no

Font
Theme

အခန်း ၁၄။ စားစရာ

အဖေလင်းနှင့် ကျန်လူများမှာ ပိုက်ဆံ သို့မဟုတ် အခြားအဖိုးတန်ပစ္စည်းများနှင့် အတူ ရောက်လာခြင်းမဟုတ်ရာ ရွာများကို ဖြတ်လာချိန်၌ အစားအစာဝယ်ရန်သုံးခဲ့ခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းဖြစ်ရမည်။ ကျန်သည့်အရာများမှာ ယန်ရှစ်၏ သူမကိုယ်ပေါ်၌ သယ်ထားသော မင်္ဂလာလက်ဖွဲ့သာ ဖြစ်ပြီး ကျန်အရာအားလုံး ဆုံးရှုံးခဲ့သည်။

၎င်းတို့အုပ်စုမှာ အတော်ကြီးသော်လည်း တောင်ပိုင်းသို့ အလာလမ်းတွင် ဓားပြများနှင့် ဒုက္ခသည်များ ရှောင်ရှားရသည်။ ပစ္စည်းများစွာ ယူလာဖို့က မဖြစ်နိုင်ပေ။ အဖေလင်းက အံကြိတ်၍ ကျန်သည့်အရာအားလုံးကို ပစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါ၏။ မည်သို့ဖြစ်စေ အသက်က ငွေထက် ပိုအရေးကြီးပေသည်။

စစ်ညန်သည် မီးဖိုချောင်တွင် ဂျုံခေါက်ဆွဲပြုတ်လုပ်ရန်သွားခဲ့သည်။ ဟင်းက ချက်ရတာ တော်တော်လွယ်ကာ ခေါက်ဆွဲဖြူထဲကို ရေထည့်ပြီး မွှေ၍

ရေနွေးထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်ရန်ဖြစ်

သည်။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်နှင့် ရှာလကာရည် အနည်းငယ်ထည့်ကာ နှမ်းဆီအနည်းငယ်နှင့် ဂျုံလုံးများထည့်ပြီးနောက် ခေါက်ဆွဲပြုတ်အဖြူ တစ်ဇွန်းခန့်ထည့်ရမည်ဖြစ်သည်။ စစ်ညန်ကဟင်းသီးဟင်းရွက်အချို့ကိုလည်း ဟင်းရည်ထဲသို့ထည့်လိုက်ရာ ၎င်းက အတော်လေး မွှေးပျံ့လှသည်ဟု ယူဆနိုင်သည်။

ယခင်က အဖေလင်းသည် ဤသို့သောအစားအစာမျိုးကို ဘယ်သောအခါမျှမစားပေ။ သို့သော် အခုတော့ အဖြူရောင်ခေါက်ဆွဲတွေကိုမြင်နေရရုံဖြင့် သူဟာ မသိစိတ်က တံတွေးများ မျိုချနေမိသည်။

လင်းယွမ်သည် ယခုအချိန်တွင် သူနှင့် စကားမပြောဝံ့တော့ပေ၊ လျင်မြန်စွာ ပြင်းပြင်းထန်ထန် စားသောက်နေသောကြောင့် သူ့လျှာကို ကိုက်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။

ယန်ရှစ်ကမူ အနည်းငယ်မျှသာ စားသည်။ တောင်ပိုင်းသို့လာသည့် လမ်းတွင် အကြာကြီး အဆာအငတ်ခံနေရသည့် ဝေဒနာနှင့် ဆင်းလာခဲ့သည်။

ယခု အစားအသောက်ကို မြင်လျှင်တောင် စားချင်စိတ် သိပ်မရှိသေးပေ။

ကလေးမလေးကိုမူ ကောအာဟုခေါ်၏။ သူမသည်သစ်ပင်များ၌ သစ်သီးများ တွဲလောင်းကျနေချိန် ဆောင်းဦးရာသီတွင်မွေးဖွားခဲ့သဖြင့် ထိုအမည်ပြောင်ကို ပေးခံခဲ့ရသည်။ ၎င်းဟာအတော်လေးကောင်းသောအဓိပ္ပာယ်ရှိပါ၏။

၎င်းတို့ သုံးယောက်မှလွဲ၍ အစေခံများသည် ခြံထဲတွင် စားသောက်ကြသည်။ ၎င်းတို့မှာ အဖြူရောင်ဂျုံမုန့်ညက်နှင့် ခေါက်ဆွဲများမရှိဘဲ၊ ၎င်းအစား သူတို့ဟာ ဂျုံယာဂုတစ်ပန်းကန်နှင့် အရွယ်အစားကြီးမားသည့် ဆန်မုန့်များကို ရောကာ စားကြရသည်။ ဂျုံယာဂုသည် အနည်းငယ်နည်းသော်လည်း အနည်းဆုံးဆန်ဖြူရှိခဲ့သဖြင့် ဗိုက်ဝပါ၏။

"ငါတို့ နောက်ဆုံးတော့အသက်ရှင်ခဲ့ပြီ။ " နောက်ဆုံးတွင် အစေခံများသည် ငရဲတံခါးမှ ထွက်ခွာခဲ့သည်ဟု ခံစားရကာ စိတ်အေးလာကြသည်။ ဆန်

မုန့်လုံးကြီးနှစ်ခုကိုစားပြီးနောက် နောက်ဆုံးတွင်သူ

တို့သည် ပြုံးလျက် တစ်ဦး နှင့်တစ်ဦး စကားပြောလိုက်ကြသည်။

"ငါဒီကိုလာတဲ့လမ်းမှာ သေမယ်လို့ထင်ခဲ့တာ။" အခြားသူတစ်ဦးက ပြော၏၊ "အရင်က အဲ့လောက်လူသေတွေအများကြီး တစ်ခါမှမမြင်ဖူးဘူး"

"သခင့်ဆီမှာ ကြိုမြင်နိုင်တဲ့ အမြင်ရှိတာ ကျေးဇူးတင်ရမယ်။

" အစေခံတစ်ဦးက ပြော၏၊ "ဘာဖြစ်မယ်ဆိုတာကို ကြိုတင်ခန့်မှန်းခဲ့ပြီး ကံကောင်းလို့ သခင်လေးကို တောင်ဘက်ဆီ သွားခိုင်းလိုက်လို့ပေါ့ မဟုတ်ရင်... ငါတို့က ဝူ မြို့အပြင်ဘက်က ဒုက္ခသည်တွေလို ဖြစ်သွားလိမ့်မယ်"

“ဒီဆောင်းရာသီမှာ လူတော်တော်များများ သေဆုံးတာကို သေချာပေါက် တွေ့ရလိမ့်မယ်။

"ငါ အခန်းတွေကို ကြည့်လိုက်တော့ ကုတင်မှာ မြက်ခြောက်မွေ့ရာနဲ့ ချည်စောင် ရှိတယ်လေ။" အစေခံတစ်ယောက်က စိတ်လှုပ်ရှားစွာပြောသည်။

ယခင်က လင်းမိသားစု ‌စိုက်ပျိုးရေးခြံတွင် ၎င်းတို့၏ ဆက်ဆံမှုသည် အလားတူဖြစ်ခဲ့သည်။ သခင်လေးနှင့်အတူ ခိုလှုံခြင်းဖြင့် အခြေအနေများပိုဆိုးလာလိမ့်မည်ဟုသူတို့ထင်ခဲ့ကြသည်။

အဖေလင်းသည် လက်ရှိတွင်လင်းယွမ်ထံ ညည်းညူနေပြီး ၎င်းတို့ ကျော်ဖြတ်ခဲ့ရသော အခက်အခဲများကို ချဲ့ကားပြောဆိုနေသည်။ ၎င်းဟာ အတော်လေးကြောက်လန့်စရာကောင်းသော်လည်း အဖေလင်း၏ ချဲ့ကားပြောဆိုမှုများကြောင့် ပိုပင်ဆိုးလာခဲ့သည်။ သူ၏ သမီးနှစ်ယောက်သေဆုံးခြင်းသည် သူ့အားထိုးနှက်ဖြစ်ခဲ့သည်။ စုစုပေါင်း သားသမီး လေးယောက်ရှိသော်လည်း ယခုခေတ်တွင် သားသမီးများများရှိလေလေ ကံဇာတာ ပိုများလေဟု ယုံကြည်ကြသည်။ အဖေလင်းမှာ သူ့သမီးများကို အလိုလိုက်ခဲ့သော်လည်း ယခုမူကား နှစ်ယောက်ကို ဆုံးရှုံးခဲ့သည်။ သူ ဘယ်လောက်နာကျင်နေလဲဆိုသည်ကို သူ

သာလျှင် သိပါ၏။

အာ့လျန်က ရေပူကိုသယ်ဆောင်လာခဲ့သည်။ သူ့ကိုတွေ့သော် အဖေလင်းက ခေါ်လိုက်၏။

"နျိူတန်ရော ဘယ်မှာလဲ" လင်းယွမ်နှင့် အာ့လျန်တို့နှင့်အတူ ထွက်ခွာသွားသော ‌လှည်းမောင်းသူအား အဖေလင်းက မေးမြန်းလာခဲ့သည်။

အာ့လျန်က ရိုးသားစွာဖြေလိုက်ပါ၏၊ “ဒီကိုလာတဲ့လမ်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ပြီး သူတို့က လှည်းနဲ့ ပစ္စည်းတွေကို ခိုးသွားကြတယ်။ အစ်ကိုချန်က နောက်မှာ နေခဲ့ပြီး ကျွန်တော်တို့ကို အရင်ပြေးခိုင်းခဲ့တယ်။ သူ့ကို ကျွန်တော်တို့ နောက်ထပ် မတွေ့ရတော့ဘူး။"

အဖေလင်းက ခဏရပ်တန့်သွားပြီး အ‌တန်ကြာမှ သက်ပြင်းချလိုက်၏။

"ဒါဆို အိမ်ခြံမြေဝယ်ဖို့ ဘယ်မှာပိုက်ဆံရလာတာ

လဲ" အဖေလင်းက ရုတ်တရက် မေးလိုက်သည်။

လင်းယွမ်က ဖြေ၏၊ “အမေက ကျွန်တော့် ဖိနပ်ခုံအောက်မှာ ထယ် ၂၀၀ ကို ဝှက်ထားခဲ့တယ်”

ယန်ရှစ်က ဟင်းချိုတစ်ငုံသောက်ပြီး အမူအရာက ထူးမခြားနား ဖြစ်နေဆဲပင်၊ “ကြိုတင်ပြင်ဆင်ခြင်းက အန္တရာယ်ကို ကာကွယ်ပေးတယ်”

အဖေလင်းက ပေါက်စီဖြူကို ယူ၍ ဝါးလိုက်သည်။ ဘေးတွင် ဆားရည်စိမ်ထား‌ေသာ ဆလပ်ရွက်နှင့် မုန်လာဥဖြူတို့ဖြင့် ပြုလုပ်ထားသော ဆားရည်စိမ်အသီးအရွက်များရှိနေပြီး အင်မတန်သင့်တော်သည့် အရံဟင်းဖြစ်သည်။

ယန်ရှစ်ဟာ ကိုယ်အလေးချိန် တော်တော်ကျသွားသည်။ သူမသည် မူလက အဖေလင်းလောက် မဝသောကြောင့် သူမ၏ ကိုယ်အလေးချိန် ကျသွားသည်နှင့် သူမသည် အရိုးစုကဲ့သို့ ပိန်လှီလာသည်။ သူမ၏ လည်ပင်းသည် အထူးသဖြင့် ပါးလွှာလှပြီး‌ ခေါင်းအလေးချိန်ကို မခံနိုင်ဘဲ တစ်ခဏအတွင်း

ကျိုးသွားမည်ကိုပင် လူများအား စိုးရိမ်စေသည်။

လင်းယွမ်သည် မူလပိုင်ရှင်က သူမအားမည်သို့ဆက်ဆံခဲ့ကြောင်း ပြန်စဉ်းစားပြီးနောက် ပြောလိုက်၏၊ "အမေ ကောင်းကောင်းအနားယူပြီး ကျန်တာ အကုန် ကျွန်တော်နဲ့ ထားခဲ့လိုက်ပါ"

၎င်းကိုကြားသော် ယန်ရှစ်၏ မျက်လုံးများ နီရဲပြီး စိုစွတ်လာခဲ့သည်။ သူမက ချက်ချင်းပင် ၎င်းတို့ကို ပိတ်ချလိုက်ပြီး နူးညံ့စွာပြော၏၊ "ယွမ်အာ၊ မင်းရဲ့ညီမလေးတွေအတွက် အထိမ်းအမှတ် ကျောက်တိုင်တစ်ခု လုပ်ထားပေးပါ ဒါဆို အားလပ်ရက်တွေမှာ သူတို့လည်း နံ့သာပေါင်းတချို့ကိုစားနိုင်တာပေါ့"

အဖေလင်း: “မဖြစ်နိုင်ပါဘူး၊ သူတို့ရဲ့ အသက်အရွယ်က ငယ်လွန်းတော့ အချိန်မတန်ခင် သေမယ်လို့ ယူဆနိုင်တယ်။ သူတို့မှာ အထိမ်းအမှတ်ကျောက်တုံး ဒါမှမဟုတ် အထိမ်းအမှတ်ကမ္ပည်းတိုင်တစ်ခုမှ ထားလို့ မရပါဘူး”

ယန်ရှစ်က ဘာမှ မပြောဘဲ ထိုင်နေလိုက်သည်။

ဤစုံတွဲဟာ တစ်သက်လုံး တစ်ယောက်ကို တစ်ယောက် နားလည်မှု မပေးနိုင်ခဲ့ပါချေ။

အဖေလင်းသည် ပညာမတတ်သူတစ်ဦး ဖြစ်သည်။

ရလာဒ်အနေဖြင့် ယန်ရှစ်၏ အသက်အရွယ်ကိုစိတ်ထဲမထားခဲ့ဘဲ သူမ၏ ပညာရေးနောက်ခံကြောင့် သူမအားလက်ထပ်ထိမ်းမြားရန်အခိုင်အမာပြောဆိုခဲ့သည်။

သို့ပေမယ့် အိမ်ထောင်ကျပြီးနောက်မှာတော့ အဖေလင်းဟာ ယန်ရှစ်ပြောသမျှကို နားမလည်နိုင်ကြောင်း တွေ့ရှိခဲ့ပါ၏။

ယန်ရှစ်ကတော့ သူမနှင့် သင့်တော်သည့် စကားတောင်မပြောနိုင်သော အမျိုးသားတစ်ယောက်နှင့် လက်ထပ်ခဲ့ရသည်ကို သိလိုက်ရသည်။

လက်ထပ်ထိမ်းမြားခြင်း၏ အစောပိုင်းကာလများသည် အသစ်စက်စက် ပျားရည်ဆမ်းအရသာ အနည်းငယ်တော့ရှိနေသေးသည်။

သို့သော် ထိုအဆင့်ပြီးသွားသည့်အခါ နှစ်ယောက်စလုံးက တစ်ယောက်နှင့် တစ်ယောက် မသင့်တော်ဘူးဆိုသည်ကို သိလိုက်ရ၏။

သို့ရာ၌ ၎င်းတို့ ဘာလုပ်နိုင်မည်နည်း။ နောက်ဆုံးတော့ သူတို့လုပ်စရာမှာ ကျန်ရှိသည့် ဘဝကို အတူတူ ဖြတ်သန်းဖို့ရန်ပင်။ ယန်ရှစ်သည် အဖေလင်းနှင့် တစ်ခန်းတည်း မနေချင်တော့ဘဲ အဖေလင်းက အစေခံမိန်းကလေးများနှင့် အိပ်နေလျှင်ပင် လျစ်လျူရှုခဲ့သည်။ ကလေးတွေက သူမနှင့် အတူနေချင်ရသော်လည်း မွေးမိခင်တွေက ၎င်းတို့ကို လာတွေ့ပါကလည်း ၎င်းတို့ကို မတားခဲ့ပါချေ။

ယနေ့ခေတ်မှာ သခင်က ကျေးကျွန်တွေကို ဥပဒေအရမရိုက်နှက်နိုင်ပေ၊ သို့သော် ၎င်းတို့ကိုရောင်းလိုက်ခြင်းကလည်း အရမ်းရိုးရှင်းပါ၏။ စကားလုံးတစ်လုံးတည်းနှင့်ပင် သူတို့နောက်သို့ ထပ်လိုက်မလာရန်အဝေးသို့ ရောင်းနိုင်သည်။

ယန်ရှစ်သည် အလွန်ကြင်နာတတ်သော အမျိုးသမီး

သခင်မဖြစ်သည်၊ မဟုတ်ပါက သူမသည် လင်းယွမ်ကို ကောင်းစွာ ဆက်ဆံခဲ့မည်မဟုတ်ပေ။

သမီးသုံးယောက်စလုံးမှာ မွေးမိခင်တွေရှိကြပြီး လင်းယွမ်၏မွေးမိခင်ကသာ မီးဖွားပြီး သေဆုံးသွား

ခဲ့သည်။ လင်းယွမ်နှင့် ယန်ရှစ်တို့သည် သွေးသား မတော်စပ်သော်လည်း တကယ့် အမေနှင့်သားဟု ဆိုနိုင်၏။

လင်းယွမ်က ချက်ချင်း သဘောတူလိုက်သည်၊ “ကောင်းပါပြီ၊ ကျွန်တော် အမှတ်တရ ကမ္ပည်းတစ်ခုပြင်ထားလိုက်ပါမယ်”

ယန်ရှစ်လည်း ခေါင်းညိတ်လိုက်သည်၊ "အမေ ပင်ပန်းနေပြီ"

အာ့လျန်က ချက်ချင်းပင် ရှေ့သို့ ရောက်လာခဲ့သည်။ "သခင်မ၊ အစေခံမိန်းကလေးတွေက ပစ္စည်းတွေ သိမ်းနေတာမို့လို့ သခင်မကြီး သန့်ရှင်းဖို့အတွက် ကျွန်တော် ကူပေးပါမယ်။"

အာ့လျန်သည် ငယ်ရွယ်သေးသောကြောင့် အစေခံမိန်းကလေးများအစား တာဝန်ထမ်းဆောင်ခြင်းကို လက်ခံနိုင်ဆဲဖြစ်သည်။

ယန်ရှစ်က ခေါင်းညိတ်၍ အတွင်းခန်းထဲသို့ဝင်လာသည်။

အဖေလင်းက ယန်ရှစ်ထွက်ခွာသွားကြောင်း မြင်သော် တိတ်တိတ်လေးပြောလိုက်သည်၊ "အဖေလည်း အဖေနဲ့အတူ ပိုက်ဆံအိတ် အများစုကိုယူလာတယ်။"

လင်းယွမ်: "... အဖေဘယ်မှာဝှက်ထားတာလဲ"

အဖေလင်း: “အောက်ခံအဝတ်တွေထဲမှာ။ ငါ အစေခံမိန်းကလေးတွေကို အိတ်တစ်အိတ် ချုပ်ထားခိုင်းလိုက်တာ၊ ထွက်လာတုန်းက အတော်များများဖြည့်ထားတယ်၊ အခုဆို ထယ် ၃၀၀ ပဲတော့တယ်"

“အားလုံးကို ယူသွားလိုက်။” အဖေလင်းက ပိုက်ဆံ

များကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။

လင်းယွမ်က ဆို၏၊ "အဖေပဲ သိမ်းထားလိုက်ပါ"

အဖေလင်းက ခေါင်းကို ခါလိုက်သည် - "ငါက ရောက်သာ ရောက်လာတာ၊ ပိုက်ဆံရှိရင်တောင်မှ ငါ

သုံးဖို့ နေရာမရှိဘူး။ မင်း ဒီငွေကို အစားအစာပိုဝယ်ဖို့ သုံးလိုက်၊ စပါးဟောင်းတွေ ဝယ်လိုက်ရုံနဲ့ အဆင်ပြေတယ်၊ စျေးပေါတာက လူကို မသတ်နိုင်ပါဘူး။"

လင်းယွမ်က မငြင်းပေ၊ "ကောင်းပါပြီ"

သူဟာ စိတ်နှလုံးမည်းနက်သည့်သခင် ဖြစ်လိုခြင်း မဟုတ်ဘဲ အစားအစာ မလုံလောက်သည့်အခါ ပိုမျသည့် ဆန်ဟောင်းပမာဏက ဆန်သစ် ပမာဏနည်းနည်းထက် ပိုအသုံးဝင်လိမ့်မည်ဖြစ်သောကြောင့်ပင်။ အသက်ရှင်နေခြင်းနှင့် အရသာရှိခြင်းကြားတွင် မည်သူမျှ အရသာကို ရွေးချယ်မည်မဟုတ်ပေ။

ဤနှစ် အစောပိုင်း ရိတ်သိမ်းမှုက မဆိုးသော်လည်း

တခြားလယ်တွေထက်စာရင် စပါးက မဆိုးရုံဖြစ်သည်။ သို့သော် ခေတ်သစ် စပါးခင်းများနှင့် ယှဉ်ကြည့်လျှင် နိမ့်ပါးနေမည်မှာ သေချာပါ၏။ သို့သော် အထွက်နှုန်းများသော သီးနှံများမှာ အလွန်နည်းပါးသည်။ လင်းယွမ်က ပဲပိစပ်က စိုက်ရလွယ်ကာ ရိတ်သိမ်းရသည်ကလည်း မဆိုးဟုပြောခဲ့သော ယန်

ဇီအန်းကိုပင် မေးခဲ့သေးသည်။

ရလာဒ်အနေဖြင့် လင်းယွမ်က ၎င်းတို့အားဖွင့်လှစ်နိုင်သမျှ ပတ်ဝန်းကျင်ရှိမြေများအားလုံးကို ဖွင့်လှစ်ခိုင်းပြီး ပဲစေ့များကိုစိုက်ပျိုးရန်အသုံးပြုခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဝူမြို့တော်သည် မည်သူ့ကိုမျှ လာရောက် စစ်ဆေးရန်ပို့မည်မဟုတ်ပေ။

လင်းယွမ်မှာ ပုန်ကန်မှု၏ ပထမဆုံးအမြောက်သံ မြည်လာသည်နှင့် သူ၏စားသောက်ကုန်များကိုလုံလောက်စွာ သိုလှောင်ထားခြင်းမရှိသေးပါက တစ်ခါတည်း ဂိမ်းအိုဗာဖြစ်သွားမည်ဟုပင် စဉ်းစားမိသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment