှာကို ကြောက်တာမို့ သတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။
လုနိုင်းရဲ့အကူအညီနဲ့တွန်းထုတ်လိုက်ပြီး အခန်းထဲသို့ ဆွဲခေါ်ကာ ခေါင်းအုံးဖြင့် အသက်ရူကျပ်အောင်လုပ်ခဲ့သည်။
ထို့နောက် အလောင်းကို အနီးနားရှိ ရေကန်ထဲသို့ ပစ်ချခဲ့သည်။
"ဘယ်သူဆီကကြားတာလဲ"လုရန် မေးလိုက်သည်။
"လုနိုင်းနဲ့အမျိုးသမီးလျို"
လုရှန်း ခေါင်းငုံ့ပြီး သူမရဲ့အမူအရာကို ဖုံးကွယ်ထား၏။
လုရန်ရဲ့အမူအရာက အနည်းငယ် ရှက်စရာကောင်းလာသည်။စက္ကန့်အနည်းငယ်ကြာပြီးတော့ အေးစက်စက်လေသံဖြင့်"ဒါကြောင့် မင်းကိုသတ်ချင်တာလား”
လုရှန်း ခေါင်းညိတ်ရင်း"ထင်တာပဲ"
လုရန် ပြောစရာစကားမဲ့သွား၏။အမျိုးသမီးလျို ကို ဘေးဖယ်ထားရင်တောင် သူ့အဖေက သူ့အမေသေဆုံးမှုမှာ ပါဝင်ပတ်သက်နေသည်ဆိုတာ မယုံနိုင်ပါ။
လုရန် စိတ်ဆင်းရဲတာကို မျိုသိပ်ပြီး ပျော့ညံ့တဲ့ အသံနဲ့မေးလိုက်သည်။“လွန်ခဲ့တဲ့နှစ်ရက်က သရဲခြောက်တာ…”
“ဒါတွေအားလုံး ညီမလေး လုပ်တာ"လုရှန်း ဝန်ခံသည်။
"ကောင်းကောင်းလုပ်ခဲ့တယ်!"
လုရန် ပြောပြီးတာနဲ့သူ့အခန်းထဲပြန်ဝင်သွားသည်။
လုဂျန်က လုရန် အခန်းထဲပြန်သွားချိန်ကိုစောင့်နေ၏။ထို့နောက် သူက လုရှန်းနဲ့အတူ လုရှင်းရှိရာကို မျှော်ကြည့်၍"ဒုတိယအစ်မ ငါတို့ဗိုက်ဆာနေပြီ"
"အစ်မ မင်းကို ထမင်းကျွေးမယ်"
သူမလက်ဆေးပြီးနောက် လုရှန်း မီးဖိုချောင်သွားသည်။
အမျိုးသမီးလျိုသည် အလွန်တွက်ဆတတ်သူဖြစ်သည်။လုရှန်း အရသာရှိသည့် ဟင်းပွဲလုပ်ဖို့မစောင့်နိုင်အောင်ဖြစ်နေ၏။
လုရှန်းက ထမင်းအိုးကိုဖွင့်ကြည့်လိုက်တော့ တစ်ဝက်ပဲရှိသည်။သူမသည် တခါမှ မထိဖူးသော မုန့်ညက်အိုးကို လှမ်းမြင်လိုက်သည်။
ဥတွေကို တစ်ချက်ကြည့်လိုက်သည်။အချိန်အတော်ကြာ စဥ်းစားပြီးနောက် ရိုးရှင်းသောဆန်ပြုတ်ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူမ နောက်တစ်နာရီအတွင်း အလုပ်များနေသည်။
ပြီးတာနဲ့သူမ ကြက်ဥအကာပန်းကန်ကို ယူလာပြီး လုဂျန်နဲ့လုရှင်းကိုမြည်းကြည့်ဖို့ တောင်းဆိုသည်။ထို့နောက် သူမက လုရန်ရဲ့အခန်းကိုသွားပြီး တံခါးခေါက်လိုက်သည်။
လုရန်က စားချင်စိတ်မရှိတာမို့ သူတို့ကိုပဲ စားခိုင်းခဲ့တယ်။
လုရှန်းကလည်း သူ့ကို အတင်းအကြပ်ဖိအားမပေးပေ။ထမင်းစား စားပွဲသို့ ပြန်ရောက်တော့ ကလေး နှစ်ယောက်စောင့်နေတာ သိလိုက်သည်။
“စားတော့"လုရှန်း တစ်ယောက်ချင်းစီကို ဝေငှလိုက်သည်။
လုဂျန်က ခရမ်းချဥ်သီးကို ယူကာ မျိုချလိုက်သည်။“ဒုတိယအစ်မ၊အမေက အဖေနဲ့တတိယအစ်မအတွက် ကြမ်းခင်းဝယ်ပေးတယ်။”