no

Font
Theme

အခန်း ၂၁။ ဝက်ထိန်း

နောက်နေ့မနက်တွင် လင်းယွမ်မှာ စောစောနိုးလာခဲ့သည်။ သူဟာ အောက်ခံအဝတ်များသာ ဝတ်ထားရင်း ပြတင်းကို သွားဖွင့်လိုက်သော်လည်း လေအေးများက တိုက်ခတ်လာ၏။ သူဟာ ချည်အင်္ကျီကို အမြန် ဆွဲစေ့လိုက်ပြီး အပူချိန်က တစ်ညတည်းနှင့် ဤမျှ ဆိုးဆိုးဝါးဝါးကျဆင်းသွားခဲ့မည်ဟု ထင်မထားပေ။

"သခင်လေး" အာ့လျန်က ရေအင်တုံတစ်ခုနှင့်အတူ ဝင်လာပြီး ပြောသည်၊ "သခင်ကြီးက ကျွန်တော့်ကို မေးလိုက်တာ၊ သခင်လေး ဘယ်မှာ မနက်စာစားခဲ့တာလဲတဲ့ ပြီးတော့ ထမင်းစားခန်းမကို မသွားဖို့ ပြောလိုက်တယ်"

လင်းယွမ်: "ငါသိပြီ အိမ်မှာပဲ စားလိုက်မယ်"

လင်းယွမ်က အဖေလင်း၏ ဆိုလိုရင်းကို နားလည်သည်။ မြေပိုင်ရှင်ဖြစ်ခြင်းမှာ မြေပိုင်ရှင်၏ လေထုရှိနေရမည်။ သင်ဟာ ဖော်ရွေပြီး ချဉ်းကပ်နိုင်

လွန်းလျှင် သင့်စကားကို ဘယ်သူမှ နားထောင်ချင်မှာ မဟုတ်ပါချေ။ လူတွေအနေနှင့် စိတ်ထားကောင်းသူကို ထိခိုက်စေရန် ပိုရွယ်လွယ်သည့် အဘယ့်ကြောင့်ဆိုသော် ထိုလူမျိုးက ဒေါသထွက်လိမ့်မည်မဟုတ်‌ပေ။

ခေတ်သစ်မှာလည်း ဒီလိုပါပင်။ သင်၏သူဌေးက သင်နှင့် သီးသန့်သူငယ်ချင်းဖြစ်နိုင်သော်လည်း အလုပ်ထဲတွင်တော့ သူဟာ သင်၏ အထက်လူကြီးပင်။ စိတ်ထားကောင်းခြင်းက အခြားလူများ သင့်ကို နာခံမည့် အဓိပ္ပာယ်‌တော့မဟုတ်ပေ။

သူသည် အငှားလယ်သမားများကို ကောင်းစွာဆက်ဆံနိုင်သော်လည်း မြေငှားရမ်းခြင်းနှင့်အစားအစာ ပြင်ဆင်ပေးခြင်းတို့ဖြင့်သာ လုပ်နိုင်သည်။ အငှားလယ်သမားများသာ သူ၏စည်းများကို ဖြတ်ကျော်လာပါက သူဟာ မြေပိုင်ရှင်အဖြစ်သူ၏ အဆင့်အတန်းအတိုင်း ပြုမူရပေမည်။

ရှေးခေတ် ဧကရာဇ်မင်းများက ကောင်းကင်သားတော်ဟု မိမိတို့ကိုယ်ကို ရည်ညွှန်းပြီး ၎င်းတို့၏မွေး

ဖွားခြင်းကို ကောင်းသောလက္ခဏာများဖြင့် အခိုင်အမာဖော်ပြခဲ့ကြပုံနှင့် တူသည်။ ဤသည်မှာ လူအများစု နားမလည်ဘဲ ပညာမတတ်ခဲ့သော ရှေးခေတ်ကာလများတွင် အထူးတလည် ထိရောက်သော ဝိညာဉ်ရေးဆိုင်ရာ စည်းမျဉ်းအမျိုးအစားတစ်ခုဖြစ်သည်။

လီစန်းရုံကဲ့သို့ပင် ဧကရာဇ်မင်းတိုင်းက မြင့်မြတ်သည့်နဂါးအနွယ်တို့၏ လူသား မိတ်ဆွေများဖြစ်ကြသည်ဟု စိတ်ရင်းဖြင့် တကယ် ယုံကြည်နေသည်။

ကျန်းကွေကမူ ၎င်းတို့ဟာ နဂါးတွေဟု မယုံကြည်ခဲ့သော်လည်း သူတို့ဟာ သေမျိုးများ မဟုတ်သည်ဟု ဆိုလျှင် သေချာပေါက် သဘောတူလိမ့်မည်။

ယန်ဇီအန်းကလည်း ဧကရာဇ်မင်းများသည် လူသားများဖြစ်သော်လည်း ထူးကဲသောကံကြမ္မာကို ပိုင်ဆိုင်ထားသော လူသားများဖြစ်သည်ဟု တွေးထင်သည်။

လင်းယွမ်က ၎င်းတို့ကို ပြောလိုက်၏၊ "ဧကရာဇ်မင်းဆိုတာ အမြင့်ဆုံးအုပ်ချုပ်သူ ထိုင်ခုံမှာ ထိုင်နိုင်တဲ့ လူသားပါပဲ။ မဟုတ်ရင် ကျဆုံးသွားတဲ့ မင်းဆက်တွေကို ဘယ်လိုကြည့်မှာလဲ။ ပျက်စီးသွားတဲ့ အင်ပါ

ယာရဲ့ ဧကရာဇ်ကလည်း ဧကရာဇ်ဖြစ်နေတုန်းပဲလေ။”

လီစန်းရုံနှင့် အခြားသူများကရိုးသားစွာပြန်လည်ဖြေကြားခဲ့သည်၊ "ဒါကတော့ သူတို့က သူတို့ အလုပ်ကို မှန်မှန်ကန်ကန်မလုပ်လို့ ကောင်းကင်အပြစ်ပေးခဲ့တာပဲ။ သူတို့က သေမျိုးတွေပဲလို့ မင်းဘယ်လိုပြောနိုင်ရတာလဲ?”

လင်းယွမ်: "...... "

လင်းယွမ်ဟာ ပုန်ကန်မှုလမ်းကြောင်းသည် အတော်ခက်ခဲကြောင်း ခံစားလိုက်ရသည်။

အံ့အသြရဆုံးသောအရာမှာ ကျူးယွမ်ကျန်းကလည်း ဧကရာဇ်ဟူသည် ကောင်းကင်၏သား‌တော်ဖြစ်သည်ဟု ယုံကြည်ကာ ဧကရာဇ်အားလုံးကတော့ စစ်မှန်သော သားတော်မဟုတ်ဟု ဆိုသည်။

သူဟာ တည်ထောင်သူ ဧကရာဇ်ကသာ ထိုသို့ဖြစ်

ပြီး သူ့အား အောင်နိုင်ခဲ့သည့် ကျန်သူအားလုံးက‌‌တော့ မဟုတ်ဟုထင်သည်။

ဤကဲ့သို့သော တွေးခေါ်မှုမျိုးနှင့် ပတ်သက်လာလျှင် လင်းယွမ်သည် ရှုံးနိမ့်မှုကိုသာ ဝန်ခံနိုင်တော့သည်။

လင်းယွမ်သည် ခေတ်သစ် တရုတ်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၎င်း၏ အနီရောင်အလံအောက်တွင် ကြီးပြင်းခဲ့သည်။ သူရရှိခဲ့သောပညာရေးမှာလည်း ဘုရားမဲ့ဝါဒဖြစ်သည်။ သူဟာ သိပ္ပံပညာဖြင့် ရှင်းမပြနိုင်သည့်အရာများရှိကြောင်း ယုံကြည်သော်လည်း သရဲများ၊ နတ်ဘုရားများ တည်ရှိမှုကို မယုံကြည်ပေ။ အချိန်ခရီးသွားခြင်းကိုလည်း သိပ္ပံပညာမှရှင်းပြနိုင်သည်။

အချိန်မျဉ်းနှစ်ကြောင်း နီးကပ်လာသောအခါ အပြိုင်မျဥ်းများဖြစ်လာပြီး ဤမျဉ်းပြိုင်မျဉ်းနှစ်ခုကြားတွင် သံလိုက်စက်ကွင်းတစ်ခု ပေါ်လာသောအခါ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် ဤမျဉ်းများသည် သဲနာရီ ပုံသဏ္ဍာန်ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့နောက် အပေါ်ဆုံးမျဉ်းမှ လူအချို့

သည် အောက်ခြေရှိ အချိန်စီးကြောင်းသို့ ကျဆင်းသွားမည်ဖြစ်ကာ အချိန် သို့မဟုတ် အာကာသ

ခရီးသွားခြင်းဖြစ်လာလိမ့်မည်။

လင်းယွမ်ဟာ သူ ထိုသီအိုရီကို မြင်တွေ့ခဲ့သည့်နေရာကို မေ့နေပြီဖြစ်၏၊ ၎င်းမှာ CCTV သိပ္ပံရုပ်သံလိုင်းတွင်ရှိနိုင်သည်။

သူဟာ အချိန်တစ်ခုရှိ နေရာတစ်ခုတွင် ရောက်နေသော ကံဆိုးသူဟု မိမိကိုယ်ကိုထင်ခဲ့သည်။ တကယ်တော့ ကြာဖြူက တော်တော်အဆင်ပြေကာ အလိုရှိတိုင်း ပုန်ကန်နိုင်ပြီး ၎င်းတို့၏ယုံကြည်ခြင်းသည် ဧကရာဇ်မဟုတ်ဘဲ ၎င်းတို့ ဂိုဏ်း၏ ခေါင်းဆောင်ထံတွင်ဖြစ်သည်။ ဧကရာဇ်သည် ကောင်းကင်၏သားတော်ဖြစ်သည်ဟု သူတို့၏ခေါင်းဆောင်က ပြောပါက ၎င်းတို့သည် သူ့ကို ထောက်ခံကြမည်ဖြစ်ပြီး ဧကရာဇ်သည် အမှန်ပင် ကောင်းကင်သားတော်ဖြစ်ကြောင်း အဖွဲ့ဝင်များက ယုံကြည်ကြမည်ဖြစ်သည်။

ခေါင်းဆောင်က မဟုတ်ဟုဆိုလျှင် လူတိုင်းက သူ့ကို ဖြုတ်ချသင့်ကြောင်းဆိုပြီး အဖွဲ့ဝင်များက တကယ်ပဲ ထပြီး ပုန်ကန်ကြလိမ့်မည်ဖြစ်သည်။

ဒါက ဘယ်လိုအုပ်ချုပ်ရေးအာဏာမျိုးလဲ?

လင်းယွမ်မှာ စစ်တပ်ထံ၌သာ အမိန့်များကိုသယ်ဆောင်ရာတွင် အကြွင်းမဲ့အမြန်နှုန်းနှင့်ပြတ်ပြတ်သားသားရှိကြောင်း ခံစားမိသည်။

မင်းဆက်အားလုံးက ကြာဖြူဂိုဏ်းကို ခြိမ်းခြောက်စရာတစ်ခုအဖြစ် သဘောထားခဲ့သည်မှာ အံ့သြစရာမရှိပါချေ။

အစားအစာအားလုံးကို မြေအောက်ခန်းထဲတွင် ထားခဲ့ပြီး မြေအောက်ခန်းတစ်ခုတည်း မဟုတ်ဘဲ တွင်းများစွာကို တူးထားသည့် ကြွက်တစ်ကောင်ကဲ့သို့ပင် စိုက်ပျိုးရေးခြံနေရာအနှံ့ ဖြန့်ကျက်ထားသော မြေအောက်ခန်းများစွာတွင် အစားအစာများကို သိုလှောင်ထားသည်။

“ကင်းကြည့်စင်တစ်ခု ဆောက်ကြမယ်” လင်းယွမ်သည် ၎င်းတို့ကို တော်လှန်ရန် စည်းရုံးသိမ်းသွင်းလိုစိတ်အား စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ စစ်ပွဲမီးတွေ စတင်လောင်ကျွမ်းပြီးသည်နှင့် ပုန်ကန်ချင်လျှင်တောင် ရွေးချယ်စရာရှိတော့မည်မဟုတ်ပေ။ ထို့

အပြင် အခြားသူများကို ပုန်ကန်ရန် စည်းရုံးခြင်းသည် အလွန်ပင်ပန်းသည်။

နက်ရှိုင်းစွာ အမြစ်တွယ်နေသော ယုံကြည်သူအချို့ရှိ‌နေပြီး သူ စကားဖြင့် ပြောင်းလဲနိုင်သည့်အရာမဟုတ်ပေ။

အစ်ကိုတောက်က သက်ပြင်းတစ်ချက်ချကာ ပြောသည် “လူတွေကို ငါချက်ချင်းတင်ပေးမယ်၊ ၂ ရက် ၃ ရက်ပဲကြာလိမ့်မှာပါ”

လင်းယွမ်လည်း မေးလိုက်သည်၊ "အခု၊ ညတိုင်း စောင့်ကြည့်ပေးမယ့် တစ်ယောက်ယောက် ရှိလား"

အစ်ကို တောက်က ခေါင်းညိတ်လိုက်သည်။

လင်းယွမ်က ဆို၏၊ "ဒီနေ့ညနေမှာ အစည်းအဝေးလုပ်မယ်၊ ယောက်ျားအားလုံးကိုခေါ်လိုက်။"

အစ်ကို တောက်က မေးလေ၏၊ “ဘာဖြစ်နေတာလဲ။ ယောက်ျားတွေပဲလား? တစ်ခုခုဖြစ်ခဲ့လို့လား?"

လင်းယွမ်က ပြောလေသည်၊ “ ကျွန်တော် သူတို့အားလုံးကို သူတို့ရဲ့ သီးခြားတာဝန်ကို ထမ်းဆောင်စေချင်ရုံပါပဲ။ အဖွဲ့တစ်ဖွဲ့မှာ လူဆယ်ယောက်ထားပြီး အဖွဲ့တစ်ဖွဲ့သည် ကင်းကြည့်စင်ပေါ်မှာ ကင်းလှည့်ကြည့်ရှုဖို့ တာဝန်ကျလိမ့်မယ်။ တခြားအဖွဲ့တစ်ဖွဲ့ကျတော့ ထင်းခုတ်တာကို အာရုံစိုက်ပြီး တတိယအဖွဲ့ကကျတော့ ငါးဖမ်းတာနဲ့ အမဲလိုက်ဖို့အတွက် အာရုံစိုက်ရမယ်။ နောက်ဆုံးအဖွဲ့ကတော့ လယ်ယာလုပ်ငန်းကို ဆက်လုပ်ဆောင်သွားရမယ်”

အစ်ကို တောက်က ၎င်းကို အံ့အားသင့်သွားခဲ့သည် ၊ "စတုတ္ထမြောက်ညီလေး မင်းက ဒီလိုစနစ်တကျစီစဉ်ထားတာပဲ။ ဒီဟာကိုဘယ်မှာလေ့လာခဲ့တာလဲ "

လင်းယွမ်က ပြောလိုက်၏၊ “စာအုပ်တွေထဲမှာ”

အထူးပြုခြင်းဖြင့် ထုတ်လုပ်ခြင်းကို တိုးတက်စေနိုင်သည်။ ၎င်းကို ခေတ်သစ်ပညာတတ်တွေသာမက လက်ရှိခေတ် ပညာတတ်တွေလည်း သိထားရသည်။

ဤခေတ်မှာ ပညာတတ်တွေ သိပ်မရှိကြပေ။

"ဘယ်စာအုပ်တွေလဲ? ငါကြည့်,ကြည့်ရအောင်။" အစ်ကိုတောက်က မျက်နှာထက်၌ မျက်နှာချိုသွေးပြုံးပြရင်း ပြောသည်။

လင်းယွမ်က ဆင်ခြေမပေးဘဲ ပြောလိုက်၏၊

“ကျွန်တော် စာအုပ်တွေ ယူလာမလို့၊ ပြီးတော့ ကျွန်တော့် အိမ်ဟောင်းမှာ ဘာဖြစ်သွားလဲ သိတယ်မို့လား… ခုခေတ်မှာ ကျွန်တော့်အနေနဲ့ စာအုပ်တွေ ဘယ်မှာဝယ်လို့ရမှာလဲ”

အစ်ကိုတောက်: "..... ဟုတ်သားပဲ"

"အမျိုးသားတွေကို အစည်းအဝေးလုပ်ပြီးရင် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အစည်းအဝေးလုပ်ရမယ်။" လင်းယွမ်က ထပ် ပြောသည်။

အစ်ကိုတောက်က ပိုပြီးအံ့ဩသွား၏။ "သူတို့...တကယ်ကူညီနိုင်မှာလား" လင်းယွမ်သည် ၎င်းတို့အား ကြင်နာမှုဖြင့်သာ ခေါ်ဆောင်လာသည်ဟု သူ

ထင်ခဲ့သည်။

လင်းယွမ်: "သူတို့ကိုလည်း အဖွဲ့ခွဲပြီး ဟင်းချက်၊ ချည်ထိုးတာနဲ့နှင့် စိုက်ပျိုးတာကို အထူးပြုလုပ်ခိုင်းမှာပါ"

အစ်ကိုတောက်က ခေါင်းငြိမ့်လိုက်သည်၊ ကျေးလက်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း လယ်ယာများလုပ်ရမည်။ အလုပ်များသောလယ်ယာစိုက်ပျိုးရေးရာသီရောက်သည့်အခါ ကလေးများပင်စိုက်ပျိုးရေးအတွက် ကူညီရသည်။

လူတိုင်းသည် ချမ်းသာကြွယ်ဝမှု၏ အရင်းအမြစ်ဖြစ်သည်။ လောလောဆယ်တွင် လင်းယွမ်ခေါ်လာသူမှာ လက်ရှိတွင်အမြောက်အများမရှိသေးသောကြောင့် ၎င်းတို့တစ်ဦးချင်းစီသည် အဖိုးတန်ပြီးသူတို့၏ ရည်ရွယ်ချက်ကို လုပ်ဆောင်ရမည်ပင်။

လင်းယွမ်သည် နှုတ်ခမ်းများအား စေ့လိုက်၏၊ နွေဦးအစောပိုင်းတွင် စားသောက်ဖွယ်ရာများ ပိုလျှံနေသေးပါက နောက်ထပ်လူများကို ထပ်ထည့်

နိုင်သည်။

သူဟာ နောက်နှစ်ဆောင်းရာသီမှာ ဝူမြို့ကို ဝိုင်း၍ ခြေကုပ်ယူထားချင်သည်။

စိုက်ပျိုးရေးခြံမှာ ယာယီခိုလှုံရာသာ ဖြစ်နိုင်သည်။ ကမ္ဘာမြေနှင့်လုံးဝကွဲကွာနေသည့် ဤနေရာတွင်နေထိုင်ခြင်းသည်လက်တွေ့ကျမည်မဟုတ်ပေ။

လက်ရှိ လယ်ကွင်းများတွင် အလုပ်များ သိပ်မရှိသဖြင့် ညနေပိုင်း အစည်းအဝေးလုပ်ခြင်းအတွက် အမျိုးသားများထံတွင် ပြဿနာမရှိပေ။ ထို့အပြင် ၎င်းတို့အားလုံးသည် အများသူငှာ ပေးသည့် အစားအစာများကို စားနေကြရသဖြင့် ၎င်းတို့၏ နိုးကြားမှုကို ထိခိုက်မှု ကင်းဝေးစေရန် လင်းယွမ်က အမှတ်ပေးစနစ်တစ်ခုကို အကောင်အထည်ဖော်ခဲ့သည်။

လူ ၁၀ယောက်ပါ အဖွဲ့တစ်ခုစီတိုင်းတွင် အပတ်တိုင်းတွင် အဖွဲ့ခေါင်းဆောင် တစ်ယောက်ရှိမည်ဖြစ်ပြီး အပတ်တိုင်း လက်အောက်ရှိ လူများက အများဆုံးရ

မှတ်အားပေးနိုင်သည်။ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ရန် အထင်ရှားဆုံးသော ရမှတ်ရရှိဖို့ရာ အဖွဲ့ဝင်များအားလုံးသဘောတူရမည်။ အထူးခြားဆုံးရမှတ်ကို ရရှိခြင်းဖြင့် ရက်သတ္တပတ်အဆုံးများတွင် ထိုလူတစ်သည် အသားနှစ်ပေါင်နှင့် ဆီတစ်ပုလင်းအပြင် ဆားနှင့် အသီးအရွက်ချဉ်များကို ရနိုင်သည်ဟု ဆိုလိုသည်။

နောက်ဆုံးစာရင်းကို အစ်ကိုတောက်နှင့် ယန်ဇီအန်းတို့ နှစ်ဦးစလုံးက သဘောတူညီ ပေးရလိမ့်မည်။

လတိုင်း အထင်ရှားဆုံးအသင်းတစ်သင်းရှိမည်ဖြစ်ပြီး အသင်းဝင်များ အားလုံးကဆုလာဘ်များရလိမ့်မည်ပင်။

"အင်း အဲ့ဒါ ငါတို့အဖွဲ့ဖြစ်မှာသေချာတယ်!"

“အဓိပ္ပာယ်မရှိတာ၊ ငါးဖမ်းအဖွဲ့ကလည်း တကယ်ကို အရည်အချင်းရှိတယ်။ မင်းတို့ စကားတွေ အရမ်းမြန်မြန် ပြောမနေနဲ့။"

…….

လူများစွာက ပို၍တောင် တံတွေးကို ပြင်းပြစွာ မျိုချမိကြသည်။

အသားနှစ်ပေါင်၊ နှစ်ပေါင်လေ။ နှစ်ထယ်မဟုတ်ဘဲ နှစ်ပေါင်။ ၎င်းတို့သည် စိတ်လှုပ်ရှားမှုကြောင့် မူးလဲလုနီးပါးပင် ဖြစ်ခဲ့ကြသည်။

လင်းယွမ်က ကျန်းကွေကို တိုးတိုးပြောလိုက်၏။

"အစ်ကို၊ ကျွန်တော်တို့ဝက်တွေ ဘယ်မှာဝယ်လို့ရနိုင်လဲ"

ကျန်းကွေ: "...."

ညီလေး၊ မင်းက အသားရဲ့ လက္ခဏာတောင် မရှိနေတဲ့အချိန်မှာ ကတိတွေ ပေးရဲတယ်ပေါ့လေ?

လင်းယွမ်က ရှက်ပြုံး၊ ပြုံးပြသည်။ သူသည် အလွန်စိတ်လှုပ်ရှားလွန်းပြီး လက်ရှိတွင် သူ့ထံ၌ မွေးမြူရေးခြံ သို့မဟုတ် အသားရင်းမြစ် မရှိကြောင်းမေ့သွားခဲ့သည်။

သို့သော် သူ့စကားများကို ပြန်မရုတ်သိမ်းနိုင်တော့ဘဲ အဖြေတစ်ခုကိုသာ တွေးနိုင်ခဲ့၏။

သိုးမွေးမြူ ထိန်းကျောင်းခြင်းသည် ယခုအခါ အန္တရာယ်များလွန်းသောကြောင့် ဖြစ်သည်။ ဝက်များသည် ဝက်အချို့ကို ဝယ်လိုက်သည်နှင့်တစ်ပြိုင်နက် မည်သို့ ပိုဝအောင် လုပ်ရမည်ကိုစမ်းသပ်နိုင်သည်။ ၎င်းတို့အတွက် ဆုလာဘ်အဖြစ်အသုံးပြုနိုင်သည့် ဝက်ပေါင်ခြောက် ပြုလုပ်ရန် သိုးသားအချို့ကိုလည်း ဝယ်ယူနိုင်သည်။ သို့သော်ဝက်များအား ပိုကြီးအောင် မွေးမြူနိုင်သဖြင့် အနာဂတ်၌ အသားရှိလိမ့်မည်။

လင်းယွမ်သည် သူ၏ ပုန်ကန်မှုအစီအစဉ်က အရိပ်အယောင်တစ်ခုခု ပြလာဖို့ကို မမျှော်လင့်ထားဘဲ၊ ၎င်းအစား သူသည် ပထမဆုံး ဝက်ထိန်းတစ်ယောက် ဖြစ်လာဖွယ်ရှိသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment