no

Font
Theme

အခန်း ၁၁။ ရှင်သန်ဖို့ရန်

နွေဦးသို့ ရောက်ရှိခြင်းမှာ ကမ္ဘာမြေ၏ နွေးထွေးလာခြင်း၊ သစ်ပင်သေများမှ အရွက်သစ်များ အညွှန့်ထွက်လာခြင်းနှင့် စိုက်ပျိုးမြေကောင်းမွန်လာခြင်းဟု အဓိပ္ပာယ်ရသည်။

အေးခဲ၍ သေဆုံး‌သွားကြသော သူဖုန်းစားတို့၏ အလောင်းများကို ရွှေ့လိုက်ကြပြီးဖြစ်သလို ပျံကျဈေးသည်များကလည်း လမ်းများထက် ပေါ်လာကြသည်။ ၎င်းက ဆောင်းရာသီ၏ အဖြစ်ဆိုးများက မတည်ရှိခဲ့သလိုပင်၊ ယခုတွင် အေးချမ်း၍ ကြွယ်ဝသော အချိန်သို့ ရောက်နေသလိုပါပင်။

သို့သော် လမ်းမထက်၌ ယာယီအလုပ်ကြမ်းသမားများ ပိုနည်းသွားကာ သူဖုန်းစားများက ပိုများလာသည်။

အာ့လျန်မှာ လက်ရှိတွင် စိုက်ပျိုးမွေးမြူရေးခြံသို့ ပြောင်းရတော့မည်ဖြစ်သောကြောင့် ပစ္စည်းများကို ထုပ်ပိုးနေ၏။

အလုပ်သမားများအတွက် အဆောင်ခန်းများကို ဆောက်လုပ်၍ မပြီးသော်လည်း လင်းယွမ်၏ ခြံဝန်းနှင့် ကိုယ်ပိုင်နေအိမ်ကတော့ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။ လင်းယွမ်မှာ အချိန်အနည်းငယ်လောက် ထပ်လိုဦးမည်ဟု ထင်ထားသော်လည်း လက်မှုပညာသည်များ၏ အမြန်နှုန်းက ထင်ထားသည်ထက် များစွာပိုမြန်လေသည်။

ဆီစက်ရုံလုပ်ငန်းမှာ တည်ငြိမ်ကာ လမ်းကြောင်းမှန်၌ ရှိနေပြီဖြစ်သည်။ အခြေခံအားဖြင့် ၎င်းက လင်းယွမ်အတွက် တစ်လကို တစ်ခါသာ စာရင်းများကို စစ်ဆေးရုံနှင့် လုံလောက်သည်အထိ ဖြစ်လာ၏။ ကျန်းကွေကလည်း ကြီးကြပ်ရာ၌ ကူညီနိုင်သည်။

ဆီစက်ရုံမှ ရလာသော ဝင်ငွေတိုးလာပြီး ကျန်းကွေအနေဖြင့်လည်း ၎င်းမှ ဝေစုရလာသည်နှင့် ကျန်းကွေမှာ ဆီစက်ရုံအား ဥများ ဥနိုင်သည့် ကြက်တစ်ကောင်နှယ် စတင် အသိအမှတ်ပြုလာသည်။ ‌အလုပ်ပြီးချိန်တွင် နေ့တိုင်း သူဟာ ထိုနေရာသို့ သွားပြီးနောက် ပျော်ရွှင်စာ တစ်ခွက် နှစ်ခွက်လောက် သွားသောက်

တတ်သည်။ သူ့အား ပြီးခဲ့သည့်ရက်များအတွက် ပျော်ရွှင်နေသည်ကို မကြာခဏ မြင်ရတတ်၏။

စစ်ညန်နှင့် ကိုးဇီတို့ကလည်း ထုပ်ပိုးလိုက်သည်၊ မည်သို့ဖြစ်စေ ၎င်းတို့မှာ ဤနေရာ၌ လများစွာ နေခဲ့ရသဖြင့် ပစ္စည်းအတော်များများကို သိမ်းဆည်းရ၏။

ကျန်းကွေက လင်းယွမ်နှင့် စကားပြောဖို့ ပေါ်လာသည်၊ "မင်းတို့ သွားတော့မှာပေါ့၊ ငါတို့ သုံးယောက်... အာ မဟုတ်ဘူး ငါတို့ ညီအစ်ကိုလေးယောက်ထဲမှာ မင်းတို့ ၃ယောက်က ဒီနေရာမှာ ငါ့ကိုပဲ တစ်ယောက်တည်း ချန်ထားတော့မှာပေါ့" ကျန်းကွေက သက်ပြင်းချ၍ အနည်းငယ် စိတ်ဓာတ်ကျနေ၏၊ "ငါ့အလုပ်သာ အစိုးရရုံးမှာ မဟုတ်ရင် ငါလည်း လိုက်လာပါတယ်ကွာ"

လင်းယွမ်: "အစ်ကို သုံး ဒီလိုမပြောပါနဲ့၊ ဆီစက်ရုံက ကောကောရဲ့ ဂရုစိုက်မှုကို လိုနေတုန်းပါဗျာ"

ကျန်းကွေက ကတိပေးလိုက်၏၊ "ဒါပေါ့ ငါ့အနေနဲ့

ညီလေး ၄ကို နည်းနည်းလေးတောင် စိတ်မပျက်စေရပါဘူး၊ မဟုတ်ရင် ငါ့နာမည်ကို ပြောင်းပြန်တောင်ရေးပစ်လိုက်မယ်။"

ကျန်းကွေမှာ ကိစ္စများကို ရှင်းရှင်းလင်းလင်းမြင်တတ်သည့် လူတော်ဖြစ်သည်။ သူဟာ အခြေအနေ အရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်နိုင်ကာ မတူသည့် လူအမျိုးအစားများနှင့် ရင်ဆိုင်ရချိန်တွင် မှန်ကန်သည့် သဘောထားမျိုးကို ထားရှိတတ်၏။

"မင်းအနေနဲ့ ကူညီဖို့ လူပိုရှာသင့်တယ်" ကျန်းကွေက တိတ်တဆိတ်ပြောသည်၊ "မကြာခင်မှာ ကမ္ဘာကြီးက လုံးဝကို အုံကြွမှုကြီးထဲ ရောက်တော့မယ်လို့ ငါမြင်နိုင်တယ်။ လူပိုများများနဲ့ဆို မင်းကိုယ်မင်း ပိုကောင်းကောင်း ကာကွယ်နိုင်မှာပဲ။ နောက်ပြီး ငါ့လူတွေကို ပေါက်ပြားတွေ ပိုပြီးယူလာခိုင်းလိုက်မယ်၊ လိုအပ်ရင် လက်နက်အနေနဲ့ သုံးလို့ရနိုင်တာပဲ။"

လင်းယွမ်က ရပ်တန့်လိုက်သည်၊ ကမ္ဘာကြီးက အုံကြွမှုကြီးထဲ ကျရောက်တော့မည်ဆိုသည်မှာ လူတိုင်း အာရုံခံနိုင်သော အရာဖြစ်သော်လည်း လူအများစု

ကတော့ မဖြစ်နိုင်လောက်ဟူသော အတွေးကို ဆက်လက်ဆုပ်ကိုင်ထားကာ ဒီတိုင်း ဆက်နေ,နေကြသည်။ မီးက ၎င်းတို့၏ အိမ်တံခါးသို့ လာမလောင်သရွေ့ ၎င်းတို့လည်း ကြောက်ရွံ့ခြင်းကို အမှန်တကယ် ခံစားရမည်မဟုတ်ပေ။

"အစ်ကို ၃ စိတ်မပူပါနဲ့" လင်းယွမ်က ကျန်းကွေ၏ ပခုံးကို ပုတ်လိုက်သည်၊ "နောက်နှစ်အဆုံးကျရင် စပါးကျီကို အပြည့်ဖြည့်မှာမို့ အစ်ကို ၃လည်း လာခဲ့ပါ"

ကျန်းကွေက သက်ပြင်းချသည်၊ "ငါတို့ တွေ့ရမှာပါ"

ဝူမြို့တော်၌ နေခြင်းက အနည်းဆုံးတော့ မြို့တံတိုင်း၏ ပုံစံအတိုင်း အကာအကွယ်တော့ ရှိသေးသည်။ ၎င်းက နိမ့်ပြီး အက်ရာများရှိနေသာ်လည်း ပျက်စီးနေသော တံတိုင်းကလည်း တံတိုင်းဖြစ်နေဆဲသာ။ ထို့အပြင် ဝူမြို့တော်ထံ၌ စောင့်ကြပ်နေသည့် စစ်သားများလည်း ရှိသည်။ အပြင်၌ ဓားပြများ သို့မဟုတ် ပို၍ ရက်စက်သည့် ဒုက္ခသည်များနှင့် ရင်ဆိုင်ရပါလျှင် သာမန်လူများမှာ များများစားစား

တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ကျန်းကွေက လင်းယွမ်၏ အတွေးကိုလည်း နားလည်သည်၊ သူ၏ ပိုင်ဆိုင်မှုက မည်သူမှမရှိသည့် ဝေးလံခေါင်ဖျားအရပ်၌ ရှိနေသည်။ ၎င်းအား အရှေ့ဘက်၌ မြစ်တစ်စင်းက ကာရံထားပြီး အနောက်ဘက်၌ တောင်တန်းတစ်ခုက ဝန်းရံထားသည်။ တစ်ခုခုဖြစ်ပွားခဲ့ပါလျှင် ၎င်းတို့ လုပ်ဖို့လိုသည်မှာ တောင်တန်းများထဲ၌ ပုန်း၍ ၎င်းတို့ အသက်များကို ကာကွယ်ရုံသာဖြစ်၏။

သို့သော် ကျန်းကွေအနေနှင့် ထိုသို့သော ဘဝမျိုး၌ နေထိုင်ရန် ဆန္ဒမရှိသောကြောင့် ၎င်းမှာ နောက်ဆုံး အားကိုးရာသာဖြစ်သည်။

မည်သူကမှ ထိုသို့သော အိမ်ခြေရာမဲ့ဘဝမျိုး၌ မနေချင်ပေ။

လင်းယွမ်က သူ့ကို ဖြောင်းဖျဖို့ မကြိုးစားပေ၊ မည်သို့ဖြစ်ဖြစ် ကျန်းကွေက အရူးမဟုတ်ပါချေ။ ထိုနေ့သာ တကယ်ပဲ ရောက်လာလျှင် ကျန်းကွေမှာ

သူ၏ စိုက်ပျိုးမွေးမြူရေးခြံ၌ လာရောက် ခိုလှုံလိမ့်မည်။

"အစ်ကို ၃၊ ကျွန်တော်ကို လိုက်ပို့ပေးဖို့ မလိုပါဘူး" ဝူမြို့တော်မှာ မည်သည့်မြင်းမှ မဝယ်နိုင်သောကြောင့် လင်းယွမ်လည်း နွားလှည်းပေါ်တက်လိုက်သည်။ နွားမှာ အဆင်ပြေသည့် ရွေးချယ်မှုဖြစ်နေဆဲပင်၊ နှေးသော်လည်း လမ်းလျှောက်ရသည်ထက်တော့ ပိုကောင်း၏။ လင်းယွမ်မှာ သူ၏ လှည်းကို မောင်းမည့်သူတစ်ဦးကိုပင် ခန့်ထားသေးသည်။

ကျန်းကွေက မြို့တံတိုင်းများ၏ ဘေး၌သာ ရပ်ရင်း အဝေးသို့ ထွက်ခွာနေသည့် လင်းယွမ်၏ လှည်းကို ကြည့်နေလိုက်၏။

မြို့ဂိတ်စောင့် စစ်သားတစ်‌ဦးက သူ့အား သတိပြုမိကာ ရယ်မောလိုက်သည်၊ "ခင်ဗျားဟာက ဇနီးသည်ကို လိုက်ပို့နေတဲ့ ခင်ပွန်းလိုပါလားဗျာ။ သူတို့က ထွက်သွားပြီးနေပြီကို ခင်ဗျားက ကြည့်နေတုန်းပဲ"

ကျန်းကွေက ထိုစစ်သားထံ လှမ်းရိုက်လိုက်ကာ၊

"အဓိပ္ပာယ်မရှိတာ မပြောစမ်းနဲ့! ငါ မင်းရဲ့ အထက်လူကြီးကို သွားတိုင်လိုက်မယ်နော် ဒါဆို မင်းလည်း လက်ကျန်ဘဝတစ်လျှောက်လုံး ဂိတ်တွေလိုက်စောင့်ရင်း ကုန်ဆုံးနေရမယ်!"

စစ်သားမှာ မကြောက်ရွံ့ဘဲ စနောက်လိုဟန်ဖြင့် ပြုံးနေဆဲပင်၊ "အစ်ကိုကျန်း ခင်ဗျား အခုတလော ချမ်းသာလာတယ်လို့ ကြားတယ်နော်?"

ကျန်းကွေ: "ဘာ ချမ်းသာတာလဲ၊ မင်း အဲ့လို အဓိပ္ပာယ်မရှိတာကို ဘယ်ကကြားခဲ့တာလဲ? ငါသာ ချမ်းသာရင် ဒီမှာ မင်းနဲ့ စကားပြောနေပါဦးမလား? စားသောက်ဆိုင်တစ်ခုခုကိုသွားပြီး ကောင်းပေ့ဆိုတာတွေကို စားနေလောက်ရောပေါ့"

စစ်သားလည်း စဉ်းစား၍ သဘောတူလိုက်သည်။ သူဟာ ထိုင်ချလိုက်ပြီးနောက် ပန်းကန်လုံးထဲမှ ရေကို သောက်လိုက်၏၊ "မြောက်ပိုင်းမှာ အနှောင့်အယှက်တွေ ရှိလာပြီလို့ ကြားတယ်"

ကျန်းကွေ၏ မျက်လုံးများ ပြူးကျယ်သွားသည်၊

"ဘာ?"

စစ်သား: "ကျွန်တော့် ဝမ်းကွဲဆီကကြားတာတော့ လူအတော်များများ သေပြီး ပလိပ်ရောဂါတွေ စ‌ဖြစ်နေကြပြီတဲ့"

ကျန်းကွေ အံ့ဩသွားသည်: "ပလိပ်ရောဂါလား?"

စစ်သား: "ပြောတာတော့ တချို့မြို့တွေက ပိတ်လိုက်ကြပြီတဲ့လေ။ လူအတော်များများကတော့ တောင်ပိုင်းကို ပြေးလာနေကြပြီ။ ဒီတစ်ခေါက် ဘယ်လောက်များများ ရောက်လာဦးမလဲမသိဘူး"

ကျန်းကွေမှာ အနည်းငယ် လန့်သွားသည်။ ထွက်သွားချိန်တွင် သူဟာ မိမိဘာသာ ရေရွတ်လိုက်၏၊ "ငါတို့ တွေ့ရမှာပါ၊ တွေ့ရမှာပါ"

မြောက်ပိုင်းမှလာနေသော ဒုက္ခသည်များ တကယ်ရှိနေပါလျှင် သူဟာ လင်းယွမ်နှင့်အတူ ခိုလှုံခြင်းမပြုလိုပါလျှင်တောင် ရွေးချယ်စရာမရှိပေ။

နွားလှည်းမှာ မြင်းလှည်းများလောက် မမြန်သော်လည်း ပို၍ ငြိမ်သည်။ လင်းယွမ်က လှည်းထဲ၌ ထိုင်နေရင်း သူ၏ ကိုယ်တွင်းအင်္ဂါများ ထွက်ကျလာတော့မလို ခံစားနေရသည်။ နွားလှည်းက ငြိမ်သော်လည်း လမ်းက ကျောက်တုံးထူထပ်သည်။ ဤခေတ်တွင် လမ်းခင်းထားသည်များမရှိသလို ဘိလပ်မြေလည်းမရှိဘဲ သဲသောင်လွင်ပြင်များသာရျှသည်။ အဓိကလမ်းမကြီးများမှ မသွားပါလျှင် လမ်းက ပို၍ပင် ဆိုးလိမ့်မည်။

မွန်းလွဲပိုင်း၌ လှည်းက အနားယူဖို့ ရပ်သွားသည်။ လင်းယွမ်က စစ်ညန်လုပ်ပေးထားသော ကိတ်ပြားတစ်ချပ်ကို စားလိုက်ကာ အရေအတွက်များ၍ အရသာရှိသော်လည်း အနည်းစုကတော့ ဆီသုံးထားသည့် ပမာဏကြောင့် အနည်းငယ် ခြောက်နေသည်။ တစ်ချပ်ကတင် အစာအိမ်ကို ဖြည့်ဖို့ လုံလောက်သော်လည်း မောင်းသူကတော့ နှစ်ချပ်စားသည်။ သူဟာ သက်လတ်ပိုင်းလူဖြစ်ပြီး အရပ်ရှည်၍ ပိန်သော်လည်း အားတော့မနည်းပေ။ မွှေးပျံ့သောကိတ်ပြားကိုဝါးနေရင်း သူက ပြောလာသည်၊ "မရောက်ခင် နောက် ၄နာရီလောက်သွားရဦးမယ်"

စုစုပေါင်း ၈နာရီရှိမည်ဖြစ်ရာ လင်းယွမ်၏ နှလုံးသားမှာ စိတ်ပျက်အားငယ်မှုတို့ ပြည့်သွားသည်။

မောင်းသူက ဆားရည်စိမ် အသီးအရွက်တစ်ပန်းကန်နှင့် ကိတ်မုန့်တစ်ကိုက်,ကိုက်လိုက်ပြီး ရေတစ်ခွက်သောက်ကာ ကျေနပ်နေဟန်နှင့် ပြောလာသည်၊ "သူဌေးလေး ကျုပ်အနေနဲ့ မင်းထက် သဘောပိုကောင်းတဲ့သူ မ‌တွေ့ဖူးသေးဘူး။"

သူဟာ နှစ်များစွာကြာအောင် မောင်းသူဖြစ်လာခဲ့သော်လည်း ဤသည်မှာ သူဌေးတစ်ဦးက သူ့ထံ ဆီကိတ်မုန့်နှစ်ခုစား‌ဖို့ ပေးလာသော ပထမဆုံးအကြိမ်ဖြစ်သည်။

လှည်းမောင်းခြင်းမှာ ပင်ပန်းသည့်အလုပ်ဖြစ်ပြီး လူများစွာ မတတ်နိုင်သည့် အလုပ်လည်းဖြစ်သည်။ အများစုက မည်သည့်နေရာမဆို သွားရန် ၎င်းတို့ ခြေထောက်များကိုသာ အားထားကြ၏။

လူချမ်းသာမိသားစုများထံ၌ ကိုယ်ပိုင်လှည်းများရှိသဖြင့် သူ့ကို ငှားရမ်းဖို့ မလိုချေ။

အခြားဒေသများမှ ကုန်သည်များကသာ လှည်းငှားမည်ဖြစ်သည်။ ၎င်းတို့မှာ သူ့အား မကောင်းမကန်းဆက်ဆံသည်တော့ မဟုတ်သော်လည်း အများဆုံးအနေဖြင့် ဆန်အရောဖြင့်လုပ်ထားသည့် ပေါက်စီနှစ်လုံးလောက် ပေးရုံသာဖြစ်သည်။ သို့သော် ယနေ့တွင် သူက ဆီကိတ်မုန့်နှစ်ချပ်ပေးသည်သာမက ဆားရည်စိမ်အသီးအရွက်များလည်း ပါသေးသည်။ သူဟာ ညနေပိုင်းပေးမည့် ဆီကိတ်မုန့်များကို သူ၏ ဇနီးနှင့် ကလေးများအတွက် ချန်ထားမည်ဟု ဆုံးဖြတ်လိုက်သည်။

လင်းယွမ်က သစ်ပင်တစ်ပင်အောက်၌ အနားယူနေစဉ်တွင် အာ့လျန်နှင့် ကုန်းဇီတို့က ဘယ်ရီသီးအရိုင်းများ သွားကောက်ကြသည်။

"ဒါက ဘယ်ရီသီးအရိုင်းတွေလေ အရသာကောင်းတယ်" ကိုးဇီက ခပ်သေးသေး အနီရင့်ရောင် ဘယ်ရီအချို့ကို ကောက်လိုက်သော်လည်း အချို့က ပုပ်နေပြီဖြစ်သည်။

အာ့လျန်က တစ်ခုကို ကောက်ယူကာ ပွတ်လိုက်ပြီးနောက် ပါးစပ်ထဲထည့်လိုက်သော်လည်း မကြာခင်၌ လျှာတစ်လစ်ထုတ်လာသည်၊ "နည်းနည်း ချဉ်တယ်"

ကိုးဇီက ရယ်၏၊ "ဒါကို စားနေကျမဟုတ်လို့ပါ"

စစ်ညန်က ပြုံးလျက် ကြည့်နေသည်။ လင်းယွမ် သူမအား စတင် ဆုံစဉ်ကနှင့် ယှဉ်လျှင် သူမဟာ ယခုတွင် ပို၍ ငယ်ရွယ်ဟန်ပေါ်လာသည်။

လင်းယွမ်မှာ စိတ်ကူးပေါက်ပေါက်ဖြင့် သူမ၏ အသက်ကို မေးကြည့်စဉ်က သူမဟာ ၂၈သာ ရှိသေးကြောင်း သိခဲ့ရသည်။ သူမဟာ အသက် ၁၃၌ လက်ထပ်ခဲ့ပြီး ၁၅နှစ်၌ ကလေးမွေးခဲ့၏။ အသွင်အပြင်အရဆိုလျှင် သူမအား ၄၈ဟုပြောလျှင်တောင် လင်းယွမ် ယုံမိလိမ့်မည်။

စစ်ညန်က ဤခေတ်ကာလ လယ်သမားမိသားစု မိန်းကလေးများအားလုံး၏ လောကထဲမှဖြစ်သည်။ အသက်ငယ်ငယ်၌ လက်ထပ်ပြီး စောစောကလေးများရသည်။ ကံကောင်းလျှင် ၎င်းတို့မှာ ကလေးမွေး

ရင်း အသက်ရှင်ပြီး ကံမကောင်းပါက ကလေးရော အမေပါ အသက်ဆုံးရလိမ့်မည်။ ၎င်းတို့၏ အိမ်မက်မှာ ရိတ်သိမ်းမှုများများရရန်ဖြစ်သည်၊ သို့မှသာ ၎င်းတို့ မိသားစုမှာ ဆာလောင်တော့မည်မဟုတ်ပေ။ အပိုအလျှံရပါလျှင် ၎င်းက အကောင်းဆုံးအရာဖြစ်သည်။ မြေရှင်က ရိတ်သိမ်းမှု၏ ၁၀%အောက် ပေးခြင်းကပင် ရောင့်ရဲနိုင်စရာဖြစ်သည်။

လင်းယွမ်က စစ်ညန်ကို ပြောလိုက်၏၊ "စစ်ညန် ကျွန်တော်တို့ ရောက်တာနဲ့ ခင်ဗျား သဘောကျရင် သင့်တော်တဲ့သူတစ်ယောက်ရှာပြီး ပြန်လက်ထပ်ပါ"

စစ်ညန်က ရပ်တန့်လိုက်ကာ ခဏအကြာတွင် ခါးသက်သက်ဖြင့် ပြောသည်၊ "ဘယ်သူက ကျွန်မကို လိုချင်မှာတဲ့လဲ? ပြီးတော့လည်း ကျွန်မမှာ ကိုးဇီရှိတယ်လေ"

သူမအတွက် ရှင်သန်နေခြင်းကပင် ကံကောင်းသည့် အရာဖြစ်နေပြီဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment