အခန်း ၁၆။ လျှို့ဝှက် စိတ်ကူးယဉ်နယ်မြေ
ရှားပါးသည့် နေသာသောနေ့တစ်နေ့တွင် လီတာ့မှာ အဝတ်များလျှော်ရန် စောစော အိပ်ရာထခဲ့၏။ သူဟာ ယခုတွင် သူဌေးလေးခေါ်သည့် နာမည်အရ အလုပ်သမား အဆောင်၌နေလေသည်။ ပထမတွင် သူဟာ နေရခက်သော်လည်း ကျင့်သားရလာပြီးနောက် ပုံမှန်ဖြစ်လာသည်။ သူဟာ ရေဖြည့်ဖို့ သစ်သားအင်တုံတစ်ခုကို သုံးကာ အဝတ်များကို လျှော်ရန် လေသာဆောင်သို့ ယူသွားလိုက်သည်။ ၎င်းတို့ထံ၌ အဝတ်သိပ်မများလှသော်လည်း လေသာဆောင်အား အဝတ်များစွာ ချိတ်ဆွဲနိုင်သော ကြိုးအမာတစ်ခုဖြင့် ချိတ်ထားသည်။ ၎င်းတို့ ယခု ဝတ်ထားသည့် ချည်အင်္ကျီဟောင်းများကိုပင် သူဌေးလေးပေးထားခြင်းဖြစ်၏။
ဒါကြောင့်သူ လက်ရှိတွင် လျှော်နေသည့် အဝတ်အစားစုတ်များအရ ၎င်းတို့က အောက်ခံအဝတ်များဖြစ်သည်။
"ငါတို့ ဒီမနက် ဘာစားကြမှာလဲ" သူ့ဘေးက လောင်
ကျန်းက မေး၏။
လီတာ့ : "ငါဘယ်လိုသိမှာလဲ။ ဆေးကြောပြီးရင် ထမင်းစားခန်းကို သွားလိုက်မယ်"
ထမင်းစားခန်းမသည် မြက်ခြောက်တဲဖြစ်သော်လည်း ၎င်းသည်ကြံ့ခိုင်လှသည်။ အမျိုးသမီးများသည် မီးဖိုများထားရှိသည့် နောက်ဘက်တွင် အစားအစာများကို ချက်ပြုတ်ကြသည်။ အစားအသောက်များကို အိုးကြီးများဖြင့် ချက်ပြုတ်ထားပြီး တစ်ခုတည်းသောကောင်းသည့်အရာမှာ ဆား သို့မဟုတ် ဆီမပြတ်လပ်ခြင်းပင်ဖြစ်သည်။ ၎င်းနှင့်တင် သူတို့အတွက် အရမ်းအရသာရှိနေပြီဖြစ်သည်။
အမျိုးသမီးအားလုံးသည် ယန်ဇီအန်း သူငယ်ချင်းများ၏ အမျိုးသမီး မိသားစုဝင်များ ဖြစ်သည်။ ဆောင်းဦး စပါးရိတ်သိမ်းချိန်ပြီးနောက် ခေါ်လာခံရပြီး ရလဒ်အနေဖြင့် ဝူမြို့တော်ရှိဘေးအန္တရာယ်မှထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြသည်။
လောင်ကျန်းက လီတာ့ကို ရယ်လိုက်သည်။
"မင်းလျှော်တာကိုကြည့်ဦး စုတ်ပြတ်သွားဦးမယ်"
လီတာ့သည် သူ့လက်ထဲက အဝတ်စုတ်ကို ကြည့်ပြီး လောင်ကျန်းပြောသမျှကို မငြင်းနိုင်တော့ပေ။ သူသည် မနီးမဝေးမှ တောအုပ်ကိုကြည့်လိုက်သည်၊ "သူဌေးလေးထွက်သွားပြီလား"
သူဟာ နွားလှည်းတစ်စီးကို မြင်ခဲ့၏။
လောင်ကျန်းသည် တူညီသော ဦးတည်ဘက်ကိုကြည့်လိုက်ရာ လင်းယွမ်က နွားလှည်းထဲ ဝင်နေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက နည်းနည်းစဉ်းစားပြီး ပြောလိုက်၏၊ "သူဌေးလေးက ဝူမြို့ကိုကြည့်ဖို့ သွားတာများလား?"
လီတာ့က တုန်ယင်သွားသည်၊ "ဝူမြို့ကို ဘာအတွက်သွားရမှာလဲ။ ဘာအဓိပ္ပာယ်မှမရှိဘဲ ဘဝကိုအဆုံးခံရှုံးဖို့လား "
လောင်ကျန်းက လီတာ့ကို တစ်ချက်ရိုက်လိုက်သည်၊ "မင်းရဲ့ ကျီးနှုတ်သီးကို မြန်မြန်ပိတ်ထား (TN: လူ
တစ်ယောက်ကို ကံမကောင်းစေတဲ့ စကားအသုံးအနှုန်း)။ သူဌေးလေးမှာ သူ့ရဲ့ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်။"
တောအုပ်ဘေးက လင်းယွမ်က သူ့ကိုကြည့်နေကြသည့် လူများကို ပြောလိုက်သည်၊ “ခင်ဗျားတို့အားလုံး ပြန်သွားကြ၊ ပြီးတာနဲ့ ကျွန်တော် ပြန်လာခဲ့မယ်”
၎င်းတို့ သွားမည့်နေရာက နည်းနည်းဝေးသည်။ ဝူမြို့သည် သဘာဝ ဘေးအန္တရာယ် ဒဏ်ခံနေရရာ အနီးနားရှိ ကျေးရွာများသည်လည်း ပိုမိုကောင်းမွန်မည်မဟုတ်ပေ။ သူနှင့် ကျန်းကွေတို့ဟာ ပိုက်ဆံကလွဲလို့ အခြားဘာမှ မယူဆောင်လာဘဲ ပေါ့ပေါ့ပါးပါး ခရီးထွက်ကြမည်ဖြစ်သည်။
"အရည်အသွေးကောင်းကောင်း မကောင်း,ကောင်း
စားနိုင်သရွေ့ အကုန်သာဝယ်လာခဲ့"
အဖေလင်းက ထပ်ခါတလဲလဲအကြံပေးသည်။
လင်းယွမ်: "အဖေ ကျွန်တော်သိပါတယ်။
ကျွန်တော်မရှိတဲ့ ကာလမှာ မင်းမှာပြဿနာတစ်ခုခုရှိရင် အစ်ကိုလီနဲ့ ဒုတိယအကိုယန်ကို အကူအညီတောင်းလိုက်ပါ။"
လင်းယွမ်တွင် သွေးသောက်ညီအစ်ကို ၃ယောက်ရှိကြောင်း အဖေလင်းလည်းသိသည်။ သူဟာ သားဖြစ်သူသည် အလွန်ထက်မြတ်သည်ဟု ခံစားရ၏။ အကျွမ်းတဝင်မရှိသောနေရာ၌ သွေးသောက်ညီအစ်ကို ထားရှိခြင်းမှာ အလွန်အဆင်ပြေလှသည်။ ထို့ကြောင့် လီ၊ ယန်နှင့် ကျန်းတို့အပေါ် သူ၏သဘောထားသည် အလွန်နွေးထွေးပြီး သူတို့ကို သားများအဖြစ် ဆက်ဆံသည်။
လီစန်းရုံက ပြောလာသည်။
"ညီလေး၊ ဒီဘက်အတွက် စိတ်မပူပါနဲ့၊ ငါဒီမှာရှိနေသရွေ့ မင်းရဲ့နှလုံးသွေးတွေကို အလဟဿ မဖြစ်စေရပါဘူး (TN: အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသော အသုံးစရိတ် သို့မဟုတ် စီမံကိန်းတစ်ခုကို ဖော်ပြသည့် အသုံးအနှုန်း) ။"
လင်းယွမ်: "အစ်ကိုကြီး ဒါက ကျွန်တော်တို့အားလုံးရဲ့နှလုံးသွေးပါ။ "
လီစန်းရုံက ရယ်မောလိုက်၏၊ "အင်း ငါ ထပ်ပြီး မှားပြောမိပြန်တာပဲ"
အခြားတစ်ဖက်တွင် ယန်ဇီအန်းက ဆိုသည်၊ "အဓိကလမ်းတွေက မသွားနဲ့ လိုအပ်ရင်လမ်းလွှဲလိုက်။ တစ်ခုခုမှားတာကို အာရုံခံမိရင် လှည်းကို စွန့်ပြီးပုန်းနေကြ"
ကျန်းကွေ တုံ့ပြန်လိုက်သည်၊ "ဒုတိယအစ်ကို, စိတ်မပူပါနဲ့, ရလာဒ်ကို ငါတို့သိပါတယ်။ "
လင်းယွမ်က အချိန်ကျလာသည်နှင့် စားစရာများ
အားလုံးကို ပြန်သယ်ရန် လူများကိုငှားရမ်း သို့မဟုတ် ဝယ်ရမည်ကိုသိသည်။ သူနှင့် ကျန်းကွေကိုသာ အားကိုးပါလျှင် အစားအစာများကို သယ်သွာဖို့ မဆိုထားနှင့် လမ်းလျှောက်သွားရုံနှင့်တင် လုယက်မသတ်ခံရလျှင် ကံကောင်းနေပြီဖြစ်သည်။
ဆူပူအုံကြွသောအချိန်များသည် မကြာမီ လွယ်ကူစွာ ပြီးဆုံးသွားလိမ့်မည်မဟုတ်ပေ၊ အနည်းဆုံး ထိုအချိန်မတိုင်ခင်အထိ နှစ်ပေါင်းများစွာ ကြာပေလိမ့်မည်၊ အမှန်မှာ ထိုအချိန်သည် ၁၀ နှစ်ခန့် ရှိပေလိမ့်မည်။
လူအင်အားနည်းလွန်းလျှင် ဖူလုံရန် အလွန်ခက်ခဲပေလိမ့်မည်။ လယ်ယာမြေကို စိုက်ပျိုးနိုင်သော်လည်း အခြားလိုအပ်သည့်ပစ္စည်းများကို ဆက်လက်အသုံးပြုသွားရမည်ဖြစ်သည်။ သူပြင်ဆင်ထားသော အပြုသဘောဆောင်သည့် သံသရာ ပျက်စီးပြီး ဆိုးရွားသော သံသရာက နေရာယူသွားသည့်အခါ သူ၏ အခြေစိုက် နေရာလေးဟာ အတွင်းကနေပင် အလွယ်တကူ ပြိုကွဲသွားလိမ့်မည်ဖြစ်၏။
ငှားရမ်းခြင်းနှင့် နှိုင်းယှဉ်လျှင် လင်းယွမ်သည် လူများအား ဝယ်ယူဖို့ ပိုအားပေးသည်။ ကျွန်များသို့မဟုတ် အစေခံများ မဖြစ်လိုသူ အများစုက ဓားပြများဖြစ်လာကြပြီးဖြစ်သည်။
ကျွန်များ အစေခံများဖြစ်လိုသော သူများသည် ၎င်း
တို့ကိုယ်၎င်းတို့ ဦးနှောက်ဆေးကြောထားပြီးဖြစ်၍ ၎င်းတို့၏ သခင်ကို အလွယ်တကူ သစ္စာမဖောက်နိုင်ပေ။
သူဟာ စိုက်ပျိုးရေးခြံထဲက လူများကို သူနှင့်အတူ ခေါ်လာချင်သော်လည်း ပြဿနာက ၎င်းတို့ထံတွင် နွားတစ်ကောင်နှင့် မြည်းတစ်ကောင်သာ ရှိနေခြင်းပင်။ ထို့အပြင် လမ်းတွင် မြည်းသေမှာကို ကြောက်ရွံ့သည့်အတွက် နွားလှည်းကိုသာ သုံးနိုင်ကြ၏။
သို့သော်လည်း ကျန်းကွေသည် ယုံကြည်မှုများစွာရှိခဲ့သည်။ ယခင်က သူတို့ ဦးတည်နေသည့် ရွာကို သူသွားဖူး၏။ ထိုနေရာရှိ လူအများက ရဲရင့်ကာ အားထားရပြီး ဖော်ရွေမှုလည်း ရှိကြသည်။ အများစု
က လယ်သမားများဖြစ်သော်လည်း အချို့က မုဆိုးများဖြစ်သည်။
အစောပိုင်းရက်များတွင် ရွာတစ်ရွာလုံးသည် ထောင်ချောက်များကို မည်သို့နေရာချထားပြီး ငယ်စဉ်ကတည်းက လေးနှင့်မြှားအား မည်သို့အသုံးပြုရမည်ကိုလေ့လာထားသည့် အတွေ့အကြုံရှိသူများ
ဖြစ်သည် ကြားခဲ့ရသည်။ ၎င်းတို့မှာ နေရာ၌ အတွေ့ရများသော ဖားပြုတ်မျိုးစိတ်တစ်ခုမှ ထုတ်ယူရသည့် အဆိပ်ကိုအသုံးပြုခြင်းဖြင့်း အဆိပ်မြားများကိုမည်သို့ မှုတ်ထုတ်နိုင်မည်ကိုပင် သိကြသည်။ ၎င်းအား နည်းနည်းသုံးရုံနှင့်တင် အရွယ်ရောက်နွားတစ်ကောင်လုံး လေဖြတ်သွားနိုင်သည်။
ကျန်းကွေကပြောသည်၊ "ဒီဘက်မှာရှိတဲ့ နေရာက လူနည်းနည်းနဲ့ မြေအများကြီး ရှိပြီး မြေဩဇာကောင်းတော့ ဆန်ဟောင်းလက်ကျန်က သေချာပေါက် များမှာပဲ"
လင်းယွမ်သည် လှည်းကိုမည်သို့မောင်းရမည်အား မ
သိခဲ့သောကြောင့် ထိုတာဝန်အား ကျန်းကွေကိုပေးထားသည်။ လင်းယွမ်က လှည်းပေါ်တွင်ထိုင်နေရင်း ရေတစ်ငုံသောက်လိုက်သည်။ သူဟာ သစ်ပင်များနှင့် ချုံပုတ်တွေကိုကြည့်ပြီး *အစိမ်းရောင်ကို လာရှုစားခြင်းဆိုလျှင် ရှုခင်းနှင့် လေကောင်းလေသန့်ကို ချီးမွမ်းကောင်း ချီးမွမ်းမိပေမည်။ သို့သော် ကံမကောင်းစွာဘဲ သူသည် ထိုသို့ မဟုတ်သဖြင့် တုန်လှုပ်ချောက်ချားမှုသာ ရှိနေသည်။
*( အစိမ်းရောင်ကို လာရှုစားခြင်း = နွေဦးရာသီ မြက်ပင်တွေက အစိမ်းရောင်ကို ပြောင်းတဲ့အခါမှာ လမ်းလျှောက်ထွက်တာ ဖော်ပြတဲ့ အသုံးအနှုန်းဖြစ်ပါတယ်၊ အထူးသဖြင့် ဧပြီလ ၄-၆ရက်နေ့ ချင်းမင်ပွဲတော်ဝန်းကျင် နွေဦးရာခြေလျင်လျှောက်ရာသီ အတောအတွင်းမှာဖြစ်ပါတယ်။)
သူတို့သည်လမ်းပေါ်တွင် ငါးရက်ခရီးထွက်ခဲ့ကြရသည်။ သူတို့ဟာ ဤအချိန်အတွင်း ကိတ်ခြောက်နှင့် ၎င်းကို မျှောချရန် ရေသာ သောက်ပြီး ညဥ့်အခါ လှည်းပေါ်တွင်အိပ်ပျော်ကြသည်။ ၎င်းတို့ဟာ တောနက်ထဲတွင် နွားလှည်းကို ရပ်လိုက်ပြီး ၎င်း
ဘေး၌ မီးမွှေးလိုက်သည်။ ၎င်းတို့မှာ အလွန်အမင်းအိပ်မပျော်ဝံ့ဘဲ အလှည့်ကျ စောင့်ကြည့်နေကြရသည်။
မည်သို့ဖြစ်စေ မီးနှင့် အတူရှိလျှင် တိရိစ္ဆာန်အရိုင်းများ အနီးသို့ ကပ်လာမည် မဟုတ်သော်လည်း လူများကိုတော့ ခြောက်မလွှတ်နိုင်ပေ။
၅ရက်သာရှိသေးသော်လည်း လင်းယွမ်သည် တစ်လနေထိုင်ခဲ့သလိုခံစားရသည်။ ကျန်းကွေ၏ မုတ်ဆိတ်သည်ပင် ရှည်ထွက်လာပြီးလွန်ခဲ့သောငါးရက်က ရာသီဥတုအခြေအနေဒဏ်ပိုမိုခံထားရပုံပေါ်လာသည်။ လင်းယွမ်သည် သူ၏ခန္ဓာကိုယ်က အသက် ၁၅ နှစ်အရွယ်သာရှိသေးရာ ကျန်းကွေလို ဟော်မုန်းများစွာကို မထုတ်နိုင်သေးပေ။ သူဆွဲထုတ်ထားသော အမွှေးရေးရေးသာရှိသည်။
သူ့မေးစေ့မှာ ပါးသိုင်းမွှေးလေးတွေ ပေါက်နေဖို့ပဲ... ဒါက ဘာမသင့်တော်တာရှိလို့လဲ?
"ရောက်ခါနီးပြီ!" ကျန်းကွေသည် စိတ်လှုပ်ရှားလာ
ပြီး သူ့နံဘေးမှ လင်းယွမ်ကို လှုပ်ယမ်းလိုက်သည်။ လင်းယွမ်သည် နောက်ဘက်ရှိ သူ၏ကျိန်းနေသည့်နေရာကို ပွတ်လိုက်ပြီး နေရာပိုကျယ်ပြန့်လာသည့် လမ်းမကြီးကို မျက်လုံးများ ပြူးကျယ်လျက် ကြည့်လိုက်သည်။
လမ်းဘေးတွင် ခရီးသွားများနှင့် ကုန်သည်များ ဖြတ်သန်းသွားလာရာ၌ အခကြေးငွေပေး၍ သုံးစွဲရန် ဒေသခံများက တည်ထောင်ထားသည့် လဘက်ရည်ဆိုင်ကိုပင် မြင်လိုက်ရသည်။
ထိုနေရာသည် ဒုက္ခသည်များကြောင့် လုံးဝမထိခိုက်ထားပုံပင်။ ၎င်းတို့ဟာ ကိုယ့်ကိုယ်ကို လုံလောက်စေသည့် ရက်များကိုနေထိုင်နေကြ၏။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ၎င်းတို့အားလုံးသည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိကြရမည်ဖြစ်ကာ လမ်းလျှောက်ရန် မသင်ယူရသေးသော ကလေးငယ်များပင်လျှင် ဦးဆုံး လေးကိုင်တတ်ရန် သင်ယူရမည်ဖြစ်သည်။
လင်းယွမ်သည်လည်း ကျန်းကွေကို အသေးစိတ်မေးမြန်းလိုက်ရာ ဤနေရာရှိ လူအများစုမှာ ဟန်
တရုတ်လူမျိုးများဖြစ်၍ အနည်းစုက မွန်ဂိုများ ဖြစ်သည်ကိုတွေ့ရှိခဲ့သည်။
ဤနေရာ၌ မွန်ဂိုလူမျိုးတို့သည် အရာရှိများမဟုတ်၊ ဟန်တရုတ်များနှင့် လုံးလုံးလျားလျား ပေါင်းသင်းနေထိုင်ခဲ့ကြသော သာမန်လူများသာဖြစ်သည်။
"တာ့ညန်!" (TN: ပိုအသက်ကြီးသည့် အမျိုးသမီးကို ရည်ညွှန်းသော ဖော်ရွေသည့် အသုံး) ကျန်းကွေက
လက်ဖက်ရည်ဆိုင်အပြင်ဘက် လမ်းမ၌ လှည်းကိုရပ်လိုက်သည်။
တာ့ညန်သည် အသက်လေးဆယ်ကျော်ရှိပုံရသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် သန်မာကြံ့ခိုင်သည်။ သူမ၏ မျက်နှာကိုမကြည့်ဘဲဆိုရလျှင် သူမအသက် 30 အရွယ်သာ ရှိသေးသည်ဟု ပြောလျှင်ပင် ယုံကြလိမ့်မည်။
"ဒီကောင်ကို ပဲဖတ် ဒါမှမဟုတ် မြက်ခြောက် ကျွေးမှာလား"
တာ့ညန်က သူတို့နွားကိုကြည့်လိုက်သည်။
လင်းယွမ်ကို ကျန်းကွေက ကြည့်လိုက်တော့ လင်းယွမ်က ပြော၏၊ "ပဲဖတ် တချို့ ကျွေးပေးပါ"
ဤနေရာတွင်ပဲမျိုးစုံကို အမှန်တကယ် နွားများအစာကျွေးရန်အတွက် သုံးကြရာ လင်းယွမ်မှာ ရတနာ သေတ္တာကို ရှာတွေ့ခဲ့သည်ဟုခံစားနေရသည်။
တာ့ညန်က ၎င်းတို့အား လက်ဖက်ရည်၊ အမြည်းတစ်
ပန်းကန်နှင့် ယာဂု ပန်းကန်နှစ်လုံးတို့ကို ကျွေးလာသည်။ ဤအချိန်တွင် အခြားသော ဖောက်သည်များ မရှိသောကြောင့် တာ့ညန်သည် မြေးဖြစ်သူအား ကိုင်ဆွဲကာ တစ်ဖက်တွင် ထိုင်၍ ဒေသ ကလေးချော့တေးသွားများကို သီဆိုပြနေခဲ့သည်။
လင်းယွမ်သည် ဂျုံယာဂုကို စားလိုက်ပြီး နောက်ဆုံးတွင် ပြန်လည်အသက်ရှင်လာသလို ခံစားလိုက်
သည်။ ထို့နောက် သူက မေး၏၊ “တာ့ညန်၊ ကျွန်တော်တို့က တခြားဒေသက စပါးတွေ ပြန်ဝယ်ချင်လို့ လာခဲ့တာပါ”
ဤဆိုင်သည် မှောင်ခိုဆိုင်ဖြစ်မည်ကို မကြောက်ပေ၊ မှောင်ခိုဆိုင်ပိုင်ရှင်မှာ အမျိုးသမီးတစ်ဦးမဟုတ်နိုင်ဘဲ သူမသည်လည်း အမျိုးသမီးတစ်ဦးဖြစ်သည့်အပြင် သူမနှင့်အတူ မြေးဖြစ်သူလည်း ရှိသည်။
* (မှောင်ခိုဆိုင် = ရှေးခေတ်ဝတ္ထုများထဲမှ ဧည့်သည်များကို သတ်ဖြတ်လုယက်သည့် စားသောက်ဆိုင်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ )
ထို့အပြင်ဆိုင်သည် ပဲဖတ်ကို နွားများအား ကျွေးရန်သုံးစွဲနိုင်ပြီး ဆန်ဖြူဂျုံယာဂုကိုပင်ထောက်ပံ့ပေးနိုင်သဖြင့် ပိုက်ဆံအတွက် စွန့်စားကြမည်မဟုတ်ပေ။
တာ့ညန်ကသူမရဲ့ခေါင်းကိုလှည့်လာပြီး မျက်နှာမှာ ဝမ်းသာသည့်ဟန်ကိုဖော်ပြနေသည်၊ "ဆန်ဟောင်းဆိုရင်ရော အဆင်ပြေလား?"
သူမ၏ မိသားစုက စပါးသစ်တွေ ရိတ်သိမ်းပြီကာစဖြစ်ရာ စပါးကျီတွေက မဆံ့တော့ပေ။ သို့ပေမယ့်
စပါးဟောင်းတွေက အရမ်းစျေးမပေါပါက မရောင်းထွက်နိုင်ပေ။ ခင်ပွန်းသည်က အံကြိတ်ကာ မရောင်းရန် ဆုံးဖြတ်ထားသည်။ အခုတော့ ဘယ်သူမှ မစားချင်ကြသည့် ဆန်များက ကန့်လန့်ဖြစ်နေသည်။ ဆန်ဟောင်းများက မှိုတက်သည့် အရသာရှိခြင်းကြောင့် လူကြီးရော ကလေးတွေရော မစားချင်ကြပေ။ ၎င်းတို့ရွာက ဝေးလံခေါင်သီပြီး အနီးဆုံးရွာကိုပင် နွားလှည်းနှင့် သုံးရက်ခရီး သွားရသည်။ လမ်းမကြီး မရှိခြင်းကြောင့် အခြားနေရာများသို့ ရိက္ခာတွေ လှည်းပို့ဖို့ ခက်ခဲကာ ဓားပြများ ရှီနိုင်ချေမြင့်သည်။ တာ့ာန်သည် ဆန်ဟောင်းများနှင့်ပတ်သက်၍ ဘာလုပ်ရမည်ကို အချိန်အတော်ကြာ ခေါင်းကိုက်နေခဲ့ရသည်။
ထိုဒေသရှိ မိသားစုတိုင်းနီးပါးတွင်လည်း ခေါင်းကိုက်ခြင်းများရှိသည်။
ပြင်ပလူများဟာ ငတ်မွတ်ခေါင်းပါးမှုကြောင့်သေဆုံးနေကြချိန်တွင် ၎င်းတို့က အစားအစာများစွာ ရှိခြင်းကြောင့် စိုးရိမ်နေကြသည်။ ၎င်းကို လင်းယွမ် သိသောအခါ သူသည် မည်သည့်အသုံးအနှုန်းကို သုံးရ
မည်မှန်းမသိတော့ပေ။
တစ်နည်းအားဖြင့်ဆိုရလျှင် ဤနေရာကိုလျှို့ဝှက် စိတ်ကူးယဉ်နယ်မြေဟု သတ်မှတ်နိုင်သည်။